Premier League Transfer News

ယူနိုက်တက်က အာဆင်နယ်ကို ထိုးနှက်ခဲ့တဲ့ အပြောင်းအရွှေ့ ၅ ခုအပြင် ၆ ခုမြောက်ကော ဖြစ်လာနိုင်သလား

အာဆင်နယ်အသင်းအနေနဲ့ လိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် ဝုလ်ဗ်စ်ကွင်းလယ်ကစားသမား ရူဘင် နီဗက်စ်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး အပြောင်းအရွှေ့က ဖြစ်မလာသေးဘဲ မန်ချက်စတာယူနိုက်တက်ရဲ့ ကြားဝင်ဆွေးနွေးမှုတွေကြောင့် ဂန်းနားတို့အနေနဲ့ လက်လွှတ်ရဖို့နီးနေပြီး အလားတူတစ်ချိန်က ယူနိုက်တက်ဆီကို ပါသွားခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ကစားသမား ၅ ယောက်ကို ဖော်ပြလိုက်ပါတယ်။

၅- ဂျေဒန် ဆန်ချို၊ ၂၀၂၁
ဂျေဒန် ဆန်ချိုက အာဆင်နယ်အသင်းရဲ့ ရေဒါထဲကို ဝက်ဖို့ဒ်လူငယ်အသင်းမှာ ကစားခဲ့စဉ်ကတည်းက ရောက်နေခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ အမ်းမရိတ်စ်မြေကို အရောက်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးရဲ့ ဆွဲဆောင်မှုတွေကြားထဲမှာ ဆန်ချိုတစ်‌ယောက် ကောက်ကောက်ပါ‌အောင် လိုက်သွားခဲ့ပါတယ်။

ဆန်ချိုအနေနဲ့ မန်စီးတီးကနေ ပြောင်းမယ်ဆိုတော့လည်း အာဆင်နယ်အသင်းအနေနဲ့ ကမ်းလှမ်းခဲ့ပြန်ပြီး ဒေါ့မွန်ဆီ လက်လွှတ်ခဲ့လိုက်ရပြန်ပါတယ်။ အခုတော့ ဂန်းနားတို့ မပေးနိုင်တဲ့ဈေးနဲ့ ဒေါ့မွန်ဆီကနေ မန်ချက်စတာယူနိုက်တက်က အရခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

၄- ဇလာတန် အီဘရာဟီမိုဗစ်ချ်- ၂၀၀၀
ဆယ်ကျော်သက် ဇလာတန်ကို ၂၀၀၀ ခုနှစ်က ဂန်းနားတို့ရဲ့ ပဲ့ကိုင်ရှင် အာဆင်‌ဗန်းဂါးက ခြေစွမ်းစမ်းသပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ဇလာတန်ကတော့ သူ့အကြောင်း မလေ့လာထားတဲ့လူတွေရှေ့မှာ အစမ်းသပ်မခံနိုင်လို့ ထွက်ခွာလာခဲ့ပြီး ၂၀၁၆ မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူကစားခဲ့တဲ့ကာလအတွင်း ယူနိုက်တက်ကို ယူရိုပါလိဂ်ဖလားအရယူပေးခဲ့ပါသေးတယ်။

၃- ပေါလ် ပေါ့ဂ်ဘာ- ၂၀၁၂
၂၀၁၂ တုန်းက မန်ချက်စတာယူနိုက်တက် လူငယ်ကွင်းလယ်ကစားသမားပေါလ် ပေါ့ဂ်ဘာရဲ့ ကစားပုံက အာဆင်နယ်အသင်းမှာ နှစ်ပေါင်းများစွာ လိုအပ်နေခဲ့တဲ့ ကစားပုံမျိုးဖြစ်ခဲ့ပြီး ပက်ထရစ် ဗီအဲရာလို ကွင်းလယ်ကစားသမားမျိုးပါ။ ဒါပေမယ့် သူ့အနေနဲ့ အာဆင်နယ်ထက် ဂျူဗင်တပ်စ်ကိုသာ ရွေးချယ်ခဲ့ပြီး တူရင်က ထွက်ခွာချိန်မှာလည်း ဂန်းနားတို့ထက် ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

၂- ရော်ဘင် ဗန်ပါစီ- ၂၀၁၂
သူမတူတဲ့ အရည်အသွေးတွေရှိနေတဲ့ ရော်ဘင် ဗန်ပါစီကို တစ်ချိန်က အာဆင်နယ်နည်းပြကြီး အာဆင် ဗန်းဂါးက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် ပုံသွင်းခဲ့ပါတယ်။ ၂၀၁၂ အရောက်မှာတော့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေမှုတွေကတစ်ဆင့် သူ့အနေနဲ့ အသင်းပြောင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဖလားပဲလိုချင်တဲ့ ဗန်ပါစီက သူ့ကို ဘဏ္ဍာရေးအရှုံးအမြတ်တွေ လာပြနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ သူ့ကို ကမ်းလှမ်းခဲ့တဲ့ မန်ချက်စတာနှစ်သင်းမှာ ယူနိုက်တက်ကို ရွေးချယ်ခဲ့ပြီး ပထမရာသီမှာတင် ၂၆ ဂိုးသွင်းခဲ့သလို သူလိုချင်တဲ့ ပရီးမီးယားလိဂ်ဖလားကို အသင်းဟောင်းရဲ့ အဓိကပြိုင်ဘက် ယူနိုက်တက်နဲ့အတူ အရယူခဲ့ပါတယ်။

၁- ခရစ္စတီယာနို ရော်နယ်လ်ဒို- ၂၀၀၃
ဗန်ပါစီတုန်းကလိုပဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ကလည်း အာဆင်နယ်အတွက် နာကျင်စေခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက အာဆင်နယ်နဲ့ သဘောတူညီမှုရယူထားခဲ့ပြီး သူ့နာမည်နဲ့ ကျောနံပါတ်၂၈ ပါတဲ့ ဂျာစီတောင် ထုတ်ပြီးချိန်မှာမှ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တာပါ။

ပေါင် ၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ကစားသမားလေးက ပေါင် ၁၂.၄ သန်းနဲ့ ယူနိုက်တက်ဆီ ပါသွားခဲ့သလို ကျောနံပါတ် ၇ ကိုပါ ရောက်ရောက်ချင်း ဝတ်ဆင်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်အဖြစ် ထွန်းတောက်လာခဲ့ပါတယ်။ လက်ရှိအသက် ၃၆ နှစ်အရွယ်မှာလည်း သူနဲ့ယှဉ်စရာဆိုလို့ ပြိုင်ဘက်ဆိုတာ လီယွန်နယ် မက်ဆီပဲရှိတော့တာပါ။

နောက်ထပ်- ရူဘင် နီဗက်စ်?
အာဆင်နယ်အသင်းကို ပေါင် ၃၅ သန်းနဲ့ပြောင်းဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပေမယ့် လက်တွေ့မှာတော့ ရောက်မလာသေးဘဲ မန်ချက်စတာယူနိုက်တက်ကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာတဲ့နောက်မှာတော့ ရူဘင် နီဗက်စ်လည်း ရှေ့ကနောင်တော်ကြီးတွေလို အိုးလ်ထရက်ဖို့ဒ်အရိပ်မှာ ခိုလှုံမလားဆိုတာကတော့ …

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လိုအပ္ေနတဲ့ ကြင္းလယ္ေနရာအတြက္ ဝုလ္ဗ္စ္ကြင္းလယ္ကစားသမား ႐ူဘင္ နီဗက္စ္ကို ေပါင္ ၃၅ သန္းနဲ႔ ေခၚယူဖို႔ စီစဥ္ေနၿပီး အေျပာင္းအေ႐ႊ႕က ျဖစ္မလာေသးဘဲ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၾကားဝင္ေဆြးေႏြးမႈေတြေၾကာင့္ ဂန္းနားတို႔အေနနဲ႔ လက္လႊတ္ရဖို႔နီးေနၿပီး အလားတူတစ္ခ်ိန္က ယူႏိုက္တက္ဆီကို ပါသြားခဲ့တဲ့ ဒိတ္ဒိတ္ႀကဲကစားသမား ၅ ေယာက္ကို ေဖာ္ျပလိုက္ပါတယ္။

၅- ေဂ်ဒန္ ဆန္ခ်ိဳ၊ ၂၀၂၁
ေဂ်ဒန္ ဆန္ခ်ိဳက အာဆင္နယ္အသင္းရဲ႕ေရဒါထဲကို ဝက္ဖို႔ဒ္လူငယ္အသင္းမွာ ကစားခဲ့စဥ္ကတည္းက ေရာက္ေနခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ အမ္းမရိတ္စ္ေျမကို အေရာက္ေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးရဲ႕ ဆြဲေဆာင္မႈေတြၾကားထဲမွာ ဆန္ခ်ိဳတစ္‌ေယာက္ ေကာက္ေကာက္ပါ‌ေအာင္ လိုက္သြားခဲ့ပါတယ္။

ဆန္ခ်ိဳအေနနဲ႔ မန္စီးတီးကေန ေျပာင္းမယ္ဆိုေတာ့လည္း အာဆင္နယ္အသင္းအေနနဲ႔ ကမ္းလွမ္းခဲ့ျပန္ၿပီး ေဒါ့မြန္ဆီ လက္လႊတ္ခဲ့လိုက္ရျပန္ပါတယ္။ အခုေတာ့ ဂန္းနားတို႔ မေပးႏိုင္တဲ့ေဈးနဲ႔ ေဒါ့မြန္ဆီကေန မန္ခ်က္စတာယူႏိုက္တက္က အရေခၚယူႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

၄- ဇလာတန္ အီဘရာဟီမိုဗစ္ခ္်- ၂၀၀၀
ဆယ္ေက်ာ္သက္ ဇလာတန္ကို ၂၀၀၀ ခုႏွစ္က ဂန္းနားတို႔ရဲ႕ပဲ့ကိုင္ရွင္ အာဆင္‌ဗန္းဂါးက ေျခစြမ္းစမ္းသပ္ဖို႔ စီစဥ္ခဲ့တာပါ။ ဒါေပမယ့္ ဇလာတန္ကေတာ့ သူ႔အေၾကာင္း မေလ့လာထားတဲ့လူေတြေရွ႕မွာ အစမ္းသပ္မခံႏိုင္လို႔ ထြက္ခြာလာခဲ့ၿပီး ၂၀၁၆ မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ သူကစားခဲ့တဲ့ကာလအတြင္း ယူႏိုက္တက္ကို ယူ႐ိုပါလိဂ္ဖလားအရယူေပးခဲ့ပါေသးတယ္။

၃- ေပါလ္ ေပါ့ဂ္ဘာ- ၂၀၁၂
၂၀၁၂ တုန္းက မန္ခ်က္စတာယူႏိုက္တက္ လူငယ္ကြင္းလယ္ကစားသမားေပါလ္ ေပါ့ဂ္ဘာရဲ႕ကစားပုံက အာဆင္နယ္အသင္းမွာ ႏွစ္ေပါင္းမ်ားစြာလိုအပ္ေနခဲ့တဲ့ ကစားပုံမ်ိဳးျဖစ္ခဲ့ၿပီး ပက္ထရစ္ ဗီအဲရာလို ကြင္းလယ္ကစားသမားမ်ိဳးပါ။ ဒါေပမယ့္ သူ႔အေနနဲ႔ အာဆင္နယ္ထက္ ဂ်ဴဗင္တပ္စ္ကိုသာ ေ႐ြးခ်ယ္ခဲ့ၿပီး တူရင္က ထြက္ခြာခ်ိန္မွာလည္း ဂန္းနားတို႔ထက္ ယူႏိုက္တက္ကိုသာ ေ႐ြးခ်ယ္ခဲ့ပါတယ္။

၂- ေရာ္ဘင္ ဗန္ပါစီ- ၂၀၁၂
သူမတူတဲ့အရည္အေသြးေတြရွိေနတဲ့ ေရာ္ဘင္ ဗန္ပါစီကို တစ္ခ်ိန္က အာဆင္နယ္နည္းျပႀကီး အာဆင္ ဗန္းဂါးက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ေယာက္အျဖစ္ ပုံသြင္းခဲ့ပါတယ္။ ၂၀၁၂ အေရာက္မွာေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပမႈေတြကတစ္ဆင့္ သူ႔အေနနဲ႔ အသင္းေျပာင္းဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။

ဖလားပဲလိုခ်င္တဲ့ ဗန္ပါစီက သူ႔ကို ဘ႑ာေရးအရႈံးအျမတ္ေတြလာျပေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔အတူ သူ႔ကိုကမ္းလွမ္းခဲ့တဲ့ မန္ခ်က္စတာႏွစ္သင္းမွာ ယူႏိုက္တက္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ပထမရာသီမွာတင္၂၆ ဂိုးသြင္းခဲ့သလို သူလိုခ်င္တဲ့ ပရီးမီးယားလိဂ္ဖလားကို အသင္းေဟာင္းရဲ႕အဓိကၿပိဳင္ဘက္ ယူႏိုက္တက္နဲ႔အတူ အရယူခဲ့ပါတယ္။

၁- ခရစၥတီယာႏို ေရာ္နယ္လ္ဒို- ၂၀၀၃
ဗန္ပါစီတုန္းကလိုပဲ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ကလည္း အာဆင္နယ္အတြက္ နာက်င္ေစခဲ့ပါတယ္။ ၂၀၀၃ ခုႏွစ္တုန္းက အာဆင္နယ္နဲ႔ သေဘာတူညီမႈရယူထားခဲ့ၿပီး သူ႔နာမည္နဲ႔ ေက်ာနံပါတ္၂၈ ပါတဲ့ ဂ်ာစီေတာင္ ထုတ္ၿပီးခ်ိန္မွာမွ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။

ေပါင္ ၈ သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈရထားတဲ့ ကစားသမားေလးက ေပါင္ ၁၂.၄ သန္းနဲ႔ ယူႏိုက္တက္ဆီ ပါသြားခဲ့သလို ေက်ာနံပါတ္ ၇ ကိုပါ ေရာက္ေရာက္ခ်င္း ဝတ္ဆင္ၿပီး ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ေယာက္အျဖစ္ ထြန္းေတာက္လာခဲ့ပါတယ္။ လက္ရွိအသက္ ၃၆ ႏွစ္အ႐ြယ္မွာလည္း သူနဲ႔ယွဥ္စရာဆိုလို႔ ၿပိဳင္ဘက္ဆိုတာ လီယြန္နယ္ မက္ဆီပဲရွိေတာ့တာပါ။

ေနာက္ထပ္- ႐ူဘင္ နီဗက္စ္?
အာဆင္နယ္အသင္းကို ေပါင္ ၃၅ သန္းနဲ႔ေျပာင္းဖို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ ေရာက္မလာေသးဘဲ မန္ခ်က္စတာယူႏိုက္တက္ကပါ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္လာတဲ့ေနာက္မွာေတာ့ ႐ူဘင္ နီဗက္စ္လည္း ေရွ႕ကေနာင္ေတာ္ႀကီးေတြလို အိုးလ္ထရက္ဖို႔ဒ္အရိပ္မွာ ခိုလႈံမလားဆိုတာကေတာ့ …

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.