Article Other

ကွင်းထဲမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံးနဲ့ ထာဝရအကြီးမြတ်ဆုံးကစားသမား ၅ ဦး

ဘောလုံးဟာ လှပတဲ့ကစားပွဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာဆန်လွန်းတဲ့ ကစားသမားတွေကသာ ဘောလုံးပွဲရဲ့ရသကို အမြင့်ဆုံးအထိ ဆွဲတင်သွားနိုင်ကြသူတွေပါ။ ဘရာဇီးလ်ဂန္ထဝင်ကြီး ရော်နယ်လ်ဒို နာဇာရီယို၊ ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ သီယာရီ အွန်နရီအစရှိတဲ့ ဘောလုံးဆရာကြီးတွေဟာ ကလေးဘဝ ကတည်းက သူတို့လို လိုက်ကစားချင်လာအောင် နှိုးဆွပေးနိုင်လွန်းသလို လွှမ်းမိုးမှုကြီးမားခဲ့ပါတယ်။ ကွင်းထဲမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံး ထာဝရ အကြီးမြတ်ဆုံးကစားသမား ၅ ဦးအကြောင်း အခုတင်ဆက်ပေးပါရစေ။

ခရစ္စတီယာနို ရော်နယ်လ်ဒို
အသက် ၃၆ နှစ်အရွယ်အထိ လူငယ်တဦးလို နုပျိုဖျတ်လတ်အောင် ကစားပြနေတဲ့ ဘလွန်ဒေါ ၅ ဆုရှင်ဟာ အမြင့်ဆုံး​ခြေစွမ်းကို ရောက်ရှိခဲ့စဥ်က ခံစစ်မှူးတွေ ဖင်ထိုင်လဲကျတဲ့အထိ အလိမ်အခေါက်၊ အလှအပတွေနဲ့ ဖျော်ဖြေမှုအသားပေးပြီး ကစားခဲ့သလို အခုချိန်မှာလည်း ဂိုးသွင်းတဲ့အနုပညာကို ဆက်လက်ဖော်​ဆောင်နေဆဲပါ။ ဂိုးသွင်းမုဆိုးအဖြစ် နည်းစနစ်ပိုင်းအရ ပြောင်းလဲသွားခဲ့သလို သူ့ကို ဖျော်ဖြေမှုအပေးနိုင်ဆုံး ကစားသမားစာရင်းထဲ မဖြစ်မနေထည့်သွင်းရမှာ ဖြစ်​ပါတယ်။

လီယွန်နယ် မက်ဆီ
ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနား GOAT ကြီးကိုလည်း ဒီစာရင်းမှာ ချန်လှပ်ထားခဲ့လို့ မရနိုင်သလို ဘောလုံးနဲ့ အရင်းနှီးဆုံးမိတ်ဆွေဖွဲ့ထားတဲ့ စွယ်စုံရခြေစွမ်းနဲ့ အံ့မခန်းမဟာလူသားလို့တောင် ဆိုနိုင်ဖွယ်ရာ ရှိနေပါတယ်။

၂၀၀၇ ခုနှစ်က ကွင်းလယ်ကနေ တကိုယ်တော်ဆွဲပြေးလာပြီး ဂီတာဖေးကို တကိုယ်တော်သွင်းယူခဲ့တဲ့ မက်ဆီရဲ့ဂိုးက မာရာဒိုနာရဲ့ ရာစုနှစ်အလိုက်အကောင်းဆုံးဂိုးနဲ့အတူ ထပ်တူသူကောင်းပြုခံခဲ့ရပြီး သူ့ရဲ့ဘောလုံးအမြင်စူးရှမှု၊ လိမ်ခေါက်ကျော်ဖြတ်မှုစွမ်းရည်နဲ့ ဘောလုံး​ပေးပို့နိုင်စွမ်းတွေက ဘယ်ကစားသမားထက်မဆို စွယ်စုံရအနေအထားနဲ့ သာလွန်နေတာဖြစ်ပါတယ်။

ဂါရင်ချာ
ဘောလုံးသမိုင်းရဲ့ အကြီးမြတ်ဆုံး ဘောလုံးလိမ်ခေါက်ကျော်ဖြတ်သူကြီးတဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီးပါ။ ကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့သလို ၁၉၆၂ ပြိုင်ပွဲမှာ ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆုကို တပြိုင်တည်းရယူခဲ့တာပါ။ သူ့အသင်းက ဂိုးအခွင့်အရေးတွေ မရနိုင်ဘူးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ကိစ္စလို့ ဆိုရလောက်အောင် ဖန်တီးနိုင်စွမ်းမြင့်မားသလို တည်ကန်ဘောကျွမ်းကျင်သူကြီးလို့လည်း အားလုံးထောက်ခံထားကြတာပါ။

ဒီယေဂို မာရာဒိုနာ
မာရာဒိုနာကတော့ ဘောလုံးရဲ့ ဘုရားသခင်ကြီးလို့တောင် တင်စားခံထားရသူဖြစ်သလို သူဘာလဲဆိုတာ ထပ်ညွှန်းစရာမလိုတော့လောက်အောင် ပြီးပြည့်စုံပြီးသား၊ ပရိသတ်တွေ လေးစားရပြီးသား ဘုရားပေးတဲ့ဂိုးသွင်းလက်ပိုင်ရှင်လို့ဆိုနိုင်သလို ရွှေလူငယ်လေးလို့ နာမည်ပြောင်ရထားပါတယ်။ သူ့ရဲ့အထူးခြားဆုံးအချက်ကတော့ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးနိုင်စွမ်းဖြစ်ပြီး ပြိုင်ဘက်တွေက ဘယ်လိုပဲကန်ကျောက်သည်ဖြစ်စေ၊ မြေကြီးမှာ လဲမကျသွားဘဲ လှလှပပနဲ့ ဆက်ကစားပြနေသူမျိုးပါ။

ရော်နယ်ဒင်ညို
ဘာစီလိုနာနဲ့ ဘရာဇီးလ်မှော်ဆရာကြီးအကြောင်း ပြောမယ်ဆိုရင် သူ့ရဲ့ဘောလုံးအနုပညာနဲ့ ဖျော်ဖြေနိုင်စွမ်းက သူမတူအောင်ထူးခြားပြီး အပြုံးတပွင့်နဲ့ သက်သောင့်သက်သာနဲ့ ဘောလုံးဖန်တီးမှုစွမ်းရည်တွေကို ဘာမှမဟုတ်သလိုမျိုး ပြသနေခြင်းက မုန်းတီးသူမရှိတဲ့ အကြီးမြတ်ဆုံးဘောလုံးဂန္ထဝင်ကြီးအဖြစ် အဆိုပြုခံထားရပါတယ်။ ဘောလုံးကစားနေရရင် သူဘယ်လောက်ပျော်ရွင်နေသလဲဆိုတာ အမြဲတစေပြသနေခဲ့ပြီး ထိုးထွင်းဥာဏ်လည်း သိပ်ကောင်းသလို ဖီဖာကမ္ဘာ့အကောင်းဆုံးဆု ၂ ဆုနဲ့ ဘလွန်ဒေါ ၁ ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးဟာ လွပတဲ့ကစားပြဲျဖစ္ပါတယ္။ ဒါ့အျပင္ အႏုပညာဆန္လြန္းတဲ့ ကစားသမားေတြကသာ ေဘာလုံးပြဲရဲ႕ရသကို အျမင့္ဆုံးအထိ ဆြဲတင္သြားႏိုင္ၾကသူေတြပါ။ ဘရာဇီးလ္ဂႏၴဝင္ႀကီး ေရာ္နယ္လ္ဒို နာဇာရီယို၊ ပရီးမီးယားလိဂ္မွာ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ သီယာရီ အြန္နရီအစရွိတဲ့ ေဘာလုံးဆရာႀကီးေတြဟာ ကေလးဘဝကတည္းက သူတို႔လို လိုက္ကစားခ်င္လာေအာင္ ႏႈိးဆြေပးႏိုင္လြန္းသလို လႊမ္းမိုးမႈႀကီးမားခဲ့ပါတယ္။ ကြင္းထဲမွာ ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံး ထာဝရအႀကီးျမတ္ဆုံးကစားသမား ၅ ဦးအေၾကာင္း အခုတင္ဆက္ေပးပါရေစ။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို
အသက္ ၃၆ ႏွစ္အ႐ြယ္အထိ လူငယ္တဦးလို ႏုပ်ိဳဖ်တ္လတ္ေအာင္ ကစားျပေနတဲ့ ဘလြန္ေဒါ ၅ ဆုရွင္ဟာ အျမင့္ဆုံး​ေျခစြမ္းကို ေရာက္ရွိခဲ့စဥ္က ခံစစ္မႉးေတြ ဖင္ထိုင္လဲက်တဲ့အထိ အလိမ္အေခါက္၊ အလွအပေတြနဲ႔ ေဖ်ာ္ေျဖမႈအသားေပးၿပီး ကစားခဲ့သလို အခုခ်ိန္မွာလည္း ဂိုးသြင္းတဲ့အႏုပညာကို ဆက္လက္ေဖာ္​ေဆာင္ေနဆဲပါ။ ဂိုးသြင္းမုဆိုးအျဖစ္ နည္းစနစ္ပိုင္းအရ ေျပာင္းလဲသြားခဲ့သလို သူ႔ကို ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံး ကစားသမားစာရင္းထဲ မျဖစ္မေနထည့္သြင္းရမွာ ျဖစ္​ပါတယ္။

လီယြန္နယ္ မက္ဆီ
ထာဝရအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရတဲ့ အာဂ်င္တီးနား GOAT ႀကီးကိုလည္း ဒီစာရင္းမွာ ခ်န္လွပ္ထားခဲ့လို႔ မရႏိုင္သလို ေဘာလုံးနဲ႔ အရင္းႏွီးဆုံးမိတ္ေဆြဖြဲ႕ထားတဲ့ စြယ္စုံရေျခစြမ္းနဲ႔ အံ့မခန္းမဟာလူသားလို႔ေတာင္ ဆိုႏိုင္ဖြယ္ရာ ရွိေနပါတယ္။

၂၀၀၇ ခုႏွစ္က ကြင္းလယ္ကေန တကိုယ္ေတာ္ဆြဲေျပးလာၿပီး ဂီတာေဖးကို တကိုယ္ေတာ္သြင္းယူခဲ့တဲ့ မက္ဆီရဲ႕ဂိုးက မာရာဒိုနာရဲ႕ ရာစုႏွစ္အလိုက္အေကာင္းဆုံးဂိုးနဲ႔အတူ ထပ္တူသူေကာင္းျပဳခံခဲ့ရၿပီး သူ႔ရဲ႕ေဘာလုံးအျမင္စူးရွမႈ၊ လိမ္ေခါက္ေက်ာ္ျဖတ္မႈစြမ္းရည္နဲ႔ ေဘာလုံး​ေပးပို႔ႏိုင္စြမ္းေတြက ဘယ္ကစားသမားထက္မဆို စြယ္စုံရအေနအထားနဲ႔ သာလြန္ေနတာျဖစ္ပါတယ္။

ဂါရင္ခ်ာ
ေဘာလုံးသမိုင္းရဲ႕ အႀကီးျမတ္ဆုံး ေဘာလုံးလိမ္ေခါက္ေက်ာ္ျဖတ္သူႀကီးတဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ဘရာဇီးလ္ဂႏၴဝင္ႀကီးပါ။ ကမာၻ႔ဖလားခ်န္ပီယံ ၂ ႀကိမ္ျဖစ္ခဲ့သလို ၁၉၆၂ ၿပိဳင္ပြဲမွာ ေ႐ႊေဘာလုံးဆုနဲ႔ ေ႐ႊဖိနပ္ဆုကို တၿပိဳင္တည္းရယူခဲ့တာပါ။ သူ႔အသင္းက ဂိုးအခြင့္အေရးေတြ မရႏိုင္ဘူးဆိုတာ ဘယ္တုန္းကမွ မရွိခဲ့တဲ့ကိစၥလို႔ ဆိုရေလာက္ေအာင္ ဖန္တီးႏိုင္စြမ္းျမင့္မားသလို တည္ကန္ေဘာကြၽမ္းက်င္သူႀကီးလို႔လည္း အားလုံးေထာက္ခံထားၾကတာပါ။

ဒီေယဂို မာရာဒိုနာ
မာရာဒိုနာကေတာ့ ေဘာလုံးရဲ႕ ဘုရားသခင္ႀကီးလို႔ေတာင္ တင္စားခံထားရသူျဖစ္သလို သူဘာလဲဆိုတာ ထပ္ၫႊန္းစရာမလိုေတာ့ေလာက္ေအာင္ ၿပီးျပည့္စုံၿပီးသား၊ ပရိသတ္ေတြ ေလးစားရၿပီးသား ဘုရားေပးတဲ့ဂိုးသြင္းလက္ပိုင္ရွင္လို႔ဆိုႏိုင္သလို ေ႐ႊလူငယ္ေလးလို႔ နာမည္ေျပာင္ရထားပါတယ္။ သူ႔ရဲ႕အထူးျခားဆုံးအခ်က္ကေတာ့ စိတ္ပိုင္းဆိုင္ရာလႊမ္းမိုးႏိုင္စြမ္းျဖစ္ၿပီး ၿပိဳင္ဘက္ေတြက ဘယ္လိုပဲကန္ေက်ာက္သည္ျဖစ္ေစ၊ ေျမႀကီးမွာ လဲမက်သြားဘဲ လွလွပပနဲ႔ ဆက္ကစားျပေနသူမ်ိဳးပါ။

ေရာ္နယ္ဒင္ညိဳ
ဘာစီလိုနာနဲ႔ ဘရာဇီးလ္ေမွာ္ဆရာႀကီးအေၾကာင္း ေျပာမယ္ဆိုရင္ သူ႔ရဲ႕ေဘာလုံးအႏုပညာနဲ႔ ေဖ်ာ္ေျဖႏိုင္စြမ္းက သူမတူေအာင္ထူးျခားၿပီး အၿပဳံးတပြင့္နဲ႔ သက္ေသာင့္သက္သာနဲ႔ ေဘာလုံးဖန္တီးမႈစြမ္းရည္ေတြကို ဘာမွမဟုတ္သလိုမ်ိဳး ျပသေနျခင္းက မုန္းတီးသူမရွိတဲ့ အႀကီးျမတ္ဆုံးေဘာလုံးဂႏၴဝင္ႀကီးအျဖစ္ အဆိုျပဳခံထားရပါတယ္။ ေဘာလုံးကစားေနရရင္ သူဘယ္ေလာက္ေပ်ာ္႐ြင္ေနသလဲဆိုတာ အၿမဲတေစျပသေနခဲ့ၿပီး ထိုးထြင္းဥာဏ္လည္း သိပ္ေကာင္းသလို ဖီဖာကမာၻ႔အေကာင္းဆုံးဆု ၂ ဆုနဲ႔ ဘလြန္ေဒါ ၁ ဆုကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.