Analysis Article Premier League

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး ဘယ်ညာနောက်ခံ အတွဲအဖက် ၅ ခု

၅- လေတန် ဘိန်းစ်+ရှေးမတ်စ် ကိုးလ်မန်း
ဘိန်းစ်နဲ့ ကိုးလ်မန်းတို့ဟာ ၂၀၁၀ တုန်းက ဂွတ်ဒီဆန်ပါ့ခ်မှာ စတင်တွဲဖက်ကစားခဲ့ပြီး ဘယ်နောက်ခံလူရဲ့ ဖြတ်တင်ဘောတွေနဲ့အတူ ညာနောက်ခံလူရဲ့ လျင်မြန်မှုနဲ့ ပြေးအားတွေက ပြိုင်ဘက်အသင်းတိုင်းအတွက် အန္တရာယ်များခဲ့သလို ခံစစ်ကစားပုံလည်း အတွဲညီခဲ့ပါတယ်။ ၂၀၁၉ အထိ သူတို့ နှစ်ယောက်ကို အဲဗာတန်က တွဲဖက်အသုံးပြုခဲ့ပြီး အသင်းတိုင်းကို အခက်တွေ့စေခဲ့တဲ့ အတွဲအဖက်လည်းဖြစ်ခဲ့ပါတယ်။

၄- အက်ရှ်လီ ကိုးလ်+လော်ရင်
၂၀၀၃-၂၀၀၄ ဘောလုံးရာသီတုန်းက အာဆင်နယ်ရဲ့ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ ခရီးမှာ အဓိကအစွန်နောက်ခံလူတွေအဖြစ် အသုံးတော်ခံခဲ့တဲ့ အက်ရှ်လီ ကိုးလ်နဲ့ လောရင်တို့ရဲ့ တစ်ရာသီလုံးရှုံးပွဲမရှိ အောင်မြင်မှုကိုတော့ ဒီနေ့အထိ ဘယ်ပရီးမီးယားလိဂ်ကစားသမားတွေမှ လိုက်မမီနိုင်ခဲ့တာပါ။

သူတို့နှစ်ယောက်မှာ လော်ရန်က ပိုပြီး ခံစစ်အားသန်ပေမယ့် ကိုးလ်ကတော့ ဘယ်ခြမ်းတစ်လျှောက် တိုက်စစ်ကို ပိုလိုက်ပါသလို သူ့ရဲ့အမှတ်အသားဖြစ်တဲ့ ဖြတ်တင်ဘောတွေနဲ့ ပြိုင်ဘက်ကို အလုပ်ရှုပ်စေခဲ့တာပါ။ သူတို့အတွဲအဖက်က အာဆင်နယ်သမိုင်းတစ်လျှောက် အကောင်းဆုံးခံစစ်အစွန်လူ အတွဲအဖက်လည်း ဖြစ်ခဲ့တာပါ။

၃- ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်+အန်ဒရူး ရောဘတ်ဆန်
အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ လီဗာပူးလ်အသင်းရဲ့ လူငယ်စီမံကိန်းထဲက ထွက်ပေါ်လာသူဖြစ်ပြီး အန်ဒီ ရောဘတ်ဆန်ကတော့ ဟားလ်စီးတီးအသင်းကနေ ၂၀၁၇ မှာ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ တစ်ဝက်ကတည်းက သူတို့နှစ်ယောက် တွဲဖက်ကစားလာခဲ့တာပါ။

သူတို့တွဲကစားတဲ့ ၃ နှစ်အတွင်း လီဗာပူးလ်အသင်းက ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်ရခဲ့သလို ၂ ယောက်ပေါင်း ဂိုးဖန်တီးမှုက ၇၂ ကြိမ်အထိ ရှိခဲ့တာပါ။ ဒါ့အပြင် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကလည်း နောက်ခံလူတစ်ဦးအနေနဲ့ တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုအများဆုံးအဖြစ် ၁၃ ကြိမ်နဲ့ စံချိန်တင်ခဲ့ပါသေးတယ်။

၂- ဘရန်နီဆလဗ် အီဗန်နိုဗစ်ချ်+အက်ရှ်လီ ကိုးလ်
ဆားဘီးယားသားနဲ့ အင်္ဂလန်သားတို့ရဲ့ အတွဲအဖက်ကိုတော့ ချဲလ်ဆီးပရိသတ်တွေ အခုထက်ထိ မှတ်မိနေဦးမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၆ နှစ်ကြာ အတွဲညီခဲ့သလို အီဗန်နိုဗစ်ချ်ရဲ့ ကောင်းမွန်တဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ လေထဲက အမြင့်ဘောဖျက်ထုတ်မှုတွေကလည်း အမှတ်ရစရာ ကောင်းနေခဲ့တာပါ။

သူတို့အတွဲအဖက်က ပရီးမီးယားလိဂ် ၁ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ ယူရိုပါလိဂ် ၁ ကြိမ်ကို ရယူခဲ့ပါသေးတယ်။ သူတို့အတွဲကို ပရီးမီးယားလိဂ်ပရိသတ်‌တွေက လုံးဝအထင်ကြီးခဲ့ပြီး မေ့ဖို့ခက်လောက်တဲ့အထိ စွမ်းဆောင်ရည်ကောင်းခဲ့ကြတဲ့ အစွန်နောက်ခံလူတွေပဲ ဖြစ်ပါတယ်။

၁- ဒင်းနစ် အာဝင်+ဂယ်ရီ နဗီးလ်
ဒင်းနစ် အာဝင်နဲ့ ဂယ်ရီ နဗီးလ်တို့က မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအတွက်တော့ ဂန္ထဝင်အစွန်နောက်ခံလူတွေပဲဖြစ်ပြီး ဆယ်စုနှစ်တစ်ခုလောက် တွဲဖက်ကစားခဲ့ကြတဲ့ သူတို့က ထင်သလောက် မဟုတ်ခဲ့ပါဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်သမိုင်းမှာ သူတို့ထက် အောင်မြင်ခဲ့တဲ့ အတွဲအဖက်မျိုး မရှိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ရဲ့ နာမည်ကျော် ၉၂ ခုနှစ် မျိုး‌ဆက်တွေထဲမှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၁ ကြိမ်နဲ့ ကမ္ဘာကျော် ၁၉၉၉ ချန်ပီယံလိဂ်အောင်ပွဲမှာလည်း ပါဝင်ခဲ့ကြသူတွေလည်း ဖြစ်သလို အဲ့ဒီအောင်ပွဲမှာ သူတို့ ၂ ဦးက ပွဲချိန်ပြည့် ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅- ေလတန္ ဘိန္းစ္+ေရွးမတ္စ္ ကိုးလ္မန္း
ဘိန္းစ္နဲ႔ ကိုးလ္မန္းတို႔ဟာ ၂၀၁၀ တုန္းက ဂြတ္ဒီဆန္ပါ့ခ္မွာ စတင္တြဲဖက္ကစားခဲ့ၿပီး ဘယ္ေနာက္ခံလူရဲ႕ ျဖတ္တင္ေဘာေတြနဲ႔အတူ ညာေနာက္ခံလူရဲ႕ လ်င္ျမန္မႈနဲ႔ ေျပးအားေတြက ၿပိဳင္ဘက္အသင္းတိုင္းအတြက္ အႏၲရာယ္မ်ားခဲ့သလို ခံစစ္ကစားပုံလည္း အတြဲညီခဲ့ပါတယ္။ ၂၀၁၉ အထိ သူတို႔ ႏွစ္ေယာက္ကို အဲဗာတန္က တြဲဖက္အသုံးျပဳခဲ့ၿပီး အသင္းတိုင္းကို အခက္ေတြ႕ေစခဲ့တဲ့ အတြဲအဖက္လည္းျဖစ္ခဲ့ပါတယ္။

၄- အက္ရွ္လီ ကိုးလ္+ေလာ္ရင္
၂၀၀၃-၂၀၀၄ ေဘာလုံးရာသီတုန္းက အာဆင္နယ္ရဲ႕ ရႈံးပြဲမရွိခ်န္ပီယံျဖစ္ခဲ့တဲ့ ခရီးမွာ အဓိကအစြန္ေနာက္ခံလူေတြအျဖစ္ အသုံးေတာ္ခံခဲ့တဲ့ အက္ရွ္လီ ကိုးလ္နဲ႔ ေလာရင္တို႔ရဲ႕ တစ္ရာသီလုံးရႈံးပြဲမရွိ ေအာင္ျမင္မႈကိုေတာ့ ဒီေန႔အထိ ဘယ္ပရီးမီးယားလိဂ္ကစားသမားေတြမွ လိုက္မမီႏိုင္ခဲ့တာပါ။

သူတို႔ႏွစ္ေယာက္မွာ ေလာ္ရန္က ပိုၿပီး ခံစစ္အားသန္ေပမယ့္ ကိုးလ္ကေတာ့ ဘယ္ျခမ္းတစ္ေလွ်ာက္ တိုက္စစ္ကို ပိုလိုက္ပါသလို သူ႔ရဲ႕အမွတ္အသားျဖစ္တဲ့ ျဖတ္တင္ေဘာေတြနဲ႔ ၿပိဳင္ဘက္ကို အလုပ္ရႈပ္ေစခဲ့တာပါ။ သူတို႔အတြဲအဖက္က အာဆင္နယ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးခံစစ္အစြန္လူ အတြဲအဖက္လည္း ျဖစ္ခဲ့တာပါ။

၃- ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္+အန္ဒ႐ူး ေရာဘတ္ဆန္
အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ လီဗာပူးလ္အသင္းရဲ႕ လူငယ္စီမံကိန္းထဲက ထြက္ေပၚလာသူျဖစ္ၿပီး အန္ဒီ ေရာဘတ္ဆန္ကေတာ့ ဟားလ္စီးတီးအသင္းကေန ၂၀၁၇ မွာ ေျပာင္းေ႐ႊ႕လာခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီ တစ္ဝက္ကတည္းက သူတို႔ႏွစ္ေယာက္ တြဲဖက္ကစားလာခဲ့တာပါ။

သူတို႔တြဲကစားတဲ့ ၃ ႏွစ္အတြင္း လီဗာပူးလ္အသင္းက ခ်န္ပီယံလိဂ္ ၁ ႀကိမ္နဲ႔ပရီးမီးယားလိဂ္ဖလား ၁ ႀကိမ္ရခဲ့သလို ၂ ေယာက္ေပါင္း ဂိုးဖန္တီးမႈက ၇၂ ႀကိမ္အထိ ရွိခဲ့တာပါ။ ဒါ့အျပင္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကလည္း ေနာက္ခံလူတစ္ဦးအေနနဲ႔ တစ္ရာသီအတြင္း ပရီးမီးယားလိဂ္ ဂိုးဖန္တီးမႈအမ်ားဆုံးအျဖစ္ ၁၃ ႀကိမ္နဲ႔ စံခ်ိန္တင္ခဲ့ပါေသးတယ္။

၂- ဘရန္နီဆလဗ္ အီဗန္ႏိုဗစ္ခ်္+အက္ရွ္လီ ကိုးလ္
ဆားဘီးယားသားနဲ႔ အဂၤလန္သားတို႔ရဲ႕ အတြဲအဖက္ကိုေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြ အခုထက္ထိ မွတ္မိေနဦးမွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၆ ႏွစ္ၾကာ အတြဲညီခဲ့သလို အီဗန္ႏိုဗစ္ခ်္ရဲ႕ ေကာင္းမြန္တဲ့ ေခါင္းတိုက္ဂိုးေတြနဲ႔ ေလထဲက အျမင့္ေဘာဖ်က္ထုတ္မႈေတြကလည္း အမွတ္ရစရာ ေကာင္းေနခဲ့တာပါ။

သူတို႔အတြဲအဖက္က ပရီးမီးယားလိဂ္ ၁ ႀကိမ္၊ FA ဖလား ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္နဲ႔ ယူ႐ိုပါလိဂ္ ၁ ႀကိမ္ကို ရယူခဲ့ပါေသးတယ္။ သူတို႔အတြဲကို ပရီးမီးယားလိဂ္ပရိသတ္‌ေတြက လုံးဝအထင္ႀကီးခဲ့ၿပီး ေမ့ဖို႔ခက္ေလာက္တဲ့အထိ စြမ္းေဆာင္ရည္ေကာင္းခဲ့ၾကတဲ့ အစြန္ေနာက္ခံလူေတြပဲ ျဖစ္ပါတယ္။

၁- ဒင္းနစ္ အာဝင္+ဂယ္ရီ နဗီးလ္
ဒင္းနစ္ အာဝင္နဲ႔ ဂယ္ရီ နဗီးလ္တို႔က မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြအတြက္ေတာ့ ဂႏၴဝင္အစြန္ေနာက္ခံလူေတြပဲျဖစ္ၿပီး ဆယ္စုႏွစ္တစ္ခုေလာက္ တြဲဖက္ကစားခဲ့ၾကတဲ့ သူတို႔က ထင္သေလာက္ မဟုတ္ခဲ့ပါဘူးဆိုတဲ့ ေဝဖန္မႈေတြ ရွိေနခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္သမိုင္းမွာ သူတို႔ထက္ ေအာင္ျမင္ခဲ့တဲ့ အတြဲအဖက္မ်ိဳး မရွိခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နာမည္ေက်ာ္ ၉၂ ခုႏွစ္ မ်ိဳး‌ဆက္ေတြထဲမွာ ပါဝင္ခဲ့သူေတြျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ FA ဖလား ၁ ႀကိမ္နဲ႔ ကမာၻေက်ာ္ ၁၉၉၉ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာလည္း ပါဝင္ခဲ့ၾကသူေတြလည္း ျဖစ္သလို အဲ့ဒီေအာင္ပြဲမွာ သူတို႔ ၂ ဦးက ပြဲခ်ိန္ျပည့္ ကစားခဲ့ၾကတာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.