Premier League

ရွန်နီနဲ့ ရော်နယ်လ်ဒိုတို့ကို ပညာသင်ပေးနိုင်ခဲ့လို့ ကျေနပ်နေတဲ့ ဆိုးလ်ရှား ကာဗာနီနဲ့ပါ ဂုဏ်ဆာသွား

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားဟာ သူ့အနေနဲ့ ဝိန်းရွန်နီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးတွေကို ဂိုးအဆုံးသတ်ပုံနဲ့ ပတ်သက်လို့ ပညာတွေ သင်ကြားပေးခဲ့ရကြောင်း ကလပ်အသင်း ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ဂုဏ်ဆာသွားခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ရဲ့ ကစားသမားဘဝ နေဝင်ချိန်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပွဲမကစားနိုင်တော့ဘဲ ၂၀၀၇ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူပြီး အရန်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သလို လူငယ်နဲ့ စီနီယာကစားသမားတွေကို ဘောလုံးပညာတွေ သင်ကြားပေးခဲ့ကြောင်း သိရပါတယ်။

“ကျွန်တော်က နည်းပြလောကထဲ ဝင်လာခဲ့တယ်ပေါ့ဗျာ။ ရွန်နီနဲ့ ရော်နယ်လ်ဒိုတို့ကို ကောင်းကောင်းလေး မောင်းပေးနိုင်ခဲ့ပါတယ်။ ​သူတို့ရဲ့ အဆုံးသတ်ပိုင်းကို ကျွန်တော် သင်ကြားပေးခဲ့တာပါ။ ဂိုးသွင်းပုံနည်းစနစ်တွေ ကြွယ်ဝအောင်လို့ပေါ့ဗျာ။ ကျွန်တော်က အမြန်ဆုံးလည်း မဟုတ်သလို ထွားကျိုင်းတဲ့ အားကောင်းမောင်းသန် တိုက်စစ်မှူးမျိုး မဟုတ်ခဲ့ဘူး။ ဒါကြောင့် ဉာဏ်အကောင်းဆုံးဖြစ်အောင် လုပ်ယူခဲ့ရပါတယ်”

“ရော်နယ်လ်ဒိုနဲ့ ဝိန်းရွန်နီတို့ဆိုရင် ဘောလုံးကို ကိုယ့်ဘေးနားကလူကို ပေးလိုက်တာတို့၊ နောက်ခံလူရဲ့ ခြေထောက်ထဲ ဘောလုံးပြန်ပေးလိုက်တာတို့ဆိုရင် ဂိုးသမားကလည်း အသေကြီးလို ရပ်နေတဲ့အချိန်မျိုးဗျာ… အဲဒီအခါမျိုးဆိုရင် မင်းတို့အဖေတောင် ဒါမျိုးလုပ်တတ်တယ်ဆိုပြီး သူတို့ကို ဆူမိဆဲမိတော့ပါပဲ”လို့ သူက ရှင်းပြသွားခဲ့တာပါ။

လက်ရှိမှာ ယူနိုက်တက်အသင်းကို ၂ နှစ်ကြာ တာဝန်ယူလာခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးပြီးတဲ့နောက်မှာတော့ ဖာဂီရဲ့ Super Sub အဖြစ် ကလေးမျက်နှာနဲ့ လူသတ်သမား (Baby Faced Assassin)အဖြစ် ကျော်ကြားခဲ့တဲ့ နော်ဝေသားကြီးဟာ သရဲနီရဲ့ အစဥ်အလာတိုက်စစ်ကစားဟန်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။

သူဟာ ဂျေဒန် ဆန်ချို၊ ရာဖေးလ် ဗာရွန်းတို့လို ကမ္ဘာ့အဆင့်ကစားသမားအသစ်တွေကို အင်အားဖြည့်တင်းပြီးနောက်မှာ ပရီးမီးယားလိဂ်ရဲ့ အမြူးကြွဆုံးနဲ့ အထက်မြက်ဆုံး တိုက်စစ်ကစားဟန်ကို ၄-၃-၃ ကစားကွက်ကနေတဆင့် အကောင်အထည်ဖော်သွားဖို့ ကတိခံထားရပြီး ယူနိုက်တက်ကို ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားအတွက် အာမခံပေးထားရပြီဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်က အမြဲအာချောင်နေမယ့်သူ မဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်၊ ခံယူချက်ပြင်းပြမှုအပိုင်းနဲ့ပဲ သက်သေပြပြီး နေ့စဥ်အားစိုက်လုပ်ပြတတ်ပါတယ်။ ဒါမှ လူငယ်တွေက အတုယူနိုင်မှာပါ။ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူခဲ့တာလည်း ဒီရည်ရွယ်ချက်ကြောင့်ပါပဲ”

“သူက ယူနိုက်တက်တစ်သင်းလုံးကို သူ့ရဲ့သမ္ဘာ့ရင့် အတွေ့အကြုံတွေနဲ့ တန်ဖိုးရှိရှိ ဦးဆောင်းပေးနိုင်တယ်။ ကစားသမားတွေကို လက်ညှိုးထိုးခိုင်းပြီး အာသီးယောင်နေတာထက်စာရင် ကိုယ်တိုင်လုပ်ပြနေတဲ့သူမျိုးပါ။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာတောင့်တင်းမှုက ကျွန်တော့်ယူဆချက်ကို ​မှန်ကန်စေခဲ့ပါတယ်”

“ကျွန်တော်မှန်းတာထက်ကို သူက အသင်းကို အများကြီးပြောင်းလဲစေခဲ့ပါတယ်။ သူ့ကြိုးစားမှု​က အံ့မခန်းပါ။ သူ့ရဲ့ဂိုးသွင်းစံချိန်တွေထက် ပိုပြီး သင်ယူစရာ ဖြစ်စေတာက သူက နိုင်လိုစိတ်ပြင်းပြသလို လုပ်စရာရှိရင် အပြတ်လုပ်တတ်တဲ့ တိုက်စစ်မှူးတယောက်ရဲ့ ဉာဥ်မျိုးကို ပိုင်ဆိုင်ထားခြင်းပါ။ ဘာလုပ်လုပ် အာရုံအပြည့်ထည့်ပြီး လုပ်သလို လေ့ကျင့်ရေးကွင်းကနေ နောက်ဆုံးမှ အိမ်ပြန်ပြီး လူငယ်လေးတွေက သူ့ရဲ့ ဘောလုံးခံယူချက်အပိုင်းကို နေ့စဥ် အတုယူနေကြရပါတယ်”လို့ ဆိုးလ်ရှားက သူ့ရဲ့အမြင်ကို ဖွင့်ဟသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္းနား ဆိုးလ္ရွားဟာ သူ႔အေနနဲ႔ ဝိန္း႐ြန္နီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔လို ဒိတ္ဒိတ္ႀကဲ တိုက္စစ္မႉးေတြကို ဂိုးအဆုံးသတ္ပုံနဲ႔ ပတ္သက္လို႔ ပညာေတြ သင္ၾကားေပးခဲ့ရေၾကာင္း ကလပ္အသင္း ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ဂုဏ္ဆာသြားခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္ရဲ႕ ကစားသမားဘဝ ေနဝင္ခ်ိန္မွာ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး ပြဲမကစားႏိုင္ေတာ့ဘဲ ၂၀၀၇ ခုႏွစ္မွာ ေဘာလုံးသမားဘဝကေန အနားယူၿပီး အရန္အသင္းနည္းျပအျဖစ္ တာဝန္ယူခဲ့သလို လူငယ္နဲ႔ စီနီယာကစားသမားေတြကို ေဘာလုံးပညာေတြ သင္ၾကားေပးခဲ့ေၾကာင္း သိရပါတယ္။

“ကြၽန္ေတာ္က နည္းျပေလာကထဲ ဝင္လာခဲ့တယ္ေပါ့ဗ်ာ။ ႐ြန္နီနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ေကာင္းေကာင္းေလး ေမာင္းေပးႏိုင္ခဲ့ပါတယ္။ ​သူတို႔ရဲ႕ အဆုံးသတ္ပိုင္းကို ကြၽန္ေတာ္ သင္ၾကားေပးခဲ့တာပါ။ ဂိုးသြင္းပုံနည္းစနစ္ေတြ ႂကြယ္ဝေအာင္လို႔ေပါ့ဗ်ာ။ ကြၽန္ေတာ္က အျမန္ဆုံးလည္း မဟုတ္သလို ထြားက်ိဳင္းတဲ့ အားေကာင္းေမာင္းသန္ တိုက္စစ္မႉးမ်ိဳး မဟုတ္ခဲ့ဘူး။ ဒါေၾကာင့္ ဉာဏ္အေကာင္းဆုံးျဖစ္ေအာင္ လုပ္ယူခဲ့ရပါတယ္”

“ေရာ္နယ္လ္ဒိုနဲ႔ ဝိန္း႐ြန္နီတို႔ဆိုရင္ ေဘာလုံးကို ကိုယ့္ေဘးနားကလူကို ေပးလိုက္တာတို႔၊ ေနာက္ခံလူရဲ႕ ေျခေထာက္ထဲ ေဘာလုံးျပန္ေပးလိုက္တာတို႔ဆိုရင္ ဂိုးသမားကလည္း အေသႀကီးလို ရပ္ေနတဲ့အခ်ိန္မ်ိဳးဗ်ာ… အဲဒီအခါမ်ိဳးဆိုရင္ မင္းတို႔အေဖေတာင္ ဒါမ်ိဳးလုပ္တတ္တယ္ဆိုၿပီး သူတို႔ကို ဆူမိဆဲမိေတာ့ပါပဲ”လို႔ သူက ရွင္းျပသြားခဲ့တာပါ။

လက္ရွိမွာ ယူႏိုက္တက္အသင္းကို ၂ ႏွစ္ၾကာ တာဝန္ယူလာခဲ့ၿပီး ၂၀၂၄ ခုႏွစ္အထိ သက္တမ္းတိုးၿပီးတဲ့ေနာက္မွာေတာ့ ဖာဂီရဲ႕ Super Sub အျဖစ္ ကေလးမ်က္ႏွာနဲ႔ လူသတ္သမား (Baby Faced Assassin)အျဖစ္ ေက်ာ္ၾကားခဲ့တဲ့ ေနာ္ေဝသားႀကီးဟာ သရဲနီရဲ႕ အစဥ္အလာတိုက္စစ္ကစားဟန္ကို ျပန္လည္အသက္သြင္းဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

သူဟာ ေဂ်ဒန္ ဆန္ခ်ိဳ၊ ရာေဖးလ္ ဗာ႐ြန္းတို႔လို ကမာၻ႔အဆင့္ကစားသမားအသစ္ေတြကို အင္အားျဖည့္တင္းၿပီးေနာက္မွာ ပရီးမီးယားလိဂ္ရဲ႕ အျမဴးႂကြဆုံးနဲ႔ အထက္ျမက္ဆုံး တိုက္စစ္ကစားဟန္ကို ၄-၃-၃ ကစားကြက္ကေနတဆင့္ အေကာင္အထည္ေဖာ္သြားဖို႔ ကတိခံထားရၿပီး ယူႏိုက္တက္ကို ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလားအတြက္ အာမခံေပးထားရၿပီျဖစ္ေၾကာင္း သိရပါတယ္။

“ကြၽန္ေတာ္က အၿမဲအာေခ်ာင္ေနမယ့္သူ မဟုတ္ပါဘူး။ ကိုယ့္လုပ္ရပ္၊ ခံယူခ်က္ျပင္းျပမႈအပိုင္းနဲ႔ပဲ သက္ေသျပၿပီး ေန႔စဥ္အားစိုက္လုပ္ျပတတ္ပါတယ္။ ဒါမွ လူငယ္ေတြက အတုယူႏိုင္မွာပါ။ တိုက္စစ္မႉး ကာဗာနီကို ေခၚယူခဲ့တာလည္း ဒီရည္႐ြယ္ခ်က္ေၾကာင့္ပါပဲ”

“သူက ယူႏိုက္တက္တစ္သင္းလုံးကို သူ႔ရဲ႕သမာၻ႔ရင့္ အေတြ႕အႀကဳံေတြနဲ႔ တန္ဖိုးရွိရွိ ဦးေဆာင္းေပးႏိုင္တယ္။ ကစားသမားေတြကို လက္ညႇိဳးထိုးခိုင္းၿပီး အာသီးေယာင္ေနတာထက္စာရင္ ကိုယ္တိုင္လုပ္ျပေနတဲ့သူမ်ိဳးပါ။ သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ စိတ္ပိုင္းဆိုင္ရာေတာင့္တင္းမႈက ကြၽန္ေတာ့္ယူဆခ်က္ကို ​မွန္ကန္ေစခဲ့ပါတယ္”

“ကြၽန္ေတာ္မွန္းတာထက္ကို သူက အသင္းကို အမ်ားႀကီးေျပာင္းလဲေစခဲ့ပါတယ္။ သူ႔ႀကိဳးစားမႈ​က အံ့မခန္းပါ။ သူ႔ရဲ႕ဂိုးသြင္းစံခ်ိန္ေတြထက္ ပိုၿပီး သင္ယူစရာ ျဖစ္ေစတာက သူက ႏိုင္လိုစိတ္ျပင္းျပသလို လုပ္စရာရွိရင္ အျပတ္လုပ္တတ္တဲ့ တိုက္စစ္မႉးတေယာက္ရဲ႕ ဉာဥ္မ်ိဳးကို ပိုင္ဆိုင္ထားျခင္းပါ။ ဘာလုပ္လုပ္ အာ႐ုံအျပည့္ထည့္ၿပီး လုပ္သလို ေလ့က်င့္ေရးကြင္းကေန ေနာက္ဆုံးမွ အိမ္ျပန္ၿပီး လူငယ္ေလးေတြက သူ႔ရဲ႕ ေဘာလုံးခံယူခ်က္အပိုင္းကို ေန႔စဥ္ အတုယူေနၾကရပါတယ္”လို႔ ဆိုးလ္ရွားက သူ႔ရဲ႕အျမင္ကို ဖြင့္ဟသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.