Premier League Transfer News

26 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးအပြောင်းအရွှေ့သတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ဂျာမန်အားကစားမဂ္ဂဇင်း Kicker ကချီးမြှင့်တဲ့ အကောင်းဆုံးဂျာမန်နည်းပြဆုကို ရရှိခဲ့ပြီး သူ့အတွက် တစ်ဦးချင်းဆုတံဆိပ်တွေက သူ့အတွက်အရေးမပါကြောင်း၊ သူ့ကိုသူ အသင်းသားတစ်ယောက်လို ခံယူထားတဲ့အတွက် တစ်သင်းလုံးကိုဆုပေးတယ်လို့ ယူဆကြောင်း ပြောသွားခဲ့။

အင်တာမီလန်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂူဆက်ပီ မာရော့တာက လက်ရှိမှာတော့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ အသင်းရဲ့တိုက်စစ်မှူး ရိုမဲလူ လူကာကူးကို ဘယ်ဈေးနဲ့မှ ရောင်းထုတ်သွားမှာမဟုတ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်မဝင်စားကြောင်းသိရ။

အေစီမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ မော်ရိုကိုတောင်ပံတိုက်စစ်မှူး ဟာကင်မ် ဇီးယက်ရှ်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ပထမတစ်ရာသီကိုတော့ အငှားနဲ့သာ ခေါ်ယူလိုနေကြောင်း အီတလီမီဒီယာတွေက ဖော်ပြနေကြ။

ချဲလ်ဆီးအသင်းအနေနဲ့ ဇီးယက်ရှ်နေရာအစားထိုးဖို့ ဆာဆူအိုလိုတောင်ပံတိုက်စစ်မှူး ဒိုမီနီကို ဘယ်ရာဒီကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ပြိုင်ဘက် ဒေါ့မွန်အသင်းက ဒွန်ညဲ မာလန်ကို ခေါ်ယူရရှိသွားပြီဖြစ်တဲ့အတွက် စတန်းဖို့ဒ်ဘရစ်ချ်ကို ခေါ်ယူနိုင်ဖို့ ပိုအားသာချက်ရှိလာ။

ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပေါင်သန်း ၁၃၀+အပိုဆုကြေး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းသွားဖို့ရှိနေပြီး လစာကိုလည်း လက်ရှိလုပ်ခတစ်ပတ်ပေါင် ၁၀၀,၀၀၀ ရဲ့ ၃ ဆဖြစ်တဲ့ တစ်ပတ်လုပ်ခပေါင် ၃၀၀,၀၀၀ အထိပေးဖို့ စီစဉ်နေကြောင်းသိရ။

ချဲလ်ဆီးကွင်းလယ်လူ ကွန်နာ ဂယ်လက်ဂါကို ခေါ်ယူဖို့အတွက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ခရစ္စတဲလ်ပဲလေ့စ်အသင်းတို့က စိတ်ဝင်စားနေပေမယ့် အနောက်လန်ဒန်ပရိသတ်တွေကတော့ အင်္ဂလန်လူငယ်ကစားသမားလေးကို အသင်းမှာ ဆက်ထိန်းထားသင့်ပြီး မေဆန်မောင့်လို ဖြစ်လာနိုင်ကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားနေကြ။

နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းမှာ နေရာတစ်နေရာရဖို့အတွက် ခက်ခဲနေတဲ့ ကွင်းလယ်လူ ရော့စ် ဘာကလီရဲ့ အရည်အသွေးကို ငှက်ကြားတို့နည်းပြ စတိဗ် ဘရုစ်ကိုယ်တိုင်က သဘောကျနေတာကြောင့် ပေါင် ၁၅ သန်းဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေကြောင်းသတင်းတွေထွက်လာ။

ချဲလ်ဆီးအသင်းရဲ့ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက စိတ်ဝင်စားလာခဲ့ပြီး စီးရီးအေအတွေ့အကြုံရှိသလို ခြေစွမ်းခြေစလည်း ကောင်းမွန်တာကြောင့် လက်ရှိအင်တာမီလန်အသင်းနည်းပြ ဆီမွန်နီ အင်ဇာဂီရဲ့ စိတ်ကြိုက်ကစားသမားဖြစ်နေသလို အရခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ကြောင်းသိရ။

ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်အနေနဲ့ သူ့ရဲ့အင်္ကျီဗလာကျင်းနဲ့ လေ့ကျင့်နေတဲ့ပုံကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပြီး အသင်းကို စရောက်ခါစကလို ငပိန်လေးမဟုတ်တော့ဘဲ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ခန္ဓာကိုယ်ဖြစ်လာတာကို အနောက်လန်ဒန်ပရိသတ်တွေအနေနဲ့ ကျေနပ်အားရနေကြောင်း မှတ်ချက်ရေးသားနေကြ။

ZAWGYI:

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္ကေတာ့ ဂ်ာမန္အားကစားမဂၢဇင္း Kicker ကခ်ီးျမႇင့္တဲ့ အေကာင္းဆုံးဂ်ာမန္နည္းျပဆုကို ရရွိခဲ့ၿပီး သူ႔အတြက္ တစ္ဦးခ်င္းဆုတံဆိပ္ေတြက သူ႔အတြက္အေရးမပါေၾကာင္း၊ သူ႔ကိုသူ အသင္းသားတစ္ေယာက္လို ခံယူထားတဲ့အတြက္ တစ္သင္းလုံးကိုဆုေပးတယ္လို႔ ယူဆေၾကာင္း ေျပာသြားခဲ့။

အင္တာမီလန္အသင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ဂူဆက္ပီ မာေရာ့တာက လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းက ပစ္မွတ္ထားေနတဲ့ အသင္းရဲ႕တိုက္စစ္မႉး ႐ိုမဲလူ လူကာကူးကို ဘယ္ေဈးနဲ႔မွ ေရာင္းထုတ္သြားမွာမဟုတ္သလို ကစားသမားကိုယ္တိုင္ကလည္း အသင္းေျပာင္းဖို႔ စိတ္မဝင္စားေၾကာင္းသိရ။

ေအစီမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ေမာ္႐ိုကိုေတာင္ပံတိုက္စစ္မႉး ဟာကင္မ္ ဇီးယက္ရွ္ကို ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ပထမတစ္ရာသီကိုေတာ့ အငွားနဲ႔သာ ေခၚယူလိုေနေၾကာင္း အီတလီမီဒီယာေတြက ေဖာ္ျပေနၾက။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဇီးယက္ရွ္ေနရာအစားထိုးဖို႔ ဆာဆူအိုလိုေတာင္ပံတိုက္စစ္မႉး ဒိုမီနီကို ဘယ္ရာဒီကို ေပါင္ ၃၄ သန္းနဲ႔ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ၿပိဳင္ဘက္ ေဒါ့မြန္အသင္းက ဒြန္ညဲ မာလန္ကို ေခၚယူရရွိသြားၿပီျဖစ္တဲ့အတြက္ စတန္းဖို႔ဒ္ဘရစ္ခ်္ကို ေခၚယူႏိုင္ဖို႔ ပိုအားသာခ်က္ရွိလာ။

ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္သန္း ၁၃၀+အပိုဆုေၾကး ေပါင္သန္း ၂၀ နဲ႔ ကမ္းလွမ္းသြားဖို႔ရွိေနၿပီး လစာကိုလည္း လက္ရွိလုပ္ခတစ္ပတ္ေပါင္ ၁၀၀,၀၀၀ ရဲ႕ ၃ ဆျဖစ္တဲ့ တစ္ပတ္လုပ္ခေပါင္ ၃၀၀,၀၀၀ အထိေပးဖို႔ စီစဥ္ေနေၾကာင္းသိရ။

ခ်ဲလ္ဆီးကြင္းလယ္လူ ကြန္နာ ဂယ္လက္ဂါကို ေခၚယူဖို႔အတြက္ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ခရစၥတဲလ္ပဲေလ့စ္အသင္းတို႔က စိတ္ဝင္စားေနေပမယ့္ အေနာက္လန္ဒန္ပရိသတ္ေတြကေတာ့ အဂၤလန္လူငယ္ကစားသမားေလးကို အသင္းမွာ ဆက္ထိန္းထားသင့္ၿပီး ေမဆန္ေမာင့္လို ျဖစ္လာႏိုင္ေၾကာင္း လူမႈကြန္ယက္ေတြေပၚမွာ ေရးသားေနၾက။

နယူးကာဆဲလ္ယူႏိုက္တက္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ေနရာတစ္ေနရာရဖို႔အတြက္ ခက္ခဲေနတဲ့ ကြင္းလယ္လူ ေရာ့စ္ ဘာကလီရဲ႕ အရည္အေသြးကို ငွက္ၾကားတို႔နည္းျပ စတိဗ္ ဘ႐ုစ္ကိုယ္တိုင္က သေဘာက်ေနတာေၾကာင့္ ေပါင္ ၁၅ သန္းဝန္းက်င္နဲ႔ အၿပီးသတ္ေခၚယူဖို႔ စီစဥ္ေနေၾကာင္းသတင္းေတြထြက္လာ။

ခ်ဲလ္ဆီးအသင္းရဲ႕ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကို ေခၚယူဖို႔အတြက္ အင္တာမီလန္အသင္းက စိတ္ဝင္စားလာခဲ့ၿပီး စီးရီးေအအေတြ႕အႀကဳံရွိသလို ေျခစြမ္းေျခစလည္း ေကာင္းမြန္တာေၾကာင့္ လက္ရွိအင္တာမီလန္အသင္းနည္းျပ ဆီမြန္နီ အင္ဇာဂီရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္ေနသလို အရေခၚယူဖို႔ ႀကိဳးပမ္းလာႏိုင္ေၾကာင္းသိရ။

ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္အေနနဲ႔ သူ႔ရဲ႕အက်ႌဗလာက်င္းနဲ႔ ေလ့က်င့္ေနတဲ့ပုံကို သူ႔ရဲ႕လူမႈကြန္ယက္အေကာင့္မွာ တင္ခဲ့ၿပီး အသင္းကို စေရာက္ခါစကလို ငပိန္ေလးမဟုတ္ေတာ့ဘဲ ႂကြက္သားေတြနဲ႔ က်စ္လစ္တဲ့ခႏၶာကိုယ္ျဖစ္လာတာကို အေနာက္လန္ဒန္ပရိသတ္ေတြအေနနဲ႔ ေက်နပ္အားရေနေၾကာင္း မွတ္ခ်က္ေရးသားေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.