Other Leagues Premier League

ပရီးမီးယားလိဂ်ပွဲစဉ်တွေ မပြီးဆုံးခင် ဇူလိုင်လမှာပဲ ချဲလ်ဆီးအသင်းကို ရောက်လာနိုင်တဲ့ ဇီယက်ခ်ျ

အိုင်းယက်စ်အသင်းကနေ လာမယ့်အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီယက်ခ်ျအနေနဲ့ နယ်သာလန်ပထမတန်းရဲ့ ပွဲစဉ်တွေကို ဖျက်သိမ်းဖို့ ရှိနေချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားနေတုန်းမှာပဲ ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။



၂၀၁၉-၂၀ ရာသီရဲ့ အမှတ်ပေးပြိုင်ပွဲတွေကို ရပ်နားမယ့် ဒတ်ခ်ျဘောလုံးလောကရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဒီရာသီရဲ့ ရပ်တည်မှုတွေကို ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်ပြီး အင်္ဂလိပ်နည်းပြ အလန် ပါဂျူးကိုင်တွယ်နေတဲ့ အာဒူဒင်းနတ်အသင်းကတော့ အမှတ်ပေးဇယားရဲ့ ဒုတိယအောက်ဆုံးမှာ ရပ်တည်နေလို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဇီယက်ခ်ျအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ဇူလိုင်လ ၁ ရက်နေ့မှာ ပူးပေါင်းနိုင်ပေမယ့် အဲ့ဒီအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ကစားနေကြမယ့် အသင်းရဲ့ လူစာရင်းအတွက်တော့ နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ အသုံးပြုနိုင်မှာ မဟုတ်ဘဲ နောက်ရာသီသစ်မှာမှ ချဲလ်ဆီးအသင်းရဲ့ ကစားသမားအဖြစ် တရားဝင် မှတ်ပုံတင်နိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: အိုင်းယက်စ်အသင်းကနေ လာမယ့်အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်အနေနဲ့ နယ်သာလန်ပထမတန်းရဲ့ ပွဲစဉ်တွေကို ဖျက်သိမ်းဖို့ ရှိနေချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားနေတုန်းမှာပဲ ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ချဲလ်ဆီးအသင်းကို ရာသီကုန်မှာ ရောင်းချဖို့ ပေါင် ၃၆.၆ သန်း (ယူရိုသန်း ၄၀)နဲ့ သဘောတူညီခဲ့တဲ့ ဒီအသက် ၂၇ နှစ်အရွယ် မော်ရိုကိုတောင်ပံကစားသမားဟာ အသင်းသစ်ကို ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်ပြောင်းရွှေ့ဖို့ ရှိနေပြီး စောင့်ဆိုင်းစရာ မလိုဘူးလို့ ဆိုပါတယ်။

နယ်သာလန်နိုင်ငံအစိုးရကတော့ သူတို့ရဲ့ ပြည်တွင်းက ဘောလုံးပြိုင်ပွဲတွေကို စက်တင်ဘာလ ၁ ရက်နေ့အထိ ကစားခွင့်မပြုဖို့ အမိန့်ထုတ်ထားခဲ့ပြီး လက်ရှိဘောလုံးရာသီအနေနဲ့တော့ ဒီလောက်ကြာအောင် စောင့်ဆိုင်းနိုင်ခြင်းမရှိလို့ ဇွန်လ ၃၀ ရက်နေ့မှာ တရားဝင်ပိတ်သိမ်းသွားဖို့ ရှိနေတာပါ။

၂၀၁၉-၂၀ ရာသီရဲ့ အမှတ်ပေးပြိုင်ပွဲတွေကို ရပ်နားမယ့် ဒတ်ချ်ဘောလုံးလောကရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဒီရာသီရဲ့ ရပ်တည်မှုတွေကို ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်ပြီး အင်္ဂလိပ်နည်းပြ အလန် ပါဂျူးကိုင်တွယ်နေတဲ့ အာဒူဒင်းနတ်အသင်းကတော့ အမှတ်ပေးဇယားရဲ့ ဒုတိယအောက်ဆုံးမှာ ရပ်တည်နေလို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဇီယက်ချ်အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ဇူလိုင်လ ၁ ရက်နေ့မှာ ပူးပေါင်းနိုင်ပေမယ့် အဲ့ဒီအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ကစားနေကြမယ့် အသင်းရဲ့ လူစာရင်းအတွက်တော့ နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ အသုံးပြုနိုင်မှာ မဟုတ်ဘဲ နောက်ရာသီသစ်မှာမှ ချဲလ်ဆီးအသင်းရဲ့ ကစားသမားအဖြစ် တရားဝင် မှတ်ပုံတင်နိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.