Match Report Other Premier League

အာဆင်နယ် ၁-၂ ချယ်လ်ဆီး ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ ချက်

ပါတေး Vs လော့ဖ်တပ်စ်ချိခ်တို့ရဲ့ တက်ကြွတဲ့ တိုက်ပွဲ
ဒီလန်ဒန်ဒါဘီခြေစမ်းပွဲက ဂန်းနားကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ အပြာရောင်ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်တို့ရဲ့ တက်ကြွတဲ့တိုက်ပွဲတခုဖြစ်ခဲ့ပြီး ရာသီ​ကြိုမှာ အဆင်သင့်ဖြစ်နေကြောင်း အပြိုင်အဆိုင်သက်သေပြခဲ့သလို ပါတေးထက် ဘော်ဒီပိုတောင့်ပြီး ထွားကျိုုင်းတဲ့ RLC က သူတင်ကိုယ်တိုင်ယှဥ်ကစားသွားသလို သူ့ရဲ့ ကွင်းလယ်ကစားအားနဲ့ ပေါက်ကွဲအားတွေက စွဲမက်တချို့လည်း ရှိခဲ့လို့ တူဟယ်လ်ဆက်ဆုံးဖြတ်ရပါဦးမယ်။

ဘန်ဝှိုက်ရဲ့ပွဲဦးထွက်မှာ အေဘရာဟမ်နှုတ်ဆက်ပြီလား
ဒီနေ့ပွဲက ဘရိုက်တန်ကနေ ပေါင်သန်း ၅၀ နဲ့ ပူပူနွေးနွေးရောက်ရှိလာတဲ့ ဂန်းနားလူသစ် ဘန်ဝှိုက်ရဲ့ ပွဲဦးထွက်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး ဖိအားအောက်မှာ တည်ငြိမ်တဲ့ ​ခြေစွမ်းမျိုးကို ထုတ်ပြသွားခဲ့တယ်။ ဂိုးစည်းပေါ်က ဘောလုံးကို ရှင်းထုတ်ပြီး အာဆင်နယ်ကို သက်သာရာရစေခဲ့တယ်။ အမ်းမရိတ်စ်ကို ပြောင်းဖို့ သတင်းကြီးနေတဲ့ အနိုင်ဂိုးရှင် တမ်မီ အေဘရာဟမ်ကတော့ တူဟယ်လ်ကို သက်သေပြဖို့ နောက်ဆုံးပွဲလည်းဖြစ်ခဲ့ပါတယ်။

ကြယ်ပွင့်တွေရဲ့အားကိုယူပြီး စူပါဖလားအတွက် လူစမ်းတဲ့ တူဟယ်လ်
ချစ်ကြည်ရေးခြေစမ်းပွဲဆိုပေမယ့် ချယ်လ်ဆီးနည်းပြတူဟယ်လ်က ဂိုးသမား မန်ဒီ၊ သူ့ရှေ့မှာ ရူဒီဂါ၊ ကတ်ဇူးမား၊ ဘယ်နောက်ခံအစွန်မှာ အိုဒွိုင်း၊ ညာနောက်ခံအစွန်မှာ ပူလီရှစ်ချ်၊ တိုက်စစ်မှာ ဗာနာ၊ ခိုင်ဟာဗတ်ဇ်၊ ဇီးယက်ရှ်တို့အတွဲကို ပွဲထုတ်သလို ကြယ်ပွင့်တွေရဲ့အားကိုယူပြီး အနိုင်ကစားသွားခဲ့တယ်။ UEFA စူပါဖလားကို သွားကစားဖို့ အကောင်းဆုံးလူစာရင်းကို ရွေးချယ်စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ချာကာနဲ့ မပတ်သက်ဖို့ မော်ရင်ညိုကို သတိပေးလိုက်ပြီလား
ပြီးခဲ့တဲ့တပတ်က ရိုးမားကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့တဲ့ ဂန်းနားကွင်းလယ်လူ ဂရာနစ် ချာကာကို ပြောင်းရွှေ့ကြေး မတန်လွန်းလို့ အာတီတာက ဆက်သိမ်းထားခဲ့ပြီး ဒီပွဲမှာ ပွဲထုတ်ခဲ့တယ်။ အမ်းမရိတ်စ်မှာ ပရိသတ်အချစ်တော်မဟုတ်ပေမယ့်် မော်ရင်ညိုငမ်းငမ်းတက်လိုချင်နေတာကို ကြည့်ရင် ဒီလိုကွင်းလယ်လူမျိုးကို အစားထိုးဖို့ မလွယ်ကူနိုင်မှန်း သိသာသလို ဒီပွဲမှာ ခေါင်းတိုက်ချေပဂိုးသွင်းယူခဲ့တဲ့ ချာကာနဲ့ ဆက်မပတ်သက်ဖို့ အာတီတာတယောက် မော်ရင်ညိုကို သတိပေးလိုက်ပြီလားလို့ ခန့်မှန်းနိုင်စရာရှိ​ပါတယ်။

နံပါတ် ၁၀ အကျီၤနဲ့ အတော်ဆုံးကစားသမား စမစ်ရိုး
ဘားကမ့်ပ်နဲ့ အိုဇေးလ်ရဲ့ ဂန်းနားဂန္ထဝင်နံပါတ် ၁၀ ကို ဆက်ခံခဲ့တဲ့ စမစ်သ်ရိုးက ဒီပွဲမှာ သူအားအသန်ဆုံး ကွင်းလယ်ဖန်တီးရှင်နေရာက အသင်းကို အကျိုးပြုပြီး ခြေစွမ်းပြခဲ့သလို ပထမပိုင်းတလျှောက်လုံး အာဆင်နယ်ရဲ့အကောင်းဆုံးလူဖြစ်ခဲ့တယ်။ ဧရိယာထိပ်က အနိမ့်ဘောအပြင်းကန်သွင်းချက်က တိုင်ထိထွက်ခဲ့လို့ နှမျောစရာဖြစ်ပေမယ့် ခြေစွမ်းက မြူးကြွနေသလို ဘာမထီတဲ့ ယုံကြည်ချက်အပြည့်နဲ့ ကစားသွားခဲ့လို့ အမ်းမရိတ်စ်တကွင်းလုံး ကျေနပ်ခဲ့ရပါတယ်။

ဟာဗတ်ဇ်ရဲ့ အသံကိုကြားလား
ခိုင်ဟာဗတ်ဇ်နဲ့ တီမို ဗာနာတို့ရဲ့ ပေါင်သန်း ၁၂၀ တန်အတွဲမှာ ဗာနာကတော့ ဂိုးတွေလွဲလို့ကောင်းတုန်းဆိုပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ရဲ့ အနိုင်ဂိုးရှင်သူရဲကောင်း ခိုင်ဟာဗတ်ဇ်က သူ့တန်ဖိုးကို ဆက်လက်သက်သေပြပြီး အဖွင့်ဂိုးကို သက်သောင့်သက်သာနဲ့ သွင်းယူခဲ့တယ်။ မနှစ်က အထိုင်ကျဖို့ ရုန်းကန်ခဲ့ရသလောက် ပရီးမီးယားလိဂ်ရာသီသစ်အတွက်တော့ တူဟယ်လ်လက်အောက်မှာ နေရာရဖို့ လုံလောက်ပြီဖြစ်ကြောင်း ဂျာမန်သား​က အကျယ်လောင်ဆုံး ဟစ်​ကြွေးသွားခဲ့တာပါ။

ညာနောက်ခံလူအတွက် အာတီတာရဲ့စဥ်းစားပုံ
ဟက်ဘာ ဘယ်လာရင်က ခြေစွမ်းအတော်ထက်ပေမယ့် နောက်ပိုင်းရာသီတွေမှာ ထိုးကျသွားခဲ့တယ်။ အာတီတာက ကယ်လမ် ချိန်ဘားစ်ကို ညာနောက်ခံလူနေရာမှာ ပွဲထွက်ခဲ့တယ်။ သူ​ကစားတာ အတော်လေးညက်ခဲ့သလို ဘာစီလိုနာကို ပြောင်းချင်နေတဲ့ ဘယ်လာရင်ကို ချောင်ထိုးခဲ့ပေမယ့် လူစားဝင်ကစားစေခဲ့တဲ့အခါ အေဘရာဟမ်ရဲ့ဂိုးအတွက် တလုံးဝင်ရောင်းပေးသွားခဲ့တယ်။ ၇ နှစ်ကြာပေးဆပ်လာခဲ့တဲ့ ချိန်ဘားစ်က ဒီရာသီမှာ အာတီတာရဲ့ နေရာပုံမှန်ပေးခံရဖို့ ရှိနေပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပါေတး Vs ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ရဲ႕ တက္ႂကြတဲ့ တိုက္ပြဲ
ဒီလန္ဒန္ဒါဘီေျခစမ္းပြဲက ဂန္းနားကြင္းလယ္လူ ေသာမတ္စ္ ပါေတးနဲ႔ အျပာေရာင္ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ရဲ႕ တက္ႂကြတဲ့တိုက္ပြဲတခုျဖစ္ခဲ့ၿပီး ရာသီ​ႀကိဳမွာ အဆင္သင့္ျဖစ္ေနေၾကာင္း အၿပိဳင္အဆိုင္သက္ေသျပခဲ့သလို ပါေတးထက္ ေဘာ္ဒီပိုေတာင့္ၿပီး ထြားက်ိဳုင္းတဲ့ RLC က သူတင္ကိုယ္တိုင္ယွဥ္ကစားသြားသလို သူ႔ရဲ႕ ကြင္းလယ္ကစားအားနဲ႔ ေပါက္ကြဲအားေတြက စြဲမက္တခ်ိဳ႕လည္း ရွိခဲ့လို႔ တူဟယ္လ္ဆက္ဆုံးျဖတ္ရပါဦးမယ္။

ဘန္ဝႈိက္ရဲ႕ပြဲဦးထြက္မွာ ေအဘရာဟမ္ႏႈတ္ဆက္ၿပီလား
ဒီေန႔ပြဲက ဘ႐ိုက္တန္ကေန ေပါင္သန္း ၅၀ နဲ႔ ပူပူေႏြးေႏြးေရာက္ရွိလာတဲ့ ဂန္းနားလူသစ္ ဘန္ဝႈိက္ရဲ႕ ပြဲဦးထြက္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ၿပီး ဖိအားေအာက္မွာ တည္ၿငိမ္တဲ့ ​ေျခစြမ္းမ်ိဳးကို ထုတ္ျပသြားခဲ့တယ္။ ဂိုးစည္းေပၚက ေဘာလုံးကို ရွင္းထုတ္ၿပီး အာဆင္နယ္ကို သက္သာရာရေစခဲ့တယ္။ အမ္းမရိတ္စ္ကို ေျပာင္းဖို႔ သတင္းႀကီးေနတဲ့ အႏိုင္ဂိုးရွင္ တမ္မီ ေအဘရာဟမ္ကေတာ့ တူဟယ္လ္ကို သက္ေသျပဖို႔ ေနာက္ဆုံးပြဲလည္းျဖစ္ခဲ့ပါတယ္။

ၾကယ္ပြင့္ေတြရဲ႕အားကိုယူၿပီး စူပါဖလားအတြက္ လူစမ္းတဲ့ တူဟယ္လ္
ခ်စ္ၾကည္ေရးေျခစမ္းပြဲဆိုေပမယ့္ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္က ဂိုးသမား မန္ဒီ၊ သူ႔ေရွ႕မွာ ႐ူဒီဂါ၊ ကတ္ဇူးမား၊ ဘယ္ေနာက္ခံအစြန္မွာ အိုဒြိဳင္း၊ ညာေနာက္ခံအစြန္မွာ ပူလီရွစ္ခ်္၊ တိုက္စစ္မွာ ဗာနာ၊ ခိုင္ဟာဗတ္ဇ္၊ ဇီးယက္ရွ္တို႔အတြဲကို ပြဲထုတ္သလို ၾကယ္ပြင့္ေတြရဲ႕အားကိုယူၿပီး အႏိုင္ကစားသြားခဲ့တယ္။ UEFA စူပါဖလားကို သြားကစားဖို႔ အေကာင္းဆုံးလူစာရင္းကို ေ႐ြးခ်ယ္စမ္းသပ္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ခ်ာကာနဲ႔ မပတ္သက္ဖို႔ ေမာ္ရင္ညိဳကို သတိေပးလိုက္ၿပီလား
ၿပီးခဲ့တဲ့တပတ္က ႐ိုးမားကို ေျပာင္းေ႐ႊ႕ဖို႔ အလြန္နီးစပ္ခဲ့တဲ့ ဂန္းနားကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေျပာင္းေ႐ႊ႕ေၾကး မတန္လြန္းလို႔ အာတီတာက ဆက္သိမ္းထားခဲ့ၿပီး ဒီပြဲမွာ ပြဲထုတ္ခဲ့တယ္။ အမ္းမရိတ္စ္မွာ ပရိသတ္အခ်စ္ေတာ္မဟုတ္ေပမယ့္္ ေမာ္ရင္ညိဳငမ္းငမ္းတက္လိုခ်င္ေနတာကို ၾကည့္ရင္ ဒီလိုကြင္းလယ္လူမ်ိဳးကို အစားထိုးဖို႔ မလြယ္ကူႏိုင္မွန္း သိသာသလို ဒီပြဲမွာ ေခါင္းတိုက္ေခ်ပဂိုးသြင္းယူခဲ့တဲ့ ခ်ာကာနဲ႔ ဆက္မပတ္သက္ဖို႔ အာတီတာတေယာက္ ေမာ္ရင္ညိဳကို သတိေပးလိုက္ၿပီလားလို႔ ခန္႔မွန္းႏိုင္စရာရွိ​ပါတယ္။

နံပါတ္ ၁၀ အက်ီၤနဲ႔ အေတာ္ဆုံးကစားသမား စမစ္႐ိုး
ဘားကမ့္ပ္နဲ႔ အိုေဇးလ္ရဲ႕ ဂန္းနားဂႏၴဝင္နံပါတ္ ၁၀ ကို ဆက္ခံခဲ့တဲ့ စမစ္သ္႐ိုးက ဒီပြဲမွာ သူအားအသန္ဆုံး ကြင္းလယ္ဖန္တီးရွင္ေနရာက အသင္းကို အက်ိဳးျပဳၿပီး ေျခစြမ္းျပခဲ့သလို ပထမပိုင္းတေလွ်ာက္လုံး အာဆင္နယ္ရဲ႕အေကာင္းဆုံးလူျဖစ္ခဲ့တယ္။ ဧရိယာထိပ္က အနိမ့္ေဘာအျပင္းကန္သြင္းခ်က္က တိုင္ထိထြက္ခဲ့လို႔ ႏွေမ်ာစရာျဖစ္ေပမယ့္ ေျခစြမ္းက ျမဴးႂကြေနသလို ဘာမထီတဲ့ ယုံၾကည္ခ်က္အျပည့္နဲ႔ ကစားသြားခဲ့လို႔ အမ္းမရိတ္စ္တကြင္းလုံး ေက်နပ္ခဲ့ရပါတယ္။

ဟာဗတ္ဇ္ရဲ႕အသံကိုၾကားလား
ခိုင္ဟာဗတ္ဇ္နဲ႔ တီမို ဗာနာတို႔ရဲ႕ ေပါင္သန္း ၁၂၀ တန္အတြဲမွာ ဗာနာကေတာ့ ဂိုးေတြလြဲလို႔ေကာင္းတုန္းဆိုေပမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္ရဲ႕ အႏိုင္ဂိုးရွင္သူရဲေကာင္း ခိုင္ဟာဗတ္ဇ္က သူ႔တန္ဖိုးကို ဆက္လက္သက္ေသျပၿပီး အဖြင့္ဂိုးကို သက္ေသာင့္သက္သာနဲ႔ သြင္းယူခဲ့တယ္။ မႏွစ္က အထိုင္က်ဖို႔ ႐ုန္းကန္ခဲ့ရသေလာက္ ပရီးမီးယားလိဂ္ရာသီသစ္အတြက္ေတာ့ တူဟယ္လ္လက္ေအာက္မွာ ေနရာရဖို႔ လုံေလာက္ၿပီျဖစ္ေၾကာင္း ဂ်ာမန္သား​က အက်ယ္ေလာင္ဆုံး ဟစ္​ေႂကြးသြားခဲ့တာပါ။

ညာေနာက္ခံလူအတြက္ အာတီတာရဲ႕စဥ္းစားပုံ
ဟက္ဘာ ဘယ္လာရင္က ေျခစြမ္းအေတာ္ထက္ေပမယ့္ ေနာက္ပိုင္းရာသီေတြမွာ ထိုးက်သြားခဲ့တယ္။ အာတီတာက ကယ္လမ္ ခ်ိန္ဘားစ္ကို ညာေနာက္ခံလူေနရာမွာ ပြဲထြက္ခဲ့တယ္။ သူ​ကစားတာ အေတာ္ေလးညက္ခဲ့သလို ဘာစီလိုနာကို ေျပာင္းခ်င္ေနတဲ့ ဘယ္လာရင္ကို ေခ်ာင္ထိုးခဲ့ေပမယ့္ လူစားဝင္ကစားေစခဲ့တဲ့အခါ ေအဘရာဟမ္ရဲ႕ဂိုးအတြက္ တလုံးဝင္ေရာင္းေပးသြားခဲ့တယ္။ ၇ ႏွစ္ၾကာေပးဆပ္လာခဲ့တဲ့ ခ်ိန္ဘားစ္က ဒီရာသီမွာ အာတီတာရဲ႕ ေနရာပုံမွန္ေပးခံရဖို႔ ရွိေနပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.