Premier League

ဗန်ဒိုက် ဒဏ်ရာကပြန်ရုန်းထွက်လာနိုင်တဲ့ လီဗာပူးလ် ၃-၄ ဟာသာဘာလင်ပွဲအပြီး ထူးထူးခြားခြား မှတ်သားစရာ ၅ ချက်

၅- ဗာဂျဲလ် ဗန်ဒိုက်နဲ့ ဂျိုး ဂိုးမက်ဇ်တို့ ပြန်လာပြီ
နောက်ဆုံးတစ်ကြိမ် သူတို့နှစ်ဦးတွဲဖက်ကစားခဲ့တာက ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ အက်စတန်ဗီလာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ၇-၂ ဆိုတဲ့ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဗာဂျဲလ် ဗန်ဒိုက်ကတော့ ဗီလာနဲ့ပွဲအပြီး နောက်တစ်ပွဲမှာ ဒဏ်ရာရခဲ့ပြီး တစ်ရာသီလုံးလွဲချောခဲ့သလို ဂျိုး ဂိုးမက်ဇ်ကလည်း ဗန်ဒိုက်ဒဏ်ရာရအပြီး နောက်တစ်လမှာ ဒဏ်ရာရခဲ့ပြီး ပွဲအများစုလွဲချော်ခဲ့တာပါ။

သူတို့နှစ်ယောက်စလုံးအနေနဲ့ ဟာသာဘာလင်နဲ့ကစားခဲ့တဲ့ပွဲမှာတော့ ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ရပြီး ပွဲမကစားရတာကြာနေပြီဖြစ်လို့ ပေးကစားတဲ့ပုံပေါ်ခဲ့သလို ဒဏ်ရာပြန်ရကြမှာကိုလည်း လီဗာပူးလ်အသင်းက စိုးရိမ်နေတာပါ။ နောက်နှစ်ပတ်လောက်မှာ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက်တော့ နှစ်ယောက်စလုံးအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေဖို့လည်း မျှော်လင့်ထားပါတယ်။

၄- ယုံကြည်မှုအပြည့်နဲ့ အီးလီးယော့
ပြီးခဲ့တဲ့ မိန့်ဇ်အသင်းနဲ့ ခြေစမ်းပွဲတုန်းက ခြေစွမ်းလိုပဲ ဟာဗီ အီးလီးယော့ကတော့ ကွင်းလယ် ၃ ယောက်ရဲ့ ညာခြမ်းကနေ အထင်ကြီးစရာခြေစွမ်းမျိုးကို ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ ပြသွားခဲ့ပါသေးတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ယုံကြည်မှုအပြည့်ရှိကြောင်း ကြိုးစားကစားပြခဲ့ပြီး ဖန်တီးမှုစွမ်းရည်မြင့်တဲ့ ကစားသမားတစ်ယောက်ပါ။

ဒီပွဲမှာတော့ သူက ဘောလုံးကိုင်ကစားပြီး သူ့ပေးပို့မှုတွေက ရှေ့တန်း ၃ ယောက်အတွက် ဘယ်လောက်အထောက်အကူပေးနိုင်ကြောင်း ပြခဲ့ပါတယ်။ လက်ရှိ လီဗာပူးလ်ကွင်းလယ် ၃ ယောက်အတွဲမှာ သူ့ကို ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် နောက်ပွဲတွေမှာ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသုံးပြုလာနိုင်ပါတယ်။

၃- ဒုတိယအကြိမ် အခွင့်အရေးတွေပေးခဲ့တဲ့ False Nine
တာကူမီ မီနာမီနိုနဲ့ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်တို့က တစ်ယောက် ၄၅ မိနစ်စီ False Nine အနေနဲ့ ကစားသွားခဲ့ပါတယ်။ တောင်ပံနှစ်ဖက်က ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့က နေရာလွတ်ဝင်ယူပြီး သွင်းဂိုးနဲ့ဖန်တီးမှုရယူဖို့တာဝန်ယူခဲ့ကြသလို မီနာမီနိုနဲ့ချိမ်ဘာလိန်တို့ကတော့ တစ်ဖက်ခံစစ်အတွင်းလူတွေကို လှုပ်ရှားမှုတွေနဲ့ ဒုက္ခပေးဖို့ တာဝန်ယူခဲ့ကြတာပါ။

မီနာနီနိုအ‌နေနဲ့ အချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့သလို အသင်းအတွက် ဒုတိယဂိုးကို ပင်နယ်တီဧရိယာထဲ ချိန်သားကိုက်ပြေးဝင်ပြီး သွင်းယူပေးခဲ့တာပါ။ ချိမ်ဘာလိန်အနေနဲ့ သူ့ရဲ့ပုံစံအတိုင်း ပေါက်ကွဲအားပြင်းတဲ့ကစားပုံနဲ့ တိုက်စစ်မှာ မာန်အပြည့်နဲ့ကစားခဲ့ပြီး တတိယဂိုးကိုလည်း သွင်းပေးခဲ့ပါသေးတယ်။ ဒီအတိုင်းဆို မီနာမီနိုနဲ့ ချိမ်ဘာလိန်တို့က ရောဘတ်တို ဖာမင်နိုရဲ့ အရန်အနေနဲ့ အသင့်ရှိနေမှာပါ။

၂- ခြေစွမ်းပြခဲ့တဲ့ ဗီလိန် ဆီမီကာ့စ်
ကော်စတာ့စ် ဆီမီကာ့စ်ကတော့ အန်ဖီးလ်ရဲ့ အမေ့ခံကစားသမားတွေထဲကတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းက အိုလံပီယာကော့စ်ကနေ ပြောင်းလာခဲ့တဲ့သူ့အပေါ် မျှော်လင့်ထားခဲ့ကြပေမယ့် တကယ်လက်တွေ့မှာတော့ အန်ဒီ ရောဘတ်ဆန်ရဲ့ အရိပ်အောက်က မထွက်နိုင်ခဲ့သူတစ်ဦးပါ။

ဂရိနောက်ခံလူအနေနဲ့ မလိုအပ်ဘဲ မဆင်မခြင်ဖျက်ထုတ်မှုကတစ်ဆင့် ပြစ်ဒဏ်ဘောပေးခဲ့ရပြီး အဲ့ဒီကနေပဲ ဂိုးပေးခဲ့ရတာပါ။ ပေးခဲ့ရတဲ့ဒုတိယဂိုးမှာလည်း အမှားမကင်းခဲ့ဘဲ ဂိုးဖန်တီးပေးမယ့်ကစားသမားကို လူပေးဖို့ အချိန်ပေးမိရာက ဂိုးပေးခဲ့ရတာပါ။ အဲ့ဒီ ၂ ခါကလွဲရင် သူ့‌အနေနဲ့ ရောဘတ်ဆန်လိုခြေစွမ်းမျိုး ပြခဲ့တာဖြစ်လို့ သူ့အတွက် အကောင်းအဆိုးဒွန်တွဲနေတာပါ။

၁- ဂိုးသမားနေရာအတွက် ပြိုင်ဆိုင်မှု
အလီဆွန် ဘက်ကာကတော့ အသင်းရဲ့ ဦးစားပေးဂိုးသမားဆိုတာ သိကြပေမယ့် အရန်အနေနဲ့ ကွီးဗင် ကယ်လေဟာ၊ အက်ဒရီယန် ဆန်မီဂွဲလ်နဲ့ လိုရစ် ကာရီးယပ်စ်တို့ရှိနေပြီး ကယ်လေဟာနဲ့ အက်ဒရီယန်တို့အနေနဲ့ ခြေစမ်းပွဲတွေမှာ ကစားနေရပေမယ့် ကားရီးယို့စ်ကိုတော့ တစ်ပွဲသာအသုံးပြုခဲ့ပြီးနောက်ပိုင်း အခုထိမသုံးတော့တာပါ။

လီဗာပူးလ်ရဲ့ လူငယ်အကယ်ဒမီထွက်ဂိုးသမား ကယ်လေဟာအနေနဲ့ နည်းပြ ကလော့ပ်ရဲ့ ယုံကြည်မှုရထားပေမယ့် အက်ဒရီယန်ကို အသင်းက ဆက်ထိန်းထားဖို့ ရှိနေလို့ အငှားထွက်ကစားရနိုင်ပြီး ကားရီးယပ်စ်ကတော့ ရောင်းထုတ်ခံရဖို့ ရှိနေတာပါ။ ‌ဒီပွဲမှာ ၄ ဂိုးပေးခဲ့ရပေမယ့် ဂိုးသမားအမှားကြောင့် ပေးခဲ့ရတဲ့ဂိုးမရှိလို့ ကယ်လေဟာရော အက်ဒရီယန်ပါ အသင်းမှာ ဆက်ရှိနေခြေလည်းရှိနေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅- ဗာဂ်ဲလ္ ဗန္ဒိုက္နဲ႔ ဂ်ိဳး ဂိုးမက္ဇ္တို႔ ျပန္လာၿပီ
ေနာက္ဆုံးတစ္ႀကိမ္ သူတို႔ႏွစ္ဦးတြဲဖက္ကစားခဲ့တာက ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလမွာ အက္စတန္ဗီလာအသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ျဖစ္ၿပီး ၇-၂ ဆိုတဲ့ရလာဒ္နဲ႔ ရႈံးနိမ့္ခဲ့တာပါ။ ဗာဂ်ဲလ္ ဗန္ဒိုက္ကေတာ့ ဗီလာနဲ႔ပြဲအၿပီး ေနာက္တစ္ပြဲမွာ ဒဏ္ရာရခဲ့ၿပီး တစ္ရာသီလုံးလြဲေခ်ာခဲ့သလို ဂ်ိဳး ဂိုးမက္ဇ္ကလည္း ဗန္ဒိုက္ဒဏ္ရာရအၿပီး ေနာက္တစ္လမွာ ဒဏ္ရာရခဲ့ၿပီး ပြဲအမ်ားစုလြဲေခ်ာ္ခဲ့တာပါ။

သူတို႔ႏွစ္ေယာက္စလုံးအေနနဲ႔ ဟာသာဘာလင္နဲ႔ကစားခဲ့တဲ့ပြဲမွာေတာ့ ဒုတိယပိုင္းမွာ ပါဝင္ကစားခဲ့ရၿပီး ပြဲမကစားရတာၾကာေနၿပီျဖစ္လို႔ ေပးကစားတဲ့ပုံေပၚခဲ့သလို ဒဏ္ရာျပန္ရၾကမွာကိုလည္း လီဗာပူးလ္အသင္းက စိုးရိမ္ေနတာပါ။ ေနာက္ႏွစ္ပတ္ေလာက္မွာ ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အတြက္ေတာ့ ႏွစ္ေယာက္စလုံးအေနနဲ႔ ႀကံ့ခိုင္မႈျပည့္ဝေနဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။

၄- ယုံၾကည္မႈအျပည့္နဲ႔ အီးလီးေယာ့
ၿပီးခဲ့တဲ့ မိန႔္ဇ္အသင္းနဲ႔ ေျခစမ္းပြဲတုန္းက ေျခစြမ္းလိုပဲ ဟာဗီ အီးလီးေယာ့ကေတာ့ ကြင္းလယ္ ၃ ေယာက္ရဲ႕ ညာျခမ္းကေန အထင္ႀကီးစရာေျခစြမ္းမ်ိဳးကို ပထမပိုင္း ၄၅ မိနစ္အတြင္းမွာ ျပသြားခဲ့ပါေသးတယ္။ ရာသီႀကိဳေျခစမ္းပြဲေတြမွာလည္း ယုံၾကည္မႈအျပည့္ရွိေၾကာင္း ႀကိဳးစားကစားျပခဲ့ၿပီး ဖန္တီးမႈစြမ္းရည္ျမင့္တဲ့ ကစားသမားတစ္ေယာက္ပါ။

ဒီပြဲမွာေတာ့ သူက ေဘာလုံးကိုင္ကစားၿပီး သူ႔ေပးပို႔မႈေတြက ေရွ႕တန္း ၃ ေယာက္အတြက္ ဘယ္ေလာက္အေထာက္အကူေပးႏိုင္ေၾကာင္း ျပခဲ့ပါတယ္။ လက္ရွိ လီဗာပူးလ္ကြင္းလယ္ ၃ ေယာက္အတြဲမွာ သူ႔ကို ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္ ေနာက္ပြဲေတြမွာ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသုံးျပဳလာႏိုင္ပါတယ္။

၃- ဒုတိယအႀကိမ္ အခြင့္အေရးေတြေပးခဲ့တဲ့ False Nine
တာကူမီ မီနာမီႏိုနဲ႔ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္တို႔က တစ္ေယာက္ ၄၅ မိနစ္စီ False Nine အေနနဲ႔ ကစားသြားခဲ့ပါတယ္။ ေတာင္ပံႏွစ္ဖက္က ဆာဒီယို မာေနးနဲ႔ မိုဟာမက္ ဆာလားတို႔က ေနရာလြတ္ဝင္ယူၿပီး သြင္းဂိုးနဲ႔ဖန္တီးမႈရယူဖို႔တာဝန္ယူခဲ့ၾကသလို မီနာမီႏိုနဲ႔ခ်ိမ္ဘာလိန္တို႔ကေတာ့ တစ္ဖက္ခံစစ္အတြင္းလူေတြကို လႈပ္ရွားမႈေတြနဲ႔ ဒုကၡေပးဖို႔ တာဝန္ယူခဲ့ၾကတာပါ။

မီနာနီႏိုအ‌ေနနဲ႔ အခ်ိတ္အဆက္မိမိနဲ႔ ကစားႏိုင္ခဲ့သလို အသင္းအတြက္ ဒုတိယဂိုးကို ပင္နယ္တီဧရိယာထဲ ခ်ိန္သားကိုက္ေျပးဝင္ၿပီး သြင္းယူေပးခဲ့တာပါ။ ခ်ိမ္ဘာလိန္အေနနဲ႔ သူ႔ရဲ႕ပုံစံအတိုင္း ေပါက္ကြဲအားျပင္းတဲ့ကစားပုံနဲ႔ တိုက္စစ္မွာ မာန္အျပည့္နဲ႔ကစားခဲ့ၿပီး တတိယဂိုးကိုလည္း သြင္းေပးခဲ့ပါေသးတယ္။ ဒီအတိုင္းဆို မီနာမီႏိုနဲ႔ ခ်ိမ္ဘာလိန္တို႔က ေရာဘတ္တို ဖာမင္ႏိုရဲ႕ အရန္အေနနဲ႔ အသင့္ရွိေနမွာပါ။

၂- ေျခစြမ္းျပခဲ့တဲ့ ဗီလိန္ ဆီမီကာ့စ္
ေကာ္စတာ့စ္ ဆီမီကာ့စ္ကေတာ့ အန္ဖီးလ္ရဲ႕ အေမ့ခံကစားသမားေတြထဲကတစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက အိုလံပီယာေကာ့စ္ကေန ေျပာင္းလာခဲ့တဲ့သူ႔အေပၚ ေမွ်ာ္လင့္ထားခဲ့ၾကေပမယ့္ တကယ္လက္ေတြ႕မွာေတာ့ အန္ဒီ ေရာဘတ္ဆန္ရဲ႕ အရိပ္ေအာက္က မထြက္ႏိုင္ခဲ့သူတစ္ဦးပါ။

ဂရိေနာက္ခံလူအေနနဲ႔ မလိုအပ္ဘဲ မဆင္မျခင္ဖ်က္ထုတ္မႈကတစ္ဆင့္ ျပစ္ဒဏ္ေဘာေပးခဲ့ရၿပီး အဲ့ဒီကေနပဲ ဂိုးေပးခဲ့ရတာပါ။ ေပးခဲ့ရတဲ့ဒုတိယဂိုးမွာလည္း အမွားမကင္းခဲ့ဘဲ ဂိုးဖန္တီးေပးမယ့္ကစားသမားကို လူေပးဖို႔ အခ်ိန္ေပးမိရာက ဂိုးေပးခဲ့ရတာပါ။ အဲ့ဒီ ၂ ခါကလြဲရင္ သူ႔‌အေနနဲ႔ ေရာဘတ္ဆန္လိုေျခစြမ္းမ်ိဳး ျပခဲ့တာျဖစ္လို႔ သူ႔အတြက္ အေကာင္းအဆိုးဒြန္တြဲေနတာပါ။

၁- ဂိုးသမားေနရာအတြက္ ၿပိဳင္ဆိုင္မႈ
အလီဆြန္ ဘက္ကာကေတာ့ အသင္းရဲ႕ ဦးစားေပးဂိုးသမားဆိုတာ သိၾကေပမယ့္ အရန္အေနနဲ႔ ကြီးဗင္ ကယ္ေလဟာ၊ အက္ဒရီယန္ ဆန္မီဂြဲလ္နဲ႔ လိုရစ္ ကာရီးယပ္စ္တို႔ရွိေနၿပီး ကယ္ေလဟာနဲ႔ အက္ဒရီယန္တို႔အေနနဲ႔ ေျခစမ္းပြဲေတြမွာ ကစားေနရေပမယ့္ ကားရီးယို႔စ္ကိုေတာ့ တစ္ပြဲသာအသုံးျပဳခဲ့ၿပီးေနာက္ပိုင္း အခုထိမသုံးေတာ့တာပါ။

လီဗာပူးလ္ရဲ႕ လူငယ္အကယ္ဒမီထြက္ဂိုးသမား ကယ္ေလဟာအေနနဲ႔ နည္းျပ ကေလာ့ပ္ရဲ႕ ယုံၾကည္မႈရထားေပမယ့္ အက္ဒရီယန္ကို အသင္းက ဆက္ထိန္းထားဖို႔ ရွိေနလို႔ အငွားထြက္ကစားရႏိုင္ၿပီး ကားရီးယပ္စ္ကေတာ့ ေရာင္းထုတ္ခံရဖို႔ ရွိေနတာပါ။ ‌ဒီပြဲမွာ ၄ ဂိုးေပးခဲ့ရေပမယ့္ ဂိုးသမားအမွားေၾကာင့္ ေပးခဲ့ရတဲ့ဂိုးမရွိလို႔ ကယ္ေလဟာေရာ အက္ဒရီယန္ပါ အသင္းမွာ ဆက္ရွိေနေျခလည္းရွိေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.