Article La Liga Other Serie A

ရော်နယ်လ်ဒိုကို သမာသမတ်ကျကျ ဂုဏ်ပြုခဲ့ဖူးတဲ့ မက်ဆီရဲ့ ရင်တွင်းစကား ၁၀ ခွန်း

ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ သူတင်ကိုယ်တင်ယှဥ်ပြိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ တိုက်ပွဲဟာ အချိန်အကြာကြီး ရပ်တည်ခဲ့သလို ဒီနေ့အချိန်ထိလည်း အဆုံးမသတ်နိုင်သေးတဲ့ တစ်ခေတ်မှာ တစ်ခေါက်ဆိုသလို ထူးခြားတဲ့ အားပြိုင်မှုပါ။ GOAT ကြီးနှစ်ဦး တစ်ဦးအပေါ်တစ်ဦး ဘယ်လိုအမြင်တွေရှိသလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းသလို ရော်နယ်လ်ဒိုကို သမာသမတ်ကျကျ ဂုဏ်ပြုခဲ့ဖူးတဲ့ မက်ဆီရဲ့ ရင်တွင်းစကား ၁၀ ခွန်းကို ဖော်ပြပေးလိုက်ပါတယ်။

“ကျွန်တော့်အတွက်ကတော့ သိပ်ကိုထူးခြားတဲ့ အခိုက်အတန့်ပါ။ ခရစ္စတီယာနို ဘလွန်ဒေါဆုရတာကို ပရိသတ်အနေနဲ့ ထိုင်ကြည့်ခဲ့ရပြီး ဒီနှစ်မှာတော့ ကျွန်တော့်အဖို့ ၅ ကြိမ်မြောက်ဆု ဖြစ်လာခဲ့ပြီမဟုတ်လား။ ဒီစင်မြင့်ကို​ ပြန်တက်လာရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ကလေးဘဝက အိပ်မက်ထက်ကို ပိုလွန်းခဲ့ပါပြီ။ အသင်းဖော်တွေနဲ့တကွ မဲပေးရွေးချယ်ခဲ့သူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်” (၂၀၁၆)

“ကျွန်တော်တို့နှစ်ဦးစလုံးက ကိုယ့်အသင်းအတွက် အကောင်းဆုံး ကြိုးစားနေတဲ့သူတွေပါ။ ဒါဟာ နှစ်စဥ်နှစ်တိုင်းပါ။ အမနာပစကားတွေကိုတော့ အဖက်လုပ်စရာရှိတယ်လို့ မမြင်ပါဘူး။ တစ်ကမ္ဘာလုံးက သိထားပြီးသားပါ။ ခရစ္စတီယာနိုက သိပ်ကို အရည်အသွေးပြည့်ဝတဲ့သူပါ။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်လာတောပေါ့ဗျာ” (၂၀၁၇)

“တခြားအားကစားတွေကို ကြည့်လိုက်ရင် နာဒယ်လ်ရှိမယ်ဗျာ။ ဖက်ဒဲရားရှိမယ်ဗျာ။ လီဘရွန်ရှိမယ်ဗျာ။ သိပ်ကိုချွန်ထွက်နေကြတဲ့သူတွေပေါ့။ ဘောလုံးမှာဆို ခရစ္စတီယာနိုလို့ ပြောရမှာပေါ့ဗျာ။ ဒီလိုမျိုး တကယ့်ထူးခြားပြောင်မြောက်တဲ့ ကစားသမားပါ” (၂၀၂၀)

“ခရစ္စတီယာနိုနဲ့ နှစ်ယောက်တည်း ယှဥ်ဖိုက်ရတာဟာ ထာဝရ အမှတ်ထင်စရာပါ။ နှစ်ပေါင်းများစွာ တည်တံ့ခဲ့တယ်။ ဒီလို အချိန်အကြာကြီး ရပ်တည်ဖို့ဆိုတာ လွယ်နိုင်မလားဗျာ။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဆိုတာလည်း ကမ္ဘာ့အင်အားအကြီးဆုံးနှစ်သင်းဖြစ်လို့ ကျွန်တော်တို့ဆီက တောင်းဆိုမှုတွေ အရမ်းများပါတယ်။ ဒါက ထာဝရအမှတ်ရစရာဖြစ်လာပါလိမ့်မယ်” (၂၀၂၀)

“သေချာကြည့်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ဆိုတာ ဘယ်လောက်ကောင်းလဲ ခင်ဗျားတို့ သိပြီးသားပါ။ ဒါပေမယ့် ကွင်းထဲမှာ ခရစ္စတီယာနို ပါလာမှ အဓိပ္ပာယ်ရှိသွားတာပါ။ အခုတော့ သူမရှိတော့ချိန်မှာ ဒါဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ကျွန်တော်တို့နှစ်ဦးလုံး ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှုတွေနောက််ကို အမီလိုက်နေပါတယ်” (၂၀၂၀)

“ကျွန်တော်က ဂျူဗင်တပ်စ်အသင်းကို လေးစားမှုတွေ အများကြီးရှိနေပါတယ်။ ခရစ္စတီယာနို ရောက်ရှိသွားတဲ့အချိန်မှာတော့ ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုပါပဲ။ အက်သလက်တီကို မက်ဒရစ်ကို နိုင်ခဲ့တဲ့ပွဲမှာ သူတို့ သိပ်ကိုကောင်းပါတယ်။ ကစားသမားတွေရော အသင်းလိုက်အနေနဲ့ရော တကယ်တောင့်တင်းပါတယ်။ ရီးရဲလ်မှာ သူဆက်ရှိနေဦးမယ်ဆိုရင်တော့ ပိုကောင်းမှာပါ။ ကျွန်တော် သူ့ကို မယှဥ်ပြိုင်ရတော့ လွမ်းနေပါတယ်” (၂၀၁၉)

“ဒီနေ့ခေတ်မှာ နေမာ၊ အမ်ဘာပေ၊ ဆွာရက်ဇ်၊ ဟာဇက်တို့လို သိပ်ကောင်းတဲ့ ကစားသမားမျိုးတွေ ရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့်မှာတော့ ကျွန်တော်က ခရစ္စတီယာနိုကို ရွေးချယ်မှာပါ။ ကျွန်တော်နဲ့ အဆင့်အတန်းတူညီတဲ့နေရာမှာပါ။ ကျွန်တော်တို့နှစ်ဦးစလုံးက ပခုံးချင်းယှဥ်နေတာပါ” (၂၀၁၉)

“ကျွန်တော်တို့နှစ်ယောက်က တသင်းတည်းရဲ့ အဝတ်လဲခန်းထဲမှာ အတူတူမရှိခဲ့ဖူးကြလို့ မိတ်ဆွေတွေ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ သူက ဆုပေးပွဲအခမ်းအနားစင်မြင့်ထက်ကို နှစ်တိုင်းအတူတက်နေရတာကိုး” (၂၀၁၉)

“နောက်ဆုံးတွေ့ဆုံခဲ့တုန်းက ဆုပေးပွဲမှာ ကျွန်တော်တို့ စကားတွေ အကြာကြီး ပြောဖြစ်ကြပါတယ်။ သူနဲ့သာ ညစာအတူစားဖို့ ဖိတ်မယ်ဆိုရင် ကျွန်တော် လက်ခံမိမှာပါ။ ကျွန်တော်တို့တွေက ​ကြိုးစားပုံချင်း မတူညီကြပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဘဝတွေအနေနဲ့ သီးသန့်စီရှိနေပါတယ်” (၂၀၁၉)

“ကျွန်တော်တို့နှစ်ယောက်သာ တွဲကစားရင် ခရစ္စတီယာနို ဂိုးသွင်းဖို့ ကျွန်တော်ဖန်တီးပေးမှာပါ။ ရော်နယ်လ်ဒိုမရှိတဲ့ ရီးရဲလ်ဟာ သွင်းဂိုးတွေ အများကြီး နစ်နာနေပါတယ်။ သူက တဒိုင်းဒိုင်း ဂိုးသွင်းရုံတင်မကပါဘူး။ အသင်းကို သိပ်အကျိုးပြုပါတယ်။ တရာသီကို ဂိုး ၅၀ သွင်းတဲ့ ကစားသမားကို လက်လွှတ်သွားလို့ သူတို့အရမ်းအထိနာပါလိမ့်မယ်” (၂၀၁၉)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကမာၻ႔ေဘာလုံးဇာတ္ခုံမွာ သူတင္ကိုယ္တင္ယွဥ္ၿပိဳင္ခဲ့တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ တိုက္ပြဲဟာ အခ်ိန္အၾကာႀကီး ရပ္တည္ခဲ့သလို ဒီေန႔အခ်ိန္ထိလည္း အဆုံးမသတ္ႏိုင္ေသးတဲ့ တစ္ေခတ္မွာ တစ္ေခါက္ဆိုသလို ထူးျခားတဲ့ အားၿပိဳင္မႈပါ။ GOAT ႀကီးႏွစ္ဦး တစ္ဦးအေပၚတစ္ဦး ဘယ္လိုအျမင္ေတြရွိသလဲဆိုတာလည္း စိတ္ဝင္စားဖို႔ ေကာင္းသလို ေရာ္နယ္လ္ဒိုကို သမာသမတ္က်က် ဂုဏ္ျပဳခဲ့ဖူးတဲ့ မက္ဆီရဲ႕ ရင္တြင္းစကား ၁၀ ခြန္းကို ေဖာ္ျပေပးလိုက္ပါတယ္။

“ကြၽန္ေတာ့္အတြက္ကေတာ့ သိပ္ကိုထူးျခားတဲ့ အခိုက္အတန္႔ပါ။ ခရစၥတီယာႏို ဘလြန္ေဒါဆုရတာကို ပရိသတ္အေနနဲ႔ ထိုင္ၾကည့္ခဲ့ရၿပီး ဒီႏွစ္မွာေတာ့ ကြၽန္ေတာ့္အဖို႔ ၅ ႀကိမ္ေျမာက္ဆု ျဖစ္လာခဲ့ၿပီမဟုတ္လား။ ဒီစင္ျမင့္ကို​ ျပန္တက္လာရတာ အရမ္းဝမ္းသာပါတယ္။ ကြၽန္ေတာ့္ကေလးဘဝက အိပ္မက္ထက္ကို ပိုလြန္းခဲ့ပါၿပီ။ အသင္းေဖာ္ေတြနဲ႔တကြ မဲေပးေ႐ြးခ်ယ္ခဲ့သူေတြအားလုံးကို ေက်းဇူးတင္ရွိပါတယ္” (၂၀၁၆)

“ကြၽန္ေတာ္တို႔ႏွစ္ဦးစလုံးက ကိုယ့္အသင္းအတြက္ အေကာင္းဆုံး ႀကိဳးစားေနတဲ့သူေတြပါ။ ဒါဟာ ႏွစ္စဥ္ႏွစ္တိုင္းပါ။ အမနာပစကားေတြကိုေတာ့ အဖက္လုပ္စရာရွိတယ္လို႔ မျမင္ပါဘူး။ တစ္ကမာၻလုံးက သိထားၿပီးသားပါ။ ခရစၥတီယာႏိုက သိပ္ကို အရည္အေသြးျပည့္ဝတဲ့သူပါ။ ဒါေၾကာင့္ ကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ေယာက္ ျဖစ္လာေတာေပါ့ဗ်ာ” (၂၀၁၇)

“တျခားအားကစားေတြကို ၾကည့္လိုက္ရင္ နာဒယ္လ္ရွိမယ္ဗ်ာ။ ဖက္ဒဲရားရွိမယ္ဗ်ာ။ လီဘ႐ြန္ရွိမယ္ဗ်ာ။ သိပ္ကိုခြၽန္ထြက္ေနၾကတဲ့သူေတြေပါ့။ ေဘာလုံးမွာဆို ခရစၥတီယာႏိုလို႔ ေျပာရမွာေပါ့ဗ်ာ။ ဒီလိုမ်ိဳး တကယ့္ထူးျခားေျပာင္ေျမာက္တဲ့ ကစားသမားပါ” (၂၀၂၀)

“ခရစၥတီယာႏိုနဲ႔ ႏွစ္ေယာက္တည္း ယွဥ္ဖိုက္ရတာဟာ ထာဝရ အမွတ္ထင္စရာပါ။ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခဲ့တယ္။ ဒီလို အခ်ိန္အၾကာႀကီး ရပ္တည္ဖို႔ဆိုတာ လြယ္ႏိုင္မလားဗ်ာ။ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာဆိုတာလည္း ကမာၻ႔အင္အားအႀကီးဆုံးႏွစ္သင္းျဖစ္လို႔ ကြၽန္ေတာ္တို႔ဆီက ေတာင္းဆိုမႈေတြ အရမ္းမ်ားပါတယ္။ ဒါက ထာဝရအမွတ္ရစရာျဖစ္လာပါလိမ့္မယ္” (၂၀၂၀)

“ေသခ်ာၾကည့္မယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္ဆိုတာ ဘယ္ေလာက္ေကာင္းလဲ ခင္ဗ်ားတို႔ သိၿပီးသားပါ။ ဒါေပမယ့္ ကြင္းထဲမွာ ခရစၥတီယာႏို ပါလာမွ အဓိပၸာယ္ရွိသြားတာပါ။ အခုေတာ့ သူမရွိေတာ့ခ်ိန္မွာ ဒါဟာ အတိတ္မွာ က်န္ရစ္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ႏွစ္ဦးလုံး ဒီေန႔ေခတ္ရဲ႕ စိန္ေခၚမႈေတြေနာက္္ကို အမီလိုက္ေနပါတယ္” (၂၀၂၀)

“ကြၽန္ေတာ္က ဂ်ဴဗင္တပ္စ္အသင္းကို ေလးစားမႈေတြ အမ်ားႀကီးရွိေနပါတယ္။ ခရစၥတီယာႏို ေရာက္ရွိသြားတဲ့အခ်ိန္မွာေတာ့ က်ားကို အေတာင္ပံ တပ္ေပးလိုက္သလိုပါပဲ။ အက္သလက္တီကို မက္ဒရစ္ကို ႏိုင္ခဲ့တဲ့ပြဲမွာ သူတို႔ သိပ္ကိုေကာင္းပါတယ္။ ကစားသမားေတြေရာ အသင္းလိုက္အေနနဲ႔ေရာ တကယ္ေတာင့္တင္းပါတယ္။ ရီးရဲလ္မွာ သူဆက္ရွိေနဦးမယ္ဆိုရင္ေတာ့ ပိုေကာင္းမွာပါ။ ကြၽန္ေတာ္ သူ႔ကို မယွဥ္ၿပိဳင္ရေတာ့ လြမ္းေနပါတယ္” (၂၀၁၉)

“ဒီေန႔ေခတ္မွာ ေနမာ၊ အမ္ဘာေပ၊ ဆြာရက္ဇ္၊ ဟာဇက္တို႔လို သိပ္ေကာင္းတဲ့ ကစားသမားမ်ိဳးေတြ ရွိေနပါတယ္။ ဒါေပမယ့္ ကမာၻ႔အဆင့္မွာေတာ့ ကြၽန္ေတာ္က ခရစၥတီယာႏိုကို ေ႐ြးခ်ယ္မွာပါ။ ကြၽန္ေတာ္နဲ႔ အဆင့္အတန္းတူညီတဲ့ေနရာမွာပါ။ ကြၽန္ေတာ္တို႔ႏွစ္ဦးစလုံးက ပခုံးခ်င္းယွဥ္ေနတာပါ” (၂၀၁၉)

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္က တသင္းတည္းရဲ႕ အဝတ္လဲခန္းထဲမွာ အတူတူမရွိခဲ့ဖူးၾကလို႔ မိတ္ေဆြေတြ မဟုတ္ဘူးလို႔ ဆိုႏိုင္ပါတယ္။ ဒါက ျပႆနာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္နဲ႔ သူက ဆုေပးပြဲအခမ္းအနားစင္ျမင့္ထက္ကို ႏွစ္တိုင္းအတူတက္ေနရတာကိုး” (၂၀၁၉)

“ေနာက္ဆုံးေတြ႕ဆုံခဲ့တုန္းက ဆုေပးပြဲမွာ ကြၽန္ေတာ္တို႔ စကားေတြ အၾကာႀကီး ေျပာျဖစ္ၾကပါတယ္။ သူနဲ႔သာ ညစာအတူစားဖို႔ ဖိတ္မယ္ဆိုရင္ ကြၽန္ေတာ္ လက္ခံမိမွာပါ။ ကြၽန္ေတာ္တို႔ေတြက ​ႀကိဳးစားပုံခ်င္း မတူညီၾကပါဘူး။ ဒါေၾကာင့္ ကိုယ္ပိုင္ဘဝေတြအေနနဲ႔ သီးသန္႔စီရွိေနပါတယ္” (၂၀၁၉)

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္သာ တြဲကစားရင္ ခရစၥတီယာႏို ဂိုးသြင္းဖို႔ ကြၽန္ေတာ္ဖန္တီးေပးမွာပါ။ ေရာ္နယ္လ္ဒိုမရွိတဲ့ ရီးရဲလ္ဟာ သြင္းဂိုးေတြ အမ်ားႀကီး နစ္နာေနပါတယ္။ သူက တဒိုင္းဒိုင္း ဂိုးသြင္း႐ုံတင္မကပါဘူး။ အသင္းကို သိပ္အက်ိဳးျပဳပါတယ္။ တရာသီကို ဂိုး ၅၀ သြင္းတဲ့ ကစားသမားကို လက္လႊတ္သြားလို႔ သူတို႔အရမ္းအထိနာပါလိမ့္မယ္” (၂၀၁၉)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.