Premier League Transfer News

3 Aug နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဟာ အနည်းဆုံး အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းထက်တော့ သာသေးတယ်လို့ ဂန်းနားပရိသတ်တွေက ပြောနေကြပြီး ခေါ်ယူဖို့ တိုက်တွန်းနေကြ။

– အနောက်လန်ဒန်ကို လာရောက်ပူးပေါင်းဖို့ အလိုရှိနေတဲ့ နောက်ခံလူ ဂျူးလ် ကွန်ဒီက သူ့ရဲ့ ဆီဗီလာနဲ့ ချဲလ်ဆီးအသင်းတို့ကြားထဲမှာ ပြောင်းရွှေ့ကြေးသဘောတူညီမှု မရမှာကို စိုးရိမ်နေတယ်လို့ သိရပြီး စတမ်းဖို့ဒ်ဘရစ်ချ်ဘက် ကတ်ဇူးမားကို ထည့်သွင်းလိုမှုနဲ့ အလိုက်ငွေကြေးကို ဈေးဆစ်နေတာကို စပိန်ကလပ်ဘက်က ငြိုငြင်နေတယ်လို့လည်း ဆိုနေကြ။

– အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးရဲ့ နိုင်ပွဲအပြီး အသင်းရဲ့ တရားဝင် တွစ်တာအကောင့်မှာ “Sunday funday!”လို့ ရေးသားခဲ့မှုကို ပရိသတ်တွေက သဲလွန်စပေးတယ်လို့ ယူဆနေကြပြီး ဒီစကားစုဟာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်း သုံးနေကျမို့လို့ သူ့ကို ခေါ်ယူနိုင်တော့မယ်လို့ ခန့်မှန်းခဲ့ကြ။

– Mind Series ပွဲစဉ်မှာ အာဆင်နယ်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ခိုင်ဟာဗတ်ဇ်ဟာ ချီးကျူးမှုတွေနဲ့ ထိုက်တန်သူဖြစ်ပြီး ရာသီသစ်မှာ သူကိုယ်တိုင်နဲ့ ချဲလ်ဆီးအသင်းတို့ လိုချင်သမျှ အောင်မြင်မှုတွေအားလုံးကို ရှာဖွေပေးနိုင်လိမ့်မယ်လို့ ပရိသတ်တွေ ဆိုနေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ရိုမီလူ လူကာကူးကို အင်တာမီလန်အသင်းကနေ တစ်ကျော့ပြန် ခေါ်ယူဖို့ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းထားခဲ့ပြီး အီတလီမြေမှာ ပျော်ရွှင်နေတဲ့ ဘယ်လ်ဂျီယမ်သားကို စည်းရုံးဖို့တော့ ထင်သလောက် မလွယ်ကူကြောင်း Athletic ဖော်ပြ။

– မန်ချက်စတာစီးတီးအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးတဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းအပြင် ချဲလ်ဆီးအသင်းကပါ ပြင်ဆင်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အတွက် သုံးပွင့်ဆိုင်ပြိုင်ပွဲကို ကြည့်ရှုရဖို့ ဗြိတိန်မီဒီယာတွေနဲ့ ပရိသတ်တွေ ခန့်မှန်းနေကြ။

– ပြင်သစ်လီဂူးဝမ်းကလပ် စိန့်အက်တီယန်အသင်းမှာ တစ်ရာသီအတွင်း ပွဲ ၃၀ ပါဝင်ကစားပြီးဖြစ်တဲ့ လူးကပ်စ် ဂူနာ-ဒူယာ့ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းအနေနဲ့ ရင်းနေး၊ ဒေါ့မွန်၊ လေဗာကူဆင်နဲ့ အတ္တလန်တာအသင်းတွေကို ပြိုင်ဆိုင်သွားရဖို့ ရှိနေပြီး ယူရို ၁၀ သန်းအထက် ကုန်ကျဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းရဲ့ အရန်တစ်ဦးအဖြစ် ကစားနေပြီး အသင်းကြီးမှာ ကျေနပ်လောက်ဖွယ် လုပ်ခပမာဏနဲ့ စာချုပ်လက်ကျန်ရှိမနေတဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ အီလေ့စ် မိုရီဘာအနေနဲ့ နောက်ဆုံးစာချုပ်ဆွေးနွေးမှုကို ပယ်ချထားခဲ့တာကြောင့် ချဲလ်ဆီးတို့ လက်ဦးမှုရယူပြီး ခေါ်ယူဖို့ ပြင်ဆင်နေ။

– ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဥရောပဆူပါဖလားပွဲစဉ်မှာ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းနဲ့ ခရစ္စတီယန် ပူလီရှစ်ချ်တို့နှစ်ဦးကို ဘယ်ညာတောင်ပံရဲ့ Wing Back တွေအဖြစ် အသုံးပြုပြီး တိုက်စစ်ဖွင့်ကစားမယ်လို့ နည်းပြ သောမတ်စ် တူဟယ်လ်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို ချပြသွားခဲ့။

– ဒီနွေရာသီမှာ ရောင်းချမယ့် အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ၉ ဦး အရောင်းစာရင်းထဲက နောက်ခံလူ တိုမိုရီတစ်ဦးသာ ရောင်းထွက်သေးပြီး ကျန်တဲ့ ကစားသမားတွေထဲက ဂိုးသမား ကီပါ၊ နောက်ခံလူတွေဖြစ်ကြတဲ့ အီမာဆန်၊ ရူဒီဂါ၊ ကွင်းလယ်က ဘာကလီ၊ ဂျော်ဂျင်ညို၊ လော့ဖ်တပ်စ်ချိခ်၊ တိုက်စစ်က အေဘရာဟမ်နဲ့ ဘက်ရွှာယီတို့ ကျန်ရှိနေတယ်လို့ Express ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းက အာဆင္နယ္အသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ဟာ အနည္းဆုံး အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းထက္ေတာ့ သာေသးတယ္လို႔ ဂန္းနားပရိသတ္ေတြက ေျပာေနၾကၿပီး ေခၚယူဖို႔ တိုက္တြန္းေနၾက။

– အေနာက္လန္ဒန္ကို လာေရာက္ပူးေပါင္းဖို႔ အလိုရွိေနတဲ့ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီက သူ႔ရဲ႕ ဆီဗီလာနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ၾကားထဲမွာ ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈ မရမွာကို စိုးရိမ္ေနတယ္လို႔ သိရၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္ ကတ္ဇူးမားကို ထည့္သြင္းလိုမႈနဲ႔ အလိုက္ေငြေၾကးကို ေဈးဆစ္ေနတာကို စပိန္ကလပ္ဘက္က ၿငိဳျငင္ေနတယ္လို႔လည္း ဆိုေနၾက။

– အာဆင္နယ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ႏိုင္ပြဲအၿပီး အသင္းရဲ႕ တရားဝင္ တြစ္တာအေကာင့္မွာ “Sunday funday!”လို႔ ေရးသားခဲ့မႈကို ပရိသတ္ေတြက သဲလြန္စေပးတယ္လို႔ ယူဆေနၾကၿပီး ဒီစကားစုဟာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္း သုံးေနက်မို႔လို႔ သူ႔ကို ေခၚယူႏိုင္ေတာ့မယ္လို႔ ခန႔္မွန္းခဲ့ၾက။

– Mind Series ပြဲစဥ္မွာ အာဆင္နယ္ကို အဖြင့္ဂိုးသြင္းယူခဲ့တဲ့ တိုက္စစ္မႉး ခိုင္ဟာဗတ္ဇ္ဟာ ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္သူျဖစ္ၿပီး ရာသီသစ္မွာ သူကိုယ္တိုင္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ လိုခ်င္သမွ် ေအာင္ျမင္မႈေတြအားလုံးကို ရွာေဖြေပးႏိုင္လိမ့္မယ္လို႔ ပရိသတ္ေတြ ဆိုေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉးေဟာင္း ႐ိုမီလူ လူကာကူးကို အင္တာမီလန္အသင္းကေန တစ္ေက်ာ့ျပန္ ေခၚယူဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ ကမ္းလွမ္းထားခဲ့ၿပီး အီတလီေျမမွာ ေပ်ာ္႐ႊင္ေနတဲ့ ဘယ္လ္ဂ်ီယမ္သားကို စည္း႐ုံးဖို႔ေတာ့ ထင္သေလာက္ မလြယ္ကူေၾကာင္း Athletic ေဖာ္ျပ။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရေသးတဲ့ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းအျပင္ ခ်ဲလ္ဆီးအသင္းကပါ ျပင္ဆင္လာခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အတြက္ သုံးပြင့္ဆိုင္ၿပိဳင္ပြဲကို ၾကည့္ရႈရဖို႔ ၿဗိတိန္မီဒီယာေတြနဲ႔ ပရိသတ္ေတြ ခန႔္မွန္းေနၾက။

– ျပင္သစ္လီဂူးဝမ္းကလပ္ စိန႔္အက္တီယန္အသင္းမွာ တစ္ရာသီအတြင္း ပြဲ ၃၀ ပါဝင္ကစားၿပီးျဖစ္တဲ့ လူးကပ္စ္ ဂူနာ-ဒူယာ့ကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရင္းေနး၊ ေဒါ့မြန္၊ ေလဗာကူဆင္နဲ႔ အတၱလန္တာအသင္းေတြကို ၿပိဳင္ဆိုင္သြားရဖို႔ ရွိေနၿပီး ယူ႐ို ၁၀ သန္းအထက္ ကုန္က်ဖြယ္ရွိေန။

– ဘာစီလိုနာအသင္းရဲ႕ အရန္တစ္ဦးအျဖစ္ ကစားေနၿပီး အသင္းႀကီးမွာ ေက်နပ္ေလာက္ဖြယ္ လုပ္ခပမာဏနဲ႔ စာခ်ဳပ္လက္က်န္ရွိမေနတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူ အီေလ့စ္ မိုရီဘာအေနနဲ႔ ေနာက္ဆုံးစာခ်ဳပ္ေဆြးေႏြးမႈကို ပယ္ခ်ထားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ လက္ဦးမႈရယူၿပီး ေခၚယူဖို႔ ျပင္ဆင္ေန။

– ဗီလာရီးရဲလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ဥေရာပဆူပါဖလားပြဲစဥ္မွာ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ခရစၥတီယန္ ပူလီရွစ္ခ်္တို႔ႏွစ္ဦးကို ဘယ္ညာေတာင္ပံရဲ႕ Wing Back ေတြအျဖစ္ အသုံးျပဳၿပီး တိုက္စစ္ဖြင့္ကစားမယ္လို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္က သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ခ်ျပသြားခဲ့။

– ဒီေႏြရာသီမွာ ေရာင္းခ်မယ့္ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ ၉ ဦး အေရာင္းစာရင္းထဲက ေနာက္ခံလူ တိုမိုရီတစ္ဦးသာ ေရာင္းထြက္ေသးၿပီး က်န္တဲ့ ကစားသမားေတြထဲက ဂိုးသမား ကီပါ၊ ေနာက္ခံလူေတြျဖစ္ၾကတဲ့ အီမာဆန္၊ ႐ူဒီဂါ၊ ကြင္းလယ္က ဘာကလီ၊ ေဂ်ာ္ဂ်င္ညိဳ၊ ေလာ့ဖ္တပ္စ္ခ်ိခ္၊ တိုက္စစ္က ေအဘရာဟမ္နဲ႔ ဘက္႐ႊာယီတို႔ က်န္ရွိေနတယ္လို႔ Express ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.