Analysis La Liga Other Serie A

ပေးတိုင်း ​ပြန်မရတဲ့အပြင် ရက်ရက်စက်စက် သစ်စိမ်းချိုးခံခဲ့ရတဲ့ ကလပ်ဂန္ထဝင် ၅ ဦး

တစ်နေ့ထက်တစ်နေ့ စီးပွားရေးပိုဆန်လာတဲ့ ဘောလုံးလောကမှာတော့ ကလပ်အသင်းနဲ့ ဂန္ထဝင်ကစားသမားတွေကြား သစ္စာကြီးမှုကို မြင်တွေ့ခဲ့ရတာက အတော်လေး ရှားပါးသွားခဲ့ပါပြီ။ ဒါတင်မက အသင်းကို အစွမ်းကုန် ပေးဆပ်ခဲ့ပေမယ့် ထိုက်တန်တဲ့ လေးစားမှုနဲ့ တန်ဖိုးထားမှုကို ပြန်မရတဲ့အပြင် ရက်ရက်စက်စက် သစ်စိမ်းချိုး အချိုးခံခဲ့ရတဲ့ ကလပ်ဂန္ထဝင်ကစားသမားကြီး ၅ ယောက်ကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

ဂါရက်သ် ဘေးလ်
၂၀၁၃ ခုနှစ်က စပါးစ်ကနေ ရီးရဲလ်မက်ဒရစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘေးလ်ဟာ ဘာနေဗျူးမှာ အမြင့်ဆုံးအောင်မြင်မှုကို ရယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ လုံးဆွတ်ခူးခဲ့သလို ဖိုင်နယ်နှစ်ကြိမ်မှာ ဂိုးသွင်းနိုင်ခဲ့သူပါ။ ဒါပေမယ့် ရီးရဲလ်ပရိသတ်တွေက သူ့ကို လှောင်ပြောင်စရာတခုအဖြစ်သာ မြင်ခဲ့လို့ သူ့ရဲ့ယုံကြည်မှုနဲ့ ခြေစွမ်းတွေ ကျဆင်းခဲ့ရ​ကြောင်း ​ကိုယ်တိုင်ဝန်ခံထားခဲ့ပါတယ်။

ရာအူးလ်
သူက ရီးရဲလ်ရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်သလို အကယ်ဒမီထွက် ကစားသမားတယောက်အဖြစ် သူ့ရဲ့သမိုင်းက အတော်လေး လှပခဲ့တယ်။ လာလီဂါ ၆ လုံး၊ ချန်ပီယံလိဂ် ၃ လုံးနဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး နံပါတ် ၂ ဂန္ထဝင်ကစားသမားဖြစ်ခဲ့ပေမယ့် အသင်းနဲ့ ၁၆ နှစ်အကြာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်လာချိန်မှာ လက်တွဲဖြုတ်ခြင်းခံရပြီး တိတ်တဆိတ်လမ်းခွဲသွားခဲ့ရပါတယ်။

အန်ဒရီးယား ပီယာလို
၂၀၀၁ ခုနှစ်မှာ အင်တာမီလန်ကနေ မြို့ခံအသင်း အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့ အီတလီကွင်းလယ်ဂန္ထဝင်ကြီးက စီးရီးအေဖလား ၂ လုံး၊ ချန်ပီယံလိဂ်ဖလား ၂ လုံး ဆွတ်ခူးခဲ့ပေမယ့် ၁၀ နှစ်အကြာ၊ အသက် ၃၂ နှစ်အရွယ်မှာ သက်တမ်းတိုးခြင်းမခံရတော့ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စွန့်ပစ်ခဲ့ခဲ့ရပါတယ်။

သူက တူရင်မြေကို ရောက်ရှိသွားခဲ့ပြီး ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေ ၄ ထပ်ကွမ်းချန်ပီယံအဖြစ် သူ့တန်ဖိုးကို မာန်ဖီပြခဲ့လို့ လွတ်တဲ့ငါး ပိုကြီးသွားခဲ့ပြီး ပီယာလိုကို လက်လွှတ်မိခဲ့တာဟာ မိမိရဲ့ အကြီးမားဆုံးအမှားဖြစ်ခဲ့တယ်လို့ အေစီမီလန်အမှု​ဆောင်ချုပ်ဟောင်း အက်ဒရီယာနို ဂယ်လီယာနီက လူသိရှင်ကြား ဝန်ခံယူသွားခဲ့ရပါသေးတယ်။

အီကာ ကာဆီးယာ့စ်
ဒီစာရင်းမှာ ရီးရဲလ်ကစားသမား ၃ ဦးအထိ ပါဝင်လာတာက တိုက်ဆိုင်မှုတခုတော့ မဟုတ်ခဲ့ဘဲ ကြယ်စင်စုအသင်းဟာ ဂန္ထဝင်ကစားသမားတွေကို အမှိုက်တခုလို ဖျက်ဆီးခဲ့တဲ့ ဆက်ဆံရေးတွေက သစ်စိမ်းချိုးချိုးသလိုမျိုး အစဥ်အလာမပျက် ဖြစ်ပွားခဲ့သလို အကယ်ဒမီထွက် ဂိုးသမားကြီးဟာ လာလီဂါ ၅ လုံး၊ ချန်ပီယံလိဂ် ၃ လုံးနဲ့အတူ သမိုင်းလှခဲ့ပေမယ့် အသင်းက ကန်ထုတ်ခံခဲ့ရတာကြောင့် မီဒီယာတွေရှေ့မှာပါ မျက်ရည်လည်ရွဲနဲ့ ငိုပွဲဆင်ခဲ့ရပါတယ်။

လူးဝစ် ဆွာရက်ဇ်
ဘဏ္ဍရေးအခြေအနေကြောင့်လို့ အကြောင်းပြပေမယ့် တကယ်တမ်းမှာတော့ မက်ဆီပြီးရင် အသင်းရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဖြစ်တဲ့ ဆွာရက်ဇ်ကို ဘာစီလိုနာတို့ သစ်စိမ်းစိမ်းချိုးခဲ့ပြန်လို့ MSN အတွဲဟာ တစစီပြိုကွဲခဲ့ပေမယ့် သူ့ကို ဖိနှိပ်ခဲ့တဲ့ ကာတာလန်သားတွေ ကျရှုံးခဲ့ချိန်မှာ ဥရုဂွေးသားကြီးကတော့ အက်သလက်တီကို မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာကြောင့် နူးကမ့်တခုလုံး အရှိုက်တည့်တည့် အထိုးခံရသလို ဖြစ်ခဲ့တာကလည်း သံယောဇဉ်နဲ့ သစ္စာအပေါ် တန်ဖိုးထားတတ်သူတွေ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တစ္ေန႔ထက္တစ္ေန႔ စီးပြားေရးပိုဆန္လာတဲ့ ေဘာလုံးေလာကမွာေတာ့ ကလပ္အသင္းနဲ႔ ဂႏၴဝင္ကစားသမားေတြၾကား သစၥာႀကီးမႈကို ျမင္ေတြ႕ခဲ့ရတာက အေတာ္ေလး ရွားပါးသြားခဲ့ပါၿပီ။ ဒါတင္မက အသင္းကို အစြမ္းကုန္ ေပးဆပ္ခဲ့ေပမယ့္ ထိုက္တန္တဲ့ ေလးစားမႈနဲ႔ တန္ဖိုးထားမႈကို ျပန္မရတဲ့အျပင္ ရက္ရက္စက္စက္ သစ္စိမ္းခ်ိဳး အခ်ိဳးခံခဲ့ရတဲ့ ကလပ္ဂႏၴဝင္ကစားသမားႀကီး ၅ ေယာက္ကို ေ႐ြးထုတ္ေဖာ္ျပလိုက္ပါတယ္။

ဂါရက္သ္ ေဘးလ္
၂၀၁၃ ခုႏွစ္က စပါးစ္ကေန ရီးရဲလ္မက္ဒရစ္ကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၁ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ေဘးလ္ဟာ ဘာေနဗ်ဴးမွာ အျမင့္ဆုံးေအာင္ျမင္မႈကို ရယူခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား ၄ လုံးဆြတ္ခူးခဲ့သလို ဖိုင္နယ္ႏွစ္ႀကိမ္မွာ ဂိုးသြင္းႏိုင္ခဲ့သူပါ။ ဒါေပမယ့္ ရီးရဲလ္ပရိသတ္ေတြက သူ႔ကို ေလွာင္ေျပာင္စရာတခုအျဖစ္သာ ျမင္ခဲ့လို႔ သူ႔ရဲ႕ယုံၾကည္မႈနဲ႔ ေျခစြမ္းေတြ က်ဆင္းခဲ့ရ​ေၾကာင္း ​ကိုယ္တိုင္ဝန္ခံထားခဲ့ပါတယ္။

ရာအူးလ္
သူက ရီးရဲလ္ရဲ႕ ထာဝရ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္သလို အကယ္ဒမီထြက္ ကစားသမားတေယာက္အျဖစ္ သူ႔ရဲ႕သမိုင္းက အေတာ္ေလး လွပခဲ့တယ္။ လာလီဂါ ၆ လုံး၊ ခ်န္ပီယံလိဂ္ ၃ လုံးနဲ႔အတူ ရီးရဲလ္မက္ဒရစ္ရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး နံပါတ္ ၂ ဂႏၴဝင္ကစားသမားျဖစ္ခဲ့ေပမယ့္ အသင္းနဲ႔ ၁၆ ႏွစ္အၾကာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရာက္လာခ်ိန္မွာ လက္တြဲျဖဳတ္ျခင္းခံရၿပီး တိတ္တဆိတ္လမ္းခြဲသြားခဲ့ရပါတယ္။

အန္ဒရီးယား ပီယာလို
၂၀၀၁ ခုႏွစ္မွာ အင္တာမီလန္ကေန ၿမိဳ႕ခံအသင္း ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ အီတလီကြင္းလယ္ဂႏၴဝင္ႀကီးက စီးရီးေအဖလား ၂ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၂ လုံး ဆြတ္ခူးခဲ့ေပမယ့္ ၁၀ ႏွစ္အၾကာ၊ အသက္ ၃၂ ႏွစ္အ႐ြယ္မွာ သက္တမ္းတိုးျခင္းမခံရေတာ့ဘဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စြန္႔ပစ္ခဲ့ခဲ့ရပါတယ္။

သူက တူရင္ေျမကို ေရာက္ရွိသြားခဲ့ၿပီး ဂ်ဴဗင္တပ္စ္နဲ႔အတူ စီးရီးေအ ၄ ထပ္ကြမ္းခ်န္ပီယံအျဖစ္ သူ႔တန္ဖိုးကို မာန္ဖီျပခဲ့လို႔ လြတ္တဲ့ငါး ပိုႀကီးသြားခဲ့ၿပီး ပီယာလိုကို လက္လႊတ္မိခဲ့တာဟာ မိမိရဲ႕ အႀကီးမားဆုံးအမွားျဖစ္ခဲ့တယ္လို႔ ေအစီမီလန္အမႈ​ေဆာင္ခ်ဳပ္ေဟာင္း အက္ဒရီယာႏို ဂယ္လီယာနီက လူသိရွင္ၾကား ဝန္ခံယူသြားခဲ့ရပါေသးတယ္။

အီကာ ကာဆီးယာ့စ္
ဒီစာရင္းမွာ ရီးရဲလ္ကစားသမား ၃ ဦးအထိ ပါဝင္လာတာက တိုက္ဆိုင္မႈတခုေတာ့ မဟုတ္ခဲ့ဘဲ ၾကယ္စင္စုအသင္းဟာ ဂႏၴဝင္ကစားသမားေတြကို အမႈိက္တခုလို ဖ်က္ဆီးခဲ့တဲ့ ဆက္ဆံေရးေတြက သစ္စိမ္းခ်ိဳးခ်ိဳးသလိုမ်ိဳး အစဥ္အလာမပ်က္ ျဖစ္ပြားခဲ့သလို အကယ္ဒမီထြက္ ဂိုးသမားႀကီးဟာ လာလီဂါ ၅ လုံး၊ ခ်န္ပီယံလိဂ္ ၃ လုံးနဲ႔အတူ သမိုင္းလွခဲ့ေပမယ့္ အသင္းက ကန္ထုတ္ခံခဲ့ရတာေၾကာင့္ မီဒီယာေတြေရွ႕မွာပါ မ်က္ရည္လည္႐ြဲနဲ႔ ငိုပြဲဆင္ခဲ့ရပါတယ္။

လူးဝစ္ ဆြာရက္ဇ္
ဘ႑ေရးအေျခအေနေၾကာင့္လို႔ အေၾကာင္းျပေပမယ့္ တကယ္တမ္းမွာေတာ့ မက္ဆီၿပီးရင္ အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံး တိုက္စစ္မႉးျဖစ္တဲ့ ဆြာရက္ဇ္ကို ဘာစီလိုနာတို႔ သစ္စိမ္းစိမ္းခ်ိဳးခဲ့ျပန္လို႔ MSN အတြဲဟာ တစစီၿပိဳကြဲခဲ့ေပမယ့္ သူ႔ကို ဖိႏွိပ္ခဲ့တဲ့ ကာတာလန္သားေတြ က်ရႈံးခဲ့ခ်ိန္မွာ ဥ႐ုေဂြးသားႀကီးကေတာ့ အက္သလက္တီကို မက္ဒရစ္နဲ႔အတူ လာလီဂါခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့တာေၾကာင့္ ႏူးကမ့္တခုလုံး အရႈိက္တည့္တည့္ အထိုးခံရသလို ျဖစ္ခဲ့တာကလည္း သံေယာဇဥ္နဲ႔ သစၥာအေပၚ တန္ဖိုးထားတတ္သူေတြ ေက်နပ္စရာျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.