Premier League Transfer News

25 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်အသင်းဆီကနေ ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့တဲ့ နောက်ခံလူ ဘန်ဝှိုက်ကို လာမယ့် တနင်္လာနေ့မှာ ဆေးစစ်ပြီး ဒီနွေရာသီ တတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် အပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားလိမ့်မယ်လို့ ဗြိတိန်မီဒီယာတွေ ခန့်မှန်းနေကြ။

– မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိဖို့ နီးစပ်လာတဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကြောင့် အစ်တီဟတ်မှာ ပွဲထွက်ဖို့ တိုက်ပွဲဝင်ရနိုင်တဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီသားအတွက် အက်သလက်တီကို မက်ဒရစ်နဲ့အပြိုင် ကြိုးရဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ကစားသမား ၄ ဦးရဲ့ ခြေစွမ်းပြမှုတွေနဲ့ ရလဒ်တွေ မြင့်တက်လာလိမ့်မယ်လို့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက ခန့်မှန်းလိုက်ပြီး အသင်းခေါင်းဆောင် အူဘာမီယန်း၊ ကွင်းလယ်လူ ပါတေးနဲ့ လူငယ်နှစ်ဦးဖြစ်ကြတဲ့ ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ တောက်ပမှုကို မျှော်လင့်နေ။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ အတ္တလန်တာဂိုးသမား ပျယ်လွီဂျီ ဂေါ်လီနီကို ခေါ်ယူသွားမှုကြောင့် အာဆင်နယ်အသင်းအနေနဲ့ အသက် ၃၂ နှစ်အရွယ် ဘာစီလိုနာအရန်ဂိုးသမား နီတိုကို ခေါ်ယူဖို့ ပြိုင်ဘက်မရှိတော့ဘဲ လွတ်လွတ်လပ်လပ် ကြိုးစားသွားနိုင်တော့မှာဖြစ်ကြောင်း သိရ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ဆီ ပြောင်းရွှေ့လာချင်တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့အတွက် ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို မဖြစ်မနေ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီး လူစာရင်း မှတ်ပုံတင်ဖို့ နေရာလွတ်အောင်နဲ့ လစာငွေပေးချေဖို့ ဘတ်ဂျက်ထွက်လာအောင် လုပ်ဆောင်သွားဖို့ရှိနေ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ နဲ့ စာချုပ်လက်ကျန် နှစ်နှစ်ရှိနေသေးတဲ့ ကွင်းလယ်လူ ဝီလီယန်ကို ရှင်းထုတ်သွားစေဖို့ အလိုရှိနေပြီး စိတ်ပျက်စရာကောင်းတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ ခေါ်ယူမှုကို လမ်းခွဲလိုက်တာဟာ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးဖြစ်မယ်လို့ဆိုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ခေါ်ယူဖို့ ချိတ်ဆက်စုံစမ်းနေတယ်လို့ သိရပြီး ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကိုလည်း ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပရိသတ်တွေကတော့ မလိုအပ်ဘဲ ငွေဖြုန်းတီးမှုတွေအဖြစ်သာ ရှုမြင်နေကြ။

– အသင်းရဲ့ ဟေးလ်အန့်ဒ်လူငယ်အကယ်ဒမီထွက် ကွင်းလယ်လူ ဂလင်း ကာမာရာကို ရိန်းဂျားစ်အသင်းဆီကနေ ပြန်လည်ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ စောင့်ကြည့်နေပြီး ကွင်းလယ်ပစ်မှတ် ရူဘင် နီဗက်စ်ကို မခေါ်ယူနိုင်ခဲ့ရင် ဖင်လန်သားကို ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ရရှိနိုင်ဖို့ မျှော်လင့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီကတည်းက စောင့်ကြည့်လာခဲ့တဲ့ ခံစစ်ပစ်မှတ် အီဗန် အန်ဒစ်ကာကို ခေါ်ယူရင် ယူရိုသန်း ၃၀ ဝန်းကျင်နဲ့ ရရှိနိုင်မယ်လို့ သိရပြီး အကြောက်အလန့်မရှိတဲ့ ဆိုးလ် ကမ်းဘဲလ်လက်သစ်လို့ အမည်ရနေတဲ့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားကို အသင်းရဲ့ ကစားသမားတချို့ ရောင်းချနိုင်ခဲ့ရင် ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္အသင္းဆီကေန ေခၚယူဖို႔ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိထားခဲ့တဲ့ ေနာက္ခံလူ ဘန္ဝႈိက္ကို လာမယ့္ တနလၤာေန႔မွာ ေဆးစစ္ၿပီး ဒီေႏြရာသီ တတိယေျမာက္ကစားသမား ေခၚယူမႈအျဖစ္ အေျပာင္းအေ႐ႊ႕ကို တရားဝင္ေၾကျငာသြားလိမ့္မယ္လို႔ ၿဗိတိန္မီဒီယာေတြ ခန႔္မွန္းေနၾက။

– မန္ခ်က္စတာစီးတီးအသင္းကို ေရာက္ရွိဖို႔ နီးစပ္လာတဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ေၾကာင့္ အစ္တီဟတ္မွာ ပြဲထြက္ဖို႔ တိုက္ပြဲဝင္ရႏိုင္တဲ့ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားကို အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားအတြက္ အက္သလက္တီကို မက္ဒရစ္နဲ႔အၿပိဳင္ ႀကိဳးရဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ကစားသမား ၄ ဦးရဲ႕ ေျခစြမ္းျပမႈေတြနဲ႔ ရလဒ္ေတြ ျမင့္တက္လာလိမ့္မယ္လို႔ ပရီးမီးယားလိဂ္ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက ခန႔္မွန္းလိုက္ၿပီး အသင္းေခါင္းေဆာင္ အူဘာမီယန္း၊ ကြင္းလယ္လူ ပါေတးနဲ႔ လူငယ္ႏွစ္ဦးျဖစ္ၾကတဲ့ ဆာကာနဲ႔ စမစ္႐ိုးတို႔ရဲ႕ ေတာက္ပမႈကို ေမွ်ာ္လင့္ေန။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ အတၱလန္တာဂိုးသမား ပ်ယ္လြီဂ်ီ ေဂၚလီနီကို ေခၚယူသြားမႈေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ အသက္ ၃၂ ႏွစ္အ႐ြယ္ ဘာစီလိုနာအရန္ဂိုးသမား နီတိုကို ေခၚယူဖို႔ ၿပိဳင္ဘက္မရွိေတာ့ဘဲ လြတ္လြတ္လပ္လပ္ ႀကိဳးစားသြားႏိုင္ေတာ့မွာျဖစ္ေၾကာင္း သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ဆီ ေျပာင္းေ႐ႊ႕လာခ်င္တဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔အတြက္ ျပင္သစ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို မျဖစ္မေန ေရာင္းထုတ္သြားဖို႔ စီစဥ္ေနၿပီး လူစာရင္း မွတ္ပုံတင္ဖို႔ ေနရာလြတ္ေအာင္နဲ႔ လစာေငြေပးေခ်ဖို႔ ဘတ္ဂ်က္ထြက္လာေအာင္ လုပ္ေဆာင္သြားဖို႔ရွိေန။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၂၀၀၀၀ နဲ႔ စာခ်ဳပ္လက္က်န္ ႏွစ္ႏွစ္ရွိေနေသးတဲ့ ကြင္းလယ္လူ ဝီလီယန္ကို ရွင္းထုတ္သြားေစဖို႔ အလိုရွိေနၿပီး စိတ္ပ်က္စရာေကာင္းတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ ေခၚယူမႈကို လမ္းခြဲလိုက္တာဟာ ႏွစ္ဦးႏွစ္ဖက္အတြက္ အေကာင္းဆုံးျဖစ္မယ္လို႔ဆိုေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေခၚယူဖို႔ ခ်ိတ္ဆက္စုံစမ္းေနတယ္လို႔ သိရၿပီး ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကိုလည္း ေပါင္ ၃၅ သန္းနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနေပမယ့္ ပရိသတ္ေတြကေတာ့ မလိုအပ္ဘဲ ေငြျဖဳန္းတီးမႈေတြအျဖစ္သာ ရႈျမင္ေနၾက။

– အသင္းရဲ႕ ေဟးလ္အန႔္ဒ္လူငယ္အကယ္ဒမီထြက္ ကြင္းလယ္လူ ဂလင္း ကာမာရာကို ရိန္းဂ်ားစ္အသင္းဆီကေန ျပန္လည္ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ ေစာင့္ၾကည့္ေနၿပီး ကြင္းလယ္ပစ္မွတ္ ႐ူဘင္ နီဗက္စ္ကို မေခၚယူႏိုင္ခဲ့ရင္ ဖင္လန္သားကို ေပါင္ ၁၀ သန္း ဝန္းက်င္နဲ႔ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကတည္းက ေစာင့္ၾကည့္လာခဲ့တဲ့ ခံစစ္ပစ္မွတ္ အီဗန္ အန္ဒစ္ကာကို ေခၚယူရင္ ယူ႐ိုသန္း ၃၀ ဝန္းက်င္နဲ႔ ရရွိႏိုင္မယ္လို႔ သိရၿပီး အေၾကာက္အလန႔္မရွိတဲ့ ဆိုးလ္ ကမ္းဘဲလ္လက္သစ္လို႔ အမည္ရေနတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္သားကို အသင္းရဲ႕ ကစားသမားတခ်ိဳ႕ ေရာင္းခ်ႏိုင္ခဲ့ရင္ ေခၚယူသြားဖို႔ ပစ္မွတ္ထားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.