Premier League Transfer News

ချဲလ်ဆီးတို့ရဲ့ ဟားလန်းနဲ့ ကွန်ဒီတို့အတွက် ရွှေ့ကွက်တွေရဲ့ နောက်ဆုံးအခြေအနေများ

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တိုက်စစ်အားနည်းခဲ့လို့ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးတစ်ယောက်နဲ့ ဖြေရှင်းသွားဖို့ စီစဉ်နေခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂျာမန်ကလပ်ကတော့ နော်ဝေးသားလေးကို ရောင်းထုတ်ဖို့ ဆန္ဒမရှိဘဲ ထိန်းထားနေပေမယ့် အေးဂျင့် မီနို ရိုင်ယိုလာကတော့ အခြေအနေ မငြိမ်သက်အောင် သတင်းဖွနေသူပါ။ ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘက်စတီယန် ခါးလ်က သူ့အနေနဲ့ အေးဂျင့် ရိုင်ယိုလာနဲ့ ဟာလန်းကိစ္စမှာ ထပ်မတွေ့လိုကြောင်း ပြောသွားခဲ့ပါသေးတယ်။

ဂျာမန်သတင်းဌာနဖြစ်တဲ့ Bild မှာ ခေးလ်က “ဟာလန်းက ဒီနှစ်နွေမှာ အသင်းမှာ ရှိနေမှာလားဆိုရင်တော့ ဒါပေါ့ဗျာ။ ရိုင်ယိုလာနဲ့က ဒွန်ညဲလ် မာလန်ကိစ္စ ဆွေးနွေးတုန်းက တွေ့ဖြစ်တယ်။ ဒါပေမယ့် ဟာလန်းကိစ္စဆိုရင်တော့ သူနဲ့ ထပ်တွေ့ဖို့ စိတ်မဝင်စားဘူး”လို့ သူ့ခံစားချက်ကို ထုတ်ပြောခဲ့တာပါ။

ဆက်လက်ပြီး သူက “ဟာလန်းကိစ္စမှာ အခါတစ်ထောင်လောက် ဒီလို ထပ်ကြုံရမယ်ဆိုလည်း ကျွန်တော်တို့က သူ့ကို အခုချိန်မှာ ဘယ်အသင်းဆီမှ အပါမခံနိုင်ဘူး”လို့ ပြောသွားခဲ့တာပါ။ ဟာလန်းအနေနဲ့ နောက်နှစ်နွေမှာ စာချုပ်ပါလျော်ကြေး ပေါင် ၆၅ သန်းဝန်းကျင်သာ ရှိမှာဖြစ်လို့ ချဲလ်ဆီးအနေနဲ့ ပြိုင်ဘက်တွေထက် လက်ဦးမှု ရယူလိုနေတာပါ။

ဆီဗီလာနောက်ခံလူ ဂျူးလ်စ် ကွန်ဒီကို အရခေါ်ယူဖို့အတွက် ရည်ရွယ်ထားတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပြင်သစ်သားအတွက် နောက်ခံလူ ကာ့ထ် ဇူးမားနဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်တို့ထဲက စပိန်ကလပ်ဘက်က အလိုရှိတဲ့ ကစားသမားတစ်ဦးနဲ့အတူ ပေါင်သန်း ၃၀ ထပ်ဆောင်းကမ်းလှမ်းထားကြောင်း စပိန်မီဒီယာတွေ ဖော်ပြနေကြပါတယ်။

စာချုပ်ပါလျော်ကြေး ပေါင် ၇၆.၆ သန်း(ယူရိုသန်း ၉၀)ရှိတဲ့ ပြင်သစ်နောက်ခံလူအနေနဲ့ ဆီဗီလာနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့တာဖြစ်လို့ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့သလို သူ့အနေနဲ့လည်း ဆုဖလားတွေ ရယူလိုကြောင်း ထုတ်ပြောခဲ့ဖူးပါသေးတယ်။

ဆီဗီလာအသင်းအနေနဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ကွန်ဒီကို ရောင်းထုတ်ချင်နေတာဖြစ်ပြီး စာချုပ်ပါလျော်ကြေးထက် လျော့နည်းတဲ့ ပမာဏဖြစ်တဲ့ ပေါင်သန်း ၆၀ ရတာနဲ့ ရောင်းဖို့ စီစဉ်နေချိန်မှာ နောက်ခံလူ အစားထိုးဖို့ အဆင်သင့်အနေနဲ့ ချဲလ်ဆီးအသင်းကလည်း ဇူးမားနဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့တာပါ။

တစ်ဖက်မှာလည်း အတ္တလန်တာနောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူဖို့အတွက် အဆင်မပြေဖြစ်နေတဲ့ လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးစ်အသင်းကလည်း ချဲလ်ဆီးနောက်ခံလူ ဇူးမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကွန်ဒီရဲ့ အပြောင်းအရွှေ့ အခြေအနေကို စောင့်ကြည့်နေတာပါ။

တကယ်လို့များ ဆီဗီလာအနေနဲ့ ငွေသားချည်း သီးသန့်ယူမယ်ဆိုရင် စပါးစ်အနေနဲ့ ဇူးမားကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ကတော့ ကွန်ဒီကို ခေါ်ယူဖို့ ဇူးမားတစ်ယောက် ဘယ်ကိုသွားသွား ပေါင်သန်း ၃၀ သက်သာဖို့ရှိနေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက တိုက္စစ္အားနည္းခဲ့လို႔ ဂိုးသြင္းေသခ်ာတဲ့ တိုက္စစ္မႉးတစ္ေယာက္နဲ႔ ေျဖရွင္းသြားဖို႔ စီစဥ္ေနခဲ့ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ေျခစြမ္းျပခဲ့တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းနဲ႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ကလပ္ကေတာ့ ေနာ္ေဝးသားေလးကို ေရာင္းထုတ္ဖို႔ ဆႏၵမရွိဘဲ ထိန္းထားေနေပမယ့္ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကေတာ့ အေျခအေန မၿငိမ္သက္ေအာင္ သတင္းဖြေနသူပါ။ ေဒါ့မြန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဆီဘက္စတီယန္ ခါးလ္က သူ႔အေနနဲ႔ ေအးဂ်င့္ ႐ိုင္ယိုလာနဲ႔ ဟာလန္းကိစၥမွာ ထပ္မေတြ႕လိုေၾကာင္း ေျပာသြားခဲ့ပါေသးတယ္။

ဂ်ာမန္သတင္းဌာနျဖစ္တဲ့ Bild မွာ ေခးလ္က “ဟာလန္းက ဒီႏွစ္ေႏြမွာ အသင္းမွာ ရွိေနမွာလားဆိုရင္ေတာ့ ဒါေပါ့ဗ်ာ။ ႐ိုင္ယိုလာနဲ႔က ဒြန္ညဲလ္ မာလန္ကိစၥ ေဆြးေႏြးတုန္းက ေတြ႕ျဖစ္တယ္။ ဒါေပမယ့္ ဟာလန္းကိစၥဆိုရင္ေတာ့ သူနဲ႔ ထပ္ေတြ႕ဖို႔ စိတ္မဝင္စားဘူး”လို႔ သူ႔ခံစားခ်က္ကို ထုတ္ေျပာခဲ့တာပါ။

ဆက္လက္ၿပီး သူက “ဟာလန္းကိစၥမွာ အခါတစ္ေထာင္ေလာက္ ဒီလို ထပ္ႀကဳံရမယ္ဆိုလည္း ကြၽန္ေတာ္တို႔က သူ႔ကို အခုခ်ိန္မွာ ဘယ္အသင္းဆီမွ အပါမခံႏိုင္ဘူး”လို႔ ေျပာသြားခဲ့တာပါ။ ဟာလန္းအေနနဲ႔ ေနာက္ႏွစ္ေႏြမွာ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၆၅ သန္းဝန္းက်င္သာ ရွိမွာျဖစ္လို႔ ခ်ဲလ္ဆီးအေနနဲ႔ ၿပိဳင္ဘက္ေတြထက္ လက္ဦးမႈ ရယူလိုေနတာပါ။

ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ဒီကို အရေခၚယူဖို႔အတြက္ ရည္႐ြယ္ထားတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ျပင္သစ္သားအတြက္ ေနာက္ခံလူ ကာ့ထ္ ဇူးမားနဲ႔ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္တို႔ထဲက စပိန္ကလပ္ဘက္က အလိုရွိတဲ့ ကစားသမားတစ္ဦးနဲ႔အတူ ေပါင္သန္း ၃၀ ထပ္ေဆာင္းကမ္းလွမ္းထားေၾကာင္း စပိန္မီဒီယာေတြ ေဖာ္ျပေနၾကပါတယ္။

စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၇၆.၆ သန္း(ယူ႐ိုသန္း ၉၀)ရွိတဲ့ ျပင္သစ္ေနာက္ခံလူအေနနဲ႔ ဆီဗီလာနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ရွိေနေသးၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းကလည္း ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္လို႔ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိလာခဲ့သလို သူ႔အေနနဲ႔လည္း ဆုဖလားေတြ ရယူလိုေၾကာင္း ထုတ္ေျပာခဲ့ဖူးပါေသးတယ္။

ဆီဗီလာအသင္းအေနနဲ႔ ဘ႑ာေရးအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔အတြက္ ကြန္ဒီကို ေရာင္းထုတ္ခ်င္ေနတာျဖစ္ၿပီး စာခ်ဳပ္ပါေလ်ာ္ေၾကးထက္ ေလ်ာ့နည္းတဲ့ ပမာဏျဖစ္တဲ့ ေပါင္သန္း ၆၀ ရတာနဲ႔ ေရာင္းဖို႔ စီစဥ္ေနခ်ိန္မွာ ေနာက္ခံလူ အစားထိုးဖို႔ အဆင္သင့္အေနနဲ႔ ခ်ဲလ္ဆီးအသင္းကလည္း ဇူးမားနဲ႔ အလိုက္ေပး ကမ္းလွမ္းခဲ့တာပါ။

တစ္ဖက္မွာလည္း အတၱလန္တာေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးကို ေခၚယူဖို႔အတြက္ အဆင္မေျပျဖစ္ေနတဲ့ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကလည္း ခ်ဲလ္ဆီးေနာက္ခံလူ ဇူးမားကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ကြန္ဒီရဲ႕ အေျပာင္းအေ႐ႊ႕ အေျခအေနကို ေစာင့္ၾကည့္ေနတာပါ။

တကယ္လို႔မ်ား ဆီဗီလာအေနနဲ႔ ေငြသားခ်ည္း သီးသန႔္ယူမယ္ဆိုရင္ စပါးစ္အေနနဲ႔ ဇူးမားကို ေပါင္သန္း ၃၀ နဲ႔ ေခၚယူသြားမွာျဖစ္ၿပီး ခ်ဲလ္ဆီးအေနနဲ႔ကေတာ့ ကြန္ဒီကို ေခၚယူဖို႔ ဇူးမားတစ္ေယာက္ ဘယ္ကိုသြားသြား ေပါင္သန္း ၃၀ သက္သာဖို႔ရွိေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.