Other Premier League

25 Jul နောက်ဆုံးရ မန်စီးတီး အပြောင်းအရွှေ့သတင်းများ စုစည်းမှု

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နွေက ခေါ်ယူထားတဲ့ ပေါ်တူဂီသား ရူဘင် ဒီယာ့စ်ကို လုပ်ခလစာ ၂ ဆ နီးပါး တိုးပေးသွားမယ်လို့ သိရပြီး နည်းပြပပ်အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့လို့ ခံစားခွင့်အဖြစ် လက်ရှိမှာ ပေါင် ၈ သောင်း ရရှိနေတဲ့ အသက် ၂၄ နှစ်သားကို ပေါင် ၁၄၀၀၀၀ အထိ လစာတိုးမြှင့်ပေးသွားမယ်လို့ သိရ။

အသက် ၃၆ နှစ်သား ဖာနန်ဒင်ညိုနေရာမှာ ရေရှည်အစားထိုးဖို့ ရည်ရွယ်ထားတဲ့ မိုချန်ဂလာဘတ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို မန်စီးတီးက ပစ်မှတ်ထားနေချိန်မှာ ဂျာမန်ကလပ်အသင်းအားကစားဒါရိုက်တာက အသက် ၂၄ နှစ်သားဟာ ဒီနွေမှာ အသင်းပြောင်းတော့မယ်လို့ အသိပေးခံထားရတဲ့နောက် ပေါင် ၂၇ သန်းနဲ့ စျေးဖွင့်သွားခဲ့ပြီး အာဆင်နယ်အသင်းနဲ့ အပြိုင်လုရဖွယ်ရှိနေ။

အာဆင်နယ်အသင်းဟာ မန်စီးတီးကစားသမား ဘာနတ်ဒို ဆေးလ်းဗားကို ဝယ်ယူဖို့ စိတ်ဝင်တစား ပစ်မှတ်ထားလာခဲ့​ကြောင်း သိရပြီး မန်ချက်စတာရဲ့ လူနေမှုဘဝမှာ မပျော်ရွှင်ဘူးလို့ သတင်းထွက်နေတဲ့ ပေါ်တူဂီသားကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းသွားဖို့ စီစဥ်နေသလို ပရီးမီးယားလိဂ် ၃ ထပ်ကွမ်းချန်ပီယံဟာ ဘာစီလိုနာကို မျက်စိကျနေကြောင်းလည်းသိရ။

မန်စီးတီးအသင်းဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် မိုရီဘာကို ခေါ်ယူဖို့ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ စကား​ပြောဆိုမှုပြုလုပ်ခဲ့ပြီး နည်းပြ ရော်နယ်လ် ကိုးမန်းဦးဆောင်တဲ့ ရာသီကြိုအစီအစဥ်မှာ ချန်လှပ်ခံထားရတဲ့ အသက် ၁၈ နှစ်သားဟာ နူးကမ့်မှာ ဆက်နေဖို့ စိတ်ပျက်နေတယ်လို့ သိရပြီး လက်ရှိလစာ ယူရို ၆ သန်းကို နှစ်ဆတိုးပြီး ယူရို ၁၂ သန်းပေးချေမယ့် နည်းပြပပ်ဂွာဒီယိုလာရဲ့လက်အောက်မှာ ပြောင်းရွှေ့ကစားလိုနေကြောင်းသိရ။

မန်ချက်စတာမြို့ကလာတဲ့ နောက်ဆုံးသတင်းအရ မန်စီးတီးက အရခေါ်ယူဖို့ ယုံကြည်မှုရှိထားတဲ့ အက်စတန် ဗီလာကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ဟာ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုအပြီးမှာ စိတ်ပြောင်းသွားခဲ့ပြီလို့ သိရပြီး အင်္ဂလန်သားအနေနဲ့ ပွဲထွက်ခွင့်မရေရာတဲ့ အီတီဟတ်ကို ​ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နေသလို အက်စတန် ဗီလာမှာသာ ဆက်ကစားသွားလိုနေ။

မန်စီးတီးနဲ့ စပါးစ်အသင်းတို့က ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတဲ့ ဘာစီလိုနာတိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းဟာ ကတ်တလန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကိုသာ အိမ်ပြန်ဖို့ ဆန္ဒရှိနေကြောင်း သိရပြီး သူ့အနေနဲ့ နူးကမ့်ကနေ အီတီဟတ်ကို ထွက်ခွာမှာမဟုတ်ဘူးလို့ မန််စီးတီးအသင်း အသိပေးခံထားရ။

လီဗာပူးလ်အသင်းက ကြိုးပမ်းနေတဲ့ ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်မှူး ခီယေဆာကို မန်စီးတီးက ဖြတ်ခုတ်ဖို့ ​ကြားဝင်ကမ်းလှမ်းသွားခဲ့ကြောင်း သိရပြီး မာဆေးဆိုက်ဒ်အသင်းရဲ့ ယူရိုသန်း ၁၀၀ ကမ်းလှမ်းမှုဟာ အပယ်ချခံခဲ့ရသလို တူရင်ကလပ်က ရောင်းရန်မဟုတ်လို့ သတ်မှတ်ထားတဲ့ အသက် ၂၃ နှစ်သားဟာ မန်စီးတီးနဲ့ စားပွဲထိုင်ဆွေးနွေးဖို့တော့ စိတ်ဝင်စားနေ။

မန်စီးတီးဟာ မန်ချက်စတာ ယူနိုက်တက်ကစားသမားသစ်ဖြစ်လာခဲ့တဲ့ ဂျေဒန် ဆန်ချိုအတွက် ပေါင် ၁၀ သန်း အကျိုးအမြတ်ရရှိမယ်လို့ သိရပြီး မန်စီးတီးအကယ်ဒမီမှာ ၂ ​နှစ်ခွဲကြာ ကစားခဲ့တဲ့ အင်္ဂလန်သားကို ဒေါ့မန်ရဲ့ ပြန်လည် ရောင်းချမှုမှာ အကျိုးအမြတ် ၁၅ ရာခိုင်နှုန်း ခွဲဝေပေးဖို့ စာချုပ်အရ သဘောတူညီမှုရယူထားကြောင်း သိရ။

စပါးဥက္ကဌလီဗိုင်းက ပေါင်သန်း ၁၆၀ ကို တပြားမှမလျှော့နိုင်ဘူးလို့ အပိုင်ရိုက်ထားတဲ့ တိုက်စစ်မှူးဟာရီကိန်းကို မန်စီးတီးအနေနဲ့ အဆိုပါစျေးနှုန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ဆန္ဒမရှိပေမယ့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်သားကတော့ အီတီဟက်ကို ပြောင်းရွှေ့ဖို့ နေ့စဥ်တိုးတက်မှုတွေ ရှိလာနေတယ်လို့ ယုံကြည်နေကြောင်းသိရ။

စပါးစ်တိုက်စစ်မှူး ဟာရီကိန်းရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ အောက်သာ ပေးချေလိုတဲ့ မန်စီးတီးနဲ့ ပေါင်သန်း ၁၆၀ အောက် တပြားမှ မလျှော့ဘူးလို့ ခေါင်းမာတင်းခံနေတဲ့ စပါးစ်ဥက္ကဌလီဗိုင်းတို့ရဲ့ အားပြိုင်မှုဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ ခေါင်းချင်းရိုက်ဆွေးနွေးသွားရဖွယ်ရှိနေပြီး အီတီဟတ်မှာ အောင်မြင်မှုကို ရှာဖွေလိုနေတဲ့ အသက် ၂၈ နှစ်သားဟာ သြဂုတ် ၁၅ ရက်နေ့မှာ စပါးစ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်ကစားမယ့် EPL ပွဲစဥ် ၁ မတိုင်မီ ဂွာဒီယိုလာနဲ့ အမြန်ဆုံးပူပေါင်းလိုနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြက ေခၚယူထားတဲ့ ေပၚတူဂီသား ႐ူဘင္ ဒီယာ့စ္ကို လုပ္ခလစာ ၂ ဆ နီးပါး တိုးေပးသြားမယ္လို႔ သိရၿပီး နည္းျပပပ္အေနနဲ႔ အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစခဲ့လို႔ ခံစားခြင့္အျဖစ္ လက္ရွိမွာ ေပါင္ ၈ ေသာင္း ရရွိေနတဲ့ အသက္ ၂၄ ႏွစ္သားကို ေပါင္ ၁၄၀၀၀၀ အထိ လစာတိုးျမႇင့္ေပးသြားမယ္လို႔ သိရ။

အသက္ ၃၆ ႏွစ္သား ဖာနန္ဒင္ညိဳေနရာမွာ ေရရွည္အစားထိုးဖို႔ ရည္႐ြယ္ထားတဲ့ မိုခ်န္ဂလာဘတ္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို မန္စီးတီးက ပစ္မွတ္ထားေနခ်ိန္မွာ ဂ်ာမန္ကလပ္အသင္းအားကစားဒါ႐ိုက္တာက အသက္ ၂၄ ႏွစ္သားဟာ ဒီေႏြမွာ အသင္းေျပာင္းေတာ့မယ္လို႔ အသိေပးခံထားရတဲ့ေနာက္ ေပါင္ ၂၇ သန္းနဲ႔ ေစ်းဖြင့္သြားခဲ့ၿပီး အာဆင္နယ္အသင္းနဲ႔ အၿပိဳင္လုရဖြယ္ရွိေန။

အာဆင္နယ္အသင္းဟာ မန္စီးတီးကစားသမား ဘာနတ္ဒို ေဆးလ္းဗားကို ဝယ္ယူဖို႔ စိတ္ဝင္တစား ပစ္မွတ္ထားလာခဲ့​ေၾကာင္း သိရၿပီး မန္ခ်က္စတာရဲ႕ လူေနမႈဘဝမွာ မေပ်ာ္႐ႊင္ဘူးလို႔ သတင္းထြက္ေနတဲ့ ေပၚတူဂီသားကို ေပါင္သန္း ၆၀ နဲ႔ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနသလို ပရီးမီးယားလိဂ္ ၃ ထပ္ကြမ္းခ်န္ပီယံဟာ ဘာစီလိုနာကို မ်က္စိက်ေနေၾကာင္းလည္းသိရ။

မန္စီးတီးအသင္ဟာ ဘာစီလိုနာလူငယ္ၾကယ္ပြင့္ မိုရီဘာကို ေခၚယူဖို႔ ကစားသမားရဲ႕ကိုယ္စားလွယ္ေတြနဲ႔ စကား​ေျပာဆိုမႈျပဳလုပ္ခဲ့ၿပီး နည္းျပ ေရာ္နယ္လ္ ကိုးမန္းဦးေဆာင္တဲ့ ရာသီႀကိဳအစီအစဥ္မွာ ခ်န္လွပ္ခံထားရတဲ့ အသက္ ၁၈ ႏွစ္သားဟာ ႏူးကမ့္မွာ ဆက္ေနဖို႔ စိတ္ပ်က္ေနတယ္လို႔ သိရၿပီး လက္ရွိလစာ ယူ႐ို ၆ သန္းကို ႏွစ္ဆတိုးၿပီး ယူ႐ို ၁၂ သန္းေပးေခ်မယ့္ နည္းျပပပ္ဂြာဒီယိုလာရဲ႕လက္ေအာက္မွာ ေျပာင္းေ႐ႊ႕ကစားလိုေနေၾကာင္းသိရ။

မန္ခ်က္စတာၿမိဳ႕ကလာတဲ့ ေနာက္ဆုံးသတင္းအရ မန္စီးတီးက အရေခၚယူဖို႔ ယုံၾကည္မႈရွိထားတဲ့ အက္စတန္ ဗီလာကြင္းလယ္လူ ဂ်က္ဂရီးလစ္ရွ္ဟာ ေပါင္သန္း ၁၀၀ နဲ႔ ကမ္းလွမ္းမႈအၿပီးမွာ စိတ္ေျပာင္းသြားခဲ့ၿပီလို႔ သိရၿပီး အဂၤလန္သားအေနနဲ႔ ပြဲထြက္ခြင့္မေရရာတဲ့ အီတီဟတ္ကို ​ေျပာင္းေ႐ႊ႕ဖို႔ တြန္႔ဆုတ္ေနသလို အက္စတန္ ဗီလာမွာသာ ဆက္ကစားသြားလိုေန။

မန္စီးတီးနဲ႔ စပါးစ္အသင္းတို႔က ေခၚယူဖို႔ အၿပိဳင္စိတ္ဝင္စားေနတဲ့ ဘာစီလိုနာတိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းဟာ ကတ္တလန္ကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းကိုသာ အိမ္ျပန္ဖို႔ ဆႏၵရွိေနေၾကာင္း သိရၿပီး သူ႔အေနနဲ႔ ႏူးကမ့္ကေန အီတီဟတ္ကို ထြက္ခြာမွာမဟုတ္ဘူးလို႔ မန္္စီးတီးအသင္း အသိေပးခံထားရ။

လီဗာပူးလ္အသင္းက ႀကိဳးပမ္းေနတဲ့ ဂ်ဴဗင္တပ္စ္ေတာင္ပံတိုက္စစ္မႉး ခီေယဆာကို မန္စီးတီးက ျဖတ္ခုတ္ဖို႔ ​ၾကားဝင္ကမ္းလွမ္းသြားခဲ့ေၾကာင္း သိရၿပီး မာေဆးဆိုက္ဒ္အသင္းရဲ႕ ယူ႐ိုသန္း ၁၀၀ ကမ္းလွမ္းမႈဟာ အပယ္ခ်ခံခဲ့ရသလို တူရင္ကလပ္က ေရာင္းရန္မဟုတ္လို႔ သတ္မွတ္ထားတဲ့ အသက္ ၂၃ ႏွစ္သားဟာ မန္စီးတီးနဲ႔ စားပြဲထိုင္ေဆြးေႏြးဖို႔ေတာ့ စိတ္ဝင္စားေန။

မန္စီးတီးဟာ မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားသစ္ျဖစ္လာခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ိဳအတြက္ ေပါင္ ၁၀ သန္း အက်ိဳးအျမတ္ရရွိမယ္လို႔ သိရၿပီး မန္စီးတီးအကယ္ဒမီမွာ ၂ ​ႏွစ္ခြဲၾကာ ကစားခဲ့တဲ့ အဂၤလန္သားကို ေဒါ့မန္ရဲ႕ ျပန္လည္ ေရာင္းခ်မႈမွာ အက်ိဳးအျမတ္ ၁၅ ရာခိုင္ႏႈန္း ခြဲေဝေပးဖို႔ စာခ်ဳပ္အရ သေဘာတူညီမႈရယူထားေၾကာင္း သိရ။

စပါးဥကၠဌလီဗိုင္းက ေပါင္သန္း ၁၆၀ ကို တျပားမွမေလွ်ာ့ႏိုင္ဘူးလို႔ အပိုင္႐ိုက္ထားတဲ့ တိုက္စစ္မႉးဟာရီကိန္းကို မန္စီးတီးအေနနဲ႔ အဆိုပါေစ်းႏႈန္းနဲ႔ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ ဆႏၵမရွိေပမယ့္ အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္သားကေတာ့ အီတီဟက္ကို ေျပာင္းေ႐ႊ႕ဖို႔ ေန႔စဥ္တိုးတက္မႈေတြ ရွိလာေနတယ္လို႔ ယုံၾကည္ေနေၾကာင္းသိရ။

စပါးစ္တိုက္စစ္မႉး ဟာရီကိန္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၁၀၀ ေအာက္သာ ေပးေခ်လိုတဲ့ မန္စီးတီးနဲ႔ ေပါင္သန္း ၁၆၀ ေအာက္ တျပားမွ မေလွ်ာ့ဘူးလို႔ ေခါင္းမာတင္းခံေနတဲ့ စပါးစ္ဥကၠဌလီဗိုင္းတို႔ရဲ႕ အားၿပိဳင္မႈဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔အထိ ေခါင္းခ်င္း႐ိုက္ေဆြးေႏြးသြားရဖြယ္ရွိေနၿပီး အီတီဟတ္မွာ ေအာင္ျမင္မႈကို ရွာေဖြလိုေနတဲ့ အသက္ ၂၈ ႏွစ္သားဟာ ၾသဂုတ္ ၁၅ ရက္ေန႔မွာ စပါးစ္နဲ႔ မန္စီးတီးတို႔ ထိပ္တိုက္ကစားမယ့္ EPL ပြဲစဥ္ ၁ မတိုင္မီ ဂြာဒီယိုလာနဲ႔ အျမန္ဆုံးပူေပါင္းလိုေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.