Premier League

22 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူလို့မရခဲ့ရင် ဒုတိယရွေးချယ်မှုအနေနဲ့ မိုနာကိုကွင်းလယ်လူ အော်ရေလီယန် ချွာမင်နီကို ခေါ်ယူဖို့ စီစဉ်နေပြီး အနောက်လန်ဒန်သားတို့ရဲ့ ကစားသမားဟောင်း ဆက်စ် ဖာဘရီဂက်စ်ကလည်း ပြင်သစ်လူငယ်ကစားသမားကို ချီးကျူးသွားခဲ့ကြောင်းသိရ။

ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့အတွက် စီစဉ်လာခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို တခြားကမ္ဘာက ဂြိုဟ်သားလို့ မှတ်ချက်ပေးခဲ့ပြီး ဂိုးသွင်းဖို့ မွေးဖွားလာသူဖြစ်ကြောင်း ပြောသွားခဲ့။

ချဲလ်ဆီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူမယ့်ကိစ္စမှာ အဓိကအနှောင့်အယှက်ပေးနေတာက နော်ဝေးသားရဲ့ အေးဂျင့်ဖြစ်သူ မီနို ရွိုင်အိုလာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အခြေအနေကို မ‌ဆိုးဆိုးအောင် လုပ်နေတယ်လို့ ဝေဖန်နေကြ။

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ကာတန်ကိုးလ်ကတော့ အရင်တုန်းက သူ့အနေနဲ့ ချဲလ်ဆီးမှာ ပေကပ်ပြီး နေဖူးကြောင်းနဲ့ ပွဲကစားခွင့်ရချင်လို့ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တာ သူ့အတွက် မှန်ကန်ခဲ့ကြောင်း ပြန်ပြောင်းပြောခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကိုလည်း အသင်းပြောင်းသင့်ကြောင်း တိုက်တွန်းသွားခဲ့။

ဂျာမန်မြေကိုပြန်မယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာကတော့ သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ဂ်ျမြေကနေ ပြောင်းဖို့အတွက် အစီအစဉ်မရှိကြောင်း ပြောသွားခဲ့ပြီး လန်ဒန်မှာနေရတာ ပျော်နေသလို အနောက်လန်ဒန်ကလပ်မှာပဲ သူ့အနာဂတ်ကရှိနေကြောင်း ထုတ်ပြောသွားခဲ့ကြောင်းသိရ။

ရာသီကြိုခြေစမ်းပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်မှာ အားရစရာအနေအထားကို ပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဒူယွန် စတာလင်ကို ချဲလ်ဆီးအသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေပြီး စာချုပ်သက်တမ်းကလည်း ၁၁ လသာ ကျန်တော့တာကြောင့် စာချုပ်သစ်အတွက် အလျင်အမြန် ဆောင်ရွက်ဖို့ရှိနေ။

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ တောင်ပံကစားသမား အီဒင် ဟာဇက်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၆၀ သတ်မှတ်ခဲ့ပြီး ဘယ်လ်ဂျီယမ်သားကို ပြန်ခေါ်ချင်နေတဲ့ အသင်းဟောင်း ချဲလ်ဆီးအသင်းကို ခေါ်ချင်ရင်ခေါ်နိုင်ကြောင်း အချက်ပြလာခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြလာ။

ကမ္ဘာကျော် ဘောလုံးဝေဖန်သူ ပေါလ် မာဆန်က ချဲလ်ဆီးအသင်းအနေနဲ့ တကယ်တမ်းလို‌အပ်နေတာက တိုက်စစ်မှူးနေရာဖြစ်ကြောင်း ပြောသွားခဲ့ပြီး တစ်ရာသီကို လိဂ်ဂိုး ၂၀ ပျမ်းမျှသွင်းပေးနိုင်မယ့် တိုက်စစ်မှူးမျိုးသာ လိုအပ်ကြောင်း သူ့အမြင်ကို ပြောသွားခဲ့ကြောင်းသိရ။

ချဲလ်ဆီးနောက်ခံလူ ဒိုင်နဲလ် ဆီမြူးအနေနဲ့ စာချုပ်သစ်ကို ပယ်ချခဲ့ပြီး ဆောက်သမ်ပ်တန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့သလို စာချုပ်သက်တမ်းကုန်နေပေမယ့် စိန့်တို့နဲ့ သဘောတူညီချက်အရ ပေါင် ၁.၅ သန်းကို အနောက်လန်ဒန်ကလပ်က ရရှိမှာဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပြီး ကြားဖြတ်ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေထွက်ပေါ်နေသလို တစ်ချိန်က ဂျွန်အိုဘီ မီခဲလ်လို ဖြစ်လာမလား သုံးသပ်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းကြင္းလယ္လူ ႐ိုက္စ္ကို ေခၚယူလို႔မရခဲ့ရင္ ဒုတိယေ႐ြးခ်ယ္မႈအေနနဲ႔ မိုနာကိုကြင္းလယ္လူ ေအာ္ေရလီယန္ ခြၽာမင္နီကို ေခၚယူဖို႔ စီစဥ္ေနၿပီး အေနာက္လန္ဒန္သားတို႔ရဲ႕ ကစားသမားေဟာင္း ဆက္စ္ ဖာဘရီဂက္စ္ကလည္း ျပင္သစ္လူငယ္ကစားသမားကို ခ်ီးက်ဴးသြားခဲ့ေၾကာင္းသိရ။

ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကေတာ့ ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔အတြက္ စီစဥ္လာခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို တျခားကမာၻက ၿဂိဳဟ္သားလို႔ မွတ္ခ်က္ေပးခဲ့ၿပီး ဂိုးသြင္းဖို႔ ေမြးဖြားလာသူျဖစ္ေၾကာင္း ေျပာသြားခဲ့။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူမယ့္ကိစၥမွာ အဓိကအေႏွာင့္အယွက္ေပးေနတာက ေနာ္ေဝးသားရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ႐ြိဳင္အိုလာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး အေျခအေနကို မ‌ဆိုးဆိုးေအာင္ လုပ္ေနတယ္လို႔ ေဝဖန္ေနၾက။

ဝက္စ္ဟမ္းတိုက္စစ္မႉးေဟာင္း ကာတန္ကိုးလ္ကေတာ့ အရင္တုန္းက သူ႔အေနနဲ႔ ခ်ဲလ္ဆီးမွာ ေပကပ္ၿပီး ေနဖူးေၾကာင္းနဲ႔ ပြဲကစားခြင့္ရခ်င္လို႔ ဝက္စ္ဟမ္းအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာ သူ႔အတြက္ မွန္ကန္ခဲ့ေၾကာင္း ျပန္ေျပာင္းေျပာခဲ့ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကိုလည္း အသင္းေျပာင္းသင့္ေၾကာင္း တိုက္တြန္းသြားခဲ့။

ဂ်ာမန္ေျမကိုျပန္မယ္လို႔ သတင္းေတြထြက္ေနခဲ့တဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာကေတာ့ သူ႔အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ဂ္်ေျမကေန ေျပာင္းဖို႔အတြက္ အစီအစဥ္မရွိေၾကာင္း ေျပာသြားခဲ့ၿပီး လန္ဒန္မွာေနရတာ ေပ်ာ္ေနသလို အေနာက္လန္ဒန္ကလပ္မွာပဲ သူ႔အနာဂတ္ကရွိေနေၾကာင္း ထုတ္ေျပာသြားခဲ့ေၾကာင္းသိရ။

ရာသီႀကိဳေျခစမ္းပြဲအတြက္ ေလ့က်င့္ေရးအစီအစဥ္မွာ အားရစရာအေနအထားကို ျပသႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဒူယြန္ စတာလင္ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖို႔ရွိေနၿပီး စာခ်ဳပ္သက္တမ္းကလည္း ၁၁ လသာ က်န္ေတာ့တာေၾကာင့္ စာခ်ဳပ္သစ္အတြက္ အလ်င္အျမန္ ေဆာင္႐ြက္ဖို႔ရွိေန။

ရီးယဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေတာင္ပံကစားသမား အီဒင္ ဟာဇက္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၆၀ သတ္မွတ္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္သားကို ျပန္ေခၚခ်င္ေနတဲ့ အသင္းေဟာင္း ခ်ဲလ္ဆီးအသင္းကို ေခၚခ်င္ရင္ေခၚႏိုင္ေၾကာင္း အခ်က္ျပလာခဲ့ေၾကာင္း စပိန္မီဒီယာမ်ားက ေဖာ္ျပလာ။

ကမာၻေက်ာ္ ေဘာလုံးေဝဖန္သူ ေပါလ္ မာဆန္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ တကယ္တမ္းလို‌အပ္ေနတာက တိုက္စစ္မႉးေနရာျဖစ္ေၾကာင္း ေျပာသြားခဲ့ၿပီး တစ္ရာသီကို လိဂ္ဂိုး ၂၀ ပ်မ္းမွ်သြင္းေပးႏိုင္မယ့္ တိုက္စစ္မႉးမ်ိဳးသာ လိုအပ္ေၾကာင္း သူ႔အျမင္ကို ေျပာသြားခဲ့ေၾကာင္းသိရ။

ခ်ဲလ္ဆီးေနာက္ခံလူ ဒိုင္နဲလ္ ဆီျမဴးအေနနဲ႔ စာခ်ဳပ္သစ္ကို ပယ္ခ်ခဲ့ၿပီး ေဆာက္သမ္ပ္တန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူခဲ့သလို စာခ်ဳပ္သက္တမ္းကုန္ေနေပမယ့္ စိန႔္တို႔နဲ႔ သေဘာတူညီခ်က္အရ ေပါင္ ၁.၅ သန္းကို အေနာက္လန္ဒန္ကလပ္က ရရွိမွာျဖစ္ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းလည္း ပါဝင္လာခဲ့ၿပီး ၾကားျဖတ္ေခၚယူဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြထြက္ေပၚေနသလို တစ္ခ်ိန္က ဂြၽန္အိုဘီ မီခဲလ္လို ျဖစ္လာမလား သုံးသပ္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.