Premier League Transfer News

30 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ နောက်ထပ်လူငယ်ကြယ်ပွင့်တစ်ဦးကို ကစားခွင့် ပုံမှန်ရရှိဖို့ ထပ်မံအငှားချနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ဝက်စ်ဘရွန်းအသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကွန်နာ ဂယ်လာဂါကို ခရစ္စတယ်လ်ပဲလေ့စ်အသင်းဆီ ပို့ဆောင်ခဲ့သလို ဒီနေ့မှာပဲ ဆေးစစ်ဖို့ ရှိနေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ ချဲလ်ဆီးအသင်းက ဆီဗီလာအသင်းကို အလိုက်ပေးဖို့ လုပ်နေတဲ့ နောက်ခံလူ ကတ်ဇူးမားကို ခေါ်ယူလိုနေပြီး ပရိသတ်တွေကတော့ ဒက်ကလန် ရိုက်စ်နဲ့ လဲလှယ်ဖို့ တောင်းဆိုခဲ့ကြသလို တမ်မီ အေဘရာဟမ်နဲ့ ငွေသားပါ အလိုက်ပေးလိုက်ဦးလို့ အကြံပြုနေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လိုအပ်ရင် ပေါင်သန်း ၂၅၀ အထိ သုံးစွဲနိုင်ပြီး မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ ကစားသမားအရောင်းဘက်က ပေါင်သန်း ၅၀ အထက်မှာ ဝင်ငွေရှိထားသလို အင်တာမီလန်ရဲ့ လူကာကူးနဲ့ ဒေါ့မွန်ရဲ့ ဟားလန်းတို့ကို တိုက်စစ်အတွက် ခေါ်ယူသွားနိုင်ဖို့ အခက်အခဲ မရှိဘူးလို့ သတင်းတွေ ဖော်ပြ။

– ဆီဗီလာအသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ ဂျူးလ် ကွန်ဒီအတွက် ယူရိုသန်း ၇၀ (ပေါင် ၅၉ သန်း) အလိုရှိနေပြီး ကတ်ဇူးမားအပြင် ယူရို ၄၅ သန်း တောင်းဆိုသွားနိုင်ခြေရှိနေသလို ချဲလ်ဆီးသူဌေး ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ ဒီဈေးကို ပေးခဲ့ရင် ဝမ်းမြောက်ဝမ်းသာ ရောင်းချသွားဖို့ရှိပေမယ့် ကစားသမားလိုက်ပေးမှုထက် ငွေသားကိုပဲ ပိုသဘောကျတယ်လို့ဆို။

– နာပိုလီအသင်းအနေနဲ့ ချဲလ်ဆီးအသင်းမှာ နေရာမရတဲ့ ဘယ်နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီအတွက် သတ်မှတ်ဈေး ယူရို သန်း ၂၀ ကို ပေးချေဖို့ ဆန္ဒမရှိဘဲ ထက်ဝက်ပမာဏသာ ပေးချေလိုနေသလို ယူရိုချန်ပီယံ အီတလီသားအတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားဖို့ ဆုံးဖြတ်ထား။

– အပြောင်းအရွှေ့ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ်က ဒေါ့မွန်အသင်းအနေနဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းအတွက် ဈေးလျှော့ပေးဖို့ မရှိတာကြောင့် အေးဂျင့် ရိုင်ယိုလာ ဘာလုပ်မလဲဆိုတာက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အခရာကျနေပြီး ပြိုင်ဘက် ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ် နည်းစနစ်ဒါရိုက်တာ ခရစ္စတိုဖာ ဖီဖဲလ်ကတော့ ချဲလ်ဆီးတို့ ဘယ်လောက်ငွေသုံးရသုံးရ ထိုက်တန်တယ်လို့ အားပေးသွားခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ အာလင်း ဟားလန်းအတွက် စောင့်ဆိုင်းမှုက အလုပ်မဖြစ်ဘူးဆိုရင် သတ်မှတ်တန်ကြေးရရင် ရောင်းချဖို့ ရှိနေတဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ပြန်လည်ခေါ်ယူသွားဖို့ ဆန္ဒရှိနေပြီး ယူရိုသန်း ၁၀၀ ကျော် ပေးချေရနိုင်တဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်ဖို့ တီမို ဗာနာနဲ့ အလိုက်ပေးကမ်းလှမ်းသွားဖို့ Plan B ပြင်ဆင်ထား။

– ချဲလ်ဆီးအသင်းနဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ဥရောပဆူပါဖလားပွဲကို ယှဉ်ပြိုင်ကစားရမယ့် ဗီလာရီးရဲလ်အသင်းမှာ အဓိကကွင်းလယ်လူ ဒါနီ ပါရီဟို ညာခြေထောက်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့တဲ့ ဒဏ်ရာကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းအနေနဲ့ ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ ဈေးကို ထက်ဝက်နီးပါး လျော့ချဖို့ ပြင်ဆင်လာချိန်မှာ အပြောင်းအရွှေ့အသုံးစရိတ်အတွက် လိုအပ်ရင် လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကိုလည်း ရောင်းချသွားနိုင်ကြောင်း နောက်ခံလူဟောင်း ဂလင်း ဂျွန်ဆန် ပြောကြား။

– နောက်ခံလူ ဖီကာယို တိုမိုရီကို ရရှိအပြီး အေစီမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းကနေ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကိုပါ ခေါ်ယူထားပြီးခဲ့ချိန်မှာ ၃၄ နှစ်သားကြီးအတွက် ကောင်းမွန်တဲ့ အနီးအဝေးဘောလုံးတွေကို ပေးပို့နိုင်မယ့် တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ကိုပါ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထပ်မံ ခေါ်ယူသွားဖို့ ဆန္ဒပြင်းပြနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ထပ္လူငယ္ၾကယ္ပြင့္တစ္ဦးကို ကစားခြင့္ ပုံမွန္ရရွိဖို႔ ထပ္မံအငွားခ်ႏိုင္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ကြန္နာ ဂယ္လာဂါကို ခရစၥတယ္လ္ပဲေလ့စ္အသင္းဆီ ပို႔ေဆာင္ခဲ့သလို ဒီေန႔မွာပဲ ေဆးစစ္ဖို႔ ရွိေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းက ဆီဗီလာအသင္းကို အလိုက္ေပးဖို႔ လုပ္ေနတဲ့ ေနာက္ခံလူ ကတ္ဇူးမားကို ေခၚယူလိုေနၿပီး ပရိသတ္ေတြကေတာ့ ဒက္ကလန္ ႐ိုက္စ္နဲ႔ လဲလွယ္ဖို႔ ေတာင္းဆိုခဲ့ၾကသလို တမ္မီ ေအဘရာဟမ္နဲ႔ ေငြသားပါ အလိုက္ေပးလိုက္ဦးလို႔ အႀကံျပဳေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လိုအပ္ရင္ ေပါင္သန္း ၂၅၀ အထိ သုံးစြဲႏိုင္ၿပီး မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ ကစားသမားအေရာင္းဘက္က ေပါင္သန္း ၅၀ အထက္မွာ ဝင္ေငြရွိထားသလို အင္တာမီလန္ရဲ႕ လူကာကူးနဲ႔ ေဒါ့မြန္ရဲ႕ ဟားလန္းတို႔ကို တိုက္စစ္အတြက္ ေခၚယူသြားႏိုင္ဖို႔ အခက္အခဲ မရွိဘူးလို႔ သတင္းေတြ ေဖာ္ျပ။

– ဆီဗီလာအသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအတြက္ ယူ႐ိုသန္း ၇၀ (ေပါင္ ၅၉ သန္း) အလိုရွိေနၿပီး ကတ္ဇူးမားအျပင္ ယူ႐ို ၄၅ သန္း ေတာင္းဆိုသြားႏိုင္ေျခရွိေနသလို ခ်ဲလ္ဆီးသူေဌး ႐ိုမန္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ ဒီေဈးကို ေပးခဲ့ရင္ ဝမ္းေျမာက္ဝမ္းသာ ေရာင္းခ်သြားဖို႔ရွိေပမယ့္ ကစားသမားလိုက္ေပးမႈထက္ ေငြသားကိုပဲ ပိုသေဘာက်တယ္လို႔ဆို။

– နာပိုလီအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ေနရာမရတဲ့ ဘယ္ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီအတြက္ သတ္မွတ္ေဈး ယူ႐ို သန္း ၂၀ ကို ေပးေခ်ဖို႔ ဆႏၵမရွိဘဲ ထက္ဝက္ပမာဏသာ ေပးေခ်လိုေနသလို ယူ႐ိုခ်န္ပီယံ အီတလီသားအတြက္ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းသြားဖို႔ ဆုံးျဖတ္ထား။

– အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္က ေဒါ့မြန္အသင္းအေနနဲ႔ တိုက္စစ္မႉး အာလင္း ဟားလန္းအတြက္ ေဈးေလွ်ာ့ေပးဖို႔ မရွိတာေၾကာင့္ ေအးဂ်င့္ ႐ိုင္ယိုလာ ဘာလုပ္မလဲဆိုတာက အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ အခရာက်ေနၿပီး ၿပိဳင္ဘက္ ဘြန္ဒက္စ္လီဂါကလပ္ RB လိုက္ပ္ဇစ္ နည္းစနစ္ဒါ႐ိုက္တာ ခရစၥတိုဖာ ဖီဖဲလ္ကေတာ့ ခ်ဲလ္ဆီးတို႔ ဘယ္ေလာက္ေငြသုံးရသုံးရ ထိုက္တန္တယ္လို႔ အားေပးသြားခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အာလင္း ဟားလန္းအတြက္ ေစာင့္ဆိုင္းမႈက အလုပ္မျဖစ္ဘူးဆိုရင္ သတ္မွတ္တန္ေၾကးရရင္ ေရာင္းခ်ဖို႔ ရွိေနတဲ့ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ျပန္လည္ေခၚယူသြားဖို႔ ဆႏၵရွိေနၿပီး ယူ႐ိုသန္း ၁၀၀ ေက်ာ္ ေပးေခ်ရႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ႏိုင္ဖို႔ တီမို ဗာနာနဲ႔ အလိုက္ေပးကမ္းလွမ္းသြားဖို႔ Plan B ျပင္ဆင္ထား။

– ခ်ဲလ္ဆီးအသင္းနဲ႔ ဩဂုတ္လ ၁၁ ရက္ေန႔မွာ ဥေရာပဆူပါဖလားပြဲကို ယွဥ္ၿပိဳင္ကစားရမယ့္ ဗီလာရီးရဲလ္အသင္းမွာ အဓိကကြင္းလယ္လူ ဒါနီ ပါရီဟို ညာေျခေထာက္မွာ ျပင္းျပင္းထန္ထန္ ထိခိုက္မိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္သန္း ၄၀ သတ္မွတ္ထားတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ရဲ႕ ေဈးကို ထက္ဝက္နီးပါး ေလ်ာ့ခ်ဖို႔ ျပင္ဆင္လာခ်ိန္မွာ အေျပာင္းအေ႐ႊ႕အသုံးစရိတ္အတြက္ လိုအပ္ရင္ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကိုလည္း ေရာင္းခ်သြားႏိုင္ေၾကာင္း ေနာက္ခံလူေဟာင္း ဂလင္း ဂြၽန္ဆန္ ေျပာၾကား။

– ေနာက္ခံလူ ဖီကာယို တိုမိုရီကို ရရွိအၿပီး ေအစီမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းကေန တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးကိုပါ ေခၚယူထားၿပီးခဲ့ခ်ိန္မွာ ၃၄ ႏွစ္သားႀကီးအတြက္ ေကာင္းမြန္တဲ့ အနီးအေဝးေဘာလုံးေတြကို ေပးပို႔ႏိုင္မယ့္ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ကိုပါ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ထပ္မံ ေခၚယူသြားဖို႔ ဆႏၵျပင္းျပေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.