Premier League Transfer News

1 Aug နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

မန်ချက်စတာစီးတီးအနေနဲ့ အက်စတန်ဗီလာအသင်းက ဂျက်ခ် ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ တရားဝင်ကမ်းလှမ်းမှုမှာ အဆင်ပြေပုံပေါ်နေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းအတွက် ဘာဖြစ်လို့ ပေါင်သန်း ၁၅၀ လောက် မသုံးသေးတာလဲဆိုတဲ့ မေးခွန်းတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာ‌ကြောင်းသိရ။

စပိန်က လာတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်အသင်းဆီ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ရောင်းချဖို့ ရီးရဲလ်မက်ဒရစ်က ဆုံးဖြတ်လိုက်ပြီလို့ ဆိုနေချိန်မှာ ချဲလ်ဆီးအသင်းအနေနဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့အပြိုင် ကမ်းလှမ်းသွားမယ်လို့ သိရ။

ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းရဲ့ ပေါင်သန်း ၃၀ တန် တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူဖို့အတွက် လီဗာပူးလ်၊ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းတို့ကပါ စိတ်ဝင်စားလာလို့ လန်ဒန်ခြင်္သေ့ပြာတို့အနေနဲ့ လက်ဦးမှုရယူဖို့ လိုအပ်ကြောင်း သတင်းတွေ ထွက်လာ။

အသင်းကနေ အငှားနဲ့ပဲ ထွက်ခွာကစားနေရတဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင် လော့ဖ်တက်စ်-ချိခ်က သူ့အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းနဲ့ ဖြတ်သန်းဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်က အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ကြောင်းသိရ။

ချဲလ်ဆီးအသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို မန်ချက်စတာစီးတီးအသင်းနဲ့ယှဉ်ပြီး ခေါ်ယူဖို့အတွက် နည်းလမ်းဟောင်း သုံးလာဖို့ရှိပြီး ပြီးခဲ့တဲ့ ၃ နှစ်တုန်းက နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ညိုကို လန်ဒန်က မန်ချက်စတာထက် နေထိုင်လို့ ပိုကောင်းကြောင်းပြောပြီး ခေါ်ခဲ့သလို အခုလည်း စီစဉ်နေကြောင်း သတင်းတွေထွက်လာ။

ဆီဗီလာအသင်းအနေနဲ့ နောက်ခံလူ ဂျူးလ်စ် ကွန်ဒီအတွက် ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ကာ့ထ် ဇူးမားနဲ့ ယူရိုသန်း ၃၀ တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဇူးမားအပြင် ယူရို ၄၅ သန်း အလိုရှိနေတယ်လို့ အကြောင်းပြန်ခဲ့သလို ကွန်ဒီအ‌နေနဲ့ လန်ဒန်ခြင်္သေ့ပြာတို့နဲ့ လေးနှစ်စာချုပ်ချုပ်ဖို့ သဘောတူညီပြီးကြောင်း သတင်းတွေ ထွက်လာ။

ဗလင်စီယာအသင်းအနေနဲ့ ခေါ်ယူလိုနေတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် ချဲလ်ဆီးအသင်းအနေနဲ့ တံခါးဖွင့်ပေးထားရုံသာမက အငှားနဲ့ ခေါ်ယူနိုင်ကြောင်း စကားကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်လာတာကြောင့် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂိုးသမားရဲ့ အနာဂတ်အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မရှိတော့တာ ပိုသေချာလာခဲ့။

ချဲလ်ဆီးအသင်းအနေနဲ့ လီဂူးဝမ်းကလပ် စိန့်အက်တီယန်းအသင်းအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပွဲ ၃၀ အထိ ပါဝင်ကစားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမား လူးကပ်စ် ဂူနာ-ဒူယာ့ကို ခေါ်ယူဖို့အတွက် ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းထားကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြနေကြ။

ခရစ္စတယ်ပဲလေ့စ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးနောက်ခံလူ ကာ့ထ် ဇူးမားကို ခေါ်ယူဖို့အတွက် လန်ဒန်မြို့ခံ နောက်တစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အရင်ဆုံး ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအေနနဲ႔ အက္စတန္ဗီလာအသင္းက ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ တရားဝင္ကမ္းလွမ္းမႈမွာ အဆင္ေျပပုံေပၚေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းအတြက္ ဘာျဖစ္လို႔ ေပါင္သန္း ၁၅၀ ေလာက္ မသုံးေသးတာလဲဆိုတဲ့ ေမးခြန္းေတြ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔လာ‌ေၾကာင္းသိရ။

စပိန္က လာတဲ့ သတင္းေတြအရ ၿပီးခဲ့တဲ့ ရာသီမွာ အာဆင္နယ္အသင္းဆီ အငွားနဲ႔ လာေရာက္ကစားခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေရာင္းခ်ဖို႔ ရီးရဲလ္မက္ဒရစ္က ဆုံးျဖတ္လိုက္ၿပီလို႔ ဆိုေနခ်ိန္မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လီဗာပူးလ္၊ အာဆင္နယ္တို႔နဲ႔အၿပိဳင္ ကမ္းလွမ္းသြားမယ္လို႔ သိရ။

ခ်ဲလ္ဆီးအသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ဦးျဖစ္တဲ့ ဝုလ္ဗ္စ္အသင္းရဲ႕ ေပါင္သန္း ၃၀ တန္ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ေခၚယူဖို႔အတြက္ လီဗာပူးလ္၊ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ သူ႔ရဲ႕အသင္းေဟာင္း ဘာစီလိုနာအသင္းတို႔ကပါ စိတ္ဝင္စားလာလို႔ လန္ဒန္ျခေသၤ့ျပာတို႔အေနနဲ႔ လက္ဦးမႈရယူဖို႔ လိုအပ္ေၾကာင္း သတင္းေတြ ထြက္လာ။

အသင္းကေန အငွားနဲ႔ပဲ ထြက္ခြာကစားေနရတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ႐ူဘင္ ေလာ့ဖ္တက္စ္-ခ်ိခ္က သူ႔အေနနဲ႔ လာမယ့္ ေဘာလုံးရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ျဖတ္သန္းဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း အသင္းဝက္ဘ္ဆိုက္က အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ေၾကာင္းသိရ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းကို မန္ခ်က္စတာစီးတီးအသင္းနဲ႔ယွဥ္ၿပီး ေခၚယူဖို႔အတြက္ နည္းလမ္းေဟာင္း သုံးလာဖို႔ရွိၿပီး ၿပီးခဲ့တဲ့ ၃ ႏွစ္တုန္းက နာပိုလီကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကို လန္ဒန္က မန္ခ်က္စတာထက္ ေနထိုင္လို႔ ပိုေကာင္းေၾကာင္းေျပာၿပီး ေခၚခဲ့သလို အခုလည္း စီစဥ္ေနေၾကာင္း သတင္းေတြထြက္လာ။

ဆီဗီလာအသင္းအေနနဲ႔ ေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ဒီအတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူ ကာ့ထ္ ဇူးမားနဲ႔ ယူ႐ိုသန္း ၃၀ တန္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး ဇူးမားအျပင္ ယူ႐ို ၄၅ သန္း အလိုရွိေနတယ္လို႔ အေၾကာင္းျပန္ခဲ့သလို ကြန္ဒီအ‌ေနနဲ႔ လန္ဒန္ျခေသၤ့ျပာတို႔နဲ႔ ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ သေဘာတူညီၿပီးေၾကာင္း သတင္းေတြ ထြက္လာ။

ဗလင္စီယာအသင္းအေနနဲ႔ ေခၚယူလိုေနတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ တံခါးဖြင့္ေပးထား႐ုံသာမက အငွားနဲ႔ ေခၚယူႏိုင္ေၾကာင္း စကားကမ္းလွမ္းခဲ့တယ္လို႔ သတင္းေတြ ထြက္လာတာေၾကာင့္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ဂိုးသမားရဲ႕ အနာဂတ္အေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မရွိေတာ့တာ ပိုေသခ်ာလာခဲ့။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လီဂူးဝမ္းကလပ္ စိန႔္အက္တီယန္းအသင္းအတြက္ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ပြဲ ၃၀ အထိ ပါဝင္ကစားခဲ့တဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ ကြင္းလယ္ခံစစ္ကစားသမား လူးကပ္စ္ ဂူနာ-ဒူယာ့ကို ေခၚယူဖို႔အတြက္ ယူ႐ို ၁၀ သန္းနဲ႔ ကမ္းလွမ္းထားေၾကာင္း ျပင္သစ္မီဒီယာေတြက ေဖာ္ျပေနၾက။

ခရစၥတယ္ပဲေလ့စ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းတို႔က ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ခ်ဲလ္ဆီးေနာက္ခံလူ ကာ့ထ္ ဇူးမားကို ေခၚယူဖို႔အတြက္ လန္ဒန္ၿမိဳ႕ခံ ေနာက္တစ္သင္းျဖစ္တဲ့ ဝက္စ္ဟမ္းအသင္းကပါ စိတ္ဝင္စားလာခဲ့ၿပီး ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ အရင္ဆုံး ကမ္းလွမ္းသြားဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.