Premier League Transfer News

28 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းအနေနဲ့ ပြင်သစ်နောက်ခံလူ ဂျူးလ်စ် ကွန်ဒေကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့ပြီး ဆီဗီလာအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့သာ လိုအပ်နေသလို နောက်ခံလူ ကာ့ထ် ဇူးမားနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွား။

ချဲလ်ဆီးအသင်း‌အနေနဲ့ ယူရိုသန်း ၁၃၀ တန် အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရအောင် အရင်ကြိုးစားနေပြီး ကစားသမားအနေနဲ့ တစ်ချိန်က ဝေဖန်သံတွေနဲ့အတူ ကျရှုံးခဲ့တဲ့ အင်္ဂလန်မြေကို ပြန်လာဖို့ စိတ်ရှိ၊ မရှိ မသေချာသေးကြောင်းသိရ။

လွန်ခဲ့တဲ့ လေးနှစ်က မိုနာကိုအသင်းဆီကနေ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူပြီး အပြောင်းအရွှေ့အမှားဖြစ်ခဲ့သလို အငှားထွက်ကစားပြီးတော့သာ အချိန်ကုန်နေခဲ့ရတဲ့ ကွင်းလယ်လူ တီမူး ဘာကာယိုကိုအနေနဲ့ သူနဲ့ ချဲလ်ဆီးအသင်းရဲ့ ရေစက်ဆိုးကို အဆုံးသတ်နိုင်တော့မှာဖြစ်ပြီး အေစီမီလန်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ရှိနေ။

၂၀၁၉ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ နည်းပြ မော်ရီဇီယို ဆာရီက သူ့ကို ဒဏ်ရာကြောင့် လူစားလဲဖို့ စီစဉ်ခဲ့တာကို သူအနေနဲ့ ဆက်ကစားဖို့ အဆင်ပြေလို့ လူစားလဲဖို့ ငြင်းဆန်ပြီး ကွင်းထဲမှာ အတင်းနေခဲ့တာအတွက် ချဲလ်ဆီးဂိုးသမား ကီပါ အရီဇာဘာလာဂါက နည်းပြဟောင်း အီတလီသားကြီးနဲ့ လူစားဝင်ဖို့ရှိခဲ့တဲ့ အရန်ဂိုးသမား ဝီလီ ကာဘယ်လာရိုတို့ကို တောင်းပန်စကားပြောသွားခဲ့။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လေဗာကူဆင်ကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကစားသမား ခိုင် ဟာဗက်ဇ်အနေနဲ့ သူ့ရဲ့ ကစားသမားဘဝကို တစ်ဆင့်မြှင့်ရတော့မှာဖြစ်ကြောင်း နည်းပြ သောမတ်စ် တူဟယ်လ်က သတိပေးသွားခဲ့ကြောင်း သတင်းတွေ ထွက်လာ။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက် ၁-၂ ချဲလ်ဆီးပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာတော့ ချဲလ်ဆီးပရိသတ်တွေက ၄၅ မိနစ်အတွင်း အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို အသင်းကနေ မြန်မြန်သာထွက်သွားဖို့ ‌လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ရေးသားတောင်းဆိုခဲ့ကြ။

စစ်တမ်းကောက်ယူမှုတွေအရ လီဗာပူးလ်အသင်းရဲ့ ပေါင် ၇၅ သန်းတန် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ဟာ ထိပ်တန်းအဆင့်မှာ မရှိတော့ဘဲ ချဲလ်ဆီးခံစစ်မှူး သီယာဂို ဆေးလ်ဗားက ဒတ်ချ်နောက်ခံလူထက် ပိုမိုကောင်းမွန်ကြောင်းကို မန်စီးတီးရဲ့ ရူဘင် ဒီယက်စ်၊ မန်ယူနိုက်တက်ရဲ့ ဟာရီ မက်ဂွိုင်းယားတို့နဲ့အတူ သက်သေပြခဲ့။

ဖူလ်လမ်အသင်းရဲ့ အသက် ၂၉ နှစ်အရွယ် အင်္ဂလိပ်ဂိုးသမား မားကပ်စ် ဘက်တီနယ်လီကို ချဲလ်ဆီးအသင်းအနေနဲ့ အက်စတန်ဗီလာအသင်းထက် လက်ဦးမှုရယူကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး နောက်ထပ် ၄၈ နာရီအတွင်း ဆေးစစ်ဖို့ရှိနေကြောင်း သတင်းတွေထွက်လာ။

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်နောက်ခံလူ ဂျွန်တယ်ရီအနေနဲ့ အက်စတန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်ကနေ နှုတ်ထွက်လာခဲ့ပြီး အသင်းဖော်ဟောင်း ဖရန့် လမ်းပတ်လို နည်းပြအဖြစ် လုပ်ကိုင်ဖို့ ရည်မှန်းထားသလို အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ရေးပါလာကတော့ လမ်းပတ်လို အောင်မြင်လာနိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ျပင္သစ္ေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ေဒကို ေခၚယူဖို႔အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရခဲ့ၿပီး ဆီဗီလာအသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈရဖို႔သာ လိုအပ္ေနသလို ေနာက္ခံလူ ကာ့ထ္ ဇူးမားနဲ႔ အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနတယ္လို႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြား။

ခ်ဲလ္ဆီးအသင္း‌အေနနဲ႔ ယူ႐ိုသန္း ၁၃၀ တန္ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ေခၚယူဖို႔အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရေအာင္ အရင္ႀကိဳးစားေနၿပီး ကစားသမားအေနနဲ႔ တစ္ခ်ိန္က ေဝဖန္သံေတြနဲ႔အတူ က်ရႈံးခဲ့တဲ့ အဂၤလန္ေျမကို ျပန္လာဖို႔ စိတ္ရွိ၊ မရွိ မေသခ်ာေသးေၾကာင္းသိရ။

လြန္ခဲ့တဲ့ ေလးႏွစ္က မိုနာကိုအသင္းဆီကေန ေပါင္သန္း ၄၀ နဲ႔ ေခၚယူၿပီး အေျပာင္းအေ႐ႊ႕အမွားျဖစ္ခဲ့သလို အငွားထြက္ကစားၿပီးေတာ့သာ အခ်ိန္ကုန္ေနခဲ့ရတဲ့ ကြင္းလယ္လူ တီမူး ဘာကာယိုကိုအေနနဲ႔ သူနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ေရစက္ဆိုးကို အဆုံးသတ္ႏိုင္ေတာ့မွာျဖစ္ၿပီး ေအစီမီလန္အသင္းဆီ အၿပီးသတ္ ေျပာင္းေ႐ႊ႕ဖို႔ရွိေန။

၂၀၁၉ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ နည္းျပ ေမာ္ရီဇီယို ဆာရီက သူ႔ကို ဒဏ္ရာေၾကာင့္ လူစားလဲဖို႔ စီစဥ္ခဲ့တာကို သူအေနနဲ႔ ဆက္ကစားဖို႔ အဆင္ေျပလို႔ လူစားလဲဖို႔ ျငင္းဆန္ၿပီး ကြင္းထဲမွာ အတင္းေနခဲ့တာအတြက္ ခ်ဲလ္ဆီးဂိုးသမား ကီပါ အရီဇာဘာလာဂါက နည္းျပေဟာင္း အီတလီသားႀကီးနဲ႔ လူစားဝင္ဖို႔ရွိခဲ့တဲ့ အရန္ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုတို႔ကို ေတာင္းပန္စကားေျပာသြားခဲ့။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ေလဗာကူဆင္ကေန ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ တိုက္စစ္ကစားသမား ခိုင္ ဟာဗက္ဇ္အေနနဲ႔ သူ႔ရဲ႕ ကစားသမားဘဝကို တစ္ဆင့္ျမႇင့္ရေတာ့မွာျဖစ္ေၾကာင္း နည္းျပ ေသာမတ္စ္ တူဟယ္လ္က သတိေပးသြားခဲ့ေၾကာင္း သတင္းေတြ ထြက္လာ။

မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘုန္းေမာက္ ၁-၂ ခ်ဲလ္ဆီးပြဲစဥ္ရဲ႕ ပထမပိုင္းအၿပီးမွာေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြက ၄၅ မိနစ္အတြင္း အပိုင္အခြင့္အေရးေတြ ျဖဳန္းတီးခဲ့တဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို အသင္းကေန ျမန္ျမန္သာထြက္သြားဖို႔ ‌လူမႈကြန္ယက္မီဒီယာေတြေပၚမွာ ေရးသားေတာင္းဆိုခဲ့ၾက။

စစ္တမ္းေကာက္ယူမႈေတြအရ လီဗာပူးလ္အသင္းရဲ႕ ေပါင္ ၇၅ သန္းတန္ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ဟာ ထိပ္တန္းအဆင့္မွာ မရွိေတာ့ဘဲ ခ်ဲလ္ဆီးခံစစ္မႉး သီယာဂို ေဆးလ္ဗားက ဒတ္ခ်္ေနာက္ခံလူထက္ ပိုမိုေကာင္းမြန္ေၾကာင္းကို မန္စီးတီးရဲ႕ ႐ူဘင္ ဒီယက္စ္၊ မန္ယူႏိုက္တက္ရဲ႕ ဟာရီ မက္ဂြိဳင္းယားတို႔နဲ႔အတူ သက္ေသျပခဲ့။

ဖူလ္လမ္အသင္းရဲ႕ အသက္ ၂၉ ႏွစ္အ႐ြယ္ အဂၤလိပ္ဂိုးသမား မားကပ္စ္ ဘက္တီနယ္လီကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ အက္စတန္ဗီလာအသင္းထက္ လက္ဦးမႈရယူကာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ေနာက္ထပ္ ၄၈ နာရီအတြင္း ေဆးစစ္ဖို႔ရွိေနေၾကာင္း သတင္းေတြထြက္လာ။

ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၲဝင္ေနာက္ခံလူ ဂြၽန္တယ္ရီအေနနဲ႔ အက္စတန္ဗီလာအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ကေန ႏႈတ္ထြက္လာခဲ့ၿပီး အသင္းေဖာ္ေဟာင္း ဖရန႔္ လမ္းပတ္လို နည္းျပအျဖစ္ လုပ္ကိုင္ဖို႔ ရည္မွန္းထားသလို အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္း ေရးပါလာကေတာ့ လမ္းပတ္လို ေအာင္ျမင္လာႏိုင္ေၾကာင္း မွတ္ခ်က္ေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.