Article Other

False 9 နေရာအတွက် ဉာဏ်ကြီးရှင်ဘောလုံးသမား ၅ ဦး

ကမ္ဘာ့ဘောလုံးလောက အမြဲစီးဆင်းနေသလို အဟောင်းတွေကို အသစ်တဖန် တီထွင်ဆန်းသစ်မှုတွေအရ ကစားကွက်တည်ဆောက်မှုနဲ့ ကစားသမားတဦးချင်းစီရဲ့ ဘောလုံးဦးနှောက်​မြင့်မားမှုအတိုင်း စဥ်ဆက်မပြတ်တိုးတက်လာခဲ့သလို အခုတင်ဆက်ပေးသွားမှာကတော့ False 9 နေရာအတွက် ဉာဏ်ကြီးရှင်ဘောလုံးသမား ၅ ဦးအကြောင်းပဲ ဖြစ်ပါတယ်။

သူတို့အကြောင်းမပြောခင်မှာ False 9 ဟာ ရှေ့တန်း ၃ ယောက်တန်းမှာ ပါဝင်ရပေမယ့် တိုက်စစ်မှူးစစ်စစ်အဖြစ် ကစားခွင့်မရဘဲ ကွင်းလယ်ကို ပြန်ဆင်းပြီး နေရာလွတ်တွေကို အဓိရှာဖွေရင်း တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်ဖို့ ပြန်လည်ချိတ်ဆက်ပေးရတာက အဓိကလုပ်ငန်းစဥ်တရပ်ဖြစ်သလို ပေးဆပ်မှုကို ပိုအရင်းခံရပြီး တိုက်စစ်ပဲ့ကိုင်ရှင်အဖြစ် ဆောင်ရွက်ရတာဖြစ်ပြီး ဂိုးဖန်တီးရုံတင်မက ကိုယ်တိုင်ဂိုးသွင်းနိုင်သူတွေလည်းဖြစ်ကာ ဒီထဲမှာ နာမည်အကြီးဆုံးနဲ့ အပြောင်မြောက်ဆုံးကတော့ လီယွန်နယ် မက်ဆီလို့ ဘယ်ချိန်မေးမေး ပြောထားလို့ရနေတာပါ။

ကီဗင် ဒီဘရိုင်းနား
​ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် မန်စီးတီးအသင်းရဲ့ False 9 နေရာမှာ အပိုင်နိုင်ဆုံးကစားပြနေတဲ့ ဘယ်လ်ဂျီယမ်သားက နည်းပြ ဂွါဒီယိုလာရဲ့ စိတ်တိုင်းအကျဆုံး​ခြေစွမ်းမျိုးကို ပြသနေပြီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ ဆာဂျီယို အဂွေရိုတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသက် ၂၈ နှစ်သားကို အခုလိုမျိုး အားကိုးခဲ့ရာမှာ စပိန်နည်းပြကြီးအတွက် အထိုင်ကျသွားခဲ့တာပါ။

၂၀၁၉-၂၀ ချန်ပီယံလိဂ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ကစားတဲ့ပွဲမှာ မန်စီးတီးဟာ တိုက်စစ်မှူးစစ်စစ်ကို မသုံးစွဲဘဲ ဂျေဆူးစ်နဲ့ စတာလင်တို့ကို တောင်ပံတွေကို ပို့ပြီး ဒီဘရိုင်းနားကို False 9 အဖြစ် ကစားစေခဲ့ပြီး တိုက်စစ်ပုံဖော်မှုကို ဦးဆောင်စေခဲ့တဲ့ ဥပမာက ထင်ရှားခဲ့ပြီး စီတီဇင်တို့ ဘာနေဗျူးမှာ ၂-၁ နဲ့ အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်ခရီးလမ်းမှာလည်း သူ့ရဲ့ Role က အဓိက တာသွားခဲ့တာပါ။

ကားလို့စ် တီဗက်ဇ်
၂၁ ရာစုရဲ့ လူသိအနည်းဆုံးဖြစ်ခဲ့ပေမယ့် False 9 နေရာမှာ မန်ချက်စတာယူနိုက်တက်ကို အဓိကအကျိုးပြုခဲ့တဲ့ အာဂျင်တိုင်းဟာ ဝိန်းရွန်နီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ဂိုးမြူးဖို့သာ အာရုံစိုက်ကစားခဲ့ပြီး ဘောလုံးဆုံးရှူံးချိန်မှာလည်း ခံစစ်လုပ်အားနှုန်းအရ အမြင့်ဆုံးပေးဆပ်သွားခဲ့သလို ဆာဖာဂီအတွက် ၉၉ ပွဲကစား၊ ၃၄ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးပေးခဲ့ရာမှာ EPL ဖလား ၂ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံးကို ဆွတ်ခူးခဲ့ပါသေးတယ်။

ရော်ဘတ်တို ဖာမီနို
လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အားအကိုးရဆုံး ကစားသမားအဖြစ် အမြဲအမွှမ်းတင်ခံထားရသလို တိုက်စစ်မှူးစစ်စစ်အဖြစ် ကစားခွင့်မရဘဲ False 9 နေရာကနေ တိုက်စစ်ပဲ့ကိုင်ရှင်အဖြစ် တာဝန်ထားချိန်မှာတောင် ၈၇ ဂိုးသွင်းထားခဲ့ပြီး လီဗာပူးလ်ရဲ့ EPL ချန်ပီယံအိပ်မက်ကို အကောင်အထည်ပေါ်စေခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်နိုင်စေခဲ့ပါတယ်။

ဂျိုဟန် ခရိုက်ဖ်
၁၉၇၀ ခုနှစ်ပိုင်းတွေမှာ အိုင်းယက်စ်နည်းပြ ရီနပ်စ် မီဟိုလ်စ်လက်အောက်မှာ ထူးထူးခြားခြားနဲ့ ရှုပ်ထွေးလှတဲ့ ၁-၃-၃-၃ ကစားကွက်ကို စီးမျောစေဖို့ ခရိုက်ဖ်ဟာ False 9 နေရာကနေ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အမ်စတာဒမ်အသင်းကြီးမှာ ပွဲ ၂၉၀ ကစား၊ ၁၇၁ ဂိုးသွင်းပြီး ဂိုး ၈၀ ဖန်တီးပေးခဲ့သလို ဥရောပဖလား ၁ လုံး၊ ဒတ်ချ်အမှတ်ပေးဖလား ၄ လုံးအထိ အောင်မြင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ
False 9 နေရာအတွက် အပြီးပြည့်စုံဆုံး ကစားသမားကို ညွှန်းဆိုမယ်ဆိုရင်တော့ မက်ဆီကလွဲလို့ အခြားတပါး မရှိတော့တာပါ။ ဘာစီလိုနာနဲ့ ဂွါဒီယိုလာ တောက်ပခဲ့တဲ့ တစ်ခေတ်မှာ မက်ဆီက ၂၁၉ ပွဲမှာ ၂၂၁ ဂိုးသွင်းယူခဲ့ပြီး ၉၁ ဂိုးဖန်တီးပေးခဲ့တာက မယုံနိုင်ဖွယ်ရာကောင်းလွန်းခဲ့တဲ့ အထူးခြားဆုံး မှတ်တမ်းလည်းဖြစ်ပါတယ်။

ဂျိုဟန် ခရိုက်ဖ်နောက်ပိုင်း False 9 ကို ပြန်လည်ဆန်းသစ်တီထွင်ကစားပြီး ဂိုးသွင်းစက်ဖြစ်လာခဲ့တဲ့ ပထမဦးဆုံး ဘောလုံးသမားလို့ အတပ်ဆိုနိုင်ဖွယ်ရာရှိသလို နည်းပြ လူးဝစ် အန်ရီကေ ဘာစီလိုနာကို ကိုင်တွယ်ခဲ့ချိန်မှာလည်း MSN တိုက်စစ်အတွဲနဲ့ ၁၅၈ ပွဲကစား၊ ၁၅၃ ဂိုးသွင်းပြီး ၇၆ ဂိုးဖန်တီးမှုနဲ့တကွ ၂၀၁၅ မှာ ဖလားသုံးလုံးချန်ပီယံဖြစ်လာခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: ကမာၻ႔ေဘာလုံးေလာက အၿမဲစီးဆင္းေနသလို အေဟာင္းေတြကို အသစ္တဖန္ တီထြင္ဆန္းသစ္မႈေတြအရ ကစားကြက္တည္ေဆာက္မႈနဲ႔ ကစားသမားတဦးခ်င္းစီရဲ႕ ေဘာလုံးဦးေႏွာက္​ျမင့္မားမႈအတိုင္း စဥ္ဆက္မျပတ္တိုးတက္လာခဲ့သလို အခုတင္ဆက္ေပးသြားမွာကေတာ့ False 9 ေနရာအတြက္ ဉာဏ္ႀကီးရွင္ေဘာလုံးသမား ၅ ဦးအေၾကာင္းပဲ ျဖစ္ပါတယ္။

သူတို႔အေၾကာင္းမေျပာခင္မွာ False 9 ဟာ ေရွ႕တန္း ၃ ေယာက္တန္းမွာ ပါဝင္ရေပမယ့္ တိုက္စစ္မႉးစစ္စစ္အျဖစ္ ကစားခြင့္မရဘဲ ကြင္းလယ္ကို ျပန္ဆင္းၿပီး ေနရာလြတ္ေတြကို အဓိရွာေဖြရင္း တိုက္စစ္မႉးေတြ ဂိုးသြင္းႏိုင္ဖို႔ ျပန္လည္ခ်ိတ္ဆက္ေပးရတာက အဓိကလုပ္ငန္းစဥ္တရပ္ျဖစ္သလို ေပးဆပ္မႈကို ပိုအရင္းခံရၿပီး တိုက္စစ္ပဲ့ကိုင္ရွင္အျဖစ္ ေဆာင္႐ြက္ရတာျဖစ္ၿပီး ဂိုးဖန္တီး႐ုံတင္မက ကိုယ္တိုင္ဂိုးသြင္းႏိုင္သူေတြလည္းျဖစ္ကာ ဒီထဲမွာ နာမည္အႀကီးဆုံးနဲ႔ အေျပာင္ေျမာက္ဆုံးကေတာ့ လီယြန္နယ္ မက္ဆီလို႔ ဘယ္ခ်ိန္ေမးေမး ေျပာထားလို႔ရေနတာပါ။

ကီဗင္ ဒီဘ႐ိုင္းနား
​ၿပီးခဲ့တဲ့ ၂ ရာသီဆက္တိုက္ မန္စီးတီးအသင္းရဲ႕ False 9 ေနရာမွာ အပိုင္ႏိုင္ဆုံးကစားျပေနတဲ့ ဘယ္လ္ဂ်ီယမ္သားက နည္းျပ ဂြါဒီယိုလာရဲ႕ စိတ္တိုင္းအက်ဆုံး​ေျခစြမ္းမ်ိဳးကို ျပသေနၿပီး တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ ဆာဂ်ီယို အေဂြ႐ိုတို႔ရဲ႕ ဒဏ္ရာျပႆနာေတြေၾကာင့္ အသက္ ၂၈ ႏွစ္သားကို အခုလိုမ်ိဳး အားကိုးခဲ့ရာမွာ စပိန္နည္းျပႀကီးအတြက္ အထိုင္က်သြားခဲ့တာပါ။

၂၀၁၉-၂၀ ခ်န္ပီယံလိဂ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားတဲ့ပြဲမွာ မန္စီးတီးဟာ တိုက္စစ္မႉးစစ္စစ္ကို မသုံးစြဲဘဲ ေဂ်ဆူးစ္နဲ႔ စတာလင္တို႔ကို ေတာင္ပံေတြကို ပို႔ၿပီး ဒီဘ႐ိုင္းနားကို False 9 အျဖစ္ ကစားေစခဲ့ၿပီး တိုက္စစ္ပုံေဖာ္မႈကို ဦးေဆာင္ေစခဲ့တဲ့ ဥပမာက ထင္ရွားခဲ့ၿပီး စီတီဇင္တို႔ ဘာေနဗ်ဴးမွာ ၂-၁ နဲ႔ အႏိုင္ရခဲ့သလို ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖိုင္နယ္ခရီးလမ္းမွာလည္း သူ႔ရဲ႕ Role က အဓိက တာသြားခဲ့တာပါ။

ကားလို႔စ္ တီဗက္ဇ္
၂၁ ရာစုရဲ႕ လူသိအနည္းဆုံးျဖစ္ခဲ့ေပမယ့္ False 9 ေနရာမွာ မန္ခ်က္စတာယူႏိုက္တက္ကို အဓိကအက်ိဳးျပဳခဲ့တဲ့ အာဂ်င္တိုင္းဟာ ဝိန္း႐ြန္နီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ ဂိုးျမဴးဖို႔သာ အာ႐ုံစိုက္ကစားခဲ့ၿပီး ေဘာလုံးဆုံးရႉံးခ်ိန္မွာလည္း ခံစစ္လုပ္အားႏႈန္းအရ အျမင့္ဆုံးေပးဆပ္သြားခဲ့သလို ဆာဖာဂီအတြက္ ၉၉ ပြဲကစား၊ ၃၄ ဂိုးသြင္းၿပီး ၁၄ ဂိုးဖန္တီးေပးခဲ့ရာမွာ EPL ဖလား ၂ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၁ လုံးကို ဆြတ္ခူးခဲ့ပါေသးတယ္။

ေရာ္ဘတ္တို ဖာမီႏို
လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အားအကိုးရဆုံး ကစားသမားအျဖစ္ အၿမဲအမႊမ္းတင္ခံထားရသလို တိုက္စစ္မႉးစစ္စစ္အျဖစ္ ကစားခြင့္မရဘဲ False 9 ေနရာကေန တိုက္စစ္ပဲ့ကိုင္ရွင္အျဖစ္ တာဝန္ထားခ်ိန္မွာေတာင္ ၈၇ ဂိုးသြင္းထားခဲ့ၿပီး လီဗာပူးလ္ရဲ႕ EPL ခ်န္ပီယံအိပ္မက္ကို အေကာင္အထည္ေပၚေစခဲ့သလို ခ်န္ပီယံလိဂ္ဖလားကိုပါ သိမ္းပိုက္ႏိုင္ေစခဲ့ပါတယ္။

ဂ်ိဳဟန္ ခ႐ိုက္ဖ္
၁၉၇၀ ခုႏွစ္ပိုင္းေတြမွာ အိုင္းယက္စ္နည္းျပ ရီနပ္စ္ မီဟိုလ္စ္လက္ေအာက္မွာ ထူးထူးျခားျခားနဲ႔ ရႈပ္ေထြးလွတဲ့ ၁-၃-၃-၃ ကစားကြက္ကို စီးေမ်ာေစဖို႔ ခ႐ိုက္ဖ္ဟာ False 9 ေနရာကေန အျမင့္ဆုံး စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး အမ္စတာဒမ္အသင္းႀကီးမွာ ပြဲ ၂၉၀ ကစား၊ ၁၇၁ ဂိုးသြင္းၿပီး ဂိုး ၈၀ ဖန္တီးေပးခဲ့သလို ဥေရာပဖလား ၁ လုံး၊ ဒတ္ခ်္အမွတ္ေပးဖလား ၄ လုံးအထိ ေအာင္ျမင္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီ
False 9 ေနရာအတြက္ အၿပီးျပည့္စုံဆုံး ကစားသမားကို ၫႊန္းဆိုမယ္ဆိုရင္ေတာ့ မက္ဆီကလြဲလို႔ အျခားတပါး မရွိေတာ့တာပါ။ ဘာစီလိုနာနဲ႔ ဂြါဒီယိုလာ ေတာက္ပခဲ့တဲ့ တစ္ေခတ္မွာ မက္ဆီက ၂၁၉ ပြဲမွာ ၂၂၁ ဂိုးသြင္းယူခဲ့ၿပီး ၉၁ ဂိုးဖန္တီးေပးခဲ့တာက မယုံႏိုင္ဖြယ္ရာေကာင္းလြန္းခဲ့တဲ့ အထူးျခားဆုံး မွတ္တမ္းလည္းျဖစ္ပါတယ္။

ဂ်ိဳဟန္ ခ႐ိုက္ဖ္ေနာက္ပိုင္း False 9 ကို ျပန္လည္ဆန္းသစ္တီထြင္ကစားၿပီး ဂိုးသြင္းစက္ျဖစ္လာခဲ့တဲ့ ပထမဦးဆုံး ေဘာလုံးသမားလို႔ အတပ္ဆိုႏိုင္ဖြယ္ရာရွိသလို နည္းျပ လူးဝစ္ အန္ရီေက ဘာစီလိုနာကို ကိုင္တြယ္ခဲ့ခ်ိန္မွာလည္း MSN တိုက္စစ္အတြဲနဲ႔ ၁၅၈ ပြဲကစား၊ ၁၅၃ ဂိုးသြင္းၿပီး ၇၆ ဂိုးဖန္တီးမႈနဲ႔တကြ ၂၀၁၅ မွာ ဖလားသုံးလုံးခ်န္ပီယံျဖစ္လာခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z