Bundesliga Premier League

ဆန္ခ်ဳိကို ကမာၻ႕အေကာင္းဆုံးအျဖစ္ သတ္မွတ္ဖို႔ ေစာေသးတယ္ဆုိတဲ့ ယူႏုိက္တက္ ဂႏၴဝင္ ဂယ္ရီ နဗီးလ္

မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးလ္က အဂၤလန္မီဒီယာေတြအေနနဲ႔ လူငယ္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို လြန္လြန္ကဲကဲ ေျမႇာက္ပင့္ေရးသားေနၾကၿပီး တကယ္တမ္းေတာ့ သူ႕ကို ကမာၻ႕အေကာင္းဆုံးအျဖစ္သတ္မွတ္ဖို႔ ေတာ္ေတာ္ေလး လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ ေဝဖန္လုိက္ပါတယ္။

ယူႏုိက္တက္နဲ႔အတူ ဆုဖလားေအာင္ျမင္မွဳ အႀကိမ္ ၂၀ အထိ ရယူႏုိင္ခဲ့တဲ့ ကစားသမားေဟာင္းက အဂၤလန္မီဒီယာေတြကို တစ္ခုခုရွိရင္ အဂၤလိပ္နည္းျပေတြနဲ႔ အဂၤလိပ္ကစားသမားေတြကသာ အေကာင္းဆုံးဆိုတဲ့ အေရးအသားမ်ဳိးကို ေလွ်ာ့ၾကဖို႔နဲ႔ ကမာၻေပၚမွာ တျခားထိပ္တန္းကစားသမားေကာင္းေတြ အမ်ားႀကီးရွိေသးတာကို ေမ့မေနၾကဖို႔လည္း သတိေပးလုိက္ပါတယ္။

“ကဲဗ်ာ… သူတုိ႔ေတြက အဂၤလိပ္လူငယ္ေတြက တကယ္ပဲ အံ့ၾသခ်ီးက်ဴးေလာက္စရာလို႔ ေျပာၾကတယ္။ ဒါဆုိရင္ တျခားမွာေရာ လူငယ္ေတြ မရွိၾကဘူးလား။ ဘရာဇီးလ္ေတြ၊ အာဂ်င္တီးနားေတြ၊ ဂ်ာမန္ေတြ၊ ဘယ္လ္ဂ်ီယမ္ေတြ… ကၽြန္ေတာ္တုိ႔ တစ္ႏုိင္ငံတည္း ကမာၻမွာ ရွိတာ မဟုတ္ဘူးေလ။ ၿပီးေတာ့ ေရႊေရာင္မ်ဳိးဆက္ဆုိၿပီး ဘက္ခမ္း၊ ဂ်ရတ္၊ လမ္းပတ္၊ ရြန္နီတုိ႔ကို ညႊန္းတယ္။ ဒါဆုိရင္ ရီဗယ္လ္ဒို၊ ေရာ္နယ္လ္ဒိုနဲ႔ ေရာ္နယ္လ္ဒင္ဟိုတို႔က ဘာေတြလဲ ပလက္တီနမ္ေတြလား…”လို႔ အဂၤလိပ္မီဒီယာေတြကို ဂယ္ရီ နဗီးလ္က ေထာက္ျပလိုက္ပါတယ္။

“ဒီလိုပဲ အ႐ိုးသားဆုံးေျပာရရင္ ဆန္ခ်ဳိကို ခုခ်ိန္မွာ အေကာင္းဆုံးလုိ႔ ေျပာလို႔ မရေသးပါဘူး။ ခုနက ေျပာတဲ့အထဲ မပါတဲ့ အေဂြ႐ို၊ ဟီဂြာအင္၊ ဒီမာရီယာ၊ မက္ဆီတုိ႔နဲ႔ ဆန္ခ်ဳိကို ယွဥ္ၾကည့္ပါဦး။ သူတုိ႔ေတြရဲ႕ အနားကိုေတာင္ မကပ္ႏုိင္ေသးတဲ့ အေျခအေနပါ။ ဆန္ခ်ဳိဆုိတာက အရည္အေသြးေကာင္းေတြ ပုိင္ဆုိင္ထားတဲ့သူျဖစ္ၿပီး ခုနက ကမာၻ႕အေကာင္းဆုံးေတြနဲ႔ ယွဥ္ရင္ေတာ့ သူတုိ႔ေတြ ရဖူးတဲ့ ဆုေတြကို ရယူႏုိင္ၿပီးမွပဲ ေျပာသင့္ပါတယ္”လို႔ အဂၤလန္လက္ေရြးစင္ေဟာင္းက ဆုိခဲ့တာလည္းျဖစ္ပါတယ္။

ဒါဟာ နဗီးလ္အေနနဲ႔ သူ႕ကို လိုခ်င္ေနၾကတဲ့ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္က ပရိသတ္ေတြကို အလြန္အမင္း ေမွ်ာ္လင့္မထားဖို႔နဲ႔ ေဒါ့မြန္ကို မျဖစ္ႏုိင္တဲ့ ေဈးေတြ မေတာင္းဆိုဖို႔ ပညာသားပါပါ သတိေပးခဲ့တာလည္းျဖစ္ႏုိင္ၿပီး ဆန္ခ်ဳိအေနနဲ ဥေရာပအဆင့္နဲ႔ ကမာၻ႕အဆင့္ေတြမွာ အရင္ဆုံး ပုံမွန္ကစားခြင့္ရၿပီးမွပဲ ကမာၻ႕အေကာင္းဆုံးလုိ႔ လက္ခံႏုိင္မယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က အင်္ဂလန်မီဒီယာတွေအနေနဲ့ လူငယ်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို လွန်လွန်ကဲကဲ မြှောက်ပင့်ရေးသားနေကြပြီး တကယ်တမ်းတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံးအဖြစ်သတ်မှတ်ဖို့ တော်တော်လေး လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဝေဖန်လိုက်ပါတယ်။

ယူနိုက်တက်နဲ့အတူ ဆုဖလားအောင်မြင်မှု အကြိမ် ၂၀ အထိ ရယူနိုင်ခဲ့တဲ့ ကစားသမားဟောင်းက အင်္ဂလန်မီဒီယာတွေကို တစ်ခုခုရှိရင် အင်္ဂလိပ်နည်းပြတွေနဲ့ အင်္ဂလိပ်ကစားသမားတွေကသာ အကောင်းဆုံးဆိုတဲ့ အရေးအသားမျိုးကို လျှော့ကြဖို့နဲ့ ကမ္ဘာပေါ်မှာ တခြားထိပ်တန်းကစားသမားကောင်းတွေ အများကြီးရှိသေးတာကို မေ့မနေကြဖို့လည်း သတိပေးလိုက်ပါတယ်။

“ကဲဗျာ… သူတို့တွေက အင်္ဂလိပ်လူငယ်တွေက တကယ်ပဲ အံ့သြချီးကျူးလောက်စရာလို့ ပြောကြတယ်။ ဒါဆိုရင် တခြားမှာရော လူငယ်တွေ မရှိကြဘူးလား။ ဘရာဇီးလ်တွေ၊ အာဂျင်တီးနားတွေ၊ ဂျာမန်တွေ၊ ဘယ်လ်ဂျီယမ်တွေ… ကျွန်တော်တို့ တစ်နိုင်ငံတည်း ကမ္ဘာမှာ ရှိတာ မဟုတ်ဘူးလေ။ ပြီးတော့ ရွှေရောင်မျိုးဆက်ဆိုပြီး ဘက်ခမ်း၊ ဂျရတ်၊ လမ်းပတ်၊ ရွန်နီတို့ကို ညွှန်းတယ်။ ဒါဆိုရင် ရီဗယ်လ်ဒို၊ ရော်နယ်လ်ဒိုနဲ့ ရော်နယ်လ်ဒင်ဟိုတို့က ဘာတွေလဲ ပလက်တီနမ်တွေလား…”လို့ အင်္ဂလိပ်မီဒီယာတွေကို ဂယ်ရီ နဗီးလ်က ထောက်ပြလိုက်ပါတယ်။

“ဒီလိုပဲ အရိုးသားဆုံးပြောရရင် ဆန်ချိုကို ခုချိန်မှာ အကောင်းဆုံးလို့ ပြောလို့ မရသေးပါဘူး။ ခုနက ပြောတဲ့အထဲ မပါတဲ့ အဂွေရို၊ ဟီဂွာအင်၊ ဒီမာရီယာ၊ မက်ဆီတို့နဲ့ ဆန်ချိုကို ယှဉ်ကြည့်ပါဦး။ သူတို့တွေရဲ့ အနားကိုတောင် မကပ်နိုင်သေးတဲ့ အခြေအနေပါ။ ဆန်ချိုဆိုတာက အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး ခုနက ကမ္ဘာ့အကောင်းဆုံးတွေနဲ့ ယှဉ်ရင်တော့ သူတို့တွေ ရဖူးတဲ့ ဆုတွေကို ရယူနိုင်ပြီးမှပဲ ပြောသင့်ပါတယ်”လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါဟာ နဗီးလ်အနေနဲ့ သူ့ကို လိုချင်နေကြတဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က ပရိသတ်တွေကို အလွန်အမင်း မျှော်လင့်မထားဖို့နဲ့ ဒေါ့မွန်ကို မဖြစ်နိုင်တဲ့ ဈေးတွေ မတောင်းဆိုဖို့ ပညာသားပါပါ သတိပေးခဲ့တာလည်းဖြစ်နိုင်ပြီး ဆန်ချိုအနေနဲ ဥရောပအဆင့်နဲ့ ကမ္ဘာ့အဆင့်တွေမှာ အရင်ဆုံး ပုံမှန်ကစားခွင့်ရပြီးမှပဲ ကမ္ဘာ့အကောင်းဆုံးလို့ လက်ခံနိုင်မယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.