Article Other Premier League

အမြင့်ဆုံးခြေစွမ်းနဲ့ရွှေဖလားရှင် အွန်နရီရဲ့အကွက်တွေက ပြိုင်ဘက်တွေကို ဘယ်လိုဖြိုခဲ့တာလဲ

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီဆိုတာ ပရီးမီးယားလိဂ်ရဲ့ Hall of Fame စာရင်းမှာ အလန် ရှီးယားရားနဲ့အတူ ထိပ်ဆုံးကနေ မှတ်ကျောက်တင်ခံထားရတဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂိုးသွင်းမုဆိုးမျိုးလည်းဖြစ်သလို ဒီနေ့​ခေတ် ဒီနေ့အခါမှာတော့ သူ့လို အနု၊ အကြမ်း ရောစပ်ကစားနိုင်တဲ့ ကစားသမားမျိုးဆိုတာ မြင်တွေ့ရဖို့ မဖြစ်နိုင်သလောက် ရှားပါးသွားခဲ့ပါပြီ။

ကစားဟန်အရ ကိုယ်ပိုင်ဟန်စစ်စစ်ကို ခင်းကျင်းပြသနိုင်ခဲ့သလို ပရိသတ်တွေ ရင်သပ်ရှုမောခဲ့ရတဲ့ အွန်နရီရဲ့ ခြေစွမ်းခြေစက ဥာဏ်စွမ်းဥာဏ်စနဲ့ ပေါင်းစပ်ထားမှုမှာ ခြေထောက်နဲ့ ဦးနှောက် တသားတည်းဖြစ်နေခဲ့ပြီး သမိုင်းအစဥ်အလာအရ ခါးသီးလွန်းပါတယ်ဆိုတဲ့ ပြိုင်ဘက်ကလပ်အသင်းပရိသတ်တွေကပါ ဟန်မဆောင်နိုင်ဘဲ ကြွေဆင်းခဲ့ရတာပါ။

ပြင်သစ်သားကြီးကို သတ်မှတ်မယ်ဆိုရင် ‘ဂေါ်လွန်းတဲ့ ဘဲကြီး’လို့သာ မှတ်ချက်ပြုခံထားရတာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာတော့ အာဆင်နယ်မှာ သူလုပ်ပြခဲ့သလို ခြေစွမ်းမျိုးက ဘယ်သူမှလိုက်မမီနိုင်ခဲ့သလို အာဆင်နယ်အသင်းအတွက် ၂၂၈ ဂိုးသွင်းယူပြီး ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂန်းနာတို့ရဲ့ရင်ထဲမှာ ဒီနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည်နေဆဲပါ။

၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ ၅ ရာသီဆက် အနည်းဆုံး ဂိုး ၂၀ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်စွမ်းရည်နဲ့ ဂိုးသွင်းအားက အံ့မခန်းလို့ ဆိုရမှာဖြစ်ပြီး တွစ်တာမှာ နာမည်ကြီးနေတဲ့ အွန်နရီရဲ့ ဗွီဒီယိုလေးကလည်း ခေတ်လူငယ်တွေကြားထဲ အတော်လေးပေါက်နေပါတယ်။

အဲဒီဗွီဒီယိုထဲမှာ မန်ယူနိုက်တက်၊ စပါးစ်၊ လိဒ်စ်၊ အိုင်းယက်စ် အစရှိတဲ့ အသင်းကြီးတွေကို အုပ်စိုးပြီး ဒုက္ခပေးခဲ့တဲ့ အွန်နရီရဲ့ ကစားဟန်မှာ ခွန်အား၊ အမြန်နှုန်းကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားခြင်းက ပြိုင်ဘက်တွေကို ဖင်ထိုင်ရက်လဲကျစေလောက်တဲ့အထိ စွမ်းသလို သူ့ရဲ့လိမ်ခေါက်ကျော်ဖြတ်သွားပုံမှာ ဘောလုံးတင်ဆက်သူတဦးက “သီယာရီ အွန်နရီကို ဘယ်လိုထိန်းချုပ်ကြမလဲ”လို့ အော်ဟစ်​ယူခဲ့ရတဲ့အထိ အကောင်းဆုံးပုံစံကို ပြသခဲ့တာဖြစ်ပါတယ်။

လျင်မြန်ဖျတ်လတ်မှု၊ တိုးအားနဲ့ ဘောလုံးကျွမ်းကျင်မှုတွေတင်မကဘဲ သူ့ဆီက ဘောလုံးဖြတ်လုဖို့ ကြိုးစားတဲ့ ပြိုင်ဘက်ခံစစ်ကစားသမားကို ဘယ်လို အလဲထိုးမလဲဆိုတာကို အပါးနပ်ဆုံး သဘောပေါက်သလို ဘောလုံးနဲ့အတူ ကျင်ကျင်လည်လည် လှည့်ထွက်ပြသလို ပေါက်ကွဲအားအပြည့်နဲ့ ကျော်ဖြတ်ပြခဲ့သူပါ။ ဒီအချက်တွေက အွန်နရီရဲ့ ဗွီဒီယိုထဲမှာ အထင်ကရလက္ခဏာတခုအဖြစ် ပြန်လည်ခံစားခွင့်ရခဲ့ကြပါတယ်။

ကိုယ်တိုင်ဂိုးသွင်းယူမလား၊ အသင်းဖော်တွေအတွက် ခူးပြီးခပ်ပြီး အခွင့်အရေးကို အပိုင်ခင်းပေးမလား… ဘာလာလာဒေါင်းတဲ့ အွန်နရီက ဘောလုံးဦးနှောက်မြင့်မားတဲ့ ဥာဏ်ကြီးရှင်လို့ဆိုရင် ဧကန်မုချ မလွဲချော်နိုင်သလို ပရီးမီးယားလိဂ်မှာ သူ့ရဲ့ဇက ဘယ်လောက်ပြင်းခဲ့သလဲဆိုတာ အာဆင်နယ်အသင်း ရွှေဖလားချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမှာ အထင်ရှားဆုံး အရသာတွေခဲ့ကြရတာဖြစ်​ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီဆိုတာ ပရီးမီးယားလိဂ္ရဲ႕ Hall of Fame စာရင္းမွာ အလန္ ရွီးယားရားနဲ႔အတူ ထိပ္ဆုံးကေန မွတ္ေက်ာက္တင္ခံထားရတဲ့ လက္ရွိကမာၻ႔အေကာင္းဆုံးအျဖစ္ မွတ္တမ္းဝင္ထားတဲ့ ဂိုးသြင္းမုဆိုးမ်ိဳးလည္းျဖစ္သလို ဒီေန႔​ေခတ္ ဒီေန႔အခါမွာေတာ့ သူ႔လို အႏု၊ အၾကမ္း ေရာစပ္ကစားႏိုင္တဲ့ ကစားသမားမ်ိဳးဆိုတာ ျမင္ေတြ႕ရဖို႔ မျဖစ္ႏိုင္သေလာက္ ရွားပါးသြားခဲ့ပါၿပီ။

ကစားဟန္အရ ကိုယ္ပိုင္ဟန္စစ္စစ္ကို ခင္းက်င္းျပသႏိုင္ခဲ့သလို ပရိသတ္ေတြ ရင္သပ္ရႈေမာခဲ့ရတဲ့ အြန္နရီရဲ႕ ေျခစြမ္းေျခစက ဥာဏ္စြမ္းဥာဏ္စနဲ႔ ေပါင္းစပ္ထားမႈမွာ ေျခေထာက္နဲ႔ ဦးေႏွာက္ တသားတည္းျဖစ္ေနခဲ့ၿပီး သမိုင္းအစဥ္အလာအရ ခါးသီးလြန္းပါတယ္ဆိုတဲ့ ၿပိဳင္ဘက္ကလပ္အသင္းပရိသတ္ေတြကပါ ဟန္မေဆာင္ႏိုင္ဘဲ ေႂကြဆင္းခဲ့ရတာပါ။

ျပင္သစ္သားႀကီးကို သတ္မွတ္မယ္ဆိုရင္ ‘ေဂၚလြန္းတဲ့ ဘဲႀကီး’လို႔သာ မွတ္ခ်က္ျပဳခံထားရတာျဖစ္ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ အာဆင္နယ္မွာ သူလုပ္ျပခဲ့သလို ေျခစြမ္းမ်ိဳးက ဘယ္သူမွလိုက္မမီႏိုင္ခဲ့သလို အာဆင္နယ္အသင္းအတြက္ ၂၂၈ ဂိုးသြင္းယူၿပီး ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ဂန္းနာတို႔ရဲ႕ရင္ထဲမွာ ဒီေန႔အခ်ိန္အထိ မားမားမတ္မတ္ရပ္တည္ေနဆဲပါ။

၂၀၀၂ ကေန ၂၀၀၆ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္ရဲ႕ ၅ ရာသီဆက္ အနည္းဆုံး ဂိုး ၂၀ သြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္စြမ္းရည္နဲ႔ ဂိုးသြင္းအားက အံ့မခန္းလို႔ ဆိုရမွာျဖစ္ၿပီး တြစ္တာမွာ နာမည္ႀကီးေနတဲ့ အြန္နရီရဲ႕ ဗြီဒီယိုေလးကလည္း ေခတ္လူငယ္ေတြၾကားထဲ အေတာ္ေလးေပါက္ေနပါတယ္။

အဲဒီဗြီဒီယိုထဲမွာ မန္ယူႏိုက္တက္၊ စပါးစ္၊ လိဒ္စ္၊ အိုင္းယက္စ္ အစရွိတဲ့ အသင္းႀကီးေတြကို အုပ္စိုးၿပီး ဒုကၡေပးခဲ့တဲ့ အြန္နရီရဲ႕ ကစားဟန္မွာ ခြန္အား၊ အျမန္ႏႈန္းကို ၿပီးျပည့္စုံစြာ ေပါင္းစပ္ထားျခင္းက ၿပိဳင္ဘက္ေတြကို ဖင္ထိုင္ရက္လဲက်ေစေလာက္တဲ့အထိ စြမ္းသလို သူ႔ရဲ႕လိမ္ေခါက္ေက်ာ္ျဖတ္သြားပုံမွာ ေဘာလုံးတင္ဆက္သူတဦးက “သီယာရီ အြန္နရီကို ဘယ္လိုထိန္းခ်ဳပ္ၾကမလဲ”လို႔ ေအာ္ဟစ္​ယူခဲ့ရတဲ့အထိ အေကာင္းဆုံးပုံစံကို ျပသခဲ့တာျဖစ္ပါတယ္။

လ်င္ျမန္ဖ်တ္လတ္မႈ၊ တိုးအားနဲ႔ ေဘာလုံးကြၽမ္းက်င္မႈေတြတင္မကဘဲ သူ႔ဆီက ေဘာလုံးျဖတ္လုဖို႔ ႀကိဳးစားတဲ့ ၿပိဳင္ဘက္ခံစစ္ကစားသမားကို ဘယ္လို အလဲထိုးမလဲဆိုတာကို အပါးနပ္ဆုံး သေဘာေပါက္သလို ေဘာလုံးနဲ႔အတူ က်င္က်င္လည္လည္ လွည့္ထြက္ျပသလို ေပါက္ကြဲအားအျပည့္နဲ႔ ေက်ာ္ျဖတ္ျပခဲ့သူပါ။ ဒီအခ်က္ေတြက အြန္နရီရဲ႕ ဗြီဒီယိုထဲမွာ အထင္ကရလကၡဏာတခုအျဖစ္ ျပန္လည္ခံစားခြင့္ရခဲ့ၾကပါတယ္။

ကိုယ္တိုင္ဂိုးသြင္းယူမလား၊ အသင္းေဖာ္ေတြအတြက္ ခူးၿပီးခပ္ၿပီး အခြင့္အေရးကို အပိုင္ခင္းေပးမလား… ဘာလာလာေဒါင္းတဲ့ အြန္နရီက ေဘာလုံးဦးေႏွာက္ျမင့္မားတဲ့ ဥာဏ္ႀကီးရွင္လို႔ဆိုရင္ ဧကန္မုခ် မလြဲေခ်ာ္ႏိုင္သလို ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ဇက ဘယ္ေလာက္ျပင္းခဲ့သလဲဆိုတာ အာဆင္နယ္အသင္း ေ႐ႊဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမွာ အထင္ရွားဆုံး အရသာေတြခဲ့ၾကရတာျဖစ္​ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.