Article Other Premier League

ကြီး ၆ ကြီးရဲ့ ဗဟိုခံစစ်မှာ ဘယ်သူက အချွန်ထွက်ဆုံးအတွဲဖြစ်နေပြီး ဘယ်သူတွေက ဘိတ်ဆုံးအတွဲဖြစ်နေသလဲ?

သြဂုတ်လ ၁၄ နေ့မှာ ပြန်လည်ကျင်းပတော့မယ့် ပရီးမီးယားလိဂ်ရာသီသစ်မှာ ကြီး ၆ ကြီးအသင်းတွေရဲ့ ဖျော်ဖြေမှုတွေဟာ ပရိသတ်တွေရဲ့ စိတ်အခုန်ရဆုံးအဖြစ် စောင့်မျှော်ခြင်းခံနေရသလို နောက် ၃ ပတ်ဝန်းကျင်မှာ ဘယ်အသင်းက ဖားလဲ၊ ဘယ်အသင်းက ငါးလဲဆိုတာ မောင်းတင်လာတော့မှာပါ။

ဗဟိုခံစစ်ကို ဦးစားပေးအင်အားဖြည့်နေတဲ့ ၆ သင်းစလုံးရဲ့ လှုပ်ရှားမှုတွေက အပြောင်းအရွှေ့စျေးကွက်မှာ မျက်ဝါးထင်ထင်ရှိနေပြီး ဘယ်သူကအုပ်စိုးမယ့်ရာသီဖြစ်လာမလဲဆိုတာကတော့ ​ကြိုတင်စိတ်လှုပ်ရှားဖို့ ကောင်းနေသလို ၆ ကြီးရဲ့ ဗဟိုခံစစ်မှာ ဘယ်သူက အချွန်ထွက်ဆုံးအတွဲဖြစ်နေပြီး ဘယ်သူတွေက ဘိတ်ဆုံးအတွဲဖြစ်နေသလဲဆိုတာကတော့ ​ကြိုတင်သုံးသပ်မှုတွေလည်း အခုလိုရှိနေပါတယ်။

၆။ ခရစ္စတီယန် ရိုမဲရိုး+ဂျိုး ရိုဒန်

EPL ရဲ့ ကြီး ၆ ကြီးမှာ ဗဟိုခံစစ်​ကြောင်းမှာ စပါးစ်ရဲ့လူအင်အားက အားအပျော့ဆုံးလို့ သတ်မှတ်ခံထားရပြီး ပေါင်သန်း ၄၀ နဲ့ စီးရီးအေကနေ ပြောင်းရွှေ့လာတော့မယ့် အာဂျင်တွးနားသား ရိုမဲရိုက ယူရိုမှာ ​ပါရမီရှင်ခြေစွမ်းမျိုး ပြသခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဝေးလ်သား ရိုဒွန်နဲ့ တွဲဖက်ပြီး နည်းပြ နူနို အက်စ်ပီရီတို ဆန်းတို့စ်ရဲ့ ခံစစ်ကို ဦးဆောင်သွားရဖို့ ရှိနေပြီး သင်ယူစရာတွေ ပြည့်နှက်နေဦးမယ့်ရာသီလို့ အဆိုပြုခံထားရပါတယ်။

၅။ ဂါဘရီယယ်လ်+ဘန်ဝှိုက်

အာဆင်နယ်ရဲ့ ပေါင်သန်း ၅၀ တန် ဘန်ဝှိုက်က ဘရိုက်တန်ကနေ တရားဝင်မရောက်လာသေးပေမယ့် အချိန်တခုအတွင်းမှာ အသက် ၂၃ နှစ်သားက ဂန်းနားတယောက်ဖြစ်လာဖို့ သေချာနေပါပြီ။ သူက အသက် ၂၃ နှစ်ချင်း ရွယ်တူဖြစ်တဲ့ ဘရာဇီးလ်သား ဂါဘရီယယ်လ်နဲ့ ခံစစ်ကို ဦးဆောင်သွားရဖို့ ရှိနေပြီး အာဆင်နယ်ရဲ့အနာဂတ်အဖြစ် တောက်ပလာမလားလို့ သူတို့အတွဲဟာ စောင့်ကြည့်ခံအနေအထားမှာ ထည့်သွင်းခံထားရပါတယ်။

၄။ သီယာဂို ဆေးလ်ဗား+အန်တိုနီယို ရူဒီဂါ

ချန်ပီယံလိဂ်ချန်ပီယံအတွဲက အဆင့် ၄ နေရာအထိ ရောက်ရှိနေတာကိုတော့ ချယ်လ်ဆီးပရိသတ်တွေကို ရှင်းပြစရာရှိနေပြီး ဆေးလ်ဗားက အသက် ၃၈ နှစ်ထဲ ရောက်လာလို့ ဦးဆောင်နိုင်စွမ်းကလွဲရင် သက်လုံအကျပိုင်းမှာ ရှိနေတဲ့အပြင် ရူဒီဂါက တရာသီလုံး ​ခြေစွမ်းမတည်ငြိမ်ဘူးဆိုတဲ့ သုံးသပ်ချက်တွေက ရှိနေပါတယ်။

ဒါကြောင့် တူဟယ်လ်အနေနဲ့ လူသစ်ဗဟိုခံစစ်မှူးကို ရှာဖွေပြီး အသင်းခံစစ်ကို အထိုင်ချဖို့ အသွက်ဆုံးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ EPL ချန်ပီယံဆုဖလားကို ဒီရာသီမှာ မမှိတ်မသုန်စိန်ခေါ်သွားဖို့ ရိုမန် အေဘရာမိုဗစ်ချ်တို့ အုပ်စုက စိုင်းပြင်းနေသလို တူဟယ်လ်က တကယ်လုပ်ဆောင်နိုင်မလားဆိုတာလည်း ထင်ကြေးတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းနေတာပါ။

၃။ ဗာဂျီးလ် ဗန်ဒိုက်+အီဘရာဟီမာ ကိုနာတေ

သူတို့အတွဲကိုတော့ အနည်းငယ်သတိပြုစရာတွေ ရှိနေပါတယ်။ ဒူးဒဏ်ရာကြောင့် ၁ နှစ်ကြာနားထားရတဲ့ ဗန်ဒိုက်က အရင်လိုခြေစွမ်းနဲ့ ပြန်လာနိုင်ပါ့မလား? ပေါင် ၃၆ သန်းတန် ၂၂ နှစ်သားလူငယ်လေး ကိုနာတေက EPL ချက်ချင်းအထိုင်ကျနိုင်ပါ့မလား? ဒီ​မေးခွန်းတွေက ယောက်ယက်ခတ်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဟာသာဘာလင်နဲ့ ရာသီကြိုပွဲမှာ ပွဲထွက်လာမယ့် ဗန်ဒိုက်ကိုတော့ စောင့်ကြည့်သွားရမှာပါ။

၂။ ဟာရီ မက်ဂွိုင်းယား+ရာဖေးလ် ဗာရွန်း

ဒီအတွဲကို နံပါတ် ၂ နေရာပေးခဲ့လို့ ယူနိုက်ပရိသတ်တွေ စိတ်ပျက်စရာဖြစ်မလားတော့ ယူဆမိပေမယ့် ဘယ်လောက်ဟော့နေနေ သက်သေမပြရသေးတဲ့ အတွဲဖြစ်နေတာပါ။ မက်ဂွိုင်းယားကလည်း အမြင့်ဆုံး​ခြေစွမ်းရှိနေပြီလို့ ဆိုဖို့ ခက်နေသေးသလို အသက် ၂၈ နှစ်သား ဗာရွန်းရဲ့ အတွေ့အကြုံအင်အားကတော့ မျှော်လင့်စရာတွေကို ယူဆောင်လာဖို့ သေချာနေပါတယ်။

၁။ ရူဘင် ဒီယက်စ်+ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံခဲ့တဲ့ မန်စီးတီးဗဟိုခံစစ်အတွဲကို နံပါတ် ၁ နေရာမှာ မထားမဖြစ် ထားရမှာပါ။ ပြိုင်ဘက်အသင်းတိုင်းကို ဖြုံကျသွားစေခဲ့တဲ့ EPL ရဲ့ အမာကျောဆုံးနဲ့ ပေးဂိုးအနည်းဆုံးအတွဲအဖြစ် မှတ်တမ်းဝင်ထားသလို ဒီယာ့စ်ရဲ့ ဒိုင်ခံဘောလုံးရှင်းထုတ်မှု၊ စတုန်းစ်ရဲ့ ခံစစ်ကနေ ဘောလုံးကိုင်ကစားနိုင်စွမ်းတွေက အတော်လေးဟန်ချက်ညီမျှခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၾသဂုတ္လ ၁၄ ေန႔မွာ ျပန္လည္က်င္းပေတာ့မယ့္ ပရီးမီးယားလိဂ္ရာသီသစ္မွာ ႀကီး ၆ ႀကီးအသင္းေတြရဲ႕ ေဖ်ာ္ေျဖမႈေတြဟာ ပရိသတ္ေတြရဲ႕ စိတ္အခုန္ရဆုံးအျဖစ္ ေစာင့္ေမွ်ာ္ျခင္းခံေနရသလို ေနာက္ ၃ ပတ္ဝန္းက်င္မွာ ဘယ္အသင္းက ဖားလဲ၊ ဘယ္အသင္းက ငါးလဲဆိုတာ ေမာင္းတင္လာေတာ့မွာပါ။

ဗဟိုခံစစ္ကို ဦးစားေပးအင္အားျဖည့္ေနတဲ့ ၆ သင္းစလုံးရဲ႕ လႈပ္ရွားမႈေတြက အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ မ်က္ဝါးထင္ထင္ရွိေနၿပီး ဘယ္သူကအုပ္စိုးမယ့္ရာသီျဖစ္လာမလဲဆိုတာကေတာ့ ​ႀကိဳတင္စိတ္လႈပ္ရွားဖို႔ ေကာင္းေနသလို ၆ ႀကီးရဲ႕ ဗဟိုခံစစ္မွာ ဘယ္သူက အခြၽန္ထြက္ဆုံးအတြဲျဖစ္ေနၿပီး ဘယ္သူေတြက ဘိတ္ဆုံးအတြဲျဖစ္ေနသလဲဆိုတာကေတာ့ ​ႀကိဳတင္သုံးသပ္မႈေတြလည္း အခုလိုရွိေနပါတယ္။

၆။ ခရစၥတီယန္ ႐ိုမဲ႐ိုး+ဂ်ိဳး ႐ိုဒန္

EPL ရဲ႕ ႀကီး ၆ ႀကီးမွာ ဗဟိုခံစစ္​ေၾကာင္းမွာ စပါးစ္ရဲ႕လူအင္အားက အားအေပ်ာ့ဆုံးလို႔ သတ္မွတ္ခံထားရၿပီး ေပါင္သန္း ၄၀ နဲ႔ စီးရီးေအကေန ေျပာင္းေ႐ႊ႕လာေတာ့မယ့္ အာဂ်င္တြးနားသား ႐ိုမဲ႐ိုက ယူ႐ိုမွာ ​ပါရမီရွင္ေျခစြမ္းမ်ိဳး ျပသခဲ့တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ေဝးလ္သား ႐ိုဒြန္နဲ႔ တြဲဖက္ၿပီး နည္းျပ ႏူႏို အက္စ္ပီရီတို ဆန္းတို႔စ္ရဲ႕ ခံစစ္ကို ဦးေဆာင္သြားရဖို႔ ရွိေနၿပီး သင္ယူစရာေတြ ျပည့္ႏွက္ေနဦးမယ့္ရာသီလို႔ အဆိုျပဳခံထားရပါတယ္။

၅။ ဂါဘရီယယ္လ္+ဘန္ဝႈိက္

အာဆင္နယ္ရဲ႕ ေပါင္သန္း ၅၀ တန္ ဘန္ဝႈိက္က ဘ႐ိုက္တန္ကေန တရားဝင္မေရာက္လာေသးေပမယ့္ အခ်ိန္တခုအတြင္းမွာ အသက္ ၂၃ ႏွစ္သားက ဂန္းနားတေယာက္ျဖစ္လာဖို႔ ေသခ်ာေနပါၿပီ။ သူက အသက္ ၂၃ ႏွစ္ခ်င္း ႐ြယ္တူျဖစ္တဲ့ ဘရာဇီးလ္သား ဂါဘရီယယ္လ္နဲ႔ ခံစစ္ကို ဦးေဆာင္သြားရဖို႔ ရွိေနၿပီး အာဆင္နယ္ရဲ႕အနာဂတ္အျဖစ္ ေတာက္ပလာမလားလို႔ သူတို႔အတြဲဟာ ေစာင့္ၾကည့္ခံအေနအထားမွာ ထည့္သြင္းခံထားရပါတယ္။

၄။ သီယာဂို ေဆးလ္ဗား+အန္တိုနီယို ႐ူဒီဂါ

ခ်န္ပီယံလိဂ္ခ်န္ပီယံအတြဲက အဆင့္ ၄ ေနရာအထိ ေရာက္ရွိေနတာကိုေတာ့ ခ်ယ္လ္ဆီးပရိသတ္ေတြကို ရွင္းျပစရာရွိေနၿပီး ေဆးလ္ဗားက အသက္ ၃၈ ႏွစ္ထဲ ေရာက္လာလို႔ ဦးေဆာင္ႏိုင္စြမ္းကလြဲရင္ သက္လုံအက်ပိုင္းမွာ ရွိေနတဲ့အျပင္ ႐ူဒီဂါက တရာသီလုံး ​ေျခစြမ္းမတည္ၿငိမ္ဘူးဆိုတဲ့ သုံးသပ္ခ်က္ေတြက ရွိေနပါတယ္။

ဒါေၾကာင့္ တူဟယ္လ္အေနနဲ႔ လူသစ္ဗဟိုခံစစ္မႉးကို ရွာေဖြၿပီး အသင္းခံစစ္ကို အထိုင္ခ်ဖို႔ အသြက္ဆုံးလႈပ္ရွားေနတာလည္း ျဖစ္ပါတယ္။ EPL ခ်န္ပီယံဆုဖလားကို ဒီရာသီမွာ မမွိတ္မသုန္စိန္ေခၚသြားဖို႔ ႐ိုမန္ ေအဘရာမိုဗစ္ခ်္တို႔ အုပ္စုက စိုင္းျပင္းေနသလို တူဟယ္လ္က တကယ္လုပ္ေဆာင္ႏိုင္မလားဆိုတာလည္း ထင္ေၾကးေတြနဲ႔အတူ စိတ္ဝင္စားစရာေကာင္းေနတာပါ။

၃။ ဗာဂ်ီးလ္ ဗန္ဒိုက္+အီဘရာဟီမာ ကိုနာေတ

သူတို႔အတြဲကိုေတာ့ အနည္းငယ္သတိျပဳစရာေတြ ရွိေနပါတယ္။ ဒူးဒဏ္ရာေၾကာင့္ ၁ ႏွစ္ၾကာနားထားရတဲ့ ဗန္ဒိုက္က အရင္လိုေျခစြမ္းနဲ႔ ျပန္လာႏိုင္ပါ့မလား? ေပါင္ ၃၆ သန္းတန္ ၂၂ ႏွစ္သားလူငယ္ေလး ကိုနာေတက EPL ခ်က္ခ်င္းအထိုင္က်ႏိုင္ပါ့မလား? ဒီ​ေမးခြန္းေတြက ေယာက္ယက္ခတ္ေနဆဲပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဟာသာဘာလင္နဲ႔ ရာသီႀကိဳပြဲမွာ ပြဲထြက္လာမယ့္ ဗန္ဒိုက္ကိုေတာ့ ေစာင့္ၾကည့္သြားရမွာပါ။

၂။ ဟာရီ မက္ဂြိဳင္းယား+ရာေဖးလ္ ဗာ႐ြန္း

ဒီအတြဲကို နံပါတ္ ၂ ေနရာေပးခဲ့လို႔ ယူႏိုက္ပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္မလားေတာ့ ယူဆမိေပမယ့္ ဘယ္ေလာက္ေဟာ့ေနေန သက္ေသမျပရေသးတဲ့ အတြဲျဖစ္ေနတာပါ။ မက္ဂြိဳင္းယားကလည္း အျမင့္ဆုံး​ေျခစြမ္းရွိေနၿပီလို႔ ဆိုဖို႔ ခက္ေနေသးသလို အသက္ ၂၈ ႏွစ္သား ဗာ႐ြန္းရဲ႕ အေတြ႕အႀကဳံအင္အားကေတာ့ ေမွ်ာ္လင့္စရာေတြကို ယူေဆာင္လာဖို႔ ေသခ်ာေနပါတယ္။

၁။ ႐ူဘင္ ဒီယက္စ္+ဂြၽန္စတုန္းစ္

ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံခဲ့တဲ့ မန္စီးတီးဗဟိုခံစစ္အတြဲကို နံပါတ္ ၁ ေနရာမွာ မထားမျဖစ္ ထားရမွာပါ။ ၿပိဳင္ဘက္အသင္းတိုင္းကို ၿဖဳံက်သြားေစခဲ့တဲ့ EPL ရဲ႕ အမာေက်ာဆုံးနဲ႔ ေပးဂိုးအနည္းဆုံးအတြဲအျဖစ္ မွတ္တမ္းဝင္ထားသလို ဒီယာ့စ္ရဲ႕ ဒိုင္ခံေဘာလုံးရွင္းထုတ္မႈ၊ စတုန္းစ္ရဲ႕ ခံစစ္ကေန ေဘာလုံးကိုင္ကစားႏိုင္စြမ္းေတြက အေတာ္ေလးဟန္ခ်က္ညီမွ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.