Premier League Transfer News

ဘန်ဝှိုက်နဲ့ စမစ်ရိုးတို့ ဒီရာသီကစလို့ အာဆင်နယ်မှာ လစာဘယ်လောက်ရရှိနိုင်ကြမလဲ

အာဆင်နယ်အသင်းကတော့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ‌‌ရောက် အင်္ဂလန်အသင်းရဲ့ အသင်းသားဖြစ်ခဲ့တဲ့ နောက်ခံလူ ဘန်ဝှိုက်အတွက် ဘရိုက်တန်အသင်းကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုက အစစအရာရာ အဆင်ပြေနေပြီဖြစ်ပြီး နောက်တစ်ပတ်ထဲမှာ ဆေးစစ်မှုပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ လက်ရှိလစာအများဆုံး ၁၀ ယောက်ကတော့…
၉= ဂရာနစ် ချာကာ – တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀
၉= ဘန်းဒ် လီနို – တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀
၇= ဟက်တာ ဘယ်လာရင် – တစ်ပတ်လုပ်ခ ပေါင် ၁၁၀,၀၀၀
၇= ကီရန် တီယာနီ – တစ်ပတ်လုပ်ခ ပေါင် ၁၁၀,၀၀၀ (The Athletic ဖော်ပြချက်အရ)

၆- ဘန်ဝှိုက် – တစ်ပတ်လုပ်ခ ပေါင် ၁၂၀,၀၀၀ (The Times ဖော်ပြချက်အရ သဘောတူပြီးပေမယ့် လက်မှတ်မထိုးရသေး)
၅- နီကိုလာ ပေပေ – တစ်ပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀
၄- အလက်ဇန်းဒါး လာကာဇက် – တစ်ပတ်လုပ်ခ ပေါင် ၁၈၂,၀၀၀

၃- ဝီလီယန် – တစ်ပတ်လုပ်ခ ပေါင် ၂၂၀,၀၀၀
၂- သောမတ်စ် ပါတေး – တစ်ပတ်လုပ်ခ ပေါင် ၂၅၀,၀၀၀
၁- ပျယ်-အမ်မရိခ် အူဘာမီယန်း – တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀

တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ ထက်များတာဆိုလို့ ဘန်ဝှိုက်ပါမှ ၁၀ ယောက်သာ ရှိနေသေးသလို ဘန်ဝှိုက်အနေနဲ့တော့ သူ့လုပ်ခလစာက ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်မှာ လူပိုဖြစ်ခဲ့ပြီး အားရစရာ‌အချက် တစ်ချက်တောင်မရှိခဲ့တဲ့ ဝီလီယန်ရဲ့ တစ်ဝက်သာသာပဲ ရတာကြောင့် နည်းနည်းတော့ အောင့်သက်သက်ဖြစ်စေမှာပါ။

ဘရာဇီးလ်သားကတော့ တစ်ပတ်လုပ်ခ ပေါင် ၂၂၀,၀၀၀ ရရှိနေပြီး အသင်းရဲ့ တတိယအများဆုံး လစာနဲ့နေနေသလို ကစားပုံနဲ့တော့ ပြောင်းပြန်အချိုးကျနေခဲ့ချိန်မှာ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၀ မှာရော ဂန်းနားတို့အတွက်ပါ ခြေစွမ်းပြခဲ့တဲ့ ဘူကာယို ဆာကာရဲ့ လစာက အံ့ဩစရာဖြစ်ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၀,၀၀၀ ဆိုတဲ့ ပမာဏက ဘရာဇီးလ်သားထက် ၇ ပုံ ၁ ပုံထက်တောင် နည်းနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် အီမီးလ် စမစ်ရိုးကတော့ ဆာကာထက်တောင် လုပ်ခနှုန်းက နည်းနေခဲ့ရာကနေ မနေ့က ချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၄၀,၀၀၀ ရရှိခဲ့ပြီဖြစ်ပြီး ဘန်ဝှိုက်ကတော့ သူ့ထက် လစာ သုံးဆ ရရှိမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းကေတာ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲ‌‌ေရာက္ အဂၤလန္အသင္းရဲ႕ အသင္းသားျဖစ္ခဲ့တဲ့ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ဘ႐ိုက္တန္အသင္းကို ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းမႈက အစစအရာရာ အဆင္ေျပေနၿပီျဖစ္ၿပီး ေနာက္တစ္ပတ္ထဲမွာ ေဆးစစ္မႈျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းရဲ႕ လက္ရွိလစာအမ်ားဆုံး ၁၀ ေယာက္ကေတာ့…
၉= ဂရာနစ္ ခ်ာကာ – တစ္ပတ္လုပ္ခ ေပါင္ ၁၀၀,၀၀၀
၉= ဘန္းဒ္ လီႏို – တစ္ပတ္လုပ္ခ ေပါင္ ၁၀၀,၀၀၀
၇= ဟက္တာ ဘယ္လာရင္ – တစ္ပတ္လုပ္ခ ေပါင္ ၁၁၀,၀၀၀
၇= ကီရန္ တီယာနီ – တစ္ပတ္လုပ္ခ ေပါင္ ၁၁၀,၀၀၀ (The Athletic ေဖာ္ျပခ်က္အရ)

၆- ဘန္ဝႈိက္ – တစ္ပတ္လုပ္ခ ေပါင္ ၁၂၀,၀၀၀ (The Times ေဖာ္ျပခ်က္အရ သေဘာတူၿပီးေပမယ့္ လက္မွတ္မထိုးရေသး)
၅- နီကိုလာ ေပေပ – တစ္ပတ္လုပ္ခ ေပါင္ ၁၄၀,၀၀၀
၄- အလက္ဇန္းဒါး လာကာဇက္ – တစ္ပတ္လုပ္ခ ေပါင္ ၁၈၂,၀၀၀

၃- ဝီလီယန္ – တစ္ပတ္လုပ္ခ ေပါင္ ၂၂၀,၀၀၀
၂- ေသာမတ္စ္ ပါေတး – တစ္ပတ္လုပ္ခ ေပါင္ ၂၅၀,၀၀၀
၁- ပ်ယ္-အမ္မရိခ္ အူဘာမီယန္း – တစ္ပတ္လုပ္ခ ေပါင္ ၃၅၀,၀၀၀

တစ္ပတ္လုပ္ခ ေပါင္ ၁၀၀,၀၀၀ ထက္မ်ားတာဆိုလို႔ ဘန္ဝႈိက္ပါမွ ၁၀ ေယာက္သာ ရွိေနေသးသလို ဘန္ဝႈိက္အေနနဲ႔ေတာ့ သူ႔လုပ္ခလစာက ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္မွာ လူပိုျဖစ္ခဲ့ၿပီး အားရစရာ‌အခ်က္ တစ္ခ်က္ေတာင္မရွိခဲ့တဲ့ ဝီလီယန္ရဲ႕ တစ္ဝက္သာသာပဲ ရတာေၾကာင့္ နည္းနည္းေတာ့ ေအာင့္သက္သက္ျဖစ္ေစမွာပါ။

ဘရာဇီးလ္သားကေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၂၂၀,၀၀၀ ရရွိေနၿပီး အသင္းရဲ႕ တတိယအမ်ားဆုံး လစာနဲ႔ေနေနသလို ကစားပုံနဲ႔ေတာ့ ေျပာင္းျပန္အခ်ိဳးက်ေနခဲ့ခ်ိန္မွာ အဂၤလန္အသင္းနဲ႔ ယူ႐ို ၂၀၂၀ မွာေရာ ဂန္းနားတို႔အတြက္ပါ ေျခစြမ္းျပခဲ့တဲ့ ဘူကာယို ဆာကာရဲ႕ လစာက အံ့ဩစရာျဖစ္ခဲ့ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၃၀,၀၀၀ ဆိုတဲ့ ပမာဏက ဘရာဇီးလ္သားထက္ ၇ ပုံ ၁ ပုံထက္ေတာင္ နည္းေနခဲ့တာပါ။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ အီမီးလ္ စမစ္႐ိုးကေတာ့ ဆာကာထက္ေတာင္ လုပ္ခႏႈန္းက နည္းေနခဲ့ရာကေန မေန႔က ခ်ဳပ္ဆိုလိုက္တဲ့ စာခ်ဳပ္သစ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၄၀,၀၀၀ ရရွိခဲ့ၿပီျဖစ္ၿပီး ဘန္ဝႈိက္ကေတာ့ သူ႔ထက္ လစာ သုံးဆ ရရွိမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.