Premier League Transfer News

၄၂ သန်းတန် နောက်ခံလူကို အသင်းဟောင်းနဲ့ ဆုမွန်ကောင်းတောင်းလိုက်တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့ရဲ့ ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဗဟိုနောက်ခံလူ ရာဖေးလ် ဗာရွန်းကို တခြားအသင်းကြီးတွေထက် လက်ဦးမှုရယူခဲ့ပြီး အပိုဆုကြေးအပါအဝင် ပေါင် ၄၂ သန်းနဲ့ အရခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ချိန်က ကျောနံပါတ် ၇ ဝတ်ပြီး တောက်ပခဲ့တဲ့ လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ သူ့အသင်းဟောင်းကို ရောက်ရှိလာခဲ့တဲ့ အသင်းဖော်ဟောင်းတစ်ဖြစ်လဲ ဗာရွန်းအပေါ်မှာ သူ့အမြင်ကို ၂၀၁၃ ကတည်းက ပြောခဲ့ဖူးပါသေးတယ်။

၂၀၁၃ တုန်းက သူတို့နှစ်ဦးက ရီးရဲလ်မက်ဒရစ်မှာ အသင်းဖော်တွေဖြစ်ခဲ့ကြပြီး အဲ့ဒီတုန်းက ရော်နယ်လ်ဒိုက “ဗာရွန်းက အခုဆို အများကြီး သင်ယူနေတာ။ သူက ကစားသမားတစ်ယောက်လို တိုးတက်လာသလို လူကြီးလည်းဆန်လာပြီ။ သူက မြန်တယ်။ အတော်လေးကို ကောင်းမွန်တဲ့ စိတ်တည်ငြိမ်မှုမျိုး သူ့မှာရှိတယ်”လို့ ပြောခဲ့ပါတယ်။

“သူ့အသက်ငယ်ငယ်လေးကတည်းက အတွေ့အကြုံတွေကို သူက စုဆောင်းလာခဲ့တာ… နှိမ့်ချတတ်တဲ့ ကောင်လေးတစ်ယောက်ပဲ။ ကျွန်တော့်အမြင်ဆို နောက်ထပ်နှစ်အနည်းငယ်လောက်မှာ သူက ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာမယ်။ ဒါကိုတော့ ကျွန်တော် သံသယ မဖြစ်မိဘူး”လို့ ပြောခဲ့ဖူးသေးတာပါ။

အခုအခါမှာတော့ ရော်နယ်လ်ဒိုက ဗာရွန်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အဆင်ပြေစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ်။ ယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့လည်း အသင်းရဲ့နောက်ခံလူ ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားနိုင်မယ့် ကမ္ဘာ့အဆင့် ခံစစ်အတွင်းလူအဖြစ် ဗာရွန်းကို ခေါ်ယူဖို့ အလေးအနက် ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

ဗာရွန်းကတော့ မန်ချက်စတာကို ပြောင်းရွှေ့မလာခင်ကတည်းက ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်အသင်းတွေမှာ ချန်ပီယံလိဂ် ၄ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရခဲ့ဖူးသေးတဲ့အပြင် ဆာဂျီယို ရာမို့စ်၊ မာဆယ်လို၊ ကာကာနဲ့ ပေါ့ဘာတို့အပါအဝင် တကယ့်ဒိတ်ဒိတ်ကြဲ ကစားသမားတွေနဲ့ တစ်သင်းတည်း တွဲကစားခဲ့ဖူးသေးတာပါ။

ရော်နယ်လ်ဒိုကတော့ ဒီရာသီမှာ ယူနိုက်တက်ဆီကို ရောက်လာဖို့ အသံတွေ ထွက်ပြီးမှ ပြန်လည်ဝေးကွာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ သူ့အနေနဲ့ လူကိုယ်တိုင် ရောက်မလာနိုင်သေးပေမယ့် အသင်းဖော်ဟောင်းနဲ့ အသင်းဟောင်းတို့ ပူးပေါင်းမှု အဆင်ပြေပါစေကြောင်းနဲ့ အောင်မြင်ပါစေကြောင်း ဆန္ဒပြုရင်း ဆုမွန်ကောင်းတောင်းသွားခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ရဲ႕ ဒုတိယေျမာက္ေခၚယူမႈအျဖစ္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို တျခားအသင္းႀကီးေတြထက္ လက္ဦးမႈရယူခဲ့ၿပီး အပိုဆုေၾကးအပါအဝင္ ေပါင္ ၄၂ သန္းနဲ႔ အရေခၚယူခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ တစ္ခ်ိန္က ေက်ာနံပါတ္ ၇ ဝတ္ၿပီး ေတာက္ပခဲ့တဲ့ လက္ရွိဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ သူ႔အသင္းေဟာင္းကို ေရာက္ရွိလာခဲ့တဲ့ အသင္းေဖာ္ေဟာင္းတစ္ျဖစ္လဲ ဗာ႐ြန္းအေပၚမွာ သူ႔အျမင္ကို ၂၀၁၃ ကတည္းက ေျပာခဲ့ဖူးပါေသးတယ္။

၂၀၁၃ တုန္းက သူတို႔ႏွစ္ဦးက ရီးရဲလ္မက္ဒရစ္မွာ အသင္းေဖာ္ေတြျဖစ္ခဲ့ၾကၿပီး အဲ့ဒီတုန္းက ေရာ္နယ္လ္ဒိုက “ဗာ႐ြန္းက အခုဆို အမ်ားႀကီး သင္ယူေနတာ။ သူက ကစားသမားတစ္ေယာက္လို တိုးတက္လာသလို လူႀကီးလည္းဆန္လာၿပီ။ သူက ျမန္တယ္။ အေတာ္ေလးကို ေကာင္းမြန္တဲ့ စိတ္တည္ၿငိမ္မႈမ်ိဳး သူ႔မွာရွိတယ္”လို႔ ေျပာခဲ့ပါတယ္။

“သူ႔အသက္ငယ္ငယ္ေလးကတည္းက အေတြ႕အႀကဳံေတြကို သူက စုေဆာင္းလာခဲ့တာ… ႏွိမ့္ခ်တတ္တဲ့ ေကာင္ေလးတစ္ေယာက္ပဲ။ ကြၽန္ေတာ့္အျမင္ဆို ေနာက္ထပ္ႏွစ္အနည္းငယ္ေလာက္မွာ သူက ကမာၻ႔အေကာင္းဆုံး ဗဟိုခံစစ္မႉးေတြထဲက တစ္ေယာက္ျဖစ္လာမယ္။ ဒါကိုေတာ့ ကြၽန္ေတာ္ သံသယ မျဖစ္မိဘူး”လို႔ ေျပာခဲ့ဖူးေသးတာပါ။

အခုအခါမွာေတာ့ ေရာ္နယ္လ္ဒိုက ဗာ႐ြန္းအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ အဆင္ေျပေစဖို႔ ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါေသးတယ္။ ယူႏိုက္တက္နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားအေနနဲ႔လည္း အသင္းရဲ႕ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ကစားႏိုင္မယ့္ ကမာၻ႔အဆင့္ ခံစစ္အတြင္းလူအျဖစ္ ဗာ႐ြန္းကို ေခၚယူဖို႔ အေလးအနက္ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။

ဗာ႐ြန္းကေတာ့ မန္ခ်က္စတာကို ေျပာင္းေ႐ႊ႕မလာခင္ကတည္းက ရီးရဲလ္မက္ဒရစ္နဲ႔ ျပင္သစ္အသင္းေတြမွာ ခ်န္ပီယံလိဂ္ ၄ ႀကိမ္နဲ႔ ကမာၻ႔ဖလား ၁ ႀကိမ္ ရခဲ့ဖူးေသးတဲ့အျပင္ ဆာဂ်ီယို ရာမို႔စ္၊ မာဆယ္လို၊ ကာကာနဲ႔ ေပါ့ဘာတို႔အပါအဝင္ တကယ့္ဒိတ္ဒိတ္ႀကဲ ကစားသမားေတြနဲ႔ တစ္သင္းတည္း တြဲကစားခဲ့ဖူးေသးတာပါ။

ေရာ္နယ္လ္ဒိုကေတာ့ ဒီရာသီမွာ ယူႏိုက္တက္ဆီကို ေရာက္လာဖို႔ အသံေတြ ထြက္ၿပီးမွ ျပန္လည္ေဝးကြာခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ သူ႔အေနနဲ႔ လူကိုယ္တိုင္ ေရာက္မလာႏိုင္ေသးေပမယ့္ အသင္းေဖာ္ေဟာင္းနဲ႔ အသင္းေဟာင္းတို႔ ပူးေပါင္းမႈ အဆင္ေျပပါေစေၾကာင္းနဲ႔ ေအာင္ျမင္ပါေစေၾကာင္း ဆႏၵျပဳရင္း ဆုမြန္ေကာင္းေတာင္းသြားခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.