Other Premier League

ဒီနွေမှာ အီလေးဆွဲပြီး ဆန်းကြယ်လွန်းနေတဲ့ တထောင့်တညပုံပြင် အပြောင်းအရွှေ့ဇာတ်လမ်း ၈ ခု

ဟာရီကိန်း
စပါးစ်တိုက်စစ်မှူး ဟာရီကိန်းရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းက တထောင့်တညပုံပြင်လိုပါပဲ။ အတော်လေးကြာနေပြီဖြစ်သလို သူ့ရဲ့ဆန္ဒကလည်း မန်စီးတီးကိုပြောင်းပြီး ချန်ပီယံလိဂ်ဖလားရယူချင်နေတာပါ။ စပါးစ်ဥက္ကဌလီဗိုင်းနဲ့ မန်စီးတီးအားကစားဒါရိုက်တာ ဘီဂီရီစတိန်းတို့အကြား ပေါင်သန်း ၁၀၀ ကမ်းလှမ်းမှုက ပယ်ချခံရပြီးနောက် အခုထိ အရောင်းအဝယ်မတည့်သေးတာလည်း ဖြစ်ပါတယ်။

အာလင်း ဟာလန်း
နောက်ထပ်အပြောင်းအရွှေ့ဇာတ်လမ်းရှည်တပုဒ်အနေနဲ့ ဒီနွေစျေးကွက်တခုလုံးရဲ့ ထိပ်ဆုံးမှာပြေးနေတဲ့ အာလင်း ဟာလန်းက ဒေါ့မန်အသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ပြောသွားခဲ့တာကြောင့်ဒီတရာသီမှာတော့ ဂျာမန်မှာပဲ ဆက်ရှိနေမလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အသက် ၂၀ နှစ်သားအတွက် ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ကတော့ ဘဏ်ထဲက ပေါင်သန်း ၁၅၀ လက်ငင်းထုတ်သုံးပြီး ချက်ချင်းခေါ်သွားမလား၊ နောက်နှစ်နွေမှ စာချုပ်လျော်ကြေး ပေါင်သန်း ၇၀ ပေးပြီး ခေါ်မလားဆိုတာ ချိန်ဆနေခြင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သူ့အသင်းကို ဘယ်လိုဖြည့်ဆည်းသွားမလဲ စိတ်ဝင်စားရဦးမှာပါ။

ဟူဆင်းမ် အောဝါ
အာဆင်နယ်အသင်းနဲ့ သတင်းပြေးနေတဲ့ လိုင်ယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို PSG၊ လီဗာပူးလ်၊ စပါးစ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ကပါ လိုက်နေတာဖြစ်ပြီး ပေါင် ၂၂ သန်းနဲ့ စျေးချိုချိုရဖို့ ရှိနေချိန်မှာ သူက ၂၀၂၃ အထိရှိနေမယ့် စာချုပ်အတိုင်း ငယ်ဘဝအသင်းကနေ လွယ်လွယ်ထွက်ခွာမှာမဟုတ်ဘူးလို့ သိရသလို ဂန်းနားတို့ရဲ့ကွင်းလယ်မှာ သောမတ်စ် ပါတေးနဲ့အတူ သူ့ကိုတွဲဖက်ပေးလိုနေတာပါ။

ဂျက် ဂရီးလစ်ရှ်
ဇွန်လမှာ မန်စီးတီးကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သတင်းထွက်ခဲ့တဲ့ အသက် ၂၅ သားကို လက်ရှိမှာ စီတီဇန်တို့က ပေါင်သန်း ၁၀၀ နဲ့ စားပွဲတင်ကမ်းလှမ်းလိုက်ပြန်ပြီလို့ ထပ်မံသတင်းမွှေးလာခဲ့ပြန်ပါတယ်။ ဒီဇာတ်လမ်းကလည်း ပရီးမီးယားလိဂ်ရဲ့ ခေါင်းအစားရဆုံး အပြောင်းအရွှေ့လည်းဖြစ်သလို ဗီလာပရိသတ်တွေအတွက် အသင်းရဲ့ “နတ်ဘုရား” အဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်သားကို လက်လွှတ်ဖို့ကိုတော့ ဗီလာပါ့ခ်မှာ သြဂုတ် ၃၁ မတိုင်မီ ဆုံးဖြတ်ချက်တခု ချမှတ်သွားဖို့တော့ ရှိနေပါတယ်။

အီဒူယာဒို ကာမာဗင်ဂါ
မန်ယူနိုက်တက်တို့က ပေါ့ဘာနေရာကို ရေရှည်အစားထိုးဖို့အပြင် အသင်းမှာ အဆိုပါကွင်းလယ်လူကို ဆက်ထိန်းထားနိုင်ရင်တောင်မှ အနာဂတ်သစ်ကွင်းလယ်ကြယ်ပွင့်ကို ​ကြိုတင်ဝယ်ယူထားချင်တာဖြစ်ပြီး ရင်းနေးအသင်းကတော့ နောက်ရာသီမှာ စာချုပ်ကုန်ဆုံးမယ့် အသက် ၁၈ နှစ်သား ပြင်သစ်ပါရမီရှင်လေးကို ပေါင် ၂၅ သန်းနဲ့ ဒီနွေမှာတင် ရောင်းထုတ်လိုနေသလို PSG၊ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီးတို့ကလည်း ကြားဝင်ဖြတ်ခုတ်သွားဖို့ ကြိုးပမ်းနေ​ပါတယ်။

အွန်ထွာ ဂရီးဇ်မန်း
ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေအရ အသင်းကို ဝိတ်လျှော့မယ့်စာရင်းမှာ တိုက်စစ်မှူး ဂရိဇ်မန်းကလည်း သားကောင်ဖြစ်ခဲ့ပြီး သူ့ကို အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြန်ပို့သွားဖို့ ကြိုးစားနေပါတယ်။ စပိန်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်နဲ့ပါ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းထားသလို ဒီအပြောင်းအရွှေ့မှာ ရှုပ်ထွေးမှုတွေက များပြားလွန်းနေတာကြောင့် ကြာနေဦးမယ်လို့ သိရပါတယ်။

ပေါလ် ပေါ့ဘာ
နောက်နှစ်နွေမှာ စာချုပ်ကုန်ဆုံးမယ့် မန်ယူနိက်တက်ကွင်းလယ်လူ ပေါ့ဘာကို PSG အသင်းက အငမ်းမရလိုချင်နေချိန်မှာ PSG ပရိသတ်တွေကတော့ သူ့ကို အလိုမရှိကြောင်း ကွင်းပြင်ပမှာ ဆန္ဒပြခဲ့ဖူးပါတယ်။ ယူနိုက်တက်တို့အနေနဲ့ ဗြိတိန်ပြောင်းရွှေ့ကြေးရှင်ကို အလွတ်နဲ့ ဆုံးရှူံးရမယ့်အစား ပေါင်သန်း ၅၀ ရတုန်း ရောင်းထုတ်သွားမလား၊ စာချုပ်သစ်အတွက် စည်းရုံးပြီး ကမ်းလှမ်းနိုင်မလားဆိုတဲ့ ချိန်ခွင်လျှာကို ဆက်လက်ချိန်ညှိနေဆဲပါ။

တမ်မီ အေဘရာဟမ်
ပြီးခဲ့တဲ့ရာသီက တူဟယ်လ်လက်အောက်မှာ ၃ ပွဲသာ ကစားခဲ့ရတဲ့ အင်္ဂလန်သားက ချယ်လ်ဆီးကို စွန့်ခွာလိုနေပြီး အာဆင်နယ်အသင်းက သူ့ကို လေ့လာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စပါးစ်၊ ဝက်စ်ဟမ်းတို့လို လန်ဒန်မြို့ခံပြိုင်ဘက်တွေကလည်း တိုက်စစ်ဖြည့်တင်းဖို့ ​အေဘရာဟမ်ကို အပြိုင်ကြိုးပမ်းနေပမယ့် ချယ်လ်ဆီးအကယ်ဒမီထုတ်ကုန်အတွက် ပေါင်သန်း ၄၀ ပေးလိုစိတ်တော့မရှိဘဲ အာဆင်နယ်ရဲ့ အငှားခေါ်ယူမှုက ပိုပြီးဖြစ်နိုင်ခြေများနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာရီကိန္း
စပါးစ္တိုက္စစ္မႉး ဟာရီကိန္းရဲ႕ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းက တေထာင့္တညပုံျပင္လိုပါပဲ။ အေတာ္ေလးၾကာေနၿပီျဖစ္သလို သူ႔ရဲ႕ဆႏၵကလည္း မန္စီးတီးကိုေျပာင္းၿပီး ခ်န္ပီယံလိဂ္ဖလားရယူခ်င္ေနတာပါ။ စပါးစ္ဥကၠဌလီဗိုင္းနဲ႔ မန္စီးတီးအားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းတို႔အၾကား ေပါင္သန္း ၁၀၀ ကမ္းလွမ္းမႈက ပယ္ခ်ခံရၿပီးေနာက္ အခုထိ အေရာင္းအဝယ္မတည့္ေသးတာလည္း ျဖစ္ပါတယ္။

အာလင္း ဟာလန္း
ေနာက္ထပ္အေျပာင္းအေ႐ႊ႕ဇာတ္လမ္းရွည္တပုဒ္အေနနဲ႔ ဒီေႏြေစ်းကြက္တခုလုံးရဲ႕ ထိပ္ဆုံးမွာေျပးေနတဲ့ အာလင္း ဟာလန္းက ေဒါ့မန္အသင္းမွာပဲ ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာသြားခဲ့တာေၾကာင့္ဒီတရာသီမွာေတာ့ ဂ်ာမန္မွာပဲ ဆက္ရွိေနမလားဆိုတာ ဆက္လက္ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အသက္ ၂၀ ႏွစ္သားအတြက္ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ကေတာ့ ဘဏ္ထဲက ေပါင္သန္း ၁၅၀ လက္ငင္းထုတ္သုံးၿပီး ခ်က္ခ်င္းေခၚသြားမလား၊ ေနာက္ႏွစ္ေႏြမွ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၇၀ ေပးၿပီး ေခၚမလားဆိုတာ ခ်ိန္ဆေနျခင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ သူ႔အသင္းကို ဘယ္လိုျဖည့္ဆည္းသြားမလဲ စိတ္ဝင္စားရဦးမွာပါ။

ဟူဆင္းမ္ ေအာဝါ
အာဆင္နယ္အသင္းနဲ႔ သတင္းေျပးေနတဲ့ လိုင္ယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို PSG၊ လီဗာပူးလ္၊ စပါးစ္နဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းတို႔ကပါ လိုက္ေနတာျဖစ္ၿပီး ေပါင္ ၂၂ သန္းနဲ႔ ေစ်းခ်ိဳခ်ိဳရဖို႔ ရွိေနခ်ိန္မွာ သူက ၂၀၂၃ အထိရွိေနမယ့္ စာခ်ဳပ္အတိုင္း ငယ္ဘဝအသင္းကေန လြယ္လြယ္ထြက္ခြာမွာမဟုတ္ဘူးလို႔ သိရသလို ဂန္းနားတို႔ရဲ႕ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးနဲ႔အတူ သူ႔ကိုတြဲဖက္ေပးလိုေနတာပါ။

ဂ်က္ ဂရီးလစ္ရွ္
ဇြန္လမွာ မန္စီးတီးကို ေရာက္ရွိဖို႔ နီးစပ္ေနၿပီလို႔ သတင္းထြက္ခဲ့တဲ့ အသက္ ၂၅ သားကို လက္ရွိမွာ စီတီဇန္တို႔က ေပါင္သန္း ၁၀၀ နဲ႔ စားပြဲတင္ကမ္းလွမ္းလိုက္ျပန္ၿပီလို႔ ထပ္မံသတင္းေမႊးလာခဲ့ျပန္ပါတယ္။ ဒီဇာတ္လမ္းကလည္း ပရီးမီးယားလိဂ္ရဲ႕ ေခါင္းအစားရဆုံး အေျပာင္းအေ႐ႊ႕လည္းျဖစ္သလို ဗီလာပရိသတ္ေတြအတြက္ အသင္းရဲ႕ “နတ္ဘုရား” အျဖစ္ သတ္မွတ္ခံထားရတဲ့ အဂၤလန္သားကို လက္လႊတ္ဖို႔ကိုေတာ့ ဗီလာပါ့ခ္မွာ ၾသဂုတ္ ၃၁ မတိုင္မီ ဆုံးျဖတ္ခ်က္တခု ခ်မွတ္သြားဖို႔ေတာ့ ရွိေနပါတယ္။

အီဒူယာဒို ကာမာဗင္ဂါ
မန္ယူႏိုက္တက္တို႔က ေပါ့ဘာေနရာကို ေရရွည္အစားထိုးဖို႔အျပင္ အသင္းမွာ အဆိုပါကြင္းလယ္လူကို ဆက္ထိန္းထားႏိုင္ရင္ေတာင္မွ အနာဂတ္သစ္ကြင္းလယ္ၾကယ္ပြင့္ကို ​ႀကိဳတင္ဝယ္ယူထားခ်င္တာျဖစ္ၿပီး ရင္းေနးအသင္းကေတာ့ ေနာက္ရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အသက္ ၁၈ ႏွစ္သား ျပင္သစ္ပါရမီရွင္ေလးကို ေပါင္ ၂၅ သန္းနဲ႔ ဒီေႏြမွာတင္ ေရာင္းထုတ္လိုေနသလို PSG၊ ရီးရဲလ္မက္ဒရစ္၊ ခ်ယ္လ္ဆီးတို႔ကလည္း ၾကားဝင္ျဖတ္ခုတ္သြားဖို႔ ႀကိဳးပမ္းေန​ပါတယ္။

အြန္ထြာ ဂရီးဇ္မန္း
ဘာစီလိုနာရဲ႕ ဘ႑ာေရးအေျခအေနအရ အသင္းကို ဝိတ္ေလွ်ာ့မယ့္စာရင္းမွာ တိုက္စစ္မႉး ဂရိဇ္မန္းကလည္း သားေကာင္ျဖစ္ခဲ့ၿပီး သူ႔ကို အက္သလက္တီကို မက္ဒရစ္အသင္းဆီ ျပန္ပို႔သြားဖို႔ ႀကိဳးစားေနပါတယ္။ စပိန္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္နဲ႔ပါ အလဲအထပ္လုပ္ဖို႔ ကမ္းလွမ္းထားသလို ဒီအေျပာင္းအေ႐ႊ႕မွာ ရႈပ္ေထြးမႈေတြက မ်ားျပားလြန္းေနတာေၾကာင့္ ၾကာေနဦးမယ္လို႔ သိရပါတယ္။

ေပါလ္ ေပါ့ဘာ
ေနာက္ႏွစ္ေႏြမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ မန္ယူနိက္တက္ကြင္းလယ္လူ ေပါ့ဘာကို PSG အသင္းက အငမ္းမရလိုခ်င္ေနခ်ိန္မွာ PSG ပရိသတ္ေတြကေတာ့ သူ႔ကို အလိုမရွိေၾကာင္း ကြင္းျပင္ပမွာ ဆႏၵျပခဲ့ဖူးပါတယ္။ ယူႏိုက္တက္တို႔အေနနဲ႔ ၿဗိတိန္ေျပာင္းေ႐ႊ႕ေၾကးရွင္ကို အလြတ္နဲ႔ ဆုံးရႉံးရမယ့္အစား ေပါင္သန္း ၅၀ ရတုန္း ေရာင္းထုတ္သြားမလား၊ စာခ်ဳပ္သစ္အတြက္ စည္း႐ုံးၿပီး ကမ္းလွမ္းႏိုင္မလားဆိုတဲ့ ခ်ိန္ခြင္လွ်ာကို ဆက္လက္ခ်ိန္ညႇိေနဆဲပါ။

တမ္မီ ေအဘရာဟမ္
ၿပီးခဲ့တဲ့ရာသီက တူဟယ္လ္လက္ေအာက္မွာ ၃ ပြဲသာ ကစားခဲ့ရတဲ့ အဂၤလန္သားက ခ်ယ္လ္ဆီးကို စြန္႔ခြာလိုေနၿပီး အာဆင္နယ္အသင္းက သူ႔ကို ေလ့လာေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ စပါးစ္၊ ဝက္စ္ဟမ္းတို႔လို လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ေတြကလည္း တိုက္စစ္ျဖည့္တင္းဖို႔ ​ေအဘရာဟမ္ကို အၿပိဳင္ႀကိဳးပမ္းေနပမယ့္ ခ်ယ္လ္ဆီးအကယ္ဒမီထုတ္ကုန္အတြက္ ေပါင္သန္း ၄၀ ေပးလိုစိတ္ေတာ့မရွိဘဲ အာဆင္နယ္ရဲ႕ အငွားေခၚယူမႈက ပိုၿပီးျဖစ္ႏိုင္ေျခမ်ားေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.