Premier League Transfer News

ပေါင် ၄၂.၇ သန်းနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာပြီဖြစ်တဲ့ ရာဖေးလ် ဗာရွန်း

နောက်ခံလူ ရာဖေးလ် ဗာရွန်းအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတော့မှာဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်ရော ရီးရဲလ်မက်ဒရစ်ပါ အတည်ပြုကြေငြာထားခဲ့ပြီး နောက်ဆုံးအဆင့်အချက်အလက် အနည်းငယ်သာ ကျန်တော့တာလည်း ဖြစ်ပါတယ်။

ဗာရွန်းကို ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် ၃၄.၂ သန်း+အပိုဆုကြေး ပေါင် ၈.၅ သန်းအပါအဝင် စုစုပေါင်း ပေါင် ၄၂.၇ သန်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး ဒီစာချုပ်မှာ နောက်ထပ် စာချုပ်သက်တမ်း တစ်နှစ်ထပ်မံတိုးမြှင့်ခွင့်လည်းပါဝင်နေတယ်လို့ သိရကာ စာချုပ်မှာ လက်မှတ်ထိုးဖို့နဲ့ ဆေးစစ်ချက် ပြုလုပ်ဖို့သာ ကျန်ရှိပါတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ “မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီး ဆေးစစ်ဖို့နဲ့ အပြီးသတ်စရာ အနည်းငယ်သာကျန်ကြောင်းကို ဝမ်းမြောက်ဝမ်းသာ ကြေငြာချင်ပါတယ်”လို့ ပါဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ကစားသမားရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အသင်းကို ကိုယ်စားပြုခဲ့ပြီး ဘောလုံးရာသီ ၁၀ ခုအထိ အတူဖြတ်သန်းခဲ့ကြသလို ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ ၄ ကြိမ်၊ UEFA စူပါဖလား၊ လာလီဂါချန်ပီယံနဲ့ စပိန်စူပါဖလားချန်ပီယံ ၃ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၁ ကြိမ်တို့ အရယူပေးခဲ့တာပါ”

“ရီးရဲလ်မက်ဒရစ်ကတော့ ဗာရွန်းနဲ့ သူ့မိသားစုကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ သူ့ကစားသမားဘဝရဲ့ နောက်တစ်ဆင့်မှာလည်း အကောင်းဆုံးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဆိုပြီး ပါဝင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြင်သစ်သားရဲ့ အသင်းဟောင်းဖြစ်တဲ့ လေးစ်အသင်းကို ပေါင် ၁ သန်းပေးချေရမှာလည်းဖြစ်ပြီး ဗာရွန်းအနေနဲ့ သူ့မိသားစုရဲ့ အင်္ဂလန်မှာနေဖို့အတွက် ဗီဇာရတာနဲ့ မန်ချက်စတာကို လာဖို့ရှိနေသလို ရောက်တာနဲ့ ကိုဗစ်စည်းမျဉ်းကြောင့် သီးခြားနေထိုင်ရဦးမှာဖြစ်ပါတယ်။ ပြီးမှသာ မန်ချက်စတာမှာပဲ ဆေးစစ်မှာပါ။

မန်ချက်စတာယူနိုက်တက်ကတော့ အပြောင်းအရွှေ့မှာ တကယ့်ဒိတ်ဒိတ်ကြဲကစားသမားတွေကို ခေါ်ထားနိုင်ခဲ့ပြီး ဗာရွန်းမတိုင်ခင်ကလည်း ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကို ခေါ်ယူထားနိုင်ခဲ့တာပါ။ လက်ရှိ ယူနိုက်တက်ခံစစ်ကတော့ အတောင့်တင်းဆုံးအနေအထားမှာရှိနေပြီး ဆုဖလားတွေကို အရယူပြမလားဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: