Analysis Premier League

ပေါင် ၄၉၁ သန်းတန်တဲ့ ယူနိုက်တက်ရဲ့လူစာရင်း လိဒ်စ်နဲ့ပွဲမှာ ဘယ်လိုပွဲထွက်လာမလဲ

လာမယ့် ၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကို သြဂုတ် ၁၄ ရက်နေ့မှာ စတင်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ အဖွင့် ပွဲစဥ် ၁ အနေနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ နည်းပြ အိုလီဂန်နား ဆိုးလ်ရှားအနေနဲ့ ပေါင် ၄၉၁ သန်းတန်တဲ့ လူစာရင်းကို ပွဲထုတ်လာဖို့ဆိုတာဟာ ပရိသတ်အားလုံးရဲ့ မျှော်လင့်စောင့်စားမှုဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ ဂျေဒန် ဆန်ချိုကို ပွဲထုတ်ဖို့ ရှိနေသလို နောက်ခံလူ ရာဖေးလ် ဗာရွန်းရောက်လာတာနဲ့ သေချာပေါက် နေရာပေးသွားဖို့ရှိနေပြီး ပရီးမီးယားလိဂ်တာထွက်မှာ ရလဒ်ကောင်းကို ယူသွားဖို့ ရှိနေပါတယ်။ ဂိုးသမားနေရာမှာ ယူနိုက်တက်အကယ်ဒမီထွက် ဒင်းန် ဟန်ဒါဆန်ကို နံပါတ် ၁ ဦးစားပေးအဖြစ် သုံးစွဲသွားဖွယ်ရှိနေတယ်လို့ တွေ့မြင်ရပါတယ်။

Manchester Evening News ရဲ့ ဖော်ပြချက်အရ ယူရိုပါလိဂ်ဖိုင်နယ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဒေးဗစ် ဒဟေးယားဟာ ဒီရာသီမှာ အရန်ခုံထိုင်ရဖို့ ရှိနေပါတယ်။ ဒဏ်ရာရသွားလို့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲလူစာရင်းကနေ နှုတ်ထွက်ခဲ့ရတဲ့ ဟန်ဒါဆန်ကသာ အချိန်မီပြန်ကောင်းလာမယ်လို့ ယူဆခံရပြီး သူ့အတွက် အဆင်သင့်နေရာပေးဖို့ ရှိနေတာပါ။ ညာနောက်ခံလူနေရာမှာတော့ နိုင်ငံတကာပွဲပန်းမှု မရှိတဲ့ ပေါင်သန်း ၅၀ တန် အာရွန် ဝမ်ဘစ်ဆာကာကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကီရန် ထရစ်ပီယာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် AWB ကသာ ဆိုးလ်ရှားရဲ့ ရွေးချယ်မှုဖြစ်နိုင်ပြီး ဘယ်နောက်ခံလူနေရာမှာတော့ ယူရိုဗိုလ်လုပွဲကို ကစားထားတဲ့ လုခ်ရှောက ပွဲထွက်လာဖို့ ရှိနေသလို သူ့ရဲ့ ပြောင်းရွှေ့ကြေးမှာ ယူနိုက်တက်တို့ ပေါင်သန်း ၃၀ အကုန်ကျခံထားရတာကို တွေ့ရပါတယ်။

ပရိသတ်တွေ ရင်ခုန်နေတဲ့ ဗဟိုခံစစ်နေရာမှာတော့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မယ့် ပေါင်သန်း ၅၀ တန် ပြင်သစ်သား ဗာရွန်းက ပေါင်သန်း ၈၀ တန် အင်္ဂလန်သား ဟာရီ မက်ဂွိုင်းယားနဲ့ အတွဲဖြစ်လာဖို့ ရှိနေ​ပြီး ကွင်းလယ်ဗဟိုမှာတော့ ဘရာဇီးလ်နဲ့ ကိုပါအမေရိကဖိုင်နယ်ကစားထားတဲ့ ပေါင် ၅၂ သန်းတန်ကစားသမား ဖရက်ဒ်ဟာ မက်တော်မီနေးကို ကျော်ဖြတ်ပြီး ခင်းကျင်းခံရဖွယ်ရှိနေပါတယ်။

အိုးထရက်ဖို့ဒ်ပွဲစဥ်မှာ ၄-၃-၃ ကို သုံးစွဲသွားမယ့် ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာတော့ ပေါင် ၈၉ သန်း ပေါလ် ပေါ့ဘာနဲ့ ပေါင် ၆၇ သန်းတန် ဘရူနို ဖာနန်ဒက်စ်တို့က ဖရက်ဒ်ရဲ့ အရှေ့မှာ ပွဲထွက်လာနိုင်ပြီး ခွဲစိတ်ကုသမှု ခံယူမယ့် မားကပ်စ် ရက်ရှ်ဖို့ဒ် လွဲချော်ချိန်မှာ ယူနိုက်တက်အကယ်ဒမီထွက် မေဆန် ဂရင်းဝုဒ်က တောင်ပံတိုက်စစ်တစ်နေရာကို တာဝန်ယူသွားဖွယ်ရှိနေပါတယ်။

ဒေါ့မွန်အသင်းက​နေ ပေါင် ၇၃ သန်းနဲ့ ပူပူနွေးနွေး ပြောင်းရွှေ့လာတဲ့ ကစားသမားသစ် ဂျေဒန် ဆန်ချိုကတော့ ပရီးမီးယားလိဂ်အစအနေနဲ့ တောင်ပံမှာ ဂရင်းဝုဒ်နဲ့ ဘယ်ညာနေရာချင်း အလဲအလှယ်လုပ်ပြီး ကစားသွားဖွယ် ရှိနေသလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အထောင်တိုက်စစ်မှူး ကာဗာနီကို ထိထိရောက်ရောက် ပံ့ပိုးပေးလာမယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပေါင် ၄၉၁ သန်းတန် ယူနိုက်တက်လူစာရင်းကို မြင်တွေ့ရဖွယ်ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ ၂၀၂၁-၂၂ ပရီးမီးယားလိဂ္ေဘာလုံးရာသီသစ္ကို ၾသဂုတ္ ၁၄ ရက္ေန႔မွာ စတင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ အဖြင့္ ပြဲစဥ္ ၁ အေနနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ ဒီပြဲမွာ နည္းျပ အိုလီဂန္နား ဆိုးလ္ရွားအေနနဲ႔ ေပါင္ ၄၉၁ သန္းတန္တဲ့ လူစာရင္းကို ပြဲထုတ္လာဖို႔ဆိုတာဟာ ပရိသတ္အားလုံးရဲ႕ ေမွ်ာ္လင့္ေစာင့္စားမႈျဖစ္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ဒီပြဲမွာ ေဂ်ဒန္ ဆန္ခ်ိဳကို ပြဲထုတ္ဖို႔ ရွိေနသလို ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းေရာက္လာတာနဲ႔ ေသခ်ာေပါက္ ေနရာေပးသြားဖို႔ရွိေနၿပီး ပရီးမီးယားလိဂ္တာထြက္မွာ ရလဒ္ေကာင္းကို ယူသြားဖို႔ ရွိေနပါတယ္။ ဂိုးသမားေနရာမွာ ယူႏိုက္တက္အကယ္ဒမီထြက္ ဒင္းန္ ဟန္ဒါဆန္ကို နံပါတ္ ၁ ဦးစားေပးအျဖစ္ သုံးစြဲသြားဖြယ္ရွိေနတယ္လို႔ ေတြ႕ျမင္ရပါတယ္။

Manchester Evening News ရဲ႕ ေဖာ္ျပခ်က္အရ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ပြဲထြက္ခြင့္ရခဲ့တဲ့ ေဒးဗစ္ ဒေဟးယားဟာ ဒီရာသီမွာ အရန္ခုံထိုင္ရဖို႔ ရွိေနပါတယ္။ ဒဏ္ရာရသြားလို႔ အဂၤလန္အသင္းရဲ႕ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲလူစာရင္းကေန ႏႈတ္ထြက္ခဲ့ရတဲ့ ဟန္ဒါဆန္ကသာ အခ်ိန္မီျပန္ေကာင္းလာမယ္လို႔ ယူဆခံရၿပီး သူ႔အတြက္ အဆင္သင့္ေနရာေပးဖို႔ ရွိေနတာပါ။ ညာေနာက္ခံလူေနရာမွာေတာ့ ႏိုင္ငံတကာပြဲပန္းမႈ မရွိတဲ့ ေပါင္သန္း ၅၀ တန္ အာ႐ြန္ ဝမ္ဘစ္ဆာကာကို ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကီရန္ ထရစ္ပီယာကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ေတာင္ AWB ကသာ ဆိုးလ္ရွားရဲ႕ ေ႐ြးခ်ယ္မႈျဖစ္ႏိုင္ၿပီး ဘယ္ေနာက္ခံလူေနရာမွာေတာ့ ယူ႐ိုဗိုလ္လုပြဲကို ကစားထားတဲ့ လုခ္ေရွာက ပြဲထြက္လာဖို႔ ရွိေနသလို သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးမွာ ယူႏိုက္တက္တို႔ ေပါင္သန္း ၃၀ အကုန္က်ခံထားရတာကို ေတြ႕ရပါတယ္။

ပရိသတ္ေတြ ရင္ခုန္ေနတဲ့ ဗဟိုခံစစ္ေနရာမွာေတာ့ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာေတာ့မယ့္ ေပါင္သန္း ၅၀ တန္ ျပင္သစ္သား ဗာ႐ြန္းက ေပါင္သန္း ၈၀ တန္ အဂၤလန္သား ဟာရီ မက္ဂြိဳင္းယားနဲ႔ အတြဲျဖစ္လာဖို႔ ရွိေန​ၿပီး ကြင္းလယ္ဗဟိုမွာေတာ့ ဘရာဇီးလ္နဲ႔ ကိုပါအေမရိကဖိုင္နယ္ကစားထားတဲ့ ေပါင္ ၅၂ သန္းတန္ကစားသမား ဖရက္ဒ္ဟာ မက္ေတာ္မီေနးကို ေက်ာ္ျဖတ္ၿပီး ခင္းက်င္းခံရဖြယ္ရွိေနပါတယ္။

အိုးထရက္ဖို႔ဒ္ပြဲစဥ္မွာ ၄-၃-၃ ကို သုံးစြဲသြားမယ့္ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္တိုက္စစ္ပိုင္းမွာေတာ့ ေပါင္ ၈၉ သန္း ေပါလ္ ေပါ့ဘာနဲ႔ ေပါင္ ၆၇ သန္းတန္ ဘ႐ူႏို ဖာနန္ဒက္စ္တို႔က ဖရက္ဒ္ရဲ႕ အေရွ႕မွာ ပြဲထြက္လာႏိုင္ၿပီး ခြဲစိတ္ကုသမႈ ခံယူမယ့္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ လြဲေခ်ာ္ခ်ိန္မွာ ယူႏိုက္တက္အကယ္ဒမီထြက္ ေမဆန္ ဂရင္းဝုဒ္က ေတာင္ပံတိုက္စစ္တစ္ေနရာကို တာဝန္ယူသြားဖြယ္ရွိေနပါတယ္။

ေဒါ့မြန္အသင္းက​ေန ေပါင္ ၇၃ သန္းနဲ႔ ပူပူေႏြးေႏြး ေျပာင္းေ႐ႊ႕လာတဲ့ ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳကေတာ့ ပရီးမီးယားလိဂ္အစအေနနဲ႔ ေတာင္ပံမွာ ဂရင္းဝုဒ္နဲ႔ ဘယ္ညာေနရာခ်င္း အလဲအလွယ္လုပ္ၿပီး ကစားသြားဖြယ္ ရွိေနသလို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ အေထာင္တိုက္စစ္မႉး ကာဗာနီကို ထိထိေရာက္ေရာက္ ပံ့ပိုးေပးလာမယ့္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ ေပါင္ ၄၉၁ သန္းတန္ ယူႏိုက္တက္လူစာရင္းကို ျမင္ေတြ႕ရဖြယ္ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.