Article International Other

“ရာဇဝင်ထဲမှာ အကြီးမြတ်ဆုံးက ဒိုကြီးပါ” – ဇလာတန် အီဘရာဟီမိုဗစ်ချ်

တိုက်ကွမ်ဒိုဖိုက်တာကြီးဖြစ်တဲ့ အေစီမီလန်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ချ်ကတော့ ဘောလုံးသမိုင်းမှာ သူ့ရဲ့စိတ်ကြိုက်အဖြစ်ဆုံးနဲ့ အကြီးမြတ်ဆုံးကစားသမားကို ရွေးပါဆိုရင် အနုပညာဆန်ဆန်ကစားတတ်တဲ့ ရော်နယ်လ်ဒို နာဇာရီယိုပဲလို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဒိုကြီးလို့ လူသိများပြီး ကျော်ကြားတဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီး RN9 ဟာ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထက် နောက်တဆင့်သာတဲ့ ကစားသမားကြီးဖြစ်တယ်လို့ အသက် ၃၉ နှစ်အရွယ် ဆွီဒင်သားကြီးက ခံယူထားတာဖြစ်ပြီး မှော်ဝင်နေတဲ့ သွင်းဂိုးတွေကို ဖန်တီးခဲ့သူလို့ ဟိမဝန္တာချီးမွမ်းခန်းဖွင့်သွားခဲ့ပါတယ်။

” ကျွန်တော်ပြောနေကျစကားရှိတယ်။ ကစားပွဲထဲမှာ ဝင်ကစားနေတဲ့ ဘောလုံးသမားတွေ ရှိသလို ခင်ဗျားအနေနဲ့ ကစားပွဲကိုမေ့ပြီး သူ့တယောက်တည်းကိုပဲ ငေးမောကြည့်မိနေတဲ့ ဘောလုံးသမားတွေလည်းရှိတယ်ဗျာ။ အဲဒါ ရော်နယ်လ်ဒိုပါပဲ။”

” ခင်ဗျား သူ ဘောလုံးကစားတာကို ကြည့်ပြီးသွားရင် သူ့လိုမျိုး ကစားချင်စိတ်ဖြစ်လာလိမ့်မယ်။ သူ့ရဲ့ရွေ့လျားပြေးလွှားမှုတွေ၊ ​ခြေယောင်ပြတဲ့ အလိမ်အခေါက်တွေ မြွေလိမ်မြွေကောက်ပုံစံ ကျော်ဖြတ်ပြသွားတဲ့ The Snake အကွက်တွေ….. ဒါတွေက သူ့ကို ရာဇဝင်ထဲမှာ အကြီးမြတ်ဆုံးကစားသမားဖြစ်လာစေခဲ့တာပါ” လို့ ဇလာတန်က သူ့ရဲ့ရူးသွပ်မှုကို ပြောဆိုထားခဲ့တာပါ။

RN 9 ဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းကို ၅ ကြိမ်မြောက် ချန်ပီယံဖြစ်လာအောင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်မှာ အငယ်ရွယ်ဆုံး ဘလွန်ဒေါဆုရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သလို ဘလွန်ဒေါဆုကို ၂ ကြိမ် ဆွတ်ခူးထားခဲ့တာပါ။

ဒါ့အပြင် PSV၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်စတဲ့ ကမ္ဘာ့အထက်တန်းလွှာအသင်းတွေမှာ ကျင်လည်ကစားခဲ့ဖူးသလို ကစားသမားဘဝအောင်မြင်မှုအနေနဲ့ ၄၅၂ ပွဲကစား၊ ၂၉၆ ဂိုးသွင်းယူပြီး ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုလည်း ၃ ကြိမ်တိုင် ချီးမြှင့်ခံထားရပါတယ်။

အဲဒီခေတ်အခါက ကြယ်စင်စုအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲလ်အသင်းမှာ ၅ နှစ်ကြာကစားပြီး လာလီဂါချန်ပီယံ ၁ ကြိမ်ဖြစ်ခဲ့သလို ၂၀၀၂ ကမ္ဘာ့ဖလားရဲ့ ငွေဘောလုံးဆုရှင်လည်းဖြစ်ပြီး ပြင်သစ်မဂ္ဂဇင်း Onze Mondialက ချီးမြှင့်တဲ့ ဥရောပတနှစ်တာအကောင်းဆုံးကစားသမားဆု Onze D’or ကို ဆွတ်ခူးရရှိထားသလို ၁၈ နှစ်ကြာ ကစားသမားဘဝမှာ ဆုဖလား ၁၃ လုံးအထိ အောင်မြင်ခဲ့ပြီး သမိုင်းလှပလွန်းတဲ့ ဂန္ထဝင်ကြီးအဖြစ် သတ်မှတ်ခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တိုက္ကြမ္ဒိုဖိုက္တာႀကီးျဖစ္တဲ့ ေအစီမီလန္တိုက္စစ္မႉး ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ကေတာ့ ေဘာလုံးသမိုင္းမွာ သူ႔ရဲ႕စိတ္ႀကိဳက္အျဖစ္ဆုံးနဲ႔ အႀကီးျမတ္ဆုံးကစားသမားကို ေ႐ြးပါဆိုရင္ အႏုပညာဆန္ဆန္ကစားတတ္တဲ့ ေရာ္နယ္လ္ဒို နာဇာရီယိုပဲလို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ဒိုႀကီးလို႔ လူသိမ်ားၿပီး ေက်ာ္ၾကားတဲ့ ဘရာဇီးလ္ဂႏၴဝင္ႀကီး RN9 ဟာ လီယြန္နယ္ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ထက္ ေနာက္တဆင့္သာတဲ့ ကစားသမားႀကီးျဖစ္တယ္လို႔ အသက္ ၃၉ ႏွစ္အ႐ြယ္ ဆြီဒင္သားႀကီးက ခံယူထားတာျဖစ္ၿပီး ေမွာ္ဝင္ေနတဲ့ သြင္းဂိုးေတြကို ဖန္တီးခဲ့သူလို႔ ဟိမဝႏၲာခ်ီးမြမ္းခန္းဖြင့္သြားခဲ့ပါတယ္။

” ကြၽန္ေတာ္ေျပာေနက်စကားရွိတယ္။ ကစားပြဲထဲမွာ ဝင္ကစားေနတဲ့ ေဘာလုံးသမားေတြ ရွိသလို ခင္ဗ်ားအေနနဲ႔ ကစားပြဲကိုေမ့ၿပီး သူ႔တေယာက္တည္းကိုပဲ ေငးေမာၾကည့္မိေနတဲ့ ေဘာလုံးသမားေတြလည္းရွိတယ္ဗ်ာ။ အဲဒါ ေရာ္နယ္လ္ဒိုပါပဲ။”

” ခင္ဗ်ား သူ ေဘာလုံးကစားတာကို ၾကည့္ၿပီးသြားရင္ သူ႔လိုမ်ိဳး ကစားခ်င္စိတ္ျဖစ္လာလိမ့္မယ္။ သူ႔ရဲ႕ေ႐ြ႕လ်ားေျပးလႊားမႈေတြ၊ ​ေျခေယာင္ျပတဲ့ အလိမ္အေခါက္ေတြ ေႁမြလိမ္ေႁမြေကာက္ပုံစံ ေက်ာ္ျဖတ္ျပသြားတဲ့ The Snake အကြက္ေတြ….. ဒါေတြက သူ႔ကို ရာဇဝင္ထဲမွာ အႀကီးျမတ္ဆုံးကစားသမားျဖစ္လာေစခဲ့တာပါ” လို႔ ဇလာတန္က သူ႔ရဲ႕႐ူးသြပ္မႈကို ေျပာဆိုထားခဲ့တာပါ။

RN 9 ဟာ ၂၀၀၂ ခုႏွစ္ ကမာၻ႔ဖလားမွာ ဘရာဇီးလ္အသင္းကို ၅ ႀကိမ္ေျမာက္ ခ်န္ပီယံျဖစ္လာေအာင္ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ခဲ့တာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္မွာ အငယ္႐ြယ္ဆုံး ဘလြန္ေဒါဆုရွင္အျဖစ္လည္း မွတ္တမ္းဝင္ခဲ့သလို ဘလြန္ေဒါဆုကို ၂ ႀကိမ္ ဆြတ္ခူးထားခဲ့တာပါ။

ဒါ့အျပင္ PSV၊ အင္တာမီလန္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ေအစီမီလန္စတဲ့ ကမာၻ႔အထက္တန္းလႊာအသင္းေတြမွာ က်င္လည္ကစားခဲ့ဖူးသလို ကစားသမားဘဝေအာင္ျမင္မႈအေနနဲ႔ ၄၅၂ ပြဲကစား၊ ၂၉၆ ဂိုးသြင္းယူၿပီး ဖီဖာကမာၻ႔အေကာင္းဆုံးကစားသမားဆုကိုလည္း ၃ ႀကိမ္တိုင္ ခ်ီးျမႇင့္ခံထားရပါတယ္။

အဲဒီေခတ္အခါက ၾကယ္စင္စုအသင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ ရီးရဲလ္အသင္းမွာ ၅ ႏွစ္ၾကာကစားၿပီး လာလီဂါခ်န္ပီယံ ၁ ႀကိမ္ျဖစ္ခဲ့သလို ၂၀၀၂ ကမာၻ႔ဖလားရဲ႕ ေငြေဘာလုံးဆုရွင္လည္းျဖစ္ၿပီး ျပင္သစ္မဂၢဇင္း Onze Mondial က ခ်ီးျမႇင့္တဲ့ ဥေရာပတႏွစ္တာအေကာင္းဆုံးကစားသမားဆု Onze D’or ကို ဆြတ္ခူးရရွိထားသလို ၁၈ ႏွစ္ၾကာ ကစားသမားဘဝမွာ ဆုဖလား ၁၃ လုံးအထိ ေအာင္ျမင္ခဲ့ၿပီး သမိုင္းလွပလြန္းတဲ့ ဂႏၴဝင္ႀကီးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.