Bundesliga Premier League Serie A Transfer News

ဟာရီကိန်းနဲ့ ၁၅၀ ဖိုး ဒစ်လည်မခံနိုင်ရင် မန်ချက်စတာစီးတီးတို့ ဘယ်သူ့ကို ခေါ်မှာလဲ

မန်ချက်စတာစီးတီးတို့အနေနဲ့ တာရာမင်းဝေစကားနဲ့ ပြောရရင် ဘယ်လိုမှ ညှိမရတဲ့ နဂါးအမောက်ကြီးလိုဖြစ်နေတဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဥက္ကဌ ဒန်နီယယ်လ် လီဗိုင်းနဲ့ ဟာရီကိန်းကို ခေါ်ယူဖို့ ကိစ္စက ကြန့်ကြာနေပြီး ပြီးခဲ့တဲ့ ရာသီကုန်ချိန်ကတည်းက ဒီနေ့ထက်ထိတိုင်အောင် မပြေလည်သေးဘဲဖြစ်နေကြတာပါ။

ပေါင်သန်း ၁၅၀ လို့ သတ်မှတ်ထားမှုကို ဘယ်လိုမှ ဈေးလျှော့ပေးဖို့ မရှိဘဲ မပေးနိုင်ရင် စပါးစ်အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သဘောထားပြသထားတဲ့ မြောက်လန်ဒန်ရဲ့ ခေါင်းမာမှုအောက်မှာ အင်္ဂလန်ကပ္ပတိန်ကလည်း သူ့ရဲ့ ဆုဖလားအောင်မြင်မှုတွေကို ရယူလိုတဲ့ ဆန္ဒကို ဒီရာသီမှာလည်း ကြိတ်မှိတ်မျိုသိပ်ရဖို့ နီးလာချိန်မှာ မန်ချက်စတာစီးတီးဘက်ကတော့ လူသစ်ရှာဖို့ စီစဉ်နေခဲ့ပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ စောင့်ရတာကို စိတ်ကုန်နေတဲ့အချိန်မှာ ကိန်းထက် အနည်းဆုံး ပေါင်သန်း ၅၀ လောက် သက်သာနိုင်တဲ့ တိုက်စစ်ပစ်မှတ်နှစ်ခုကို ရှာဖွေထားခဲ့ပြီး အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့ကို အားကစားဒါရိုက်တာ ဘီဂီရီစတိန်းက ချိတ်ဆက်နေခဲ့တာပါ။

အင်တာမီလန် အမှုဆောင်ချုပ် ဂျူဆက်ပီ မာရော့တာကတော့ လူကာကူးဟာ ရောင်းဖို့ မဟုတ်ဘူးလို့ ပြောထားပေမယ့် ယူရိုသန်း ၁၀၀ (ပေါင် ၈၅.၄ သန်း) အထက်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ အလုပ်ဖြစ်နိုင်ပြီး နည်းပြ ဆီမွန်နီ အင်ဇာဂီအတွက်လည်း လူသစ်ပြန်ခေါ်ဖို့ ထုပ်ထုပ်ထည်ထည် ပမာဏ ရရှိသွားချိန်မှာ လိုက်လျောသွားဖို့ ရှိလာနိုင်ပါတယ်။

ဆန်စီရိုမှာ နှစ်ရာသီအတွင်း စီးရီးအေ ၇၂ ပွဲ ကစားပြီး ၄၇ ဂိုး ရယူပေးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ သူ့ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့် မြင့်မားလာတဲ့ ပုံစံကိုလည်း ပြသနေပြီး နက်ပြာကျားတို့အတွက် ပြိုင်ပွဲစုံ ၉၅ ပွဲမှာ ၆၄ ဂိုးအထိ သွင်းယူထားခဲ့တဲ့ ဂိုးသွင်းနှုန်းကလည်း အင်္ဂလန်နဲ့ မန်ချက်စတာကို တစ်ကျော့ပြန် ခြေချဖို့ ရဲရင့်နေဦးမှာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဘက်ကတော့ သူတို့ရဲ့ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကို ခြေစွမ်းမကျဆင်းသေးခင်နဲ့ အရွယ်မလွန်ခင်မှာ အစွံထုတ်ဖို့ စဉ်းစားနေပြီး ဒေါ့မွန်ကနေ ၂၀၁၄ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ သူ့အတွက်တော့ ပြန်ရသမျှက အမြတ်ပဲဖြစ်နေလို့ မန်စီးတီးမှာ ဆရာဟောင်း ပက်ပ်နဲ့ ပူးပေါင်းမယ်ဆိုရင် ကြည်ဖြူသွားဖွယ်ရှိနေပါတယ်။

မြူးနစ်မှာ ဘာဗေးရီးယားသားတွေနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးတဲ့ လီဗန်ဒေါ့ဗ်စကီးအတွက် တာဝန်ရှိသူတွေအနေနဲ့ ယူရိုသန်း ၆၀ (ပေါင် ၅၁.၂၅ သန်း) ဝန်းကျင် တောင်းဆိုနိုင်တယ်လို့ စာရင်းအင်းပြုစုရေး ဝက်ဘ်ဆိုက်တွေက ခန့်မှန်းထားကြပြီး မန်စီးတီးတို့အနေနဲ့တော့ ဟာရီကိန်းကို စိတ်မရှည်တော့ရင် ဘယ်သူ့ကို ရွေးချယ်သွားမလဲ စောင်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ တာရာမင္းေဝစကားနဲ႔ ေျပာရရင္ ဘယ္လိုမွ ညႇိမရတဲ့ နဂါးအေမာက္ႀကီးလိုျဖစ္ေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါး အသင္းဥကၠဌ ဒန္နီယယ္လ္ လီဗိုင္းနဲ႔ ဟာရီကိန္းကို ေခၚယူဖို႔ ကိစၥက ၾကန႔္ၾကာေနၿပီး ၿပီးခဲ့တဲ့ ရာသီကုန္ခ်ိန္ကတည္းက ဒီေန႔ထက္ထိတိုင္ေအာင္ မေျပလည္ေသးဘဲျဖစ္ေနၾကတာပါ။

ေပါင္သန္း ၁၅၀ လို႔ သတ္မွတ္ထားမႈကို ဘယ္လိုမွ ေဈးေလွ်ာ့ေပးဖို႔ မရွိဘဲ မေပးႏိုင္ရင္ စပါးစ္အသင္းမွာပဲ ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ သေဘာထားျပသထားတဲ့ ေျမာက္လန္ဒန္ရဲ႕ ေခါင္းမာမႈေအာက္မွာ အဂၤလန္ကပၸတိန္ကလည္း သူ႔ရဲ႕ ဆုဖလားေအာင္ျမင္မႈေတြကို ရယူလိုတဲ့ ဆႏၵကို ဒီရာသီမွာလည္း ႀကိတ္မွိတ္မ်ိဳသိပ္ရဖို႔ နီးလာခ်ိန္မွာ မန္ခ်က္စတာစီးတီးဘက္ကေတာ့ လူသစ္ရွာဖို႔ စီစဥ္ေနခဲ့ပါတယ္။

စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ေစာင့္ရတာကို စိတ္ကုန္ေနတဲ့အခ်ိန္မွာ ကိန္းထက္ အနည္းဆုံး ေပါင္သန္း ၅၀ ေလာက္ သက္သာႏိုင္တဲ့ တိုက္စစ္ပစ္မွတ္ႏွစ္ခုကို ရွာေဖြထားခဲ့ၿပီး အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးနဲ႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတို႔ကို အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းက ခ်ိတ္ဆက္ေနခဲ့တာပါ။

အင္တာမီလန္ အမႈေဆာင္ခ်ဳပ္ ဂ်ဴဆက္ပီ မာေရာ့တာကေတာ့ လူကာကူးဟာ ေရာင္းဖို႔ မဟုတ္ဘူးလို႔ ေျပာထားေပမယ့္ ယူ႐ိုသန္း ၁၀၀ (ေပါင္ ၈၅.၄ သန္း) အထက္နဲ႔ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ေတာ့ အလုပ္ျဖစ္ႏိုင္ၿပီး နည္းျပ ဆီမြန္နီ အင္ဇာဂီအတြက္လည္း လူသစ္ျပန္ေခၚဖို႔ ထုပ္ထုပ္ထည္ထည္ ပမာဏ ရရွိသြားခ်ိန္မွာ လိုက္ေလ်ာသြားဖို႔ ရွိလာႏိုင္ပါတယ္။

ဆန္စီ႐ိုမွာ ႏွစ္ရာသီအတြင္း စီးရီးေအ ၇၂ ပြဲ ကစားၿပီး ၄၇ ဂိုး ရယူေပးႏိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္တစ္ဆင့္ ျမင့္မားလာတဲ့ ပုံစံကိုလည္း ျပသေနၿပီး နက္ျပာက်ားတို႔အတြက္ ၿပိဳင္ပြဲစုံ ၉၅ ပြဲမွာ ၆၄ ဂိုးအထိ သြင္းယူထားခဲ့တဲ့ ဂိုးသြင္းႏႈန္းကလည္း အဂၤလန္နဲ႔ မန္ခ်က္စတာကို တစ္ေက်ာ့ျပန္ ေျခခ်ဖို႔ ရဲရင့္ေနဦးမွာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဘက္ကေတာ့ သူတို႔ရဲ႕ အသက္ ၃၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေျခစြမ္းမက်ဆင္းေသးခင္နဲ႔ အ႐ြယ္မလြန္ခင္မွာ အစြံထုတ္ဖို႔ စဥ္းစားေနၿပီး ေဒါ့မြန္ကေန ၂၀၁၄ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားခဲ့တဲ့ သူ႔အတြက္ေတာ့ ျပန္ရသမွ်က အျမတ္ပဲျဖစ္ေနလို႔ မန္စီးတီးမွာ ဆရာေဟာင္း ပက္ပ္နဲ႔ ပူးေပါင္းမယ္ဆိုရင္ ၾကည္ျဖဴသြားဖြယ္ရွိေနပါတယ္။

ျမဴးနစ္မွာ ဘာေဗးရီးယားသားေတြနဲ႔ စာခ်ဳပ္သက္တမ္း ႏွစ္ႏွစ္က်န္ရွိေနေသးတဲ့ လီဗန္ေဒါ့ဗ္စကီးအတြက္ တာဝန္ရွိသူေတြအေနနဲ႔ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၁.၂၅ သန္း) ဝန္းက်င္ ေတာင္းဆိုႏိုင္တယ္လို႔ စာရင္းအင္းျပဳစုေရး ဝက္ဘ္ဆိုက္ေတြက ခန႔္မွန္းထားၾကၿပီး မန္စီးတီးတို႔အေနနဲ႔ေတာ့ ဟာရီကိန္းကို စိတ္မရွည္ေတာ့ရင္ ဘယ္သူ႔ကို ေ႐ြးခ်ယ္သြားမလဲ ေစာင္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.