Analysis Bundesliga International La Liga Ligue1 Premier League Serie A UCL&UEL

27 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဒဏ်ရာမကြာခဏရတတ်တဲ့ နောက်ခံလူ ဂျိုးဂိုးမက်ဇ်နေရာမှာ အရန်သင့်ထားဖို့အတွက် ပိုလန်လူငယ်နောက်ခံလူ ဆီဘက်စတီယန် ဗာလူကီဗစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ၂၁ နှစ်အရွယ် ပိုလန်သားအတွက် စီးရီးအေကလပ် ကာဂလီယာရီအသင်းက ပေါင် ၈ သန်းအနည်းဆုံး အလိုရှိနေကြောင်း အီတလီမီဒီယာတွေက ဖော်ပြနေကြ။

– တော့တင်ဟမ်ဟော့စပါးစ်ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာက သူ့အနေနဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဆိုတာ စပါးစ်ကွင်းလယ်မှာ မရှိမဖြစ် လိုအပ်နေတဲ့လူမျိုးလို့ ချီးကျူးခဲ့ပြီး ၃၁ နှစ်အရွယ် အင်္ဂလန်သားကို စပါးစ်မှာကစားတာ မြင်ချင်တယ်လို့ ပြောသွားခဲ့ကြောင်းသိရ။

– ဖလာမင်ဂိုအသင်းရဲ့ ပေါင်သန်း ၄၀ တန် တိုက်စစ်မှူး ဂါဘရီယယ်လ် ဘာဘိုဆာက သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ ရောဘတ်တို ဖာမင်နိုနဲ့ အတူတွဲကစားချင်ကြောင်းပြောခဲ့ပြီး သူကိုယ်တိုင်လည်း လီဗာပူးလ်ပရိသတ်တစ်ယောက်ဖြစ်လို့ အခါအခွင့်သင့်ရင် ပြောင်းရွှေ့လာချင်ကြောင်း ဝန်ခံသွားခဲ့။

– အင်္ဂလန်အသင်းရဲ့ လက်ရွေးစင်ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆင်က လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကို စာချုပ်သက်တမ်းတိုးဖို့အတွက် အဆင်မပြေခဲ့ရင် ဈေးရတုန်း ရောင်းထားသင့်ပြီး ဖလိပီ ကော်တင်ညိုတုန်းက ရောင်းခဲ့တုန်းကလိုပဲ လူသစ်တွေခေါ်ဖို့ ငွေပြန်ရှာပြီးသားဖြစ်နိုင်ကြောင်း သုံးသပ်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ အေစီမီလန်ကွင်းလယ်လူ ဖရွန့်ခ် ကက်ဆီယေးကို ခေါ်ယူဖို့အတွက် အားစိုက်လာခဲ့ပြီး တခြားအသင်းတွေထက် လက်ဦးမှုရယူဖို့ ကြိုးစားနေသလို အနီအနက်ကျားတွေဆီက စာချုပ်သစ်အတွက် အေးဂျင့်နဲ့ တွေ့ဆုံဖို့ စီစဉ်လာတဲ့အတွက် ရက်ပိုင်းအတွင်း အရှိန်မြှင့်လုပ်ဆောင်ဖွယ်ရှိနေ။

– နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ လိုင်လီကွင်းလယ်ကစားသမား ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လာဇီယိုအသင်းက စိတ်ဝင်စားနေတဲ့ ချာဒန် ရှာကျီရီကို ပေါင် ၁၅ သန်းနဲ့ ရောင်းချပြီး ပေါ်တူဂီသားကို ခေါ်ယူသွားနိုင်ကြောင်း သိရ။

– လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်မှူး ပက်ထရစ် ဘမ်းဖို့ဒ်နဲ့ အလှည့်ကျပွဲထွက်နိုင်ဖို့အတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့အတွက် စီစဉ်နေပြီး လီဗာပူးလ်တိုက်စစ်မှူး ဒီဗော့ အိုရီဂီကို ရာသီမစခင် အရခေါ်ယူဖို့ မျက်စိကျလာကြောင်း သတင်းတွေ ထွက်လာ။

– တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးအနေနဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက ရာဖေးလ် ဗာရွန်းနဲ့ ဂျေဒန် ဆန်ချိုကို ခေါ်နေချိန်မှာ လီဗာပူးလ်အသင်းအနေနဲ့ ငြိမ်သက်နေကြောင်း အပြစ်တင်ထားတဲ့ ပို့စ်ကို Like လုပ်သွားခဲ့ပြီး ခဏအကြာမှာတော့ ပြန်ဖြုတ်သွားခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရ။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား အဲလက်စ် ‌အောက်ဇလိတ်-ချိမ်ဘာလိန်ကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီး ကြိုးကြာနီတို့ဘက်ကတော့ ပယ်ချဖို့ စီစဉ်ထားသလို ဟမ်းမားတို့ရဲ့ တောင်ပံတိုက်စစ်မှူး ဂျားရော့ဒ် ဘိုဝင်နဲ့ လဲလှယ်ဖို့သာ ဆန္ဒရှိနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဒဏ္ရာမၾကာခဏရတတ္တဲ့ ေနာက္ခံလူ ဂ်ိဳးဂိုးမက္ဇ္ေနရာမွာ အရန္သင့္ထားဖို႔အတြက္ ပိုလန္လူငယ္ေနာက္ခံလူ ဆီဘက္စတီယန္ ဗာလူကီဗစ္ခ်္ကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး ၂၁ ႏွစ္အ႐ြယ္ ပိုလန္သားအတြက္ စီးရီးေအကလပ္ ကာဂလီယာရီအသင္းက ေပါင္ ၈ သန္းအနည္းဆုံး အလိုရွိေနေၾကာင္း အီတလီမီဒီယာေတြက ေဖာ္ျပေနၾက။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာက သူ႔အေနနဲ႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဆိုတာ စပါးစ္ကြင္းလယ္မွာ မရွိမျဖစ္ လိုအပ္ေနတဲ့လူမ်ိဳးလို႔ ခ်ီးက်ဴးခဲ့ၿပီး ၃၁ ႏွစ္အ႐ြယ္ အဂၤလန္သားကို စပါးစ္မွာကစားတာ ျမင္ခ်င္တယ္လို႔ ေျပာသြားခဲ့ေၾကာင္းသိရ။

– ဖလာမင္ဂိုအသင္းရဲ႕ ေပါင္သန္း ၄၀ တန္ တိုက္စစ္မႉး ဂါဘရီယယ္လ္ ဘာဘိုဆာက သူ႔အေနနဲ႔ လီဗာပူးလ္အသင္းမွာ ေရာဘတ္တို ဖာမင္ႏိုနဲ႔ အတူတြဲကစားခ်င္ေၾကာင္းေျပာခဲ့ၿပီး သူကိုယ္တိုင္လည္း လီဗာပူးလ္ပရိသတ္တစ္ေယာက္ျဖစ္လို႔ အခါအခြင့္သင့္ရင္ ေျပာင္းေ႐ႊ႕လာခ်င္ေၾကာင္း ဝန္ခံသြားခဲ့။

– အဂၤလန္အသင္းရဲ႕ လက္ေ႐ြးစင္ဂိုးသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆင္က လီဗာပူးလ္အသင္းအေနနဲ႔ တိုက္စစ္မႉး မိုဟာမက္ ဆာလားကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ အဆင္မေျပခဲ့ရင္ ေဈးရတုန္း ေရာင္းထားသင့္ၿပီး ဖလိပီ ေကာ္တင္ညိဳတုန္းက ေရာင္းခဲ့တုန္းကလိုပဲ လူသစ္ေတြေခၚဖို႔ ေငြျပန္ရွာၿပီးသားျဖစ္ႏိုင္ေၾကာင္း သုံးသပ္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ေအစီမီလန္ကြင္းလယ္လူ ဖ႐ြန႔္ခ္ ကက္ဆီေယးကို ေခၚယူဖို႔အတြက္ အားစိုက္လာခဲ့ၿပီး တျခားအသင္းေတြထက္ လက္ဦးမႈရယူဖို႔ ႀကိဳးစားေနသလို အနီအနက္က်ားေတြဆီက စာခ်ဳပ္သစ္အတြက္ ေအးဂ်င့္နဲ႔ ေတြ႕ဆုံဖို႔ စီစဥ္လာတဲ့အတြက္ ရက္ပိုင္းအတြင္း အရွိန္ျမႇင့္လုပ္ေဆာင္ဖြယ္ရွိေန။

– နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းအေနနဲ႔ လိုင္လီကြင္းလယ္ကစားသမား ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို လာဇီယိုအသင္းက စိတ္ဝင္စားေနတဲ့ ခ်ာဒန္ ရွာက်ီရီကို ေပါင္ ၁၅ သန္းနဲ႔ ေရာင္းခ်ၿပီး ေပၚတူဂီသားကို ေခၚယူသြားႏိုင္ေၾကာင္း သိရ။

– လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ အသင္းရဲ႕တိုက္စစ္မႉး ပက္ထရစ္ ဘမ္းဖို႔ဒ္နဲ႔ အလွည့္က်ပြဲထြက္ႏိုင္ဖို႔အတြက္ အရည္အေသြးျမင့္ တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔အတြက္ စီစဥ္ေနၿပီး လီဗာပူးလ္တိုက္စစ္မႉး ဒီေဗာ့ အိုရီဂီကို ရာသီမစခင္ အရေခၚယူဖို႔ မ်က္စိက်လာေၾကာင္း သတင္းေတြ ထြက္လာ။

– ေတာင္ပံတိုက္စစ္မႉး ဆာဒီယို မာေနးအေနနဲ႔ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ရာေဖးလ္ ဗာ႐ြန္းနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚေနခ်ိန္မွာ လီဗာပူးလ္အသင္းအေနနဲ႔ ၿငိမ္သက္ေနေၾကာင္း အျပစ္တင္ထားတဲ့ ပို႔စ္ကို Like လုပ္သြားခဲ့ၿပီး ခဏအၾကာမွာေတာ့ ျပန္ျဖဳတ္သြားခဲ့တာကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရ။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကစားသမား အဲလက္စ္ ‌ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ကို အငွားနဲ႔ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနၿပီး ႀကိဳးၾကာနီတို႔ဘက္ကေတာ့ ပယ္ခ်ဖို႔ စီစဥ္ထားသလို ဟမ္းမားတို႔ရဲ႕ ေတာင္ပံတိုက္စစ္မႉး ဂ်ားေရာ့ဒ္ ဘိုဝင္နဲ႔ လဲလွယ္ဖို႔သာ ဆႏၵရွိေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.