Other Premier League

ဟေးလ်အန်းအကယ်ဒမီ ထုတ်ကုန်လူငယ်တွေနဲ့ အနာဂတ်တောက်ပလာတော့မယ့် အာဆင်နယ်

လူငယ်တွေကို မွေးထုတ်မှုမှာ နာမည်ကောင်းရထားတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဂန်းနားတို့ရဲ့ ဟေးလ်အန်းအကယ်ဒမီထွက် လူငယ်ကြယ်ပွင့်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ရေရှည်စာချုပ်သစ်တရပ် ချုပ်ဆိုခဲ့ပြီး အသင်းမှာ လစ်လပ်နေတဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ရာသီသစ်အတွက် ဝတ်ဆင်ကစားသွားစေတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအနေနဲ့ အသင်းလိုက်​ခြေစွမ်းပိုင်းနဲ့ အမှတ်ပေးဇယားရပ်တည်မှုတွေမှာ အခြေအနေမကောင်းခဲ့သလို ဥရောပဝင်ခွင့်ကိုပါ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုံးရှူံးခဲ့ရပေမယ့် နည်းပြမီခေးလ် အာတီတာလက်ထက်မှာ အမြတ်ထွက်လာခဲ့တာကတော့ ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်သ်ရိုးတို့ပါ။

အဆိုပါ ၁၉ နှစ်သားနဲ့ အသက် ၂၀ အရွယ် လူငယ်ခြေတက်လေးတွေဟာ ဟေးလ်အန်းအကယ်ဒမီရဲ့ ဂုဏ်ဆောင်ကစားသမားတွေဖြစ်လာမယ်လို့ မျှော်မှန်းခံထားရပြီး ဆာကာကိုတော့ ပြီးခဲ့တဲ့ရာသီကပဲ စာချုပ်သစ်ချုပ်ဆိုထားခဲ့တာပါ။ အာဆင်နယ်ရဲ့အနာဂတ်မှာ သူတို့နှစ်ဦးကို ထောက်တိုင်အဖြစ် အားပြုပြီး တည်ဆောက်သွားမယ်လို့လည်း သိရှိတာပါ။

” အီမီးလ်ဟာ အာဆင်နယ်ရဲ့အနာဂတ်ကို ကိုယ်စားပြုနေပါတယ်” လို့ ဆိုခဲ့တဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့စကားကို နည်းပြအာတီတာကလည်း “ကျွန်တော်တို့ တည်ဆောက်သွားမယ့် နုပျိုငယ်ရွယ်တဲ့ အသင်းကြီးမှာ သူ့ကို အခုထက်ပိုပြီး အရေးပါအရာရောက်လာမယ့် ကစားသမားအဖြစ် မျှော်လင့်ထားပါတယ်” လို့ ထောက်ခံသွားခဲ့ပါသေးတယ်။

အာဆင်နယ်အနေနဲ့ ဘားကမ့်နဲ့ အိုဇေးလ်တို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို စမစ်သ်ရိုးအတွက် ယုံယုံကြည်ကြည်နဲ့ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပြီး လာမယ့်ရာသီသစ်မှာ လူငယ်လေးဟာ ကွင်းလယ်ဖန်တီးရှင်နေရာက​နေ ဂန်းနားတို့ရဲ့ လှပတဲ့ကစားဟန်နဲ့ အစဥ်အလာဘောလုံးအမွေကို ဆက်ခံသွားဖို့လည်း တက်တက်ကြွကြွရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီက Boxing Days ကာလမှာ တန်းဆင်းဇုန်းအထက် ၄ မှတ်အကွာနဲ့ ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းဟာ ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ခရစ္စမတ်ကာလမှာ မန်ချက်စတာနှစ်သင်းပြီးရင် အမှတ်အများဆုံးစု​ဆောင်းနိုင်ခဲ့ပြီး အကယ်ဒမီလူငယ်လေးနှစ်ဦးရဲ့ အနာဂတ်ဟာ အဲဒီအချိန်ကစလို့ ထင်ထင်ရှားရှား တောက်ပလာခဲ့ပြီး ရာသီဝက်တလျှောက်လုံး ဂန်းနားပရိသတ်တွေအတွက် ကိုးစားချင်စရာ အဆင့်အတန်းမြင့်တဲ့ အရည်အသွေးမျိုးကို ပြသခဲ့တာပါ။

” နံပါတ် ၁၀ ဂျာစီက ဘယ်လောက်ကြီးမြတ်လဲဆိုတာ ခင်ဗျားတို့ သိပြီးသားပါ။ ရိုးသားစွာပြောရရင် ကျွန်တော်ရင်ခုန်နေပါတယ်။ အသင်းရဲ့ဂန္ထဝင်ကစားသမားကြီးတွေ ဝတ်ဆင်ခဲ့တဲ့ ဒီဂျာစီကို လက်ဆင့်ကမ်းခွင့်ပေးခဲ့လို့ ကျွန်တော်အနေနဲ့ သူတို့ရဲ့ခြေရာအတိုင်း တထပ်တည်းနင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ စမစ်ရိုးက ဝမ်းမြောက်ဝမ်းသာ ပြောကြားသွားခဲ့တာပါ။

အာဆင်နယ်အကယ်ဒမီကို ဘယ်လောက်ထိအားကိုးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အာတီတာကလည်း ” ကျွန်တော့်အတွက်တော့ အသင်းကိုတောင့်တင်းစေချင်ရင် လူသစ်ဖြည့်ရမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ပထမဦးဆုံးမှာ အသင်းအကယ်ဒမီဟာ ကျွန်တော်တို့ရဲ့ DNA စစ်စစ်ဆိုတာကို သိရှိထားပါတယ်”

” အကယ်ဒမီကနေ ခံယူချက်ပြင်းပြမှုအပိုင်းရော၊ စရိုက်လက္ခာပြည့်ဝမှုအပိုင်းမှာပါ သိပ်ကောင်းမွန်တဲ့ အရည်အသွေးမြင့်ကစားသမားတွေကို အသင်းကြီးမှာ ပွဲထုတ်မှာပါ။ ဒါကြောင့် ကျွန်တော်တို့ အကယ်ဒမီမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ အကယ်ဒမီမန်နေဂျာဖြစ်တဲ့ ပါ မာတီဆက်ကာကလည်း အသင်းကြီးမှာ လူငယ်ကစားသမားလေးတွေ ဝင်တိုးဖို့ အရည်အချင်းပြည့်မီအောင် အကောင်းဆုံးလုပ်​ဆောင်ပေးနေသူပါ” လို့ ရှင်းပြသွားတာကလည်း အာဆင်နယ်လူငယ်တွေအတွက် အားရစရာအချက်လည်း ဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လူငယ္ေတြကို ေမြးထုတ္မႈမွာ နာမည္ေကာင္းရထားတဲ့ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ ဂန္းနားတို႔ရဲ႕ ေဟးလ္အန္းအကယ္ဒမီထြက္ လူငယ္ၾကယ္ပြင့္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို ေရရွည္စာခ်ဳပ္သစ္တရပ္ ခ်ဳပ္ဆိုခဲ့ၿပီး အသင္းမွာ လစ္လပ္ေနတဲ့ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ရာသီသစ္အတြက္ ဝတ္ဆင္ကစားသြားေစေတာ့မယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္အသင္းအေနနဲ႔ အသင္းလိုက္​ေျခစြမ္းပိုင္းနဲ႔ အမွတ္ေပးဇယားရပ္တည္မႈေတြမွာ အေျခအေနမေကာင္းခဲ့သလို ဥေရာပဝင္ခြင့္ကိုပါ ၂၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဆုံးရႉံးခဲ့ရေပမယ့္ နည္းျပမီေခးလ္ အာတီတာလက္ထက္မွာ အျမတ္ထြက္လာခဲ့တာကေတာ့ ဘူကာယို ဆာကာနဲ႔ အီမီးလ္ စမစ္သ္႐ိုးတို႔ပါ။

အဆိုပါ ၁၉ ႏွစ္သားနဲ႔ အသက္ ၂၀ အ႐ြယ္ လူငယ္ေျခတက္ေလးေတြဟာ ေဟးလ္အန္းအကယ္ဒမီရဲ႕ ဂုဏ္ေဆာင္ကစားသမားေတြျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းခံထားရၿပီး ဆာကာကိုေတာ့ ၿပီးခဲ့တဲ့ရာသီကပဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားခဲ့တာပါ။ အာဆင္နယ္ရဲ႕အနာဂတ္မွာ သူတို႔ႏွစ္ဦးကို ေထာက္တိုင္အျဖစ္ အားျပဳၿပီး တည္ေဆာက္သြားမယ္လို႔လည္း သိရွိတာပါ။

” အီမီးလ္ဟာ အာဆင္နယ္ရဲ႕အနာဂတ္ကို ကိုယ္စားျပဳေနပါတယ္” လို႔ ဆိုခဲ့တဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕စကားကို နည္းျပအာတီတာကလည္း “ကြၽန္ေတာ္တို႔ တည္ေဆာက္သြားမယ့္ ႏုပ်ိဳငယ္႐ြယ္တဲ့ အသင္းႀကီးမွာ သူ႔ကို အခုထက္ပိုၿပီး အေရးပါအရာေရာက္လာမယ့္ ကစားသမားအျဖစ္ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေထာက္ခံသြားခဲ့ပါေသးတယ္။

အာဆင္နယ္အေနနဲ႔ ဘားကမ့္နဲ႔ အိုေဇးလ္တို႔ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ကို စမစ္သ္႐ိုးအတြက္ ယုံယုံၾကည္ၾကည္နဲ႔ လက္ဆင့္ကမ္းခဲ့ျခင္းျဖစ္ၿပီး လာမယ့္ရာသီသစ္မွာ လူငယ္ေလးဟာ ကြင္းလယ္ဖန္တီးရွင္ေနရာက​ေန ဂန္းနားတို႔ရဲ႕ လွပတဲ့ကစားဟန္နဲ႔ အစဥ္အလာေဘာလုံးအေမြကို ဆက္ခံသြားဖို႔လည္း တက္တက္ႂကြႂကြရွိေနတာပါ။

ၿပီးခဲ့တဲ့ရာသီက Boxing Days ကာလမွာ တန္းဆင္းဇုန္းအထက္ ၄ မွတ္အကြာနဲ႔ ႐ုန္းကန္ေနရတဲ့ အာဆင္နယ္အသင္းဟာ ဆာကာနဲ႔ စမစ္႐ိုးတို႔ရဲ႕ ေျခစြမ္းျပမႈေတြနဲ႔အတူ ခရစၥမတ္ကာလမွာ မန္ခ်က္စတာႏွစ္သင္းၿပီးရင္ အမွတ္အမ်ားဆုံးစု​ေဆာင္းႏိုင္ခဲ့ၿပီး အကယ္ဒမီလူငယ္ေလးႏွစ္ဦးရဲ႕ အနာဂတ္ဟာ အဲဒီအခ်ိန္ကစလို႔ ထင္ထင္ရွားရွား ေတာက္ပလာခဲ့ၿပီး ရာသီဝက္တေလွ်ာက္လုံး ဂန္းနားပရိသတ္ေတြအတြက္ ကိုးစားခ်င္စရာ အဆင့္အတန္းျမင့္တဲ့ အရည္အေသြးမ်ိဳးကို ျပသခဲ့တာပါ။

” နံပါတ္ ၁၀ ဂ်ာစီက ဘယ္ေလာက္ႀကီးျမတ္လဲဆိုတာ ခင္ဗ်ားတို႔ သိၿပီးသားပါ။ ႐ိုးသားစြာေျပာရရင္ ကြၽန္ေတာ္ရင္ခုန္ေနပါတယ္။ အသင္းရဲ႕ဂႏၴဝင္ကစားသမားႀကီးေတြ ဝတ္ဆင္ခဲ့တဲ့ ဒီဂ်ာစီကို လက္ဆင့္ကမ္းခြင့္ေပးခဲ့လို႔ ကြၽန္ေတာ္အေနနဲ႔ သူတို႔ရဲ႕ေျခရာအတိုင္း တထပ္တည္းနင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ စမစ္႐ိုးက ဝမ္းေျမာက္ဝမ္းသာ ေျပာၾကားသြားခဲ့တာပါ။

အာဆင္နယ္အကယ္ဒမီကို ဘယ္ေလာက္ထိအားကိုးထားတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အာတီတာကလည္း ” ကြၽန္ေတာ့္အတြက္ေတာ့ အသင္းကိုေတာင့္တင္းေစခ်င္ရင္ လူသစ္ျဖည့္ရမယ္ဆိုတာ လက္ခံပါတယ္။ ဒါေပမယ့္ ပထမဦးဆုံးမွာ အသင္းအကယ္ဒမီဟာ ကြၽန္ေတာ္တို႔ရဲ႕ DNA စစ္စစ္ဆိုတာကို သိရွိထားပါတယ္”

” အကယ္ဒမီကေန ခံယူခ်က္ျပင္းျပမႈအပိုင္းေရာ၊ စ႐ိုက္လကၡာျပည့္ဝမႈအပိုင္းမွာပါ သိပ္ေကာင္းမြန္တဲ့ အရည္အေသြးျမင့္ကစားသမားေတြကို အသင္းႀကီးမွာ ပြဲထုတ္မွာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အကယ္ဒမီမွာ ရင္းႏွီးျမႇဳပ္ႏွံထားပါတယ္။ အကယ္ဒမီမန္ေနဂ်ာျဖစ္တဲ့ ပါ မာတီဆက္ကာကလည္း အသင္းႀကီးမွာ လူငယ္ကစားသမားေလးေတြ ဝင္တိုးဖို႔ အရည္အခ်င္းျပည့္မီေအာင္ အေကာင္းဆုံးလုပ္​ေဆာင္ေပးေနသူပါ” လို႔ ရွင္းျပသြားတာကလည္း အာဆင္နယ္လူငယ္ေတြအတြက္ အားရစရာအခ်က္လည္း ျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.