Analysis Premier League

အာဆင်နယ် 4-1 ဝတ်ဖို့ဒ်ပွဲမှာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရတဲ့ အချက် ၅ ချက်

အာဆင်နယ်တို့ရဲ့ ရာသီကြိုပြင်ဆင်မှုတွေကတော့ ကွင်းပိတ်ခြေစမ်းပွဲတွေမှာ ရလဒ်တွေ တိုးတက်လာခဲ့ပေမယ့် လိုအပ်ချက်တွေလည်း တစ်ဖက်မှာ ကျန်ရှိနေသေးပြီး ဝတ်ဖို့ဒ်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နည်းပြ မီခယ်လ် အာတီတာအတွက် ဘာတွေက ကျေနပ်စရာဖြစ်ချိန်မှာ ဘာတွေကတော့ သင်ခန်းစာယူပြီး ပြင်ဆင်ရဦးမယ်ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ လူသစ်ကောင်လေး လိုကွန်ဂါရဲ့ တောက်ပမှု
လေးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲမှာ အသင်းအတွက် ကစားချိန်တွေ ဖန်တီးပြီး ကြံ့ခိုင်မှုပိုရစေဖို့ ရည်ရွယ်ချက်ထက် အာတီတာ ကျေနပ်ရမှာကတော့ အန်ဒါလက်ချ်ကနေ ပေါင် ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါပါ။ မီးလ်ဝေါလ်နဲ့ ပွဲမှာလည်း ခြေစွမ်းပြခဲ့တဲ့ ၂၁ နှစ်သားဟာ ကွင်းလယ်မှာ ပါတေးနဲ့အတူ တွဲဖက်ကောင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ရင့်ကျက်တည်ငြိမ်တဲ့ ကစားဟန်ကို ပြသနေတဲ့ ဘယ်လ်ဂျီယမ်သားလေး လိုကွန်ဂါဟာ အာဆင်နယ်ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့သလို ဝတ်ဖို့ဒ်ကစားသမားတွေအပေါ် လွှမ်းမိုးနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းအတွက်လည်း ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခဲ့တာပါ။ အသင်းအတွက်တော့ ရာသီသစ်မှာ အားကိုးရဦးမယ့်သူလည်း ဖြစ်ပါတယ်။

၂။ နောက်ထပ် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမှာက အဇစ်ဇ်လား
ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်ရိုးတို့ရဲ့ တောက်ပမှု ခြေရာကို နင်းနိုင်မယ့်သူက မီဂယ်လ် အဇစ်ဇ်လားလို့ မေးချင်စရာပါ။ ဖာဘရီဂက်စ်နဲ့ ကစားပုံတူတယ်လို့ ဟေးလ်အန့်ဒ်အကယ်ဒမီမှာ နှိုင်းယှဉ်ခံထားရတဲ့ ၁၈ နှစ်သားဟာ ဒီနေ့မှာတော့ ဒုတိယပိုင်း လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ပြီး ပေပေပေးတဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲအဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၃။ နေရာအတွက် တိုက်ပွဲဝင်နေတဲ့ နကီးတီးယား
၂၀၁၇ က နော့ဝစ်ချ်နဲ့ ကာရာဘောင်းဖလားမှာ နှစ်ဂိုးသွင်းပြီး တောက်ပခဲ့သလိုမျိုး ဒီရာသီမှာ ထပ်လုပ်ပြနိုင်မလား စိတ်ဝင်စားစရာပါပဲ။ ဂိုးသွင်းကောင်းခြင်းရဲ့ တစ်ဖက်မှာ တည်ငြိမ်မှု မရှိခြင်းက တွဲပါနေခဲ့ပြီး သူ့ကို အချိန်ပေးနေတာကို ပရိသတ်တွေကလည်း ငြိုငြင်မှုတွေ ပြသခဲ့သလို ဘာလိုဂွန်ကို ဆုံးရှုံးရနိုင်မှု၊ မာတီနယ်လီကို နေရာမပေးမှုနဲ့ လူသစ်လည်း မခေါ်ဖြစ်တာတွေကို ထောက်ပြနေကြပါတယ်။

ဒီရာသီအစမှာတော့ နကီးတီးယားဟာ ရိန်းဂျားစ်နဲ့ပွဲက လူစားဝင်သွင်းဂိုးအပြင် ဒီနေ့မှာလည်း ဝတ်ဖို့ဒ်ဘက်ကို ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး အဖွင့်ဂိုးကို တည်တည်ငြိမ်ငြိမ် သွင်းယူပေးခဲ့တာကတော့ တကယ်ပဲ နေရာအတွက် တိုက်ပွဲဝင်တာလား၊ လူသစ်မခေါ်ဖြစ်ဘဲ ပရိသတ်တွေကို စိတ်ပျက်အောင် သက်သက်လုပ်တာလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

၄။ ခံစစ်က ဘောလုံးပေးကစားပြီး ဂိုးလှူဆဲလား အာဆင်နယ်
ကိုယ့်ဂိုးရှေ့မှာ ဘောလုံးပေးကစားပြီး အမှားအယွင်းတွေနဲ့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ ဖြစ်ခဲ့တာကို သိပ်ပြီး အမှတ်မရှိသေးသလိုပါပဲ။ အာတီတာလိုချင်တဲ့ Build-up Play ကို ကစားနိုင်တဲ့ တည်ငြိမ်မှု၊ ယုံကြည်မှုနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေက အာဆင်နယ်ဆီမှာ တကယ်ရော ရှိခဲ့လို့လား ဆိုပြီး မေးချင်စရာဖြစ်ခဲ့သလို ဒီကနေ ဂိုးတွေ လှူနေရဆဲပါ။

ဝတ်ဖို့ဒ်နဲ့ပွဲမှာလည်း ဆုံးဖြတ်ချက် အမှားများနေကျ လီနိုဟာ ဘောလုံးရှင်းထုတ်ရမယ့်အစား စကေးမကြွယ်တဲ့ အယ်လ်နန်နီဆီ ထိုးထည့်ပြီး အနီးကပ်တွဲလုံးတွေကို အကောင်အထည် မဖော်နိုင်ခဲ့ချိန်မှာ တစ်ဖက်တိုက်စစ်ရဲ့ ဖိအားမှာ အလှူဖြစ်ခဲ့ပြီး ချေပဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရတာပါ။ အာဆင်နယ်တို့ ဒီအမှားမျိုးတွေနဲ့ပဲ နောက်တစ်ရာသီထပ်ပြီး ကျဆုံးရဦးမယ်ဆိုရင်တော့ တကယ်ပဲ မတန်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

၅။ ရှင်းထုတ်ရမယ့်လူတွေ တစ်ပုံကြီးနဲ့ အာတီတာ
လူငယ်တွေက အပြိုင်းအရိုင်းနဲ့ တောက်မယ့်မီးကို ရဲပြနေကြချိန်မှာ သေပြီးသား အပင်တွေကလည်း ပြန်မရှင်တော့တာပါ။ အဓိကအားဖြင့်တော့ ခံစစ်ပိုင်းက ဘယ်လာရင်နဲ့ ကိုလာစီနက်ချ်တို့လို Deadwood တွေကို ကြည့်ရတာ ပရိသတ်တွေအတွက် စိတ်ပျက်စရာပဲဖြစ်နေသလို ကွင်းလယ်မှာ ဘောလုံးခင်းပေးရုံနဲ့ ကျေနပ်နေတဲ့ ဝီလီယန်ကိုလည်း အဆင့်မမြှင့်နိုင်ရင် ရှင်းထုတ်ဖို့ပဲ သင့်ပါတယ်။

နယ်လ်ဆန်၊ မိတ်လန်းနိုင်းလ်စ်နဲ့ နကီးတီးယားတို့ကို အကျိုးရှိအောင် မသုံးနိုင်ဘူးဆိုရင် ငွေဖော်ပစ်တာကမှ လက်တွေ့ကျတဲ့ အလုပ်ဖြစ်ပြီး ဘန်ဝှိုက် ရောက်လာတော့မယ့်အချိန်မှာ နောက်ထပ်လိုအပ်တဲ့ နေရာတွေကို အားဖြည့်ဖို့က အသင်းရဲ့ လူစာရင်းကို ရှင်းသင့်တာ ရှင်းပစ်မှပဲ ရပါလိမ့်မယ်။ ရာသီစဖို့ နီးကပ်လာချိန်မှာ အာတီတာအတွက် ခေါင်းခဲစရာလည်းဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔ရဲ႕ ရာသီႀကိဳျပင္ဆင္မႈေတြကေတာ့ ကြင္းပိတ္ေျခစမ္းပြဲေတြမွာ ရလဒ္ေတြ တိုးတက္လာခဲ့ေပမယ့္ လိုအပ္ခ်က္ေတြလည္း တစ္ဖက္မွာ က်န္ရွိေနေသးၿပီး ဝတ္ဖို႔ဒ္ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ နည္းျပ မီခယ္လ္ အာတီတာအတြက္ ဘာေတြက ေက်နပ္စရာျဖစ္ခ်ိန္မွာ ဘာေတြကေတာ့ သင္ခန္းစာယူၿပီး ျပင္ဆင္ရဦးမယ္ဆိုတာကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ လူသစ္ေကာင္ေလး လိုကြန္ဂါရဲ႕ ေတာက္ပမႈ
ေလးဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲမွာ အသင္းအတြက္ ကစားခ်ိန္ေတြ ဖန္တီးၿပီး ႀကံ့ခိုင္မႈပိုရေစဖို႔ ရည္႐ြယ္ခ်က္ထက္ အာတီတာ ေက်နပ္ရမွာကေတာ့ အန္ဒါလက္ခ်္ကေန ေပါင္ ၁၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဆမ္ဘီ လိုကြန္ဂါပါ။ မီးလ္ေဝါလ္နဲ႔ ပြဲမွာလည္း ေျခစြမ္းျပခဲ့တဲ့ ၂၁ ႏွစ္သားဟာ ကြင္းလယ္မွာ ပါေတးနဲ႔အတူ တြဲဖက္ေကာင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ရင့္က်က္တည္ၿငိမ္တဲ့ ကစားဟန္ကို ျပသေနတဲ့ ဘယ္လ္ဂ်ီယမ္သားေလး လိုကြန္ဂါဟာ အာဆင္နယ္ကြင္းလယ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သလို ဝတ္ဖို႔ဒ္ကစားသမားေတြအေပၚ လႊမ္းမိုးႏိုင္ခဲ့ၿပီး တိုက္စစ္ပိုင္းအတြက္လည္း ေကာင္းမြန္တဲ့ ပံ့ပိုးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တာပါ။ အသင္းအတြက္ေတာ့ ရာသီသစ္မွာ အားကိုးရဦးမယ့္သူလည္း ျဖစ္ပါတယ္။

၂။ ေနာက္ထပ္ ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာမွာက အဇစ္ဇ္လား
ဘူကာယို ဆာကာနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ရဲ႕ ေတာက္ပမႈ ေျခရာကို နင္းႏိုင္မယ့္သူက မီဂယ္လ္ အဇစ္ဇ္လားလို႔ ေမးခ်င္စရာပါ။ ဖာဘရီဂက္စ္နဲ႔ ကစားပုံတူတယ္လို႔ ေဟးလ္အန႔္ဒ္အကယ္ဒမီမွာ ႏႈိင္းယွဥ္ခံထားရတဲ့ ၁၈ ႏွစ္သားဟာ ဒီေန႔မွာေတာ့ ဒုတိယပိုင္း လူစားဝင္ကစားသမားအျဖစ္ ကစားခဲ့ၿပီး ေပေပေပးတဲ့ ေဘာလုံးကို ဂိုးအျဖစ္ ေျပာင္းလဲအဆုံးသတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

၃။ ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ နကီးတီးယား
၂၀၁၇ က ေနာ့ဝစ္ခ်္နဲ႔ ကာရာေဘာင္းဖလားမွာ ႏွစ္ဂိုးသြင္းၿပီး ေတာက္ပခဲ့သလိုမ်ိဳး ဒီရာသီမွာ ထပ္လုပ္ျပႏိုင္မလား စိတ္ဝင္စားစရာပါပဲ။ ဂိုးသြင္းေကာင္းျခင္းရဲ႕ တစ္ဖက္မွာ တည္ၿငိမ္မႈ မရွိျခင္းက တြဲပါေနခဲ့ၿပီး သူ႔ကို အခ်ိန္ေပးေနတာကို ပရိသတ္ေတြကလည္း ၿငိဳျငင္မႈေတြ ျပသခဲ့သလို ဘာလိုဂြန္ကို ဆုံးရႈံးရႏိုင္မႈ၊ မာတီနယ္လီကို ေနရာမေပးမႈနဲ႔ လူသစ္လည္း မေခၚျဖစ္တာေတြကို ေထာက္ျပေနၾကပါတယ္။

ဒီရာသီအစမွာေတာ့ နကီးတီးယားဟာ ရိန္းဂ်ားစ္နဲ႔ပြဲက လူစားဝင္သြင္းဂိုးအျပင္ ဒီေန႔မွာလည္း ဝတ္ဖို႔ဒ္ဘက္ကို ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး အဖြင့္ဂိုးကို တည္တည္ၿငိမ္ၿငိမ္ သြင္းယူေပးခဲ့တာကေတာ့ တကယ္ပဲ ေနရာအတြက္ တိုက္ပြဲဝင္တာလား၊ လူသစ္မေခၚျဖစ္ဘဲ ပရိသတ္ေတြကို စိတ္ပ်က္ေအာင္ သက္သက္လုပ္တာလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

၄။ ခံစစ္က ေဘာလုံးေပးကစားၿပီး ဂိုးလႉဆဲလား အာဆင္နယ္
ကိုယ့္ဂိုးေရွ႕မွာ ေဘာလုံးေပးကစားၿပီး အမွားအယြင္းေတြနဲ႔ ၿပီးခဲ့တဲ့ ရာသီက အဆင့္ ၈ ျဖစ္ခဲ့တာကို သိပ္ၿပီး အမွတ္မရွိေသးသလိုပါပဲ။ အာတီတာလိုခ်င္တဲ့ Build-up Play ကို ကစားႏိုင္တဲ့ တည္ၿငိမ္မႈ၊ ယုံၾကည္မႈနဲ႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြက အာဆင္နယ္ဆီမွာ တကယ္ေရာ ရွိခဲ့လို႔လား ဆိုၿပီး ေမးခ်င္စရာျဖစ္ခဲ့သလို ဒီကေန ဂိုးေတြ လႉေနရဆဲပါ။

ဝတ္ဖို႔ဒ္နဲ႔ပြဲမွာလည္း ဆုံးျဖတ္ခ်က္ အမွားမ်ားေနက် လီႏိုဟာ ေဘာလုံးရွင္းထုတ္ရမယ့္အစား စေကးမႂကြယ္တဲ့ အယ္လ္နန္နီဆီ ထိုးထည့္ၿပီး အနီးကပ္တြဲလုံးေတြကို အေကာင္အထည္ မေဖာ္ႏိုင္ခဲ့ခ်ိန္မွာ တစ္ဖက္တိုက္စစ္ရဲ႕ ဖိအားမွာ အလႉျဖစ္ခဲ့ၿပီး ေခ်ပဂိုးတစ္ဂိုး ခြင့္ျပဳခဲ့ရတာပါ။ အာဆင္နယ္တို႔ ဒီအမွားမ်ိဳးေတြနဲ႔ပဲ ေနာက္တစ္ရာသီထပ္ၿပီး က်ဆုံးရဦးမယ္ဆိုရင္ေတာ့ တကယ္ပဲ မတန္ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။

၅။ ရွင္းထုတ္ရမယ့္လူေတြ တစ္ပုံႀကီးနဲ႔ အာတီတာ
လူငယ္ေတြက အၿပိဳင္းအ႐ိုင္းနဲ႔ ေတာက္မယ့္မီးကို ရဲျပေနၾကခ်ိန္မွာ ေသၿပီးသား အပင္ေတြကလည္း ျပန္မရွင္ေတာ့တာပါ။ အဓိကအားျဖင့္ေတာ့ ခံစစ္ပိုင္းက ဘယ္လာရင္နဲ႔ ကိုလာစီနက္ခ်္တို႔လို Deadwood ေတြကို ၾကည့္ရတာ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာပဲျဖစ္ေနသလို ကြင္းလယ္မွာ ေဘာလုံးခင္းေပး႐ုံနဲ႔ ေက်နပ္ေနတဲ့ ဝီလီယန္ကိုလည္း အဆင့္မျမႇင့္ႏိုင္ရင္ ရွင္းထုတ္ဖို႔ပဲ သင့္ပါတယ္။

နယ္လ္ဆန္၊ မိတ္လန္းႏိုင္းလ္စ္နဲ႔ နကီးတီးယားတို႔ကို အက်ိဳးရွိေအာင္ မသုံးႏိုင္ဘူးဆိုရင္ ေငြေဖာ္ပစ္တာကမွ လက္ေတြ႕က်တဲ့ အလုပ္ျဖစ္ၿပီး ဘန္ဝႈိက္ ေရာက္လာေတာ့မယ့္အခ်ိန္မွာ ေနာက္ထပ္လိုအပ္တဲ့ ေနရာေတြကို အားျဖည့္ဖို႔က အသင္းရဲ႕ လူစာရင္းကို ရွင္းသင့္တာ ရွင္းပစ္မွပဲ ရပါလိမ့္မယ္။ ရာသီစဖို႔ နီးကပ္လာခ်ိန္မွာ အာတီတာအတြက္ ေခါင္းခဲစရာလည္းျဖစ္လာခဲ့ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.