Premier League Serie A Transfer News

ရွကရီညာကို ေခၚယူလိုေနတဲ့ မန္စီးတီးအတြက္ အင္တာမီလန္ ေဈးႏွဳန္းထုတ္ျပန္

မန္ခ်က္စတာစီးတီးအသင္းကေန သူတုိ႔ရဲ႕ ခံစစ္ပုိင္းအားျဖည့္မွဳအျဖစ္ ေခၚယူလိုေနတဲ့ ေနာက္ခံလူ မီလန္ ရွကရီညာအတြက္ အင္တာမီလန္အသင္းအေနနဲ႔ သူတုိ႔ကစားသမားကို လိုခ်င္ရင္ ႀကီးႀကီးမားမား ကမ္းလွမ္းမွဳနဲ႔သာ ေရာင္းခ်ႏုိင္မွာျဖစ္ေၾကာင္း အေၾကာင္းျပန္ခဲ့ၿပီး ေဈးႏွဳန္းသတ္မွတ္ခဲ့ၿပီ ျဖစ္ပါတယ္။

အသင္းကေန ၿပီးခဲ့တဲ့ ရာသီကုန္မွာ ထြက္ခြာသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ဗင္းဆင့္ ကြန္ပနီရဲ႕ ကြက္လပ္ကို ျပန္လည္ျဖည့္ဆည္းႏုိင္သူ မရွိခဲ့တဲ့ ၂၀၁၉-၂၀ ရာသီဟာ အိတ္ေပါက္နဲ႔ ဖားေကာက္သလိုျဖစ္ေနခဲ့ၿပီး အသင္းငယ္ေတြရဲ႕ တုိက္စစ္ကပါ ဂိုးေတြ သြင္းယူလာခ်ိန္မွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

အင္တာမီလန္အသင္းကေတာ့ သူတုိ႔ရဲ႕ ဆလိုဗက္ကီးယားေနာက္ခံလူအတြက္ ယူ႐ိုသန္း ၇၀ (ေပါင္ ၆၂ သန္း)ကေန ယူ႐ိုသန္း ၈၀ (ေပါင္သန္း ၇၀)ၾကား ရရွိမွ ေရာင္းခ်သြားဖို႔ ရွိေနၿပီး သူ႕ကို နည္းျပ အန္တိုနီယို ကြန္တီအေနနဲ႔ေတာ့ လက္လႊတ္ခ်င္စိတ္ မရွိဘူးလို႔လည္း သိရပါတယ္။

လက္ရွိရာသီမွာ စြမ္းေဆာင္မွဳေတြအရ ခံစစ္ပုိင္းကေန ေဘာလုံးေပးပုိ႔မွဳကို ၉၂ ရာခိုင္ႏွဳန္းအထိ ေအာင္ျမင္ထားတဲ့ ရွကရီညာဟာ မန္စီးတီးအသင္းအေနနဲ႔ တကယ္ပဲလိုအပ္ေနတဲ့ ကစားသမားမ်ဳိးျဖစ္ၿပီး သူနဲ႔ ေအးမရစ္ လာေပါ့တ္တုိ႔ဟာ ဂြါဒီယိုလာအတြက္ အဓိက လက္နက္ေတြလည္း ျဖစ္လာဖို႔ ရွိေနတာပါ။

အင္တာမီလန္အသင္းမွာ လက္ရွိရာသီအပါအဝင္ သုံးရာသီ ကစားၿပီးၿပီျဖစ္တဲ့ ရွကရီညာကို မန္စီးတီးအျပင္ ဆာဂ်ီယို ရာမို႔စ္ကို အစားထိုးမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ရတ္ ပီေကးကို အစားထိုးမယ့္ ဘာစီလိုနာအသင္းေတြကလည္း စိတ္ဝင္စားေနခဲ့ၾကေပမယ့္ ကစားသမားအေနနဲ႔ကေတာ့ ပရီးမီးယားလိဂ္ကို ဦးစားေပးေရြးခ်ယ္ဖြယ္ရွိေၾကာင္းလည္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကတယ္လုိ႔ သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကနေ သူတို့ရဲ့ ခံစစ်ပိုင်းအားဖြည့်မှုအဖြစ် ခေါ်ယူလိုနေတဲ့ နောက်ခံလူ မီလန် ရှကရီညာအတွက် အင်တာမီလန်အသင်းအနေနဲ့ သူတို့ကစားသမားကို လိုချင်ရင် ကြီးကြီးမားမား ကမ်းလှမ်းမှုနဲ့သာ ရောင်းချနိုင်မှာဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး ဈေးနှုန်းသတ်မှတ်ခဲ့ပြီ ဖြစ်ပါတယ်။

အသင်းကနေ ပြီးခဲ့တဲ့ ရာသီကုန်မှာ ထွက်ခွာသွားခဲ့တဲ့ အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီရဲ့ ကွက်လပ်ကို ပြန်လည်ဖြည့်ဆည်းနိုင်သူ မရှိခဲ့တဲ့ ၂၀၁၉-၂၀ ရာသီဟာ အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေခဲ့ပြီး အသင်းငယ်တွေရဲ့ တိုက်စစ်ကပါ ဂိုးတွေ သွင်းယူလာချိန်မှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ ဆလိုဗက်ကီးယားနောက်ခံလူအတွက် ယူရိုသန်း ၇၀ (ပေါင် ၆၂ သန်း)ကနေ ယူရိုသန်း ၈၀ (ပေါင်သန်း ၇၀)ကြား ရရှိမှ ရောင်းချသွားဖို့ ရှိနေပြီး သူ့ကို နည်းပြ အန်တိုနီယို ကွန်တီအနေနဲ့တော့ လက်လွှတ်ချင်စိတ် မရှိဘူးလို့လည်း သိရပါတယ်။

လက်ရှိရာသီမှာ စွမ်းဆောင်မှုတွေအရ ခံစစ်ပိုင်းကနေ ဘောလုံးပေးပို့မှုကို ၉၂ ရာခိုင်နှုန်းအထိ အောင်မြင်ထားတဲ့ ရှကရီညာဟာ မန်စီးတီးအသင်းအနေနဲ့ တကယ်ပဲလိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး သူနဲ့ အေးမရစ် လာပေါ့တ်တို့ဟာ ဂွါဒီယိုလာအတွက် အဓိက လက်နက်တွေလည်း ဖြစ်လာဖို့ ရှိနေတာပါ။

အင်တာမီလန်အသင်းမှာ လက်ရှိရာသီအပါအဝင် သုံးရာသီ ကစားပြီးပြီဖြစ်တဲ့ ရှကရီညာကို မန်စီးတီးအပြင် ဆာဂျီယို ရာမို့စ်ကို အစားထိုးမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဂျရတ် ပီကေးကို အစားထိုးမယ့် ဘာစီလိုနာအသင်းတွေကလည်း စိတ်ဝင်စားနေခဲ့ကြပေမယ့် ကစားသမားအနေနဲ့ကတော့ ပရီးမီးယားလိဂ်ကို ဦးစားပေးရွေးချယ်ဖွယ်ရှိကြောင်းလည်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြတယ်လို့ သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.