မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ဒီနေ့ဒီအချိန်အထိ ပြိုင်ဆိုင်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်လို့ နှစ်ခုပြည့်မြောက်အောင် ပြိုင်ဆိုင်သွားကြမလားလို့ မျှော်လင့်ချင်စရာဖြစ်နေချိန်မှာ ဒီတစ်ခါမှာတော့ အာဂျင်တီးနားသားဘက်က ပေါ်တူဂီသားအပေါ် ပြတ်ပြတ်သားသား အသာစီးရယူထားတဲ့ ကွင်းတွင်း စွမ်းဆောင်ရည် ၅ ခုကို ရွေးထုတ်ပြသွားချင်ပါတယ်။
၅။ စည်းကမ်းပိုင်း
မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ တိုက်စစ်ကစားသမားတွေဖြစ်ကြတာကြောင့် ခံစစ်သမားတွေလိုတော့ အဝါ၊ အနီ အများကြီးနဲ့ မကြုံတွေ့ရဘူးလို့ ဆိုနိုင်ပေမယ့် သူတို့မှာလည်း ကွင်းထဲက ထွက်ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိရာမှာ မက်ဆီက နည်းပြီး ရော်နယ်လ်ဒိုက ပိုများလို့ စည်းကမ်းပိုင်းဆိုင်ရာမှာ အာဂျင်တိုင်းကြီးက သာလွန်ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်အတွင်း ကွင်းထဲက ၃ ကြိမ်သာ ထုတ်ပယ်ခံရဖူးပြီး ဒါတွေအားလုံးက တိုက်ရိုက်အနီကတ်နဲ့ ထွက်ခဲ့ရတာဖြစ်ချိန်မှာ ရော်နယ်လ်ဒိုကတော့ သူ့ရဲ့ ကြံ့ခိုင်မှု ပိုအားကိုးတဲ့ ပုံစံကြောင့် နှစ်ဝါတစ်နီအပါအဝင် ၁၁ ကြိမ် အထုတ်ခံရဖူးသလို ၇ ကြိမ်ကတော့ တိုက်ရိုက်အနီကတ်ဖြစ်ခဲ့ပါတယ်။
၄။ အဝေးကန်ချက်များ
မက်ဆီရဲ့ နောက်တစ်ချက်သာလွန်မှုကတော့ ဂိုးဧရိယာပြင်ပကနေ ကန်သွင်းချက်တွေဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ ရော်နယ်လ်ဒိုရဲ့ Roaming Style ကနေ Fox in the Box Style ကို ပြောင်းသွားတာကြောင့် ပိုမိုကွာခြားလာခဲ့ပါတယ်။ ဂိုးသမားတွေအတွက်တော့ မက်ဆီရဲ့ အဝေးကန်ချက်တွေကို ပိုမိုထိတ်လန့်ရပြီး သူတို့နှစ်ဦးကြားမှာ အသာစီးရယူထားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာတစ်သင်းတည်းမှာပဲ တောက်လျှောက်ကစားခဲ့တဲ့ တိုက်စစ်မှူးဟာ ဧရိယာအပြင်ကနေ ၇၅ ဂိုးသွင်းယူထားနိုင်ချိန်မှာ လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူးကတော့ ၅၇ ဂိုး သွင်းယူထားနိုင်တာပါ။ မက်ဆီက ၁၂.၄ ပွဲမှာ အဝေးကန်ချက်နဲ့ တစ်ဂိုးရချိန်မှာ ရော်နယ်လ်ဒိုကတော့ ၁၈.၈ ပွဲမှာမှ တစ်ဂိုးရတာဖြစ်ပါတယ်။
၃။ ဖန်တီးမှုစွမ်းရည်
ဒီတစ်ချက်ကတော့ ငယ်စဉ်ကတည်းက မက်ဆီက ပိုသာတဲ့အချက်ဖြစ်ပါတယ်။ လာမာစီယာထွက် ကစားသမားဟာ ဘောလုံးပေးပို့ပုံတိကျမှုနဲ့ အတူ ဘာစီလိုနာရဲ့ DNA စစ်စစ်ကို ဒီအသက်အရွယ်အထိ ပြသနေပြီး ဇာဗီနဲ့ အင်နီယေစတာတို့ရဲ့ အမွေကို ဆက်ခံရယူထားနိုင်သလို အသင်းဖော်တွေကို ဖန်တီးပေးပို့မှုကလည်း အများအပြား ပြုလုပ်ထားသူပါ။
ကလပ်အသင်းကစားသမားဘဝတစ်လျှောက် ၈၉၄ ပွဲ ကစားထားပြီး ၂၂၉ ဂိုး (တစ်ပွဲပျမ်းမျှ ၀.၂၆) ဖန်တီးပေးထားတဲ့ ပေါ်တူဂီ GOAT ကို အာဂျင်တီးနား GOAT က ၇၇၈ ပွဲမှာ ၃၀၅ ဂိုး (တစ်ပွဲပျမ်းမျှ ၀.၃၉) ဖန်တီးပြီး အသင်းဖော်တွေအတွက် ပိုမိုအကျိုးပြုပြခဲ့သလို သူ့ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတစ်ရပ်အဖြစ် ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။
၂။ ဖရီးကစ်ကန်သွင်းမှု
မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြားက ဒီအချက်က ပိုပြီး စိတ်ဝင်စားစရာဖြစ်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကစားသမားဘဝ အစပိုင်းတုန်းက မက်ဆီဟာ ဖရီးကစ်က ဘာမှ မလုပ်တတ်ချိန်မှာ ရော်နယ်လ်ဒိုရဲ့ ဂိမ်းထဲက ပုံစံဆန်ဆန် ဝါးလုံးထိုး ဖရီးကစ်ကန်ချက်တွေက ဂိုးသမားတွေကို ငုတ်တုတ်မေ့စေခဲ့တာပါ။ ဒါပေမယ့် အသက်အရွယ်ရလာချိန်မှာတော့ ပြောင်းပြန်ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ အာဂျင်တီးနားသားရဲ့ ဖရီးကစ်တွေက တိကျတဲ့ ဝေ့ဝိုက်ကန်ချက်တွေနဲ့ ကြောက်စရာကောင်းနေပြီး ဂိုးသမားတွေရဲ့ အားနည်းချက်တွေကို ရှာဖွေအနိုင်ယူနေချိန်မှာ ပေါ်တူဂီကြီးကတော့ ဒီအပိုင်းမှာ ဂိုးတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲက အီကွေဒေါနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ နောက်ဆုံးမိနစ်ဂိုးက မက်ဆီရဲ့ ၅၇ လုံးမြောက် ဖရီးကစ်ဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တာပါ။
၁။ ဘောလုံးဆွဲပြေးမှု
မက်ဆီရဲ့ ထူးခြားထင်ရှားတဲ့ စွမ်းရည်က ငယ်စဉ်ကတည်းကနေ လက်ရှိအချိန်အထိ ကျဆင်းသွားခြင်းမရှိသေးပါဘူး။ တစ်ဦးချင်းမက နှစ်ဦးထက်ပိုတဲ့ တစ်ဖက်ကစားသမားတွေကို ဖြတ်ကျော်ပြီး ကွင်းလယ်ကနေ မွှေနှောက်နိုင်ဆဲဖြစ်ချိန်မှာ ရော်နယ်လ်ဒိုကတော့ နေရာယူမှုတွေနဲ့ ဂိုးသွင်းဖို့ အသင့်ဖြစ်နိုင်မယ့် နေရာတွေကို ရွေ့လျားနေရာယူပြီး လိမ်ဖို့ခေါက်ဖို့ကို စိတ်မဝင်စားတော့တာပါ။
အသက် ၃၀ ကျော်မှာ အမြန်နှုန်း ကျဆင်းလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း တစ်ပွဲပျမ်းမျှ ၂ ကြိမ်သာ ဘောလုံးဆွဲပြေးတော့ပြီး မက်ဆီကတော့ ၄ ကြိမ်အထိ ပျမ်းမျှပြုလုပ်နိုင်ဆဲဖြစ်ပါတယ်။ သူတို့တွေရဲ့ အကောင်းဆုံးအချိန်တွေတုန်းက ဖာဂူဆန်လက်အောက်မှာ ပေါ်တူဂီသားဟာ တစ်ပွဲပျမ်းမျှ ၄ ကြိမ် ဘောလုံးဆွဲပြေးဖူးပြီး အာဂျင်တီးနားသားကတော့ ဂွါဒီယိုလာလက်အောက်မှာ ပျမ်းမျှ ၉ ကြိမ်အထိ လုပ်ပြခဲ့ဖူးတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ဒီေန႔ဒီအခ်ိန္အထိ ၿပိဳင္ဆိုင္လာခဲ့တာ ဆယ္စုႏွစ္တစ္ခုေက်ာ္လို႔ ႏွစ္ခုျပည့္ေျမာက္ေအာင္ ၿပိဳင္ဆိုင္သြားၾကမလားလို႔ ေမွ်ာ္လင့္ခ်င္စရာျဖစ္ေနခ်ိန္မွာ ဒီတစ္ခါမွာေတာ့ အာဂ်င္တီးနားသားဘက္က ေပၚတူဂီသားအေပၚ ျပတ္ျပတ္သားသား အသာစီးရယူထားတဲ့ ကြင္းတြင္း စြမ္းေဆာင္ရည္ ၅ ခုကို ေ႐ြးထုတ္ျပသြားခ်င္ပါတယ္။
၅။ စည္းကမ္းပိုင္း
မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ တိုက္စစ္ကစားသမားေတြျဖစ္ၾကတာေၾကာင့္ ခံစစ္သမားေတြလိုေတာ့ အဝါ၊ အနီ အမ်ားႀကီးနဲ႔ မႀကဳံေတြ႕ရဘူးလို႔ ဆိုႏိုင္ေပမယ့္ သူတို႔မွာလည္း ကြင္းထဲက ထြက္ခဲ့ရတဲ့ အခိုက္အတန႔္ေတြ ရွိရာမွာ မက္ဆီက နည္းၿပီး ေရာ္နယ္လ္ဒိုက ပိုမ်ားလို႔ စည္းကမ္းပိုင္းဆိုင္ရာမွာ အာဂ်င္တိုင္းႀကီးက သာလြန္ပါတယ္။
မက္ဆီဟာ လက္ရွိအခ်ိန္အတြင္း ကြင္းထဲက ၃ ႀကိမ္သာ ထုတ္ပယ္ခံရဖူးၿပီး ဒါေတြအားလုံးက တိုက္႐ိုက္အနီကတ္နဲ႔ ထြက္ခဲ့ရတာျဖစ္ခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ သူ႔ရဲ႕ ႀကံ့ခိုင္မႈ ပိုအားကိုးတဲ့ ပုံစံေၾကာင့္ ႏွစ္ဝါတစ္နီအပါအဝင္ ၁၁ ႀကိမ္ အထုတ္ခံရဖူးသလို ၇ ႀကိမ္ကေတာ့ တိုက္႐ိုက္အနီကတ္ျဖစ္ခဲ့ပါတယ္။
၄။ အေဝးကန္ခ်က္မ်ား
မက္ဆီရဲ႕ ေနာက္တစ္ခ်က္သာလြန္မႈကေတာ့ ဂိုးဧရိယာျပင္ပကေန ကန္သြင္းခ်က္ေတြျဖစ္ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ ေရာ္နယ္လ္ဒိုရဲ႕ Roaming Style ကေန Fox in the Box Style ကို ေျပာင္းသြားတာေၾကာင့္ ပိုမိုကြာျခားလာခဲ့ပါတယ္။ ဂိုးသမားေတြအတြက္ေတာ့ မက္ဆီရဲ႕ အေဝးကန္ခ်က္ေတြကို ပိုမိုထိတ္လန႔္ရၿပီး သူတို႔ႏွစ္ဦးၾကားမွာ အသာစီးရယူထားႏိုင္ခဲ့ပါတယ္။
ဘာစီလိုနာတစ္သင္းတည္းမွာပဲ ေတာက္ေလွ်ာက္ကစားခဲ့တဲ့ တိုက္စစ္မႉးဟာ ဧရိယာအျပင္ကေန ၇၅ ဂိုးသြင္းယူထားႏိုင္ခ်ိန္မွာ လက္ရွိဂ်ဴဗင္တပ္စ္တိုက္စစ္မႉးကေတာ့ ၅၇ ဂိုး သြင္းယူထားႏိုင္တာပါ။ မက္ဆီက ၁၂.၄ ပြဲမွာ အေဝးကန္ခ်က္နဲ႔ တစ္ဂိုးရခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ၁၈.၈ ပြဲမွာမွ တစ္ဂိုးရတာျဖစ္ပါတယ္။
၃။ ဖန္တီးမႈစြမ္းရည္
ဒီတစ္ခ်က္ကေတာ့ ငယ္စဥ္ကတည္းက မက္ဆီက ပိုသာတဲ့အခ်က္ျဖစ္ပါတယ္။ လာမာစီယာထြက္ ကစားသမားဟာ ေဘာလုံးေပးပို႔ပုံတိက်မႈနဲ႔ အတူ ဘာစီလိုနာရဲ႕ DNA စစ္စစ္ကို ဒီအသက္အ႐ြယ္အထိ ျပသေနၿပီး ဇာဗီနဲ႔ အင္နီေယစတာတို႔ရဲ႕ အေမြကို ဆက္ခံရယူထားႏိုင္သလို အသင္းေဖာ္ေတြကို ဖန္တီးေပးပို႔မႈကလည္း အမ်ားအျပား ျပဳလုပ္ထားသူပါ။
ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္ ၈၉၄ ပြဲ ကစားထားၿပီး ၂၂၉ ဂိုး (တစ္ပြဲပ်မ္းမွ် ၀.၂၆) ဖန္တီးေပးထားတဲ့ ေပၚတူဂီ GOAT ကို အာဂ်င္တီးနား GOAT က ၇၇၈ ပြဲမွာ ၃၀၅ ဂိုး (တစ္ပြဲပ်မ္းမွ် ၀.၃၉) ဖန္တီးၿပီး အသင္းေဖာ္ေတြအတြက္ ပိုမိုအက်ိဳးျပဳျပခဲ့သလို သူ႔ရဲ႕ ထူးျခားတဲ့ ဝိေသသလကၡဏာတစ္ရပ္အျဖစ္ ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။
၂။ ဖရီးကစ္ကန္သြင္းမႈ
မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ၾကားက ဒီအခ်က္က ပိုၿပီး စိတ္ဝင္စားစရာျဖစ္ေနပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ကစားသမားဘဝ အစပိုင္းတုန္းက မက္ဆီဟာ ဖရီးကစ္က ဘာမွ မလုပ္တတ္ခ်ိန္မွာ ေရာ္နယ္လ္ဒိုရဲ႕ ဂိမ္းထဲက ပုံစံဆန္ဆန္ ဝါးလုံးထိုး ဖရီးကစ္ကန္ခ်က္ေတြက ဂိုးသမားေတြကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။ ဒါေပမယ့္ အသက္အ႐ြယ္ရလာခ်ိန္မွာေတာ့ ေျပာင္းျပန္ျဖစ္လာခဲ့ပါတယ္။
လက္ရွိမွာေတာ့ အာဂ်င္တီးနားသားရဲ႕ ဖရီးကစ္ေတြက တိက်တဲ့ ေဝ့ဝိုက္ကန္ခ်က္ေတြနဲ႔ ေၾကာက္စရာေကာင္းေနၿပီး ဂိုးသမားေတြရဲ႕ အားနည္းခ်က္ေတြကို ရွာေဖြအႏိုင္ယူေနခ်ိန္မွာ ေပၚတူဂီႀကီးကေတာ့ ဒီအပိုင္းမွာ ဂိုးေတြ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ကိုပါအေမရိကၿပိဳင္ပြဲက အီေကြေဒါနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ ေနာက္ဆုံးမိနစ္ဂိုးက မက္ဆီရဲ႕ ၅၇ လုံးေျမာက္ ဖရီးကစ္ျဖစ္ခဲ့ၿပီး ေရာ္နယ္လ္ဒိုကို တစ္ဂိုးအသာနဲ႔ ေက်ာ္ျဖတ္ခဲ့တာပါ။
၁။ ေဘာလုံးဆြဲေျပးမႈ
မက္ဆီရဲ႕ ထူးျခားထင္ရွားတဲ့ စြမ္းရည္က ငယ္စဥ္ကတည္းကေန လက္ရွိအခ်ိန္အထိ က်ဆင္းသြားျခင္းမရွိေသးပါဘူး။ တစ္ဦးခ်င္းမက ႏွစ္ဦးထက္ပိုတဲ့ တစ္ဖက္ကစားသမားေတြကို ျဖတ္ေက်ာ္ၿပီး ကြင္းလယ္ကေန ေမႊေႏွာက္ႏိုင္ဆဲျဖစ္ခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ေနရာယူမႈေတြနဲ႔ ဂိုးသြင္းဖို႔ အသင့္ျဖစ္ႏိုင္မယ့္ ေနရာေတြကို ေ႐ြ႕လ်ားေနရာယူၿပီး လိမ္ဖို႔ေခါက္ဖို႔ကို စိတ္မဝင္စားေတာ့တာပါ။
အသက္ ၃၀ ေက်ာ္မွာ အျမန္ႏႈန္း က်ဆင္းလာခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း တစ္ပြဲပ်မ္းမွ် ၂ ႀကိမ္သာ ေဘာလုံးဆြဲေျပးေတာ့ၿပီး မက္ဆီကေတာ့ ၄ ႀကိမ္အထိ ပ်မ္းမွ်ျပဳလုပ္ႏိုင္ဆဲျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ အေကာင္းဆုံးအခ်ိန္ေတြတုန္းက ဖာဂူဆန္လက္ေအာက္မွာ ေပၚတူဂီသားဟာ တစ္ပြဲပ်မ္းမွ် ၄ ႀကိမ္ ေဘာလုံးဆြဲေျပးဖူးၿပီး အာဂ်င္တီးနားသားကေတာ့ ဂြါဒီယိုလာလက္ေအာက္မွာ ပ်မ္းမွ် ၉ ႀကိမ္အထိ လုပ္ျပခဲ့ဖူးတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.