Article Other

ထောင်ကထွက်ပြီးနောက် ဘဏ်ထဲ ၅ကျပ်ကျန် ဘဝကနေ ပြန်ချမ်းသာလာခဲ့တဲ့ ရော်နယ်လ်ဒင်ညိုရဲ့ အံ့သြဖွယ်ရာ ဘဝတဆစ်ချိုးခရီးလမ်း

ဘောလုံးလောကကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်မြောက် မှော်ဝင်ဘရာဇီးလ်သားကြီး ရော်နယ်ဒင်ညိုကို ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဘာစီလိုနာဂန္ထဝင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းတို့ရဲ့ပွဲစဥ်မှာ ပရိသတ်တွေအနေနဲ့ မြက်ခင်းစိမ်းမှာ တကျော့ပြန်မြင်တွေ့ရတာခဲ့ပြီး သူက ပင်နယ်တီကနေ တဂိုးသွင်းယူခဲ့သလို ငယ်မူငယ်သွေးကြွပြီး အထူးပဲ​ခြေစွမ်းပြခဲ့ပါတယ်။

ဒါဟာ ထောင်က ထွက်လာပြီးနောက် ရော်နယ်ဒင်ညိုရဲ့ ပထမဆုံးဘောလုံးပွဲစဥ်လည်း ဖြစ်လာခဲ့ပြီး ဘာစီလိုနာဂန္ထဝင်အသင်းက ၃-၂ နဲ့ အရေးနိမ့်ခဲ့ပေမယ့် အသက် ၄၁ နှစ်သားကြီးရဲ့ ပေါ့ပါးပြီး ဘောလုံးဥာဏ်ကြီးရှင်ဆန်လှတဲ့ ကစားဟန်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးကွင်းထဲမှာ အပြုံးလေးနဲ့ တင်ဆက်နေတဲ့ သူ့ရဲ့ မူလလက်ဟောင်း အမူအရာလေးကို တကမ္ဘာလုံးက ပြန်လည်အရသာခံခွင့်ရခဲ့တာပါ။

ဒီနောက်ကွယ်မှာတော့ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဘဝဟာ ပန်းခင်းလမ်းမဟုတ်ခဲ့ဘဲ ပတ်စပို့အတုလုပ်ခဲ့တဲ့ အမှုနဲ့ ပါရာဂွေးနိင်ငံမှာ သူ့ရဲ့ညီနဲ့အတူ အဖမ်းခံထားခဲ့ရတာဖြစ်ပြီး ထောင် ၆ လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့အနေနဲ့ ​သံတိုင်တွေရဲ့နောက်မှာ ၁၇၁ ရက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ အဲဒီအချိန်က ဘဏ်ထဲမှာ ၅ ပေါင် သာရှိတဲ့ ဘလွန်ဒေါဆုရှင်ဟောင်းကြီးဟာ သေချာပေါက် ဒေဝါလီခံတော့မယ်လို့ ယူဆခံခဲ့ရပေမယ့် ထောင်ကလွတ်လာပြီး ၄ လအတွင်းမှာ ပေါင် ၇ သိန်းကျော်အထိ ဝင်ငွေရှာဖွေသွားနိုင်ခဲ့ကြောင်းလည်း သိရပြီး သူ့ဘဝကို တဆစ်ချိုးပြောင်းလဲနိုင်ခဲ့ပါတယ်။

သူ့အနေနဲ့ အက်သလက်တီကို မီနေရိုးအသင်းရဲ့ ကွင်းကြီးကို ပရိုးမိုးရှင်းဆင်းဖို့ ကူညီပေးခဲ့သလို စီးပွားရေးခြေလှမ်းတချို့အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ဘရန်းဖြစ်တဲ့ R-ONE ဆိုတဲ့ အော်ဂဲနစ်ဂျင်အရက်ကို စတင်ကြေငြာရောင်းချခဲ့ပါတယ်။ သူ့ကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် သတ်မှတ်ထားတဲ့ Belo Horizonte ဆိုတဲ့ ဘရာဇီးလ်မြို့မှာ ကိုယ်တိုင် စတူဒီယိုကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီမှာ အသံသွင်းခဲ့တဲ့ မြူးဇစ်ဗီဒီယိုတပုဒ်ကို ရိုက်ကူးပြီး အဆိုပါဂျင်အရက်ကို ကြေငြာခဲ့တာပါ။ သူရိုက်ကူးခဲ့တဲ့ သီချင်းထဲမှာ ဘီကီနီဝတ်အမျိုးသမီးတွေနဲ့ ဝန်းရံထားသလို တပတ်အတွင်းမှာ ကြည့်ရှုသူ တသန်းကျော်ရှိခဲ့ပြီး “ယမကာနဲ့ မြာ” ဆိုတဲ့ Theme ကို တည်ဆောက်ပြခဲ့တာပါ။

ဒါ့အပြင် ခရီးသွားအက်ပလီကေးရှင်းတခုအတွက်လည်း လှပျိုဖြူတသိုက်နဲ့ ကြော်ငြာရိုက်ကူးခဲ့ပြန်ပါသေးတယ်။ အဲဒါတင်မကဘဲ သူက ၂၀၁၉ ခုနှစ်ကတည်းက Betris ဆိုတဲ့ မြင်းပွဲဒိုင်ဝက်ဘ်ဆိုက်နဲ့လည်း စာချုပ်ချုပ်ပြီး လုပ်ကိုင်နေသေးတာမို့ ဝင်ငွေတရပ်ရရှိနေသေးတာလည်း ဖြစ်ပါတယ်။

သူဟာ PES နဲ့ FIFA ဘောလုံးဂိမ်းတွေကိုလည်း အကြီးအကျယ်ကြော်ငြာပေးခဲ့သလို FIFA 21 မှာဆိုရင် သူ့ရဲ့ကိုယ်ပိုင်အသင်းအဖြစ် R10 အသင်းကို ဖန်တီးထားတာလည်း ပါဝင်နေပါသေးတယ်။ ထောင်ကထွက်လာအပြီးမှာ ဘရာဇီးလ်သမ္မတနဲ့လည်း တွေ့ဆုံခဲ့သေးသလို ဘရာဇီးလ်ခရီးသွားလာမှုဆိုင်ရာသံတမန်အဖြစ်လည်း ဆက်လက်တာဝန်ယူထားပါတယ်။

နောက်ဆုံးအနေနဲ့ ရော်နယ်ဒင်ညိုရဲ့ ဘောလုံးသမားဘဝအကြောင်း ရိုက်ကူးထားတဲ့ ” ကမ္ဘာ့အပျော်ရွင်ဆုံးလူသား ” ဆိုတဲ့ ရုပ်ရှင်ဟာလည်း ထွက်ရှိလာခဲ့တာဖြစ်ပြီး “ခက်ခဲတဲ့ အခြေအနေဟာ အဆုံးသတ်လုနီးလာပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ လွန်ခဲ့တဲ့လပိုင်းတွေမှာ အားလုံးရဲ့ ဂရုစိုက်မှုနဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပါတယ်။” လို့ ရော်နယ်လ်ဒင်ညိုက ထွက်ရှိလာခဲ့တဲ့ သူ့ရဲ့ရုပ်ရှင်ထရေလာမှာ ရေးသားထားတာကို တွေ့ရှိခဲ့ရကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဘာလုံးေလာကကေန အနားယူသြားခဲ့ၿပီျဖစ္တဲ့ ဂႏၴဝင္ေျမာက္ ေမွာ္ဝင္ဘရာဇီးလ္သားႀကီး ေရာ္နယ္ဒင္ညိဳကို ၿပီးခဲ့တဲ့ ၿပီးခဲ့တဲ့ ဘာစီလိုနာဂႏၴဝင္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းတို႔ရဲ႕ပြဲစဥ္မွာ ပရိသတ္ေတြအေနနဲ႔ ျမက္ခင္းစိမ္းမွာ တေက်ာ့ျပန္ျမင္ေတြ႕ရတာခဲ့ၿပီး သူက ပင္နယ္တီကေန တဂိုးသြင္းယူခဲ့သလို ငယ္မူငယ္ေသြးႂကြၿပီး အထူးပဲ​ေျခစြမ္းျပခဲ့ပါတယ္။

ဒါဟာ ေထာင္က ထြက္လာၿပီးေနာက္ ေရာ္နယ္ဒင္ညိဳရဲ႕ ပထမဆုံးေဘာလုံးပြဲစဥ္လည္း ျဖစ္လာခဲ့ၿပီး ဘာစီလိုနာဂႏၴဝင္အသင္းက ၃-၂ နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ အသက္ ၄၁ ႏွစ္သားႀကီးရဲ႕ ေပါ့ပါးၿပီး ေဘာလုံးဥာဏ္ႀကီးရွင္ဆန္လွတဲ့ ကစားဟန္ကို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ေဘာလုံးကြင္းထဲမွာ အၿပဳံးေလးနဲ႔ တင္ဆက္ေနတဲ့ သူ႔ရဲ႕ မူလလက္ေဟာင္း အမူအရာေလးကို တကမာၻလုံးက ျပန္လည္အရသာခံခြင့္ရခဲ့တာပါ။

ဒီေနာက္ကြယ္မွာေတာ့ ေဘာလုံးကစားျခင္းကေန အနားယူခဲ့ၿပီးေနာက္ပိုင္း သူ႔ရဲ႕ဘဝဟာ ပန္းခင္းလမ္းမဟုတ္ခဲ့ဘဲ ပတ္စပို႔အတုလုပ္ခဲ့တဲ့ အမႈနဲ႔ ပါရာေဂြးနိင္ငံမွာ သူ႔ရဲ႕ညီနဲ႔အတူ အဖမ္းခံထားခဲ့ရတာျဖစ္ၿပီး ေထာင္ ၆ လ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ သူ႔အေနနဲ႔ ​သံတိုင္ေတြရဲ႕ေနာက္မွာ ၁၇၁ ရက္ေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ အဲဒီအခ်ိန္က ဘဏ္ထဲမွာ ၅ ေပါင္ သာရွိတဲ့ ဘလြန္ေဒါဆုရွင္ေဟာင္းႀကီးဟာ ေသခ်ာေပါက္ ေဒဝါလီခံေတာ့မယ္လို႔ ယူဆခံခဲ့ရေပမယ့္ ေထာင္ကလြတ္လာၿပီး ၄ လအတြင္းမွာ ေပါင္ ၇ သိန္းေက်ာ္အထိ ဝင္ေငြရွာေဖြသြားႏိုင္ခဲ့ေၾကာင္းလည္း သိရၿပီး သူ႔ဘဝကို တဆစ္ခ်ိဳးေျပာင္းလဲႏိုင္ခဲ့ပါတယ္။

သူ႔အေနနဲ႔ အက္သလက္တီကို မီေန႐ိုးအသင္းရဲ႕ ကြင္းႀကီးကို ပ႐ိုးမိုးရွင္းဆင္းဖို႔ ကူညီေပးခဲ့သလို စီးပြားေရးေျခလွမ္းတခ်ိဳ႕အေနနဲ႔ သူ႔ရဲ႕ကိုယ္ပိုင္ဘရန္းျဖစ္တဲ့ R-ONE ဆိုတဲ့ ေအာ္ဂဲနစ္ဂ်င္အရက္ကို စတင္ေၾကျငာေရာင္းခ်ခဲ့ပါတယ္။ သူ႔ကို ဂုဏ္ထူးေဆာင္ၿမိဳ႕သားအျဖစ္ သတ္မွတ္ထားတဲ့ Belo Horizonte ဆိုတဲ့ ဘရာဇီးလ္ၿမိဳ႕မွာ ကိုယ္တိုင္ စတူဒီယိုကို ဖြင့္လွစ္ခဲ့ပါတယ္။

အဲဒီမွာ အသံသြင္းခဲ့တဲ့ ျမဴးဇစ္ဗီဒီယိုတပုဒ္ကို ႐ိုက္ကူးၿပီး အဆိုပါဂ်င္အရက္ကို ေၾကျငာခဲ့တာပါ။ သူ႐ိုက္ကူးခဲ့တဲ့ သီခ်င္းထဲမွာ ဘီကီနီဝတ္အမ်ိဳးသမီးေတြနဲ႔ ဝန္းရံထားသလို တပတ္အတြင္းမွာ ၾကည့္ရႈသူ တသန္းေက်ာ္ရွိခဲ့ၿပီး “ယမကာနဲ႔ ျမာ” ဆိုတဲ့ Theme ကို တည္ေဆာက္ျပခဲ့တာပါ။

ဒါ့အျပင္ ခရီးသြားအက္ပလီေကးရွင္းတခုအတြက္လည္း လွပ်ိဳျဖဴတသိုက္နဲ႔ ေၾကာ္ျငာ႐ိုက္ကူးခဲ့ျပန္ပါေသးတယ္။ အဲဒါတင္မကဘဲ သူက ၂၀၁၉ ခုႏွစ္ကတည္းက Betris ဆိုတဲ့ ျမင္းပြဲဒိုင္ဝက္ဘ္ဆိုက္နဲ႔လည္း စာခ်ဳပ္ခ်ဳပ္ၿပီး လုပ္ကိုင္ေနေသးတာမို႔ ဝင္ေငြတရပ္ရရွိေနေသးတာလည္း ျဖစ္ပါတယ္။

သူဟာ PES နဲ႔ FIFA ေဘာလုံးဂိမ္းေတြကိုလည္း အႀကီးအက်ယ္ေၾကာ္ျငာေပးခဲ့သလို FIFA 21 မွာဆိုရင္ သူ႔ရဲ႕ကိုယ္ပိုင္အသင္းအျဖစ္ R10 အသင္းကို ဖန္တီးထားတာလည္း ပါဝင္ေနပါေသးတယ္။ ေထာင္ကထြက္လာအၿပီးမွာ ဘရာဇီးလ္သမၼတနဲ႔လည္း ေတြ႕ဆုံခဲ့ေသးသလို ဘရာဇီးလ္ခရီးသြားလာမႈဆိုင္ရာသံတမန္အျဖစ္လည္း ဆက္လက္တာဝန္ယူထားပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေရာ္နယ္ဒင္ညိဳရဲ႕ ေဘာလုံးသမားဘဝအေၾကာင္း ႐ိုက္ကူးထားတဲ့ ” ကမာၻ႔အေပ်ာ္႐ြင္ဆုံးလူသား ” ဆိုတဲ့ ႐ုပ္ရွင္ဟာလည္း ထြက္ရွိလာခဲ့တာျဖစ္ၿပီး “ခက္ခဲတဲ့ အေျခအေနဟာ အဆုံးသတ္လုနီးလာပါၿပီ။ ဘုရားသခင္ရဲ႕ ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါတယ္။ လြန္ခဲ့တဲ့လပိုင္းေတြမွာ အားလုံးရဲ႕ ဂ႐ုစိုက္မႈနဲ႔ ေထာက္ခံမႈေတြကို ရရွိခဲ့ပါတယ္။” လို႔ ေရာ္နယ္လ္ဒင္ညိဳက ထြက္ရွိလာခဲ့တဲ့ သူ႔ရဲ႕႐ုပ္ရွင္ထေရလာမွာ ေရးသားထားတာကို ေတြ႕ရွိခဲ့ရေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.