Premier League Transfer News

28 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပိုင်း အားဖြည့်မှုအတွက် အင်တာမီလန်ရှေ့တန်းလူ လော်တာရို မာတီနက်ဇ်ကို စုံစမ်းမှုတွေ ပြုလုပ်လာခဲ့ပြီး စီးရီးအေကလပ်ဘက်ကတော့ သူတို့ရဲ့ အာဂျင်တီးနားတိုက်စစ်မှူးကို ယူရိုသန်း ၉၀ (ပေါင် ၇၇ သန်း) ရရှိရင် ရောင်းချမယ်လို့ သတင်းထွက်နေ။

– အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကြားမှာ အပြန်အလှန် လှောင်ပြောင်မှုတွေ ဖြစ်ပွားနေပြီး ပြိုင်ဘက်ဖက်က ဘန်ဝှိုက်ရဲ့ ဈေးနှုန်းကြီးမြင့်မှုအကြောင်း ထိုးနှက်ခဲ့ချိန်မှာ ဂန်းနားပရိသတ်တွေအနေနဲ့ ဗာရွန်းရဲ့ ကြံ့ခိုင်မှုနဲ့ အသက်အရွယ်ကို အနာဂတ်ချင်းပါ နှိုင်းယှဉ်ပြီး ပြန်လည်တူးဆွနေကြ။

– အာဆင်နယ်က ခေါ်ယူလိုနေတဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားမှာ ကိုဗစ်ဗိုင်းရပ်ကူးစက်နေတာကြောင့် အပြောင်းအရွှေ့အတွက် ကမ်းလှမ်းဖို့ ကြန့်ကြာဦးမှာဖြစ်ပြီး ဆွစ်ဇာလန်သားအတွက် ဒီနွေရာသီမှာ ပေါင် ၂၅ သန်းကနေ သန်း ၃၀ ကြား ပေးချေခေါ်ယူနိုင်ဖွယ်ရှိနေ။

– ဘုန်းမောက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အသင်းရဲ့ နံပါတ် ၁ ပစ်မှတ်ဖြစ်တယ်လို့ အက်သလက်တစ်ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းက ထုတ်ဖော်ပြောကြားလိုက်ပြီး ၂၃ နှစ်သားရဲ့ ဈေးနှုန်းအတွက်တော့ နှစ်ဖက်အသင်းတွေကြား ဆွေးနွေးလို့ အဆင်မပြေသေးလို့ ရာသီမစခင် ဘာတွေ တိုးတက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ဆို။

– လက်စတာစီးတီးပရိသတ်တွေအနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ပြန်ကစားတော့မယ်လို့ ပြောပြီးမှ အာဆင်နယ်အသင်းဘက်ကို ပြန်လည် စဉ်းစားနေတယ်လို့ သတင်းထွက်လာခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်နဲ့ အမ်းမရိတ်ကြား အဆင်ပြေပါစေလို့ ဆုတောင်းနေကြပြီး သူတို့ရဲ့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို မဆုံးရှုံးရဖို့ မျှော်လင့်နေ။

– ချဲလ်ဆီးအသင်းအနေနဲ့ အာဆင်နယ်အသင်းက အလိုရှိနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို အငှားချသွားဖို့လည်း စဉ်းစားနေပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ထည့်သွင်းသွားဖို့ ရှိနေသလို အသင်းရဲ့ အသုံးစရိတ် ပိုမိုထွက်လာအောင် လုပ်ဆောင်သွားမှာဖြစ်လို့ အူဘာမီယန်းနဲ့ ဂျီရူးရဲ့ အပြောင်းအရွှေ့တုန်းကလိုမျိုး ပြောင်းပြန်ဖြစ်လာမလား စောင့်ကြည့်ရဖို့ရှိလာ။

– နယူးကာဆယ်လ်အသင်းက ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ်အတွက် အပြောင်းအရွှေ့ပြိုင်ပွဲမှာ ပြင်သစ် လီဂူးဝမ်းကလပ် မိုနာကိုအသင်းလည်း ပါဝင်လာခဲ့ပြီး ငှက်ကျားတွေက ကမ်းလှမ်းမယ့် အငှားထက် အပြီးသတ်ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းထွက်လာ။

– နောက်ခံလူ ဟက်တာ ဘယ်လာရင်ရဲ့ အေးဂျင့်အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပြီး အင်တာမီလန်အသင်းဘက် တစ်ရာသီအငှား+ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းတာကို လက်ခံပေးဖို့ ညှိနှိုင်းသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်နိုင်ဖို့ အသင်းရဲ့ စီနီယာကစားသမားနှစ်ဦးဖြစ်ကြတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာနဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်တို့ကို ရောင်းချသွားနိုင်ဖို့ လိုအပ်နေတယ်လို့ ကစားသမားဟောင်း ကီဗင် ကမ်းဘဲလ် သတိပေးသွား။

– အာဆင်နယ်အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဗီဗီယန် မီဒမ်မာအနေနဲ့ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွေရဲ့ ဂိုးသွင်းအများဆုံး စံချိန်မှတ်တမ်းကို ချိုးဖျက်ခဲ့ပြီး အုပ်စုတွင်း ၃ ပွဲမှာ ၂၁ ဂိုးသွင်းခဲ့တဲ့ နယ်သာလန်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားပြီး ၈ ဂိုးသွင်းယူခဲ့သလို ကနေဒါရဲ့ ခရစ္စတင်း ဆင်ကလဲယားရဲ့ ၅ ဂိုးမှတ်တမ်းကို ကျော်ဖြတ်ပြီး စံချိန်သစ်လည်း တင်ရှိနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္ပိုင္း အားျဖည့္မႈအတြက္ အင္တာမီလန္ေရွ႕တန္းလူ ေလာ္တာ႐ို မာတီနက္ဇ္ကို စုံစမ္းမႈေတြ ျပဳလုပ္လာခဲ့ၿပီး စီးရီးေအကလပ္ဘက္ကေတာ့ သူတို႔ရဲ႕ အာဂ်င္တီးနားတိုက္စစ္မႉးကို ယူ႐ိုသန္း ၉၀ (ေပါင္ ၇၇ သန္း) ရရွိရင္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေန။

– အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြၾကားမွာ အျပန္အလွန္ ေလွာင္ေျပာင္မႈေတြ ျဖစ္ပြားေနၿပီး ၿပိဳင္ဘက္ဖက္က ဘန္ဝႈိက္ရဲ႕ ေဈးႏႈန္းႀကီးျမင့္မႈအေၾကာင္း ထိုးႏွက္ခဲ့ခ်ိန္မွာ ဂန္းနားပရိသတ္ေတြအေနနဲ႔ ဗာ႐ြန္းရဲ႕ ႀကံ့ခိုင္မႈနဲ႔ အသက္အ႐ြယ္ကို အနာဂတ္ခ်င္းပါ ႏႈိင္းယွဥ္ၿပီး ျပန္လည္တူးဆြေနၾက။

– အာဆင္နယ္က ေခၚယူလိုေနတဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားမွာ ကိုဗစ္ဗိုင္းရပ္ကူးစက္ေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕အတြက္ ကမ္းလွမ္းဖို႔ ၾကန႔္ၾကာဦးမွာျဖစ္ၿပီး ဆြစ္ဇာလန္သားအတြက္ ဒီေႏြရာသီမွာ ေပါင္ ၂၅ သန္းကေန သန္း ၃၀ ၾကား ေပးေခ်ေခၚယူႏိုင္ဖြယ္ရွိေန။

– ဘုန္းေမာက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ အာဆင္နယ္အသင္းရဲ႕ နံပါတ္ ၁ ပစ္မွတ္ျဖစ္တယ္လို႔ အက္သလက္တစ္ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းက ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ၂၃ ႏွစ္သားရဲ႕ ေဈးႏႈန္းအတြက္ေတာ့ ႏွစ္ဖက္အသင္းေတြၾကား ေဆြးေႏြးလို႔ အဆင္မေျပေသးလို႔ ရာသီမစခင္ ဘာေတြ တိုးတက္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ္လို႔ဆို။

– လက္စတာစီးတီးပရိသတ္ေတြအေနနဲ႔ ရီးရဲလ္မက္ဒရစ္မွာ ျပန္ကစားေတာ့မယ္လို႔ ေျပာၿပီးမွ အာဆင္နယ္အသင္းဘက္ကို ျပန္လည္ စဥ္းစားေနတယ္လို႔ သတင္းထြက္လာခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ အမ္းမရိတ္ၾကား အဆင္ေျပပါေစလို႔ ဆုေတာင္းေနၾကၿပီး သူတို႔ရဲ႕ ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို မဆုံးရႈံးရဖို႔ ေမွ်ာ္လင့္ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အာဆင္နယ္အသင္းက အလိုရွိေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို အငွားခ်သြားဖို႔လည္း စဥ္းစားေနၿပီး ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္ထည့္သြင္းသြားဖို႔ ရွိေနသလို အသင္းရဲ႕ အသုံးစရိတ္ ပိုမိုထြက္လာေအာင္ လုပ္ေဆာင္သြားမွာျဖစ္လို႔ အူဘာမီယန္းနဲ႔ ဂ်ီ႐ူးရဲ႕ အေျပာင္းအေ႐ႊ႕တုန္းကလိုမ်ိဳး ေျပာင္းျပန္ျဖစ္လာမလား ေစာင့္ၾကည့္ရဖို႔ရွိလာ။

– နယူးကာဆယ္လ္အသင္းက ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ေနတဲ့ ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္အတြက္ အေျပာင္းအေ႐ႊ႕ၿပိဳင္ပြဲမွာ ျပင္သစ္ လီဂူးဝမ္းကလပ္ မိုနာကိုအသင္းလည္း ပါဝင္လာခဲ့ၿပီး ငွက္က်ားေတြက ကမ္းလွမ္းမယ့္ အငွားထက္ အၿပီးသတ္ေခၚယူဖို႔ ႀကိဳးစားသြားမယ္လို႔ သတင္းထြက္လာ။

– ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ရဲ႕ ေအးဂ်င့္အေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္းမွာ အာဆင္နယ္အသင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ ရွိေနၿပီး အင္တာမီလန္အသင္းဘက္ တစ္ရာသီအငွား+ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္နဲ႔ ကမ္းလွမ္းတာကို လက္ခံေပးဖို႔ ညႇိႏႈိင္းသြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ထပ္ ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ေတြ ျပဳလုပ္ႏိုင္ဖို႔ အသင္းရဲ႕ စီနီယာကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာနဲ႔ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္တို႔ကို ေရာင္းခ်သြားႏိုင္ဖို႔ လိုအပ္ေနတယ္လို႔ ကစားသမားေဟာင္း ကီဗင္ ကမ္းဘဲလ္ သတိေပးသြား။

– အာဆင္နယ္အမ်ိဳးသမီးအသင္းရဲ႕ တိုက္စစ္မႉး ဗီဗီယန္ မီဒမ္မာအေနနဲ႔ အိုလံပစ္ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲေတြရဲ႕ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္မွတ္တမ္းကို ခ်ိဳးဖ်က္ခဲ့ၿပီး အုပ္စုတြင္း ၃ ပြဲမွာ ၂၁ ဂိုးသြင္းခဲ့တဲ့ နယ္သာလန္အသင္းအတြက္ ပြဲတိုင္းပါဝင္ကစားၿပီး ၈ ဂိုးသြင္းယူခဲ့သလို ကေနဒါရဲ႕ ခရစၥတင္း ဆင္ကလဲယားရဲ႕ ၅ ဂိုးမွတ္တမ္းကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္လည္း တင္ရွိႏိုင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.