Analysis Bundesliga International La Liga Ligue1 Premier League Serie A UCL&UEL

ဘလွန်ဒေါကို တုန်လှုပ်စေမယ့် ကိန်း၊ စောင့်ကြည့်သူ CR7 နဲ့ ထိုက်တန်သူ မက်ဆီတို့ရဲ့ ပြိုင်ပွဲ

ဘယ်လွန်ဒေါဆုကိုတော့ မက်ဆီက ၆ ကြိမ်နဲ့ ရော်နယ်လ်ဒိုက ၅ ကြိမ် လက်ရှိအချိန်အထိ ရယူထားနိုင်ခဲ့တာဖြစ်ပြီး မနှစ်ကတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဆုမပေးဖြစ်ခဲ့ဘဲ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးအတွက် နစ်နာခဲ့ရတာပါ။ ဒီနှစ်မှာတော့ ဒီဆုကိုရဖို့ ဘယ်သူတွေက ဘယ်လောက်ထိ အလားအလာရှိနေသလဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

စောစောစီးစီး စာရင်းဖျက်ရမယ့်သူတွေ…
ရေပန်းစားခဲ့ဖူးသူတွေထဲက မေဆန်မောင့်၊ နေမာ၊ ချီရို အင်မိုဘီလီနဲ့ လော်ရန်ဇို အင်ဆီညာတို့ကတော့ ဘယ်လွန်ဒေါနဲ့ ခပ်ဝေးဝေးကို ရောက်သွားခဲ့ပါပြီ။ တစ်ရာသီလုံး စွမ်းဆောင်ရည်ကို ခြုံငုံသုံးသပ်မှုတွေမှာ တစ်ဉီးချင်းစွမ်းဆောင်ရည် ဒါမှမဟုတ် အသင်းလိုက်စွမ်းဆောင်ရည်ဘက်က လိုအပ်ချက်ရှိခဲ့သူတွေကို စာရင်းထဲက ဖယ်ထုတ်ခဲ့ရချိန်မှာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ရခဲ့တဲ့ မေဆန်မောင့်ကတော့ အနစ်နာဆုံးလို့ပဲ ဆိုရပါမယ်။

အံ့ဩတုန်လှုပ်စေနိုင်မယ့်သူတွေ…
ဒီစာရင်းထဲမှာတော့ ဟာရီကိန်း၊ ခီလီယန် အမ်ဘာပေ၊ ရာဟင်းမ် စတာလင်နဲ့ ကီဗင် ဒီဘရိုင်းနားတို့ ပါဝင်နေပါတယ်။ ဒီထဲက အချို့ကစားသမားတွေက နာမည်ကြီးတွေဖြစ်လို့သာ ပါဝင်လာခဲ့တာဖြစ်ပြီး ကြီးကြီးမားမား စွမ်းဆောင်ထားတာ မရှိကြသလို ဘယ်လွန်ဒေါဆုအတွက် မဲပေးမယ့်လူတွေရဲ့ စိတ်ထဲမှာလည်း နေရာတော့ ရှိမှာမဟုတ်ပါဘူး။

ယူရို ၂၀၂၀ မှာ အမ်ဘာပေတစ်ယောက်သာ ခြေမပေါ်တာဖြစ်ခဲ့ပြီး ကျန်တဲ့ ၃ ယောက်ကတော့ ကစားရချိန်တိုင်းမှာ ခြေစွမ်းပြခဲ့တာပါ။ စတာလင်နဲ့ ဒီဘရိုင်းနားတို့ကတော့ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ရောက်ခဲ့ပြီး စတာလင်က ယူရိုပြိုင်ပွဲမှာပါ ကိန်းနဲ့အတူ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပေမယ့် အမ်ဘာပေကတော့ ဟုတ်တိပတ်တိ သိပ်မရှိခဲ့ပါဘူး။

ဘောင်အပြင်က မျှော်လင့်နိုင်သူတွေ…
ဒီစာရင်းထဲမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အန်ဂိုလို ကွန်တေနဲ့ ရိုမီလူ လူကာကူးတို့ ပါဝင်နေပြီး ရော်နယ်လ်ဒိုကတော့ ဘယ်လွန်ဒေါဆုအတွက် မဲပေးသူတွေထဲမှာ သူ့ကို ချစ်တဲ့လူတွေ များနေလို့ တစ်ပန်းသာနေတာပါ။ ဒါ့အပြင် ယူရို ၂၀၂၀ ရဲ့ ရွှေဖိနပ်ဆုနဲ့ နိုင်ငံတကာ ဂိုးသွင်းစံချိန်ကလည်း သူ့ကို ဒီဆုရဖို့ ၂ ရာခိုင်နှုန်းလောက်တော့ တိုးလာစေခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ ချန်ပီယံလိဂ်မှာ ကွန်တေ စွမ်းဆောင်ခဲ့တာတွေကြောင့် သူ့ကို ဘယ်လွန်ဒေါဆု မရခဲ့ရင်တောင် ထိပ်ဆုံး ၃ ယောက်ထဲ ပါစေချင်နေတာပါ။ လူကာကူးကတော့ အင်တာမီလန်အသင်းနဲ့ရော ဘယ်လ်ဂျီယမ်အသင်းနဲ့ပါ ခြေစွမ်းပြခဲ့ပြီး အင်တာမီလန်ကို စီးရီးအေဖလား ယူပေးခဲ့တုန်းက အဓိကတိုက်စစ်မှူးဖြစ်ခဲ့လို့ ဒီစာရင်းထဲ ပါဝင်လာခဲ့တာပါ။

စစ်မှန်တဲ့ ပြိုင်ဆိုင်သူတွေ…
ဒီစာရင်းထဲမှာတော့ ဂျော်ဂျင်ညိုနဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့ ပါဝင်နေပြီး အီတလီသားက ချန်ပီယံလိဂ်နဲ့ ယူရိုဖလားတို့ကို အရယူခဲ့သလို ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တာပါ။ သူကိုယ်တိုင်ကလည်း ဆုဖလားအောင်မြင်မှုကို ကြည့်ပြီးပေးတာဆိုရင် သူက အအောင်မြင်ဆုံးပဲလို့လည်း ကြွယ်ခဲ့ပါသေးတယ်။

မနှစ်က ဆုရဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိခဲ့ပြီးမှ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပွဲမကျင်းပခဲ့လို့ ဆုမရခဲ့တဲ့ ပိုလန်သားကလည်း ဒီနှစ်မှာ ဆုရဖို့ ရေပန်းစားလာခဲ့ပြီး ၂၉ ပွဲမှာ ၄၁ ဂိုးအထိ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်းယူထားနိုင်ခဲ့တာပါ။ ဒီဆုနဲ့ ထိုက်တန်မှုရှိကြောင်းကို သွင်းဂိုးတွေနဲ့ ရသလောက် ပြသခဲ့ပြီး ရနိုင်ခြေလည်း ရှိနေတာပါ။

ထိုက်တန်တဲ့သူ…
ဒီစာရင်းထဲမှာတော့ ဘယ်လွန်ဒေါ ၆ ဆုရရှင် လီယွန်နယ် မက်ဆီပဲရှိပြီး သူ့ရဲ့စွမ်းဆောင်မှုတွေကလည်း ဒီနှစ် ဘယ်လွန်ဒေါဆုကို ရဖို့အတွက် ငြင်းရက်စရာ မရှိတဲ့အထိ ကောင်းခဲ့တာပါ။ အသက်ကြီးလာပေမယ့် ရော်နယ်လ်ဒိုနဲ့အတူ မပျက်စီးသေးကြောင်း ပြထားနိုင်ခဲ့ပြီး ဆုဖလား အောင်မြင်မှုအပြင် တစ်ဦးချင်းဆုလည်း ဒီနှစ်မှာ အသာရခဲ့ပါတယ်။

သူ့ကစားသမားဘဝတစ်‌လျှောက်မှာ ပထမဆုံးအနေနဲ့ အာဂျင်တီးနားအတွက် ကိုပါအမေရိကဖလားကို ယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု၊ ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးဆုတို့ကိုပါ အရယူသွားခဲ့တာပါ။ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်ဖို့အတွက် ဒီနှစ်ရဲ့ ဘယ်လွန်ဒေါဆုကို ရဖို့ လိုနေသလို ၂၀၂၁ မှာလည်း ဂြိုဟ်သားတစ်ယောက်လို စွမ်းဆောင်ပြခဲ့တာမို့ ဒီနှစ်ကလည်း မက်ဆီရဲ့ နှစ်ပဲလားဆိုတာ…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘယ္လြန္ေဒါဆုကိုေတာ့ မက္ဆီက ၆ ႀကိမ္နဲ႔ ေရာ္နယ္လ္ဒိုက ၅ ႀကိမ္ လက္ရွိအခ်ိန္အထိ ရယူထားႏိုင္ခဲ့တာျဖစ္ၿပီး မႏွစ္ကေတာ့ ကိုဗစ္-၁၉ ေရာဂါအေျခအေနေၾကာင့္ ဆုမေပးျဖစ္ခဲ့ဘဲ ေရပန္းအစားဆုံးျဖစ္ခဲ့တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးအတြက္ နစ္နာခဲ့ရတာပါ။ ဒီႏွစ္မွာေတာ့ ဒီဆုကိုရဖို႔ ဘယ္သူေတြက ဘယ္ေလာက္ထိ အလားအလာရွိေနသလဲဆိုတဲ့ ေမးခြန္းေတြအတြက္ အေျဖေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

ေစာေစာစီးစီး စာရင္းဖ်က္ရမယ့္သူေတြ…
ေရပန္းစားခဲ့ဖူးသူေတြထဲက ေမဆန္ေမာင့္၊ ေနမာ၊ ခ်ီ႐ို အင္မိုဘီလီနဲ႔ ေလာ္ရန္ဇို အင္ဆီညာတို႔ကေတာ့ ဘယ္လြန္ေဒါနဲ႔ ခပ္ေဝးေဝးကို ေရာက္သြားခဲ့ပါၿပီ။ တစ္ရာသီလုံး စြမ္းေဆာင္ရည္ကို ၿခဳံငုံသုံးသပ္မႈေတြမွာ တစ္ဉီးခ်င္းစြမ္းေဆာင္ရည္ ဒါမွမဟုတ္ အသင္းလိုက္စြမ္းေဆာင္ရည္ဘက္က လိုအပ္ခ်က္ရွိခဲ့သူေတြကို စာရင္းထဲက ဖယ္ထုတ္ခဲ့ရခ်ိန္မွာ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ရခဲ့တဲ့ ေမဆန္ေမာင့္ကေတာ့ အနစ္နာဆုံးလို႔ပဲ ဆိုရပါမယ္။

အံ့ဩတုန္လႈပ္ေစႏိုင္မယ့္သူေတြ…
ဒီစာရင္းထဲမွာေတာ့ ဟာရီကိန္း၊ ခီလီယန္ အမ္ဘာေပ၊ ရာဟင္းမ္ စတာလင္နဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔ ပါဝင္ေနပါတယ္။ ဒီထဲက အခ်ိဳ႕ကစားသမားေတြက နာမည္ႀကီးေတြျဖစ္လို႔သာ ပါဝင္လာခဲ့တာျဖစ္ၿပီး ႀကီးႀကီးမားမား စြမ္းေဆာင္ထားတာ မရွိၾကသလို ဘယ္လြန္ေဒါဆုအတြက္ မဲေပးမယ့္လူေတြရဲ႕ စိတ္ထဲမွာလည္း ေနရာေတာ့ ရွိမွာမဟုတ္ပါဘူး။

ယူ႐ို ၂၀၂၀ မွာ အမ္ဘာေပတစ္ေယာက္သာ ေျခမေပၚတာျဖစ္ခဲ့ၿပီး က်န္တဲ့ ၃ ေယာက္ကေတာ့ ကစားရခ်ိန္တိုင္းမွာ ေျခစြမ္းျပခဲ့တာပါ။ စတာလင္နဲ႔ ဒီဘ႐ိုင္းနားတို႔ကေတာ့ မန္စီးတီးနဲ႔အတူ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအထိ ေရာက္ခဲ့ၿပီး စတာလင္က ယူ႐ိုၿပိဳင္ပြဲမွာပါ ကိန္းနဲ႔အတူ ဗိုလ္လုပြဲအထိ ေရာက္ခဲ့ေပမယ့္ အမ္ဘာေပကေတာ့ ဟုတ္တိပတ္တိ သိပ္မရွိခဲ့ပါဘူး။

ေဘာင္အျပင္က ေမွ်ာ္လင့္ႏိုင္သူေတြ…
ဒီစာရင္းထဲမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ အန္ဂိုလို ကြန္ေတနဲ႔ ႐ိုမီလူ လူကာကူးတို႔ ပါဝင္ေနၿပီး ေရာ္နယ္လ္ဒိုကေတာ့ ဘယ္လြန္ေဒါဆုအတြက္ မဲေပးသူေတြထဲမွာ သူ႔ကို ခ်စ္တဲ့လူေတြ မ်ားေနလို႔ တစ္ပန္းသာေနတာပါ။ ဒါ့အျပင္ ယူ႐ို ၂၀၂၀ ရဲ႕ ေ႐ႊဖိနပ္ဆုနဲ႔ ႏိုင္ငံတကာ ဂိုးသြင္းစံခ်ိန္ကလည္း သူ႔ကို ဒီဆုရဖို႔ ၂ ရာခိုင္ႏႈန္းေလာက္ေတာ့ တိုးလာေစခဲ့ပါတယ္။

ပရိသတ္ေတြအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ကြန္ေတ စြမ္းေဆာင္ခဲ့တာေတြေၾကာင့္ သူ႔ကို ဘယ္လြန္ေဒါဆု မရခဲ့ရင္ေတာင္ ထိပ္ဆုံး ၃ ေယာက္ထဲ ပါေစခ်င္ေနတာပါ။ လူကာကူးကေတာ့ အင္တာမီလန္အသင္းနဲ႔ေရာ ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ပါ ေျခစြမ္းျပခဲ့ၿပီး အင္တာမီလန္ကို စီးရီးေအဖလား ယူေပးခဲ့တုန္းက အဓိကတိုက္စစ္မႉးျဖစ္ခဲ့လို႔ ဒီစာရင္းထဲ ပါဝင္လာခဲ့တာပါ။

စစ္မွန္တဲ့ ၿပိဳင္ဆိုင္သူေတြ…
ဒီစာရင္းထဲမွာေတာ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတို႔ ပါဝင္ေနၿပီး အီတလီသားက ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုဖလားတို႔ကို အရယူခဲ့သလို ကြင္းလယ္မွာ ေျခစြမ္းျပခဲ့တာပါ။ သူကိုယ္တိုင္ကလည္း ဆုဖလားေအာင္ျမင္မႈကို ၾကည့္ၿပီးေပးတာဆိုရင္ သူက အေအာင္ျမင္ဆုံးပဲလို႔လည္း ႂကြယ္ခဲ့ပါေသးတယ္။

မႏွစ္က ဆုရဖို႔ အနီးစပ္ဆုံး အေနအထားမွာ ရွိခဲ့ၿပီးမွ ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ပြဲမက်င္းပခဲ့လို႔ ဆုမရခဲ့တဲ့ ပိုလန္သားကလည္း ဒီႏွစ္မွာ ဆုရဖို႔ ေရပန္းစားလာခဲ့ၿပီး ၂၉ ပြဲမွာ ၄၁ ဂိုးအထိ ဒီရာသီ ဘြန္ဒက္စ္လီဂါမွာ သြင္းယူထားႏိုင္ခဲ့တာပါ။ ဒီဆုနဲ႔ ထိုက္တန္မႈရွိေၾကာင္းကို သြင္းဂိုးေတြနဲ႔ ရသေလာက္ ျပသခဲ့ၿပီး ရႏိုင္ေျခလည္း ရွိေနတာပါ။

ထိုက္တန္တဲ့သူ…
ဒီစာရင္းထဲမွာေတာ့ ဘယ္လြန္ေဒါ ၆ ဆုရရွင္ လီယြန္နယ္ မက္ဆီပဲရွိၿပီး သူ႔ရဲ႕စြမ္းေဆာင္မႈေတြကလည္း ဒီႏွစ္ ဘယ္လြန္ေဒါဆုကို ရဖို႔အတြက္ ျငင္းရက္စရာ မရွိတဲ့အထိ ေကာင္းခဲ့တာပါ။ အသက္ႀကီးလာေပမယ့္ ေရာ္နယ္လ္ဒိုနဲ႔အတူ မပ်က္စီးေသးေၾကာင္း ျပထားႏိုင္ခဲ့ၿပီး ဆုဖလား ေအာင္ျမင္မႈအျပင္ တစ္ဦးခ်င္းဆုလည္း ဒီႏွစ္မွာ အသာရခဲ့ပါတယ္။

သူ႔ကစားသမားဘဝတစ္‌ေလွ်ာက္မွာ ပထမဆုံးအေနနဲ႔ အာဂ်င္တီးနားအတြက္ ကိုပါအေမရိကဖလားကို ယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆု၊ ေ႐ႊဖိနပ္ဆုနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံးဆုတို႔ကိုပါ အရယူသြားခဲ့တာပါ။ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားျဖစ္ဖို႔အတြက္ ဒီႏွစ္ရဲ႕ ဘယ္လြန္ေဒါဆုကို ရဖို႔ လိုေနသလို ၂၀၂၁ မွာလည္း ၿဂိဳဟ္သားတစ္ေယာက္လို စြမ္းေဆာင္ျပခဲ့တာမို႔ ဒီႏွစ္ကလည္း မက္ဆီရဲ႕ ႏွစ္ပဲလားဆိုတာ…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.