Analysis Premier League

မန်ယူနိုက်တက်ရဲ့ ဗာရွန်းနဲ့ အာဆင်နယ်ရဲ့ ဘန်ဝှိုက်တို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းလဲ?

မကြာသေးမီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့အနေနဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို ကိုယ်စီအင်အားဖြည့်တင်းခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ပေါင် ၃၄ သန်း+အနာဂတ် ခံစားခွင့် ပေါင် ၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့သလို အာဆင်နယ်အသင်းအနေနဲ့လည်း ဘရိုက်တန်အသင်းနောက်ခံလူ ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့ပါတယ်။

သူတို့နှစ်ဦးမှာ ဘန်ဝှိုက်က ဈေးပိုကြီးနေရတာက ဗာရွန်းထက် ပိုကောင်းနေလို့လားဆိုတဲ့ မေးခွန်းတွေလည်း ဆက်တိုက်ထွက်လာခဲ့တာဖြစ်သလို အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကြားမှာ စကားစစ်ထိုးပွဲတွေနဲ့ တချို့အချက်အလက်တွေကို ကိုင်စွဲရင်း အပြန်အလှန် လှောင်ပြောင်တိုက်ခိုက်နေကြချိန်မှာ ဒါက ရေပန်းစားတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်လာခဲ့တာပါ။

အချက်အလက်အရ ကြည့်မယ်ဆို ဗာရွန်းအနေနဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ရခဲ့ချိန်မှာ ဘန်ဝှိုက်အနေနဲ့ လိဂ်တူးကလပ် နယူးပို့ကောင်တီအသင်းမှာ အငှားနဲ့ ထွက်ကစားနေခဲ့တာလည်းဖြစ်ပြီး နောက်ရာသီမှာ လိဂ်ဝမ်းက ပီတာဘားရားနဲ့ ချန်ပီယံရှစ်က လိဒ်စ်ယူနိုက်တက်တို့မှာ အငှားထပ်ကစားပြီး ပရီးမီးယားလိဂ်ကစားခွင့်ဆီ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ခံစစ်အတွင်းလူနေရာဆိုတာက အချက်အလက်တွေထဲ ထည့်လို့မရတာတွေကိုပါ ထည့်သွင်းစဉ်းစားရတာဖြစ်လို့ ခံစစ်နေရာယူမှု၊ ဦးဆောင်မှုနဲ့ အချိတ်အဆက်‌တွေကိုသာ ကြည့်လို့ရတာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အချက်အလက်အရ ဝှိုက်အနေနဲ့ ဗာရွန်းထက် ပိုပြီးကြမ်းတမ်းတဲ့ ခံစစ်မှူးတစ်ယောက် ဖြစ်ခဲ့တာကို တွေ့နိုင်ပါလိမ့်မယ်။

အားသာချက်အနေနဲ့ ဘန်ဝှိုက်ဟာ ညာနောက်ခံလူအပြင် ကွင်းလယ်ကစားသမားအဖြစ်ပါ တက်ကစားနိုင်ပြီး ပွဲချိန်အတွင်း ကစားကွက်အပြောင်းအလဲမှာ အဓိကကျနိုင်သူပါ။ အချက်အလက်တွေအရ ဖျက်ထုတ်မှု အကြိမ်ရေမှာ အင်္ဂလန်သားက သာလွန်ပေမယ့် တစ်ရာသီလုံးမှာ အဝါကတ် နှစ်ကတ်ပဲ ထိခဲ့တဲ့ ဗာရွန်းက ၄ ဝါ၊ တစ်နီထိခဲ့ ဘရိုက်တန်ခံစစ်မှူးထက် ပိုကောင်းခဲ့တာပါ။

အသင်းရဲ့ ကစားကွက်မှာ ဆာဂျီယို ရာမို့စ်လို နပ်လွန်းတဲ့ ခံစစ်ခေါင်းဆောင် ဖိုက်တာကြီး ဆာဂျီယို ရာမို့စ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွံလာသမျှ ဆွဲစားတဲ့ ဗာရွန်းထက် မျိုးဆက်သစ် ခံစစ်မှူးဖြစ်ပြီး နေရာဖြည့်ယူမှုတွေ ဘောလုံးပေးပို့မှုတွေ ကောင်းမွန်ပြီး စွန့်စားတတ်တဲ့ Ball Playing Defender ဘန်ဝှိုက်ကတော့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ပြောင်းလဲလာတဲ့ ကစားပုံမှာ တန်ဖိုးရှိမှာဖြစ်လို့ အာဆင်နယ်တို့က ပေါင်သန်း ၅၀ အထိ သုံးခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ရဲ့ ခံစစ်ညာတောင်ပံမှာ အသက် ၂၀ အရွယ် တာရစ် လမ့်ပ်တေးဒဏ်ရာရခဲ့ပြီးတဲ့နောက် နောက်ခံလူ ဂျိုယယ် ဗဲလ်မန်းအနေနဲ့ လမ့်ပ်တေးနေရာမှာ ခြေစွမ်းပြခဲ့သလို ဒတ်ချ်နောက်ခံလူရဲ့ နေရာမှာတော့ ဘန်ဝှိုက်က နေရာမရွေးဘဲ ခြေစွမ်းပြခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတော့မှသာ သူ့ရဲ့အရည်အသွေးကို ချီးကျူးခဲ့ကြသလို ပရီးမီးယားလိဂ်အသင်းကြီးတွေက ပိုမိုစိတ်ဝင်စားခဲ့ကြတာကိုလည်း တွေ့ရမှာပါ။

ဗာရွန်းအနေနဲ့တော့ ပြီးခဲ့တဲ့ဘောလုံးရာသီက သူ့အတွက်တော့ မကောင်းခဲ့ဘဲ အထူးသဖြင့် ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်မှာ ရင်ဆိုင်ကစားခဲ့တုန်းက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ ဟာရီ မက်ဂွိုင်းယားတို့ ခံစစ်အတွဲရဲ့ အသစ်ပေါင်းစည်းဖြစ်ခဲ့တဲ့ အရှိန်အဝါကတော့ မန်ချက်စတာယူနိုက်တက်ကို ၂၀၁၃ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရယူပေးဖို့အတွက် လုံလောက်နိုင်ပါတယ်။

လက်ရှိပြောင်းရွှေ့ကြေးနဲ့ စာချုပ်နှစ်ခုပေါင်းမှာ ဘန်ဝှိုက်က ပေါင်(၅၀+၂၅=၇၅ သန်း) ကျသင့်ခဲ့ပြီး ဗာရွန်းကတော့ (၄၂+၄၁=၈၃ သန်း) ကျသင့်မှာဖြစ်တဲ့အတွက် အသုံးစရိတ်မှာတော့ အာဆင်နယ်ဘက်က သက်သာခဲ့ချိန်မှာ တက်သစ်စလူငယ်နဲ့ လက်တင်သုံး ချန်ပီယံကစားသမားတို့ ဘယ်သူက ပိုသာနိုင်မလဲဆိုတာ ကွင်းထဲမှာပဲ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မၾကာေသးမီက မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔အေနနဲ႔ အသင္းရဲ႕ ခံစစ္ပိုင္းကို ကိုယ္စီအင္အားျဖည့္တင္းခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ေပါင္ ၃၄ သန္း+အနာဂတ္ ခံစားခြင့္ ေပါင္ ၈ သန္းနဲ႔ ေခၚယူႏိုင္ခဲ့သလို အာဆင္နယ္အသင္းအေနနဲ႔လည္း ဘ႐ိုက္တန္အသင္းေနာက္ခံလူ ဘန္ဝႈိက္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူခဲ့ပါတယ္။

သူတို႔ႏွစ္ဦးမွာ ဘန္ဝႈိက္က ေဈးပိုႀကီးေနရတာက ဗာ႐ြန္းထက္ ပိုေကာင္းေနလို႔လားဆိုတဲ့ ေမးခြန္းေတြလည္း ဆက္တိုက္ထြက္လာခဲ့တာျဖစ္သလို အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြၾကားမွာ စကားစစ္ထိုးပြဲေတြနဲ႔ တခ်ိဳ႕အခ်က္အလက္ေတြကို ကိုင္စြဲရင္း အျပန္အလွန္ ေလွာင္ေျပာင္တိုက္ခိုက္ေနၾကခ်ိန္မွာ ဒါက ေရပန္းစားတဲ့ အေၾကာင္းအရာတစ္ခုလည္းျဖစ္လာခဲ့တာပါ။

အခ်က္အလက္အရ ၾကည့္မယ္ဆို ဗာ႐ြန္းအေနနဲ႔ ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီတုန္းက ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ရခဲ့ခ်ိန္မွာ ဘန္ဝႈိက္အေနနဲ႔ လိဂ္တူးကလပ္ နယူးပို႔ေကာင္တီအသင္းမွာ အငွားနဲ႔ ထြက္ကစားေနခဲ့တာလည္းျဖစ္ၿပီး ေနာက္ရာသီမွာ လိဂ္ဝမ္းက ပီတာဘားရားနဲ႔ ခ်န္ပီယံရွစ္က လိဒ္စ္ယူႏိုက္တက္တို႔မွာ အငွားထပ္ကစားၿပီး ပရီးမီးယားလိဂ္ကစားခြင့္ဆီ တျဖည္းျဖည္းခ်င္း ျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။

ခံစစ္အတြင္းလူေနရာဆိုတာက အခ်က္အလက္ေတြထဲ ထည့္လို႔မရတာေတြကိုပါ ထည့္သြင္းစဥ္းစားရတာျဖစ္လို႔ ခံစစ္ေနရာယူမႈ၊ ဦးေဆာင္မႈနဲ႔ အခ်ိတ္အဆက္‌ေတြကိုသာ ၾကည့္လို႔ရတာပါ။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက အခ်က္အလက္အရ ဝႈိက္အေနနဲ႔ ဗာ႐ြန္းထက္ ပိုၿပီးၾကမ္းတမ္းတဲ့ ခံစစ္မႉးတစ္ေယာက္ ျဖစ္ခဲ့တာကို ေတြ႕ႏိုင္ပါလိမ့္မယ္။

အားသာခ်က္အေနနဲ႔ ဘန္ဝႈိက္ဟာ ညာေနာက္ခံလူအျပင္ ကြင္းလယ္ကစားသမားအျဖစ္ပါ တက္ကစားႏိုင္ၿပီး ပြဲခ်ိန္အတြင္း ကစားကြက္အေျပာင္းအလဲမွာ အဓိကက်ႏိုင္သူပါ။ အခ်က္အလက္ေတြအရ ဖ်က္ထုတ္မႈ အႀကိမ္ေရမွာ အဂၤလန္သားက သာလြန္ေပမယ့္ တစ္ရာသီလုံးမွာ အဝါကတ္ ႏွစ္ကတ္ပဲ ထိခဲ့တဲ့ ဗာ႐ြန္းက ၄ ဝါ၊ တစ္နီထိခဲ့ ဘ႐ိုက္တန္ခံစစ္မႉးထက္ ပိုေကာင္းခဲ့တာပါ။

အသင္းရဲ႕ ကစားကြက္မွာ ဆာဂ်ီယို ရာမို႔စ္လို နပ္လြန္းတဲ့ ခံစစ္ေခါင္းေဆာင္ ဖိုက္တာႀကီး ဆာဂ်ီယို ရာမို႔စ္ရဲ႕ ဦးေဆာင္မႈေအာက္မွာ ကြၽံလာသမွ် ဆြဲစားတဲ့ ဗာ႐ြန္းထက္ မ်ိဳးဆက္သစ္ ခံစစ္မႉးျဖစ္ၿပီး ေနရာျဖည့္ယူမႈေတြ ေဘာလုံးေပးပို႔မႈေတြ ေကာင္းမြန္ၿပီး စြန႔္စားတတ္တဲ့ Ball Playing Defender ဘန္ဝႈိက္ကေတာ့ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ေျပာင္းလဲလာတဲ့ ကစားပုံမွာ တန္ဖိုးရွိမွာျဖစ္လို႔ အာဆင္နယ္တို႔က ေပါင္သန္း ၅၀ အထိ သုံးခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ရဲ႕ ခံစစ္ညာေတာင္ပံမွာ အသက္ ၂၀ အ႐ြယ္ တာရစ္ လမ့္ပ္ေတးဒဏ္ရာရခဲ့ၿပီးတဲ့ေနာက္ ေနာက္ခံလူ ဂ်ိဳယယ္ ဗဲလ္မန္းအေနနဲ႔ လမ့္ပ္ေတးေနရာမွာ ေျခစြမ္းျပခဲ့သလို ဒတ္ခ်္ေနာက္ခံလူရဲ႕ ေနရာမွာေတာ့ ဘန္ဝႈိက္က ေနရာမေ႐ြးဘဲ ေျခစြမ္းျပခဲ့လို႔ အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးမွာ ေ႐ြးခ်ယ္ခံရေတာ့မွသာ သူ႔ရဲ႕အရည္အေသြးကို ခ်ီးက်ဴးခဲ့ၾကသလို ပရီးမီးယားလိဂ္အသင္းႀကီးေတြက ပိုမိုစိတ္ဝင္စားခဲ့ၾကတာကိုလည္း ေတြ႕ရမွာပါ။

ဗာ႐ြန္းအေနနဲ႔ေတာ့ ၿပီးခဲ့တဲ့ေဘာလုံးရာသီက သူ႔အတြက္ေတာ့ မေကာင္းခဲ့ဘဲ အထူးသျဖင့္ ခ်ဲလ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ကစားခဲ့တုန္းက ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ သူနဲ႔ ဟာရီ မက္ဂြိဳင္းယားတို႔ ခံစစ္အတြဲရဲ႕ အသစ္ေပါင္းစည္းျဖစ္ခဲ့တဲ့ အရွိန္အဝါကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ၂၀၁၃ ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလား ရယူေပးဖို႔အတြက္ လုံေလာက္ႏိုင္ပါတယ္။

လက္ရွိေျပာင္းေ႐ႊ႕ေၾကးနဲ႔ စာခ်ဳပ္ႏွစ္ခုေပါင္းမွာ ဘန္ဝႈိက္က ေပါင္(၅၀+၂၅=၇၅ သန္း) က်သင့္ခဲ့ၿပီး ဗာ႐ြန္းကေတာ့ (၄၂+၄၁=၈၃ သန္း) က်သင့္မွာျဖစ္တဲ့အတြက္ အသုံးစရိတ္မွာေတာ့ အာဆင္နယ္ဘက္က သက္သာခဲ့ခ်ိန္မွာ တက္သစ္စလူငယ္နဲ႔ လက္တင္သုံး ခ်န္ပီယံကစားသမားတို႔ ဘယ္သူက ပိုသာႏိုင္မလဲဆိုတာ ကြင္းထဲမွာပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.