Premier League

ခေါ်ပြီး ၆ လလုံး မကစားရတဲ့ နောက်ခံလူကို အားပေးပြီး ပွဲထွက်စေခဲ့တဲ့ ကလော့ပ်

ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့တုန်းက လီဗာပူးလ်အသင်း‌အနေနဲ့ ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းက ဘန်ဒေးဗီးစ်ကို ခံစစ်ပိုင်းအတွက် ပေါင် ၁.၆ သန်းနဲ့ ခေါ်ခဲ့ပေမယ့် ၂၅ နှစ်သားကို ဘောလုံးရာသီကုန်တဲ့အထိ တစ်မိနစ်တောင် အသုံးမပြုခဲ့လို့ ဘာလို့‌ခေါ်ခဲ့လဲ ဆိုတဲ့မေးခွန်းတွေ ဆူညံခဲ့ပါသေးတယ်။

ဒေးဗီးစ်ကတော့ လီဗာပူးလ်ကို ရောက်ခဲ့တဲ့ ၆ လတာအတွင်း သူ့ရဲ့ ပထမဆုံးပွဲထွက်ခွင့်ကို ဩစတြီးယားကလပ် ဝက်ကာ အင်းစ်ဘရပ်ခ်နဲ့ ဒီတစ်ပတ်မှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့ပြီး ခံစစ်အတွင်းလူအနေနဲ့ ပါဝင်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံး လီဗာပူးလ်ကစားသမားအနေနဲ့ ပွဲကစားရခါနီးမှာတော့ အာရုံများနေတယ်လို့ ထင်‌ခဲ့ရတဲ့ ဒေးဗီးစ်ကို ပွဲမစခင်မှာ ကလော့ပ်က ပွေ့ဖက်အားပေးခဲ့ပြီး ပြုံးပြခဲ့သလို ဒေးဗီးစ်ကလည်း ပွေ့ဖက်အပြီးမှာ အပြုံးတွေနဲ့အတူ ပျော်ရွှင်နေတဲ့ပုံစံကို မြင်ခဲ့ရပြီး ကွင်းထဲကို ဝင်သွားခဲ့တာပါ။

ပွဲမကန်ခင် ရက်ပိုင်းအလိုတုန်းက အမေးအဖြေကဏ္ဍမှာ ဒေးဗီးစ်ကို ဘာလို့မသုံးခဲ့လဲဆိုတဲ့ အမေးကို ကလော့ပ်က “လီဗာပူးလ်ကို ကစားသမား‌ကောင်းတွေ အများကြီးလာကြတယ်။ ဘန်ဒေးဗီးစ်အကြောင်းပြောရမယ်ဆိုရင်တော့ သူက တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်”လို့ This Is Anfield ကို ပြောခဲ့ပါတယ်။

နောက်ပြီး သူက “ဒါပေမယ့် သူ့အနေနဲ့ အသားကျဖို့လိုအပ်နေသလို ကျွန်တော်တို့မှာ ရွေးချယ်စရာတွေလည်း ရှိနေသေးတယ်လေ။ ကျွန်တော်က ဒီဆုံးဖြတ်ချက်ချတာ မဟုတ်သလို သူ့ကိုလည်း မေလဝက်ထိ လေ့ကျင့်ခန်းဆင်းရုံပဲလို့ ကျွန်တော် မပြောခဲ့ပါဘူး” လို့ ပြောခဲ့ပါသေးတယ်။

ဆက်လက်ပြီး သူက “‌အသင်းနဲ့ အသားကျဖို့အတွက် ကြာသင့်သလောက်တော့ ကြာမှာပါ။ တကယ်တော့ ပြဿနာက ကျွန်တော်တို့အနေနဲ့ ခံစစ်အတွင်းလူသစ်နှစ်ယောက်ကို မဖြစ်မနေ အနေအထားကလွဲပြီး တပြိုင်နက်သုံးဖို့မရှိတာပဲ”လို့ပြောပြီး ဒေးဗီးစ်ကို မသုံးခဲ့ရတဲ့အကြောင်းကို ဂျာမန်သားကြီးက ရှင်းပြခဲ့ပါတယ်။

တစ်ဖက်တစ်ဂိုးစီသရေနဲ့ပြီးဆုံးခဲ့တဲ့ ကစားပွဲလေးမှာတော့ ဒေးဗီးစ်အနေနဲ့ ကျေနပ်နေနိုင်ပြီး သူနှစ်သက်တဲ့ အနီရောင်ဂျာစီနဲ့ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ စိတ်ခံစားချက်က ထူးကဲနေမှာဖြစ်သလို ကလော့ပ်ရဲ့ အပြုအမူက သူ့အတွက်တော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ေဆာင္းရာသီအေျပာင္းအေ႐ႊ႕တုန္းက လီဗာပူးလ္အသင္း‌အေနနဲ႔ ခ်န္ပီယံရွစ္ကလပ္ ပရက္စတန္အသင္းက ဘန္ေဒးဗီးစ္ကို ခံစစ္ပိုင္းအတြက္ ေပါင္ ၁.၆ သန္းနဲ႔ ေခၚခဲ့ေပမယ့္ ၂၅ ႏွစ္သားကို ေဘာလုံးရာသီကုန္တဲ့အထိ တစ္မိနစ္ေတာင္ အသုံးမျပဳခဲ့လို႔ ဘာလို႔‌ေခၚခဲ့လဲ ဆိုတဲ့ေမးခြန္းေတြ ဆူညံခဲ့ပါေသးတယ္။

ေဒးဗီးစ္ကေတာ့ လီဗာပူးလ္ကို ေရာက္ခဲ့တဲ့ ၆ လတာအတြင္း သူ႔ရဲ႕ ပထမဆုံးပြဲထြက္ခြင့္ကို ဩစႀတီးယားကလပ္ ဝက္ကာ အင္းစ္ဘရပ္ခ္နဲ႔ ဒီတစ္ပတ္မွာကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ရရွိခဲ့ၿပီး ခံစစ္အတြင္းလူအေနနဲ႔ ပါဝင္ကစားခဲ့ရတာလည္း ျဖစ္ပါတယ္။

သူ႔ရဲ႕ပထမဆုံး လီဗာပူးလ္ကစားသမားအေနနဲ႔ ပြဲကစားရခါနီးမွာေတာ့ အာ႐ုံမ်ားေနတယ္လို႔ ထင္‌ခဲ့ရတဲ့ ေဒးဗီးစ္ကို ပြဲမစခင္မွာ ကေလာ့ပ္က ေပြ႕ဖက္အားေပးခဲ့ၿပီး ၿပဳံးျပခဲ့သလို ေဒးဗီးစ္ကလည္း ေပြ႕ဖက္အၿပီးမွာ အၿပဳံးေတြနဲ႔အတူ ေပ်ာ္႐ႊင္ေနတဲ့ပုံစံကို ျမင္ခဲ့ရၿပီး ကြင္းထဲကို ဝင္သြားခဲ့တာပါ။

ပြဲမကန္ခင္ ရက္ပိုင္းအလိုတုန္းက အေမးအေျဖက႑မွာ ေဒးဗီးစ္ကို ဘာလို႔မသုံးခဲ့လဲဆိုတဲ့ အေမးကို ကေလာ့ပ္က “လီဗာပူးလ္ကို ကစားသမား‌ေကာင္းေတြ အမ်ားႀကီးလာၾကတယ္။ ဘန္ေဒးဗီးစ္အေၾကာင္းေျပာရမယ္ဆိုရင္ေတာ့ သူက တကယ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္တယ္”လို႔ This Is Anfield ကို ေျပာခဲ့ပါတယ္။

ေနာက္ၿပီး သူက “ဒါေပမယ့္ သူ႔အေနနဲ႔ အသားက်ဖို႔လိုအပ္ေနသလို ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာေတြလည္း ရွိေနေသးတယ္ေလ။ ကြၽန္ေတာ္က ဒီဆုံးျဖတ္ခ်က္ခ်တာ မဟုတ္သလို သူ႔ကိုလည္း ေမလဝက္ထိ ေလ့က်င့္ခန္းဆင္း႐ုံပဲလို႔ ကြၽန္ေတာ္ မေျပာခဲ့ပါဘူး” လို႔ ေျပာခဲ့ပါေသးတယ္။

ဆက္လက္ၿပီး သူက “‌အသင္းနဲ႔ အသားက်ဖို႔အတြက္ ၾကာသင့္သေလာက္ေတာ့ ၾကာမွာပါ။ တကယ္ေတာ့ ျပႆနာက ကြၽန္ေတာ္တို႔အေနနဲ႔ ခံစစ္အတြင္းလူသစ္ႏွစ္ေယာက္ကို မျဖစ္မေန အေနအထားကလြဲၿပီး တၿပိဳင္နက္သုံးဖို႔မရွိတာပဲ”လို႔ေျပာၿပီး ေဒးဗီးစ္ကို မသုံးခဲ့ရတဲ့အေၾကာင္းကို ဂ်ာမန္သားႀကီးက ရွင္းျပခဲ့ပါတယ္။

တစ္ဖက္တစ္ဂိုးစီသေရနဲ႔ၿပီးဆုံးခဲ့တဲ့ ကစားပြဲေလးမွာေတာ့ ေဒးဗီးစ္အေနနဲ႔ ေက်နပ္ေနႏိုင္ၿပီး သူႏွစ္သက္တဲ့ အနီေရာင္ဂ်ာစီနဲ႔ ပထမဆုံးပြဲထြက္ကစားခြင့္ရခဲ့တဲ့ စိတ္ခံစားခ်က္က ထူးကဲေနမွာျဖစ္သလို ကေလာ့ပ္ရဲ႕ အျပဳအမူက သူ႔အတြက္ေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.