Premier League

တူဟယ်လ်နဲ့အတူ ပရီးမီးယားလိဂ်ကို သိမ်းပိုက်ဖို့ စိတ်အားထက်သန်နေတဲ့ ပူလီရှစ်ချ်

ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်အနေနဲ့ လာမယ့်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဖက်အသင်းတွေကို သတိပေးစကားပြောခဲ့တာပါ။ သူ့အနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက “ခမ်းနားတဲ့ အောင်မြင်မှု”ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားရပြီးတဲ့နောက်မှာတော့ “ဘာမဆိုဖြစ်နိုင်တယ်”ဆိုတာကို ယုံကြည်နေတာပါ။

ပူလီရှစ်ချ်အနေနဲ့ ဒေါ့မွန်အသင်းမှာတုန်းက သူ့ဆရာဖြစ်ခဲ့တဲ့ သောမတ်စ် တူဟယ်လ်နဲ့ ပြန်ပူးပေါင်းရဖို့ အကြောင်းဖန်လာခဲ့ပြီး တူဟယ်လ်အနေနဲ့ ဒီနှစ် ဖေဖော်ဝါရီလမှာ ချဲလ်ဆီးအသင်းမန်နေဂျာ ဖြစ်လာခဲ့သလို ဂျာမန်သားအ‌နေနဲ့ အသင်းကို ချန်ပီယံလိဂ်ဖလား အရယူပေးခဲ့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်းဝင်ခဲ့ပြီး FA ဖလားဗိုလ်လုပွဲအထိ ရောက်ခဲ့ပါတယ်။

Standard Sport နဲ့ အစီအစဉ်တစ်ခုမှာ ပြီးခဲ့တဲ့ရာသီနဲ့ လာမယ့်ရာသီအတွက် သူ့အမြင်ကို မေးတဲ့အခါ အမေရိကန်သားက “ကျွန်တော်တို့ မနှစ်က ကျရှုံးခဲ့တာလားတော့ မပြောတတ်ဘူး။ ခမ်းနားတဲ့ အောင်မြင်မှုလည်း ရခဲ့တယ်လေ။ အဲ့ဒီအောင်ပွဲက ကျွန်တော်တို့ကို ရိုက်ခတ်တယ်။ ယုံကြည်မှု အများကြီး တက်လာစေတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဥရောပရဲ့ ချန်ပီယံဖြစ်ဖို့ဆိုတာ ကျွန်တော်တို့အတွက် လွယ်ကူတဲ့ခရီးစဉ်တော့ မဟုတ်ခဲ့ဘူး။ အဲ့ဒီမှာ တကယ့်ထိပ်တန်းအသင်းတွေနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တာကို မြင်ခဲ့ပြီးပြီဆိုတော့ ပရီးမီးယားလိဂ်ဖလားကိုလည်း ဘာလို့ ဒီလိုမတွေးနိုင်ရမှာလဲ”လို့ ပြောခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ဖလား လိုချင်နေတဲ့ အာသီသကိုလည်း ထုတ်ဖော်သွားခဲ့ပါတယ်။

ပူလီရှစ်ချ်အနေနဲ့ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးကို “မန်ချက်စတာစီးတီးအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး သူတို့ကို ရာသီဝက်လောက်အတွင်းမှာ ၃ ကြိမ်တွေ့ပြီး ၃ ကြိမ်စလုံးနိုင်ခဲ့တာက ကျွန်တော်တို့ကို ယုံကြည်ချက် တိုးပွားစေတယ်”လို့ အပေါ်စီးကနေ ယုံကြည်မှု မြင့်မားစွာနဲ့ မှတ်ချက်ပေးသွားခဲ့တာပါ။

အသင်းရဲ့ လက်ရှိ အခြေ‌အနေကိုတော့ “ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းလည်း ရှိနေတယ်ဆိုတော့ ဘာမဆို ဖြစ်နိုင်တယ်လို့ပဲ ပြောရမှာပဲလေ။ ချဲလ်ဆီးအသင်းမှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေက ‌နေရာတိုင်းမှာရှိနေတယ်။ ကိုယ့်ခြေစွမ်းပြဖို့ အချိန်ရချင်ရင် ကျွန်တော်တို့အတွက် ပွဲတွေအများကြီး ရှိနေတယ်။ ဒီတော့ ပွဲမကစားရမှာ စိတ်ပူစရာမလိုဘဲ အခွင့်အရေးတိုင်းကို အသုံးချဖို့ပဲ ကျွန်တော်တို့ ကြိုးစားရမှာ”လို့ ပြောသွားခဲ့ပါတယ်။

အဆုံးသတ်မှာတော့ သူက “ကြံ့ခိုင်အောင်နေဖို့အတွက်က ကျွန်တော့်အတွက်တော့ အရေးကြီးတဲ့ပစ်မှတ်ပဲ။ အသင်းကို ကူညီဖို့အတွက် လိုအပ်ချိန်တိုင်း ကြံ့ခိုင်မှုအပြည့်နဲ့ အသင့်ရှိနေအောင် ကြိုးစားနေပါတယ်”လို့ ပြောခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ လက်ရှိလူစာရင်းက ပူလီရှစ်ချ်ပြောခဲ့သလို ပရီးမီးယားလိဂ်ဖလားရယူဖို့ လုံလောက်ရဲ့လားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္အေနနဲ႔ လာမယ့္ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ၿပိဳင္ဖက္အသင္းေတြကို သတိေပးစကားေျပာခဲ့တာပါ။ သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ ေမလတုန္းက “ခမ္းနားတဲ့ ေအာင္ျမင္မႈ”ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားရၿပီးတဲ့ေနာက္မွာေတာ့ “ဘာမဆိုျဖစ္ႏိုင္တယ္”ဆိုတာကို ယုံၾကည္ေနတာပါ။

ပူလီရွစ္ခ်္အေနနဲ႔ ေဒါ့မြန္အသင္းမွာတုန္းက သူ႔ဆရာျဖစ္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္နဲ႔ ျပန္ပူးေပါင္းရဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး တူဟယ္လ္အေနနဲ႔ ဒီႏွစ္ ေဖေဖာ္ဝါရီလမွာ ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာ ျဖစ္လာခဲ့သလို ဂ်ာမန္သားအ‌ေနနဲ႔ အသင္းကို ခ်န္ပီယံလိဂ္ဖလား အရယူေပးခဲ့ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ အသင္းက ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္းဝင္ခဲ့ၿပီး FA ဖလားဗိုလ္လုပြဲအထိ ေရာက္ခဲ့ပါတယ္။

Standard Sport နဲ႔ အစီအစဥ္တစ္ခုမွာ ၿပီးခဲ့တဲ့ရာသီနဲ႔ လာမယ့္ရာသီအတြက္ သူ႔အျမင္ကို ေမးတဲ့အခါ အေမရိကန္သားက “ကြၽန္ေတာ္တို႔ မႏွစ္က က်ရႈံးခဲ့တာလားေတာ့ မေျပာတတ္ဘူး။ ခမ္းနားတဲ့ ေအာင္ျမင္မႈလည္း ရခဲ့တယ္ေလ။ အဲ့ဒီေအာင္ပြဲက ကြၽန္ေတာ္တို႔ကို ႐ိုက္ခတ္တယ္။ ယုံၾကည္မႈ အမ်ားႀကီး တက္လာေစတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ဥေရာပရဲ႕ ခ်န္ပီယံျဖစ္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔အတြက္ လြယ္ကူတဲ့ခရီးစဥ္ေတာ့ မဟုတ္ခဲ့ဘူး။ အဲ့ဒီမွာ တကယ့္ထိပ္တန္းအသင္းေတြနဲ႔ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ႏိုင္တာကို ျမင္ခဲ့ၿပီးၿပီဆိုေတာ့ ပရီးမီးယားလိဂ္ဖလားကိုလည္း ဘာလို႔ ဒီလိုမေတြးႏိုင္ရမွာလဲ”လို႔ ေျပာခဲ့ၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ဖလား လိုခ်င္ေနတဲ့ အာသီသကိုလည္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

ပူလီရွစ္ခ်္အေနနဲ႔ လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးကို “မန္ခ်က္စတာစီးတီးအသင္းက ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက အေကာင္းဆုံး အသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး သူတို႔ကို ရာသီဝက္ေလာက္အတြင္းမွာ ၃ ႀကိမ္ေတြ႕ၿပီး ၃ ႀကိမ္စလုံးႏိုင္ခဲ့တာက ကြၽန္ေတာ္တို႔ကို ယုံၾကည္ခ်က္ တိုးပြားေစတယ္”လို႔ အေပၚစီးကေန ယုံၾကည္မႈ ျမင့္မားစြာနဲ႔ မွတ္ခ်က္ေပးသြားခဲ့တာပါ။

အသင္းရဲ႕ လက္ရွိ အေျခ‌အေနကိုေတာ့ “ကြၽန္ေတာ္တို႔မွာ ေတာင့္တင္းတဲ့ လူစာရင္းလည္း ရွိေနတယ္ဆိုေတာ့ ဘာမဆို ျဖစ္ႏိုင္တယ္လို႔ပဲ ေျပာရမွာပဲေလ။ ခ်ဲလ္ဆီးအသင္းမွာ အရည္အေသြးျမင့္တဲ့ ကစားသမားေတြက ‌ေနရာတိုင္းမွာရွိေနတယ္။ ကိုယ့္ေျခစြမ္းျပဖို႔ အခ်ိန္ရခ်င္ရင္ ကြၽန္ေတာ္တို႔အတြက္ ပြဲေတြအမ်ားႀကီး ရွိေနတယ္။ ဒီေတာ့ ပြဲမကစားရမွာ စိတ္ပူစရာမလိုဘဲ အခြင့္အေရးတိုင္းကို အသုံးခ်ဖို႔ပဲ ကြၽန္ေတာ္တို႔ ႀကိဳးစားရမွာ”လို႔ ေျပာသြားခဲ့ပါတယ္။

အဆုံးသတ္မွာေတာ့ သူက “ႀကံ့ခိုင္ေအာင္ေနဖို႔အတြက္က ကြၽန္ေတာ့္အတြက္ေတာ့ အေရးႀကီးတဲ့ပစ္မွတ္ပဲ။ အသင္းကို ကူညီဖို႔အတြက္ လိုအပ္ခ်ိန္တိုင္း ႀကံ့ခိုင္မႈအျပည့္နဲ႔ အသင့္ရွိေနေအာင္ ႀကိဳးစားေနပါတယ္”လို႔ ေျပာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ လက္ရွိလူစာရင္းက ပူလီရွစ္ခ်္ေျပာခဲ့သလို ပရီးမီးယားလိဂ္ဖလားရယူဖို႔ လုံေလာက္ရဲ႕လားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.