Premier League Transfer News

30 Jul နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

လီဗာပူးလ်လူငယ်ကစားသမား အီးသန် အန်းနစ်ဟာ အန်ဖီးလ်ရဲ့ စာချုပ်သစ်ကို ပယ်ချခဲ့ပြီး ခါးသီးပြိုင်ဘက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ကြောင်း သိရပြီး ကွင်းလယ်တိုက်စစ်မှုးဖြစ်တဲ့ အသက် ၁၆ နှစ်သားလေးဟာ ယူ-၁၈ အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်သလို ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ခွင့်ရတာဟာ ဂုဏ်ယူစရာအကောင်းဆုံးဖြစ်ကြောင်း ကြွေးကြော်သွားခဲ့။

အပြောင်းအရွှေ့မပိတ်ခင် ကွင်းလယ်ခံစစ်တဦးကို ခေါ်ယူဦးမယ့် နည်းပြဆိုးလ်ရှားဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ဆက်လက်ကင်းထောက်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အသုံးပြုနိုင်ဖွယ် ရှိဦးမလားဆိုတာကတော့ ယူနိုက်တက်ရဲ့ ကစားသမားအထွက်စာရင်းမှာ မူတည်နေ။

အက်သလက်တီကို မက်ဒရစ်ညာနောက်ခံလူ ကီရန် ထရစ်ပီယာဟာ သြဂုတ်လမကုန်ခင်မှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ သူ့ကို ကမ်းလှမ်းသွားဖို့ မျှော်လင့်နေသလို နည်းပြဆိုးလ်ရှားနဲ့ အမြန်ဆုံးပူး​ပေါင်းသွားလိုနေကြောင်း သိရသလို အသက် ၃၀ အရွယ် အင်္ဂလန်သားရဲ့ မိသားစုဟာ မန်ချက်စတာမြို့ကို ကြိုတင်ပြောင်းရွှေ့ခဲ့ပြီးဖြစ်ကြောင်း သတင်းထွက်လာခဲ့ပြီး ပေါင် ၂၅.၅ သန်းနဲ့ ရနိုင်ဖွယ်ရှိနေ။

ရိန်းဂျားစ်နည်းပြ စတီဗင် ဂျရတ်ဟာ စာချုပ်တနှစ်ကျန်ရှိနေသေးတဲ့ ယူနိုက်တက် ယူ-၂၃ ကွင်းလယ်လူ ချာလီ မက်ကန်းကို ပြောင်းရွှေ့ကြေး ပေါင် ၇ သိန်းခွဲနဲ့ ခေါ်ယူသွားတော့မယ်လို့ သိရပြီး ပုံစံကောင်းရနေတဲ့ အသက် ၁၉ နှစ်သားဟာ စကော့တလန်ချန်ပီယံအသင်းရဲ့ B အသင်းမှာ စတင်ပွဲထွက်ခွင့်ရမှာဖြစ်ကြောင်း သိရှိရ။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဘဏ္ဍာရေးအခြေအနေအရ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ဗိုက်နာစျေးနဲ့ ရောင်းထုတ်သွားတော့မှာဖြစ်ပြီး စပိန်သားရဲ့ အပြောင်းအရွှေ့ကို လေ့လာနေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ သာသာယာယာ ဝယ်ယူသွားနိုင်ဖွယ်ရှိနေ။

နေရာမရလို့ အသင်းကထွက်ခွာချင်နေတဲ့ အန်ဒရေ ပါရဲရားကို မန်ချက်စတာယူနိုက်တက်က ပေါင် ၂၂ သန်းနဲ့ စျေးဖွင့်လိုက်ချိန်မှာ ဖီနာဘာချီအသင်းက အဆိုပါဘရာဇီးလ်ကို ချိတ်ဆက်လာခဲ့တယ်လို့ သိရသလို ဆိုးလ်ရှားရှင်းထုတ်သွားမယ့် ကစားသမား ၄ ဦးစာရင်းမှာ ဖီးလ်ဂျူံးစ်၊ အက်ဇဲလ် တွမ်ဇီဘီနဲ့ အဲရစ် ဘိုင်ယီတို့ ပါဝင်နေ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ကစားသမားရဲ့အေးဂျင့် မီနို ရွိုင်အိုလာက လီဗာပူးလ်အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ အံ့အားသင့်ဖွယ်ရာ သတင်းထွက်ပေါ်လာခဲ့ပြီး မြို့ခံရန်ဘက် မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တဲ့ ကားလို့စ် တီဗက်ဇ်ရဲ့ဖြစ်စဥ်လိုမျိုး ရင်နာစရာထပ်ကြုံရဦးမလားလို့ သရဲနီပရိသတ်တွေ စိုးရိမ်လာ။

မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းသားတွေပေါင်းစည်းပြီး ပေါ့ဘာကို အသင်းမှာဆက်နေဖို့ ဖျောင်းဖျနေတယ်လို့ သိရသလို စာချုပ်သစ်ကို ပယ်ချလိုက်တဲ့ ပြင်သစ်သားကို အမြန်ဆုံးလက်မှတ်ရေးထိုးစေဖို့ စည်းရုံးရေးဆင်းနေခြင်းဟာ အတိုင်းအတာတခုအထိ အောင်မြင်နေကြောင်း အတည်ပြုခံထားရလို့ သတင်းကောင်းဖြစ်လာ။

ဝုဗ်စ်အသင်းဟာ ရူဘင် နက်ဗက်စ်ကို အိုးထရက်ဖို့ဒ်ဆီ ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မန်ချက်စတာယူနိုက်တက်ဆီ သတင်းပါးလိုက်တာကြောင့် သရဲနီတို့ဟာ အသက် ၂၄ နှစ်သားကို ချိတ်ဆက်နေတဲ့ ဂန်းနားတို့ကို ကျော်ဖြတ်ပြီး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းသွားခဲ့။

ယူနိုက်တက်ကစားသမားသစ် ရာဖေးလ် ဗာရွန်းဟာ ရီယို ဖာဒီနန်ကို အောက်မေ့တသသဖြစ်မိစေတဲ့ ကစားသမားမျိုးလို့ သရဲနီလူဟောင်း ပက်ထရစ် အီဗရာက ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ အမြင့်ဘောရှင်းထုတ်ရာမှာ ပိုင်နိုင်မှုနဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်းတွေအပြင် ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်တာကြောင့် အပြီးပြည့်စုံဆုံးကစားသမားဖြစ်တယ်လို့ ပြင်သစ်သားချင်း အမွှမ်းတင်သွားခဲ့ရာမှာ ဗာရွန်းကိုယ်တိုင်ကလည်း ဖာဒီနန်ကို စံပြပုဂ္ဂိုလ်အဖြစ် ခံယူထားကြောင်းသိရ။

မန်ချက်စတာမြို့မှာ ဆေးစစ်မှုခံယူမယ့် ရာဖေးလ် ဗာရွန်းဟာ အခုရက်သတ္တပတ်အတွင်း ရောက်ရှိလာမှာဖြစ်ပြီး ကွာရန်တင်းဝင်ရမယ့် အစီအစဥ်တချို့ကြောင့်လည်း ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ဖို့ အနည်းငယ်ကြန့်ကြာဖွယ်ရှိနေကြောင်း သိရသလို ဆာအဲလက်စ် မခေါ်နိုင်ခဲ့တဲ့ အသက် ၂၈ နှစ်သားကို မိမိခေါ်ယူနိုင်ခဲ့လို့ အားပါးတရရှိနေကြောင်း နည်းပြဆိုးလ်ရှားက ရင်ဖွင့်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္လူငယ္ကစားသမား အီးသန္ အန္းနစ္ဟာ အန္ဖီးလ္ရဲ႕ စာခ်ဳပ္သစ္ကို ပယ္ခ်ခဲ့ၿပီး ခါးသီးၿပိဳင္ဘက္ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ေၾကာင္း သိရၿပီး ကြင္းလယ္တိုက္စစ္မႈးျဖစ္တဲ့ အသက္ ၁၆ ႏွစ္သားေလးဟာ ယူ-၁၈ အသင္းနဲ႔ ပူးေပါင္းသြားမွာျဖစ္သလို ယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ခြင့္ရတာဟာ ဂုဏ္ယူစရာအေကာင္းဆုံးျဖစ္ေၾကာင္း ေႂကြးေၾကာ္သြားခဲ့။

အေျပာင္းအေ႐ႊ႕မပိတ္ခင္ ကြင္းလယ္ခံစစ္တဦးကို ေခၚယူဦးမယ့္ နည္းျပဆိုးလ္ရွားဟာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္ကို ဆက္လက္ကင္းေထာက္ေနေၾကာင္း ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ အသုံးျပဳႏိုင္ဖြယ္ ရွိဦးမလားဆိုတာကေတာ့ ယူႏိုက္တက္ရဲ႕ ကစားသမားအထြက္စာရင္းမွာ မူတည္ေန။

အက္သလက္တီကို မက္ဒရစ္ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာဟာ ၾသဂုတ္လမကုန္ခင္မွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူ႔ကို ကမ္းလွမ္းသြားဖို႔ ေမွ်ာ္လင့္ေနသလို နည္းျပဆိုးလ္ရွားနဲ႔ အျမန္ဆုံးပူး​ေပါင္းသြားလိုေနေၾကာင္း သိရသလို အသက္ ၃၀ အ႐ြယ္ အဂၤလန္သားရဲ႕ မိသားစုဟာ မန္ခ်က္စတာၿမိဳ႕ကို ႀကိဳတင္ေျပာင္းေ႐ႊ႕ခဲ့ၿပီးျဖစ္ေၾကာင္း သတင္းထြက္လာခဲ့ၿပီး ေပါင္ ၂၅.၅ သန္းနဲ႔ ရႏိုင္ဖြယ္ရွိေန။

ရိန္းဂ်ားစ္နည္းျပ စတီဗင္ ဂ်ရတ္ဟာ စာခ်ဳပ္တႏွစ္က်န္ရွိေနေသးတဲ့ ယူႏိုက္တက္ ယူ-၂၃ ကြင္းလယ္လူ ခ်ာလီ မက္ကန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇ သိန္းခြဲနဲ႔ ေခၚယူသြားေတာ့မယ္လို႔ သိရၿပီး ပုံစံေကာင္းရေနတဲ့ အသက္ ၁၉ ႏွစ္သားဟာ စေကာ့တလန္ခ်န္ပီယံအသင္းရဲ႕ B အသင္းမွာ စတင္ပြဲထြက္ခြင့္ရမွာျဖစ္ေၾကာင္း သိရွိရ။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဘ႑ာေရးအေျခအေနအရ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ဗိုက္နာေစ်းနဲ႔ ေရာင္းထုတ္သြားေတာ့မွာျဖစ္ၿပီး စပိန္သားရဲ႕ အေျပာင္းအေ႐ႊ႕ကို ေလ့လာေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ နဲ႔ သာသာယာယာ ဝယ္ယူသြားႏိုင္ဖြယ္ရွိေန။

ေနရာမရလို႔ အသင္းကထြက္ခြာခ်င္ေနတဲ့ အန္ဒေရ ပါရဲရားကို မန္ခ်က္စတာယူႏိုက္တက္က ေပါင္ ၂၂ သန္းနဲ႔ ေစ်းဖြင့္လိုက္ခ်ိန္မွာ ဖီနာဘာခ်ီအသင္းက အဆိုပါဘရာဇီးလ္ကို ခ်ိတ္ဆက္လာခဲ့တယ္လို႔ သိရသလို ဆိုးလ္ရွားရွင္းထုတ္သြားမယ့္ ကစားသမား ၄ ဦးစာရင္းမွာ ဖီးလ္ဂ်ဴံးစ္၊ အက္ဇဲလ္ တြမ္ဇီဘီနဲ႔ အဲရစ္ ဘိုင္ယီတို႔ ပါဝင္ေန။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ကစားသမားရဲ႕ေအးဂ်င့္ မီႏို ႐ြိဳင္အိုလာက လီဗာပူးလ္အသင္းဆီ ကမ္းလွမ္းခဲ့တယ္လို႔ အံ့အားသင့္ဖြယ္ရာ သတင္းထြက္ေပၚလာခဲ့ၿပီး ၿမိဳ႕ခံရန္ဘက္ မန္စီးတီးကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ကားလို႔စ္ တီဗက္ဇ္ရဲ႕ျဖစ္စဥ္လိုမ်ိဳး ရင္နာစရာထပ္ႀကဳံရဦးမလားလို႔ သရဲနီပရိသတ္ေတြ စိုးရိမ္လာ။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ယူႏိုက္တက္အသင္းသားေတြေပါင္းစည္းၿပီး ေပါ့ဘာကို အသင္းမွာဆက္ေနဖို႔ ေဖ်ာင္းဖ်ေနတယ္လို႔ သိရသလို စာခ်ဳပ္သစ္ကို ပယ္ခ်လိုက္တဲ့ ျပင္သစ္သားကို အျမန္ဆုံးလက္မွတ္ေရးထိုးေစဖို႔ စည္း႐ုံးေရးဆင္းေနျခင္းဟာ အတိုင္းအတာတခုအထိ ေအာင္ျမင္ေနေၾကာင္း အတည္ျပဳခံထားရလို႔ သတင္းေကာင္းျဖစ္လာ။

ဝုဗ္စ္အသင္းဟာ ႐ူဘင္ နက္ဗက္စ္ကို အိုးထရက္ဖို႔ဒ္ဆီ ေရာင္းထုတ္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း မန္ခ်က္စတာယူႏိုက္တက္ဆီ သတင္းပါးလိုက္တာေၾကာင့္ သရဲနီတို႔ဟာ အသက္ ၂၄ ႏွစ္သားကို ခ်ိတ္ဆက္ေနတဲ့ ဂန္းနားတို႔ကို ေက်ာ္ျဖတ္ၿပီး ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ အလားအလာေကာင္းသြားခဲ့။

ယူႏိုက္တက္ကစားသမားသစ္ ရာေဖးလ္ ဗာ႐ြန္းဟာ ရီယို ဖာဒီနန္ကို ေအာက္ေမ့တသသျဖစ္မိေစတဲ့ ကစားသမားမ်ိဳးလို႔ သရဲနီလူေဟာင္း ပက္ထရစ္ အီဗရာက ခ်ီးက်ဴးသြားခဲ့ၿပီး သူ႔ရဲ႕ အျမင့္ေဘာရွင္းထုတ္ရာမွာ ပိုင္ႏိုင္မႈနဲ႔ ေဘာလုံးကိုင္ကစားႏိုင္စြမ္းေတြအျပင္ ကိုယ္တိုင္လည္း ဂိုးသြင္းယူႏိုင္တာေၾကာင့္ အၿပီးျပည့္စုံဆုံးကစားသမားျဖစ္တယ္လို႔ ျပင္သစ္သားခ်င္း အမႊမ္းတင္သြားခဲ့ရာမွာ ဗာ႐ြန္းကိုယ္တိုင္ကလည္း ဖာဒီနန္ကို စံျပပုဂၢိဳလ္အျဖစ္ ခံယူထားေၾကာင္းသိရ။

မန္ခ်က္စတာၿမိဳ႕မွာ ေဆးစစ္မႈခံယူမယ့္ ရာေဖးလ္ ဗာ႐ြန္းဟာ အခုရက္သတၱပတ္အတြင္း ေရာက္ရွိလာမွာျဖစ္ၿပီး ကြာရန္တင္းဝင္ရမယ့္ အစီအစဥ္တခ်ိဳ႕ေၾကာင့္လည္း ယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ဖို႔ အနည္းငယ္ၾကန္႔ၾကာဖြယ္ရွိေနေၾကာင္း သိရသလို ဆာအဲလက္စ္ မေခၚႏိုင္ခဲ့တဲ့ အသက္ ၂၈ ႏွစ္သားကို မိမိေခၚယူႏိုင္ခဲ့လို႔ အားပါးတရရွိေနေၾကာင္း နည္းျပဆိုးလ္ရွားက ရင္ဖြင့္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.