Analysis Other Premier League

ဗန်ဒိုက်၊ ရူဘင် ဒီယက်စ်တို့ရဲ့ လမ်းစဉ်ကို ဆက်လျှောက်မယ့် တတိယဟီးရိုး​က ဗာရွန်းလား

မန်ချက်စတာယူနိုက်တက်အသင်းသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်မယ်ဆိုရင် အခုနွေရာသီစျေးကွက်မှာ အားဖြည့်ဖို့ အသင့်ဆုံးနေရာက ကမ္ဘာ့အဆင့် ဗဟိုခံစစ်မှူးဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ အတည်ပြုထားခဲ့ကြသလို လက်ရှိမှာ သူတို့တွေ အကောင်အထည် ဖော်နိုင်လိုက်ပြီလို့ ဆိုရမှာပါ။

အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မယ့် ရာဖေးလ် ဗာရွန်းရဲ့ အပြောင်းအရွှေ့ကို ယူနိုက်တက်က တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်ပြီး ဒါဟာ ဗာဂျီးလ် ဗန်ဒိုက်က လီဗာပူးလ်ရဲ့ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို အဓိကကစားသမားနေရာကနေ သမိုင်းဝင်အောင်မြင်မှုအဖြစ် ​ဆောင်ကျဥ်းပေးနိုင်သလို ဒီစံနမူနာကောင်းကို ခြေရာနင်းနိုင်မလာလို့ စောင့်ကြည့်ခံလာရပါပြီ။

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထဲမှာတော့ မန်စီးတီးအသင်းဟ တိုက်စစ်အဆိပ်ပြင်းသလောက် ခံစစ်မှာ ရေမြွေဖြစ်နေလို့ ပြီးခဲ့တဲ့နွေရာသီက နည်းပြ ဂွါဒီယိုလာရဲ့ တောင်းဆိုမှုနဲ့ ပေါ်တူဂီသား ရူဘင် ဒီယက်စ်ကို အင်အားဖြည့်ပြီးချိန်မှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်ပြီး ချန်ပီယံအဖြစ် အောင်ပွဲခံပြီး လီဗာပူးလ်ဆီက လက်လွှဲရယူနိုင်ခဲ့တာက ယူနိုက်တက်နဲ့ ဗာရွန်းတို့အတွက် စံနမူနာကောင်းအဖြစ်လည်း ရှိနေခဲ့ပါတယ်။

ဒီဥပမာတွေအရ လီဗာပူးလ်က ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်းသုံးစွဲခဲ့ရသလို မန်စီးတီးက ဒီယာ့စ်အတွက် ပေါင် ၆၂ သန်းသုံးစွဲခဲ့ရပြီး ယူနိုက်တက်အသင်းကတော့ ချန်ပီယံလိဂ် ၄ ထပ်ကွမ်းချန်ပီယံ၊ လာလီဂါ ၃ လုံးချန်ပီယံနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ကမ္ဘာ့အဆင့် သက်သေပြပြီးသား အသက် ၂၈ နှစ်သား ဗာရွန်းကိုတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ရရှိခဲ့တာက အတော်လေးထိုက်သင့်ခဲ့ပါတယ်။

ဒီနေရာမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အဲဗာတန်ကို ၃-၃ နဲ့ သရေကျခဲ့တဲ့ပွဲစဥ်မှာ ယူနိက်တက်ခံစစ်ကို ပြန်ကြည့်မယ်ဆိုရင် ပထမပိုင်းမှာ တိုက်စစ်တန်ဖိုးက အတော်လေးမြင့်မားခဲ့သလောက် ခံစစ်တန်ဖိုးကတော့ အတော်လေးရွဲခဲ့ပြီး ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ အဲဗာတန်ကို ၃ ဂိုးစလုံး ခွင့်ပြု​ပေးခဲ့ရတာပါ။

နှစ်ကြိမ်တိုင်တိုင် ဦးဆောင်မှုကို ချေပခံခဲ့ရပြီး နောက်ဆုံးမိနစ် ချေပဂိုးအထိ ခွင့်ပြုခဲ့ရတာက ယူနိုက်တက်ကို ချန်ပီယံဖြစ်ဖို့ မလုံလောက်ဘူးလို့ ဆေးခါးကြီးတိုက်နိုင်ခဲ့တဲ့ အမှန်တရားတခုဖြစ်ခဲ့ပြီး တည်ကန်ဘောတွေမှာ ကြီးကြီးမားမား ချို့ယွင်းနေတဲ့ ယူနိုက်တက်ခံစစ်ကို မက်ဂွိုင်းယား+ဗာရွန်းအတွဲက ဘယ်လိုမာကျောသွားစေနိုင်မလဲလို့ ကြိုတင်ရင်ခုန်စရာဖြစ်နေပါတယ်။

ပက်ထရစ် အီဗရာရဲ့ အဆိုအတိုင်း ဗာရွန်းဟာ အမြင့်ဘောနိုင်နင်းတယ်၊ ဘောလုံးကိုင်ကစားနိုင်တယ်၊ ကိုယ်တိုင် ခေါင်းတိုက်ဂိုးသွင်းနိုင်တယ်… ဒီအရည်အသွေးတွေဟာ ရီယို ဖာဒီနန်ကို အောက်မေ့သတိရစေတယ်လို့ ချီးကျူးမှုဟာ ဖရိုဖရဲနိုင်လွန်းတဲ့ မက်ဂွိုင်းယား+လန်ဒီလော့ဖ်အတွဲကို ယူနိုက်တက် ပရိသတ်တွေ မေ့ဖျောက်လိုက်နိုင်ဖို့လည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီက ယူနိုက်တက်ရဲ့ ပေးဂိုး ၄၄ ဂိုးဟာ ဗန်ဒိုက်ကို စွန့်လွှတ်ထားခဲ့ရတဲ့ လီဗာပူးလ်၊ တစ်ရာသီအတွင်း နည်းပြနှစ်ယောက် ပြောင်းလဲကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီး၊ အဆင့် ၈ နဲ့ ဇာတ်သိမ်းပြီး ဥရောပတန်းမဝင်ခဲ့ဘူးဆိုတဲ့ အာဆင်နယ်အသင်းတို့ထက်တောင် ပိုများတဲ့ကိန်းဂဏန်းဖြစ်နေပြီး ဒါကို ကိုင်တွယ်ရမယ့် ဆိုးလ်ရှားရဲ့ တာဝန်​ကျေဖို့လည်း လိုနေတာပါ။

“ကျွန်တော်တို့အသင်းက လွန်ခဲ့တဲ့နှစ်တွေကထက် ဂိုးအများကြီး ပိုသွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ခံစစ်ကို လုံခြုံအောင် တည်​​​ဆောက်ရပါဦးမယ်။ ခံစစ်ကနေ ဂိုးတွေ အလွန်အကျွံ ခွင့်ပြုပေးခဲ့ရပါတယ်။ အထူးသဖြင့် တည်ကန်ဘောတွေကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်နေပါတယ်”လို့ ရာသီကြိုမှာ နည်းပြ ဆိုးလ်ရှားက ဗာရွန်းနဲ့အတူ ပြုပြင်ပြောင်းလဲနိုင်ခြေကို အရိပ်အမြွက် ပြောပြသွားခဲ့တာမို့ အသွင်သစ်နဲ့ ခံစစ်ကြောင်းဟာ မန်ချက်စတာယူနိုက်တက်အတွက် ဆုဖလားတွေ သန္ဓေတည်ရာဖြစ်လာမလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာ ယူႏိုက္တက္အသင္းသာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚမယ္ဆိုရင္ အခုေႏြရာသီေစ်းကြက္မွာ အားျဖည့္ဖို႔ အသင့္ဆုံးေနရာက ကမာၻ႔အဆင့္ ဗဟိုခံစစ္မႉးျဖစ္တယ္လို႔ ေဘာလုံးကြၽမ္းက်င္သူေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းအထိ အတည္ျပဳထားခဲ့ၾကသလို လက္ရွိမွာ သူတို႔ေတြ အေကာင္အထည္ ေဖာ္ႏိုင္လိုက္ၿပီလို႔ ဆိုရမွာပါ။

အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာေတာ့မယ့္ ရာေဖးလ္ ဗာ႐ြန္းရဲ႕ အေျပာင္းအေ႐ႊ႕ကို ယူႏိုက္တက္က တရားဝင္ေၾကျငာသြားခဲ့ၿပီျဖစ္ၿပီး ဒါဟာ ဗာဂ်ီးလ္ ဗန္ဒိုက္က လီဗာပူးလ္ရဲ႕ ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဆုဖလားကို အဓိကကစားသမားေနရာကေန သမိုင္းဝင္ေအာင္ျမင္မႈအျဖစ္ ​ေဆာင္က်ဥ္းေပးႏိုင္သလို ဒီစံနမူနာေကာင္းကို ေျခရာနင္းႏိုင္မလာလို႔ ေစာင့္ၾကည့္ခံလာရပါၿပီ။

ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြထဲမွာေတာ့ မန္စီးတီးအသင္းဟ တိုက္စစ္အဆိပ္ျပင္းသေလာက္ ခံစစ္မွာ ေရေႁမြျဖစ္ေနလို႔ ၿပီးခဲ့တဲ့ေႏြရာသီက နည္းျပ ဂြါဒီယိုလာရဲ႕ ေတာင္းဆိုမႈနဲ႔ ေပၚတူဂီသား ႐ူဘင္ ဒီယက္စ္ကို အင္အားျဖည့္ၿပီးခ်ိန္မွာ ေပးဂိုးအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ၿပီး ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံၿပီး လီဗာပူးလ္ဆီက လက္လႊဲရယူႏိုင္ခဲ့တာက ယူႏိုက္တက္နဲ႔ ဗာ႐ြန္းတို႔အတြက္ စံနမူနာေကာင္းအျဖစ္လည္း ရွိေနခဲ့ပါတယ္။

ဒီဥပမာေတြအရ လီဗာပူးလ္က ဗန္ဒိုက္အတြက္ ေပါင္ ၇၅ သန္းသုံးစြဲခဲ့ရသလို မန္စီးတီးက ဒီယာ့စ္အတြက္ ေပါင္ ၆၂ သန္းသုံးစြဲခဲ့ရၿပီး ယူႏိုက္တက္အသင္းကေတာ့ ခ်န္ပီယံလိဂ္ ၄ ထပ္ကြမ္းခ်န္ပီယံ၊ လာလီဂါ ၃ လုံးခ်န္ပီယံနဲ႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ကမာၻ႔အဆင့္ သက္ေသျပၿပီးသား အသက္ ၂၈ ႏွစ္သား ဗာ႐ြန္းကိုေတာ့ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄ သန္းနဲ႔ ရရွိခဲ့တာက အေတာ္ေလးထိုက္သင့္ခဲ့ပါတယ္။

ဒီေနရာမွာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက အဲဗာတန္ကို ၃-၃ နဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ယူနိက္တက္ခံစစ္ကို ျပန္ၾကည့္မယ္ဆိုရင္ ပထမပိုင္းမွာ တိုက္စစ္တန္ဖိုးက အေတာ္ေလးျမင့္မားခဲ့သေလာက္ ခံစစ္တန္ဖိုးကေတာ့ အေတာ္ေလး႐ြဲခဲ့ၿပီး ဂိုးေပါက္တည့္မႈ ၃ ႀကိမ္မွာ အဲဗာတန္ကို ၃ ဂိုးစလုံး ခြင့္ျပဳ​ေပးခဲ့ရတာပါ။

ႏွစ္ႀကိမ္တိုင္တိုင္ ဦးေဆာင္မႈကို ေခ်ပခံခဲ့ရၿပီး ေနာက္ဆုံးမိနစ္ ေခ်ပဂိုးအထိ ခြင့္ျပဳခဲ့ရတာက ယူႏိုက္တက္ကို ခ်န္ပီယံျဖစ္ဖို႔ မလုံေလာက္ဘူးလို႔ ေဆးခါးႀကီးတိုက္ႏိုင္ခဲ့တဲ့ အမွန္တရားတခုျဖစ္ခဲ့ၿပီး တည္ကန္ေဘာေတြမွာ ႀကီးႀကီးမားမား ခ်ိဳ႕ယြင္းေနတဲ့ ယူႏိုက္တက္ခံစစ္ကို မက္ဂြိဳင္းယား+ဗာ႐ြန္းအတြဲက ဘယ္လိုမာေက်ာသြားေစႏိုင္မလဲလို႔ ႀကိဳတင္ရင္ခုန္စရာျဖစ္ေနပါတယ္။

ပက္ထရစ္ အီဗရာရဲ႕ အဆိုအတိုင္း ဗာ႐ြန္းဟာ အျမင့္ေဘာႏိုင္နင္းတယ္၊ ေဘာလုံးကိုင္ကစားႏိုင္တယ္၊ ကိုယ္တိုင္ ေခါင္းတိုက္ဂိုးသြင္းႏိုင္တယ္… ဒီအရည္အေသြးေတြဟာ ရီယို ဖာဒီနန္ကို ေအာက္ေမ့သတိရေစတယ္လို႔ ခ်ီးက်ဴးမႈဟာ ဖ႐ိုဖရဲႏိုင္လြန္းတဲ့ မက္ဂြိဳင္းယား+လန္ဒီေလာ့ဖ္အတြဲကို ယူႏိုက္တက္ ပရိသတ္ေတြ ေမ့ေဖ်ာက္လိုက္ႏိုင္ဖို႔လည္း ျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီက ယူႏိုက္တက္ရဲ႕ ေပးဂိုး ၄၄ ဂိုးဟာ ဗန္ဒိုက္ကို စြန္႔လႊတ္ထားခဲ့ရတဲ့ လီဗာပူးလ္၊ တစ္ရာသီအတြင္း နည္းျပႏွစ္ေယာက္ ေျပာင္းလဲကိုင္တြယ္ခဲ့တဲ့ ခ်ယ္လ္ဆီး၊ အဆင့္ ၈ နဲ႔ ဇာတ္သိမ္းၿပီး ဥေရာပတန္းမဝင္ခဲ့ဘူးဆိုတဲ့ အာဆင္နယ္အသင္းတို႔ထက္ေတာင္ ပိုမ်ားတဲ့ကိန္းဂဏန္းျဖစ္ေနၿပီး ဒါကို ကိုင္တြယ္ရမယ့္ ဆိုးလ္ရွားရဲ႕ တာဝန္​ေက်ဖို႔လည္း လိုေနတာပါ။

“ကြၽန္ေတာ္တို႔အသင္းက လြန္ခဲ့တဲ့ႏွစ္ေတြကထက္ ဂိုးအမ်ားႀကီး ပိုသြင္းႏိုင္ခဲ့တယ္။ ဒါေပမယ့္ ခံစစ္ကို လုံၿခဳံေအာင္ တည္​​​ေဆာက္ရပါဦးမယ္။ ခံစစ္ကေန ဂိုးေတြ အလြန္အကြၽံ ခြင့္ျပဳေပးခဲ့ရပါတယ္။ အထူးသျဖင့္ တည္ကန္ေဘာေတြကို ကာကြယ္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျပင္ဆင္ေနပါတယ္”လို႔ ရာသီႀကိဳမွာ နည္းျပ ဆိုးလ္ရွားက ဗာ႐ြန္းနဲ႔အတူ ျပဳျပင္ေျပာင္းလဲႏိုင္ေျခကို အရိပ္အႁမြက္ ေျပာျပသြားခဲ့တာမို႔ အသြင္သစ္နဲ႔ ခံစစ္ေၾကာင္းဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဆုဖလားေတြ သေႏၶတည္ရာျဖစ္လာမလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.