Premier League

အာဆင္နယ္အသင္းဘက္က လစာေလွ်ာ့ယူခိုင္းတာကို သေဘာမတူတဲ့ အိုေဇးလ္

အာဆင္နယ္အသင္းရဲ႕ အသင္းသားအမ်ားစုက တစ္ညီတစ္ညြတ္တည္း သေဘာတူခဲ့ၾကတဲ့ လာမယ့္ ၁၂ လအတြင္း လစာေငြ ၁၂.၅ ရာခိုင္ႏွဳန္းကို ျဖတ္ေတာက္မွဳ ခံယူဖို႔ အစီအစဥ္မွာ ပါဝင္ျခင္းမရွိဘဲ အသင္းဘက္က အဆုိျပဳခ်က္ကို ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္အေနနဲ႔ ျငင္းဆန္သြားခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္လန္ဒန္ကလပ္ရဲ႕ နည္းျပ မီခယ္လ္ အာတီတာ အပါအဝင္ အသင္းသားေတြအားလုံးက စြမ္းေဆာင္ရည္ေပၚ မူတည္ၿပီး လစာေငြျဖတ္ေတာက္ခံရမွဳကေန သက္သာမယ့္အျပင္ ခ်န္ပီယံလိဂ္ဝင္ရင္ ေဘာနပ္စ္ ေပါင္တစ္သိန္း ရရွိႏိုင္မယ့္ စိန္ေခၚမွဳအတြက္ သေဘာတူညီခဲ့ခ်ိန္မွာ ဂ်ာမန္သားကေတာ့ တစ္မ်ဳိးတစ္ဘာသာ အေတြးရွိေနႏုိင္တာလည္းျဖစ္ပါတယ္။

တာဝန္ရွိသူေတြနဲ႔ သေဘာတူညီခ်က္အရ အာဆင္နယ္အသင္းသားေတြအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ဒီတစ္ရာသီတည္းမွာ ႀကဳိးစားခြင့္ရွိတာ မဟုတ္ဘဲ လာမယ့္ရာသီကိုပါ ထည့္သြင္းခြင့္ျပဳထားၿပီး ျဖတ္ေတာက္ထားတဲ့ လစာေငြေတြကို ျပန္လည္ရရွိႏုိင္မယ့္အခ်ိန္မွာ အုိေဇးလ္ကေတာ့ Deferral လို႔ေခၚတဲ့ လစာဆုိင္းငံျခင္းနဲ႔ သတ္မွတ္ကာလမွာ ျပန္လည္ရရွိႏုိင္မယ့္ပုံစံကိုပဲ အလိုရွိေနတယ္လုိ႔လည္း ဆုိပါတယ္။

ေဒးလီးေမးလ္သတင္းဌာနကေတာ့ အာဆင္နယ္အသင္းမွာ အုိေဇးလ္အျပင္ ေနာက္ထပ္ကစားသမားႏွစ္ဦးက ဒီအစီအစဥ္ကို ျငင္းဆန္ခဲ့တယ္လို႔ ဆိုခဲ့ၿပီး ဒီအေနအထားကေတာ့ သူတုိ႔သုံးဦးအေနနဲ႔ ရာသီကုန္မွာ အသင္းကေန ထြက္ခြာႏုိင္တဲ့ သေဘာမ်ဳိးကို ျပသေနတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ တူရကီႏြယ္ဖြား ဂ်ာမန္လက္ေရြးစင္ေဟာင္းဟာ သူ႕ရဲ႕ ေဖာင္ေဒးရွင္းေတြနဲ႔ အလွဴအတန္းရက္ေရာမွဳေတြကေန နာမည္ႀကီးသူတစ္ဦးလည္းျဖစ္ၿပီး Big Shoe Project ဟာ ကမာၻတစ္ဝွမ္းက ကေလးငယ္ေတြရဲ႕ ဆုိးရြားတဲ့ ေရာဂါေတြကို ကုသေပးေနတာေၾကာင့္ ဒီကိစၥမွာ သူ႕ကို ေလာဘႀကီးတယ္လို႔ အျပစ္တင္ဖို႔ ခက္ၿပီး ပရိသတ္ေတြကေတာ့ ေဝဖန္မွဳအမ်ဳိးမ်ဳိးကို ျပဳလုပ္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ အသင်းသားအများစုက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြတဲ့ လာမယ့် ၁၂ လအတွင်း လစာငွေ ၁၂.၅ ရာခိုင်နှုန်းကို ဖြတ်တောက်မှု ခံယူဖို့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိဘဲ အသင်းဘက်က အဆိုပြုချက်ကို ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

မြောက်လန်ဒန်ကလပ်ရဲ့ နည်းပြ မီခယ်လ် အာတီတာ အပါအဝင် အသင်းသားတွေအားလုံးက စွမ်းဆောင်ရည်ပေါ် မူတည်ပြီး လစာငွေဖြတ်တောက်ခံရမှုကနေ သက်သာမယ့်အပြင် ချန်ပီယံလိဂ်ဝင်ရင် ဘောနပ်စ် ပေါင်တစ်သိန်း ရရှိနိုင်မယ့် စိန်ခေါ်မှုအတွက် သဘောတူညီခဲ့ချိန်မှာ ဂျာမန်သားကတော့ တစ်မျိုးတစ်ဘာသာ အတွေးရှိနေနိုင်တာလည်းဖြစ်ပါတယ်။

တာဝန်ရှိသူတွေနဲ့ သဘောတူညီချက်အရ အာဆင်နယ်အသင်းသားတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဒီတစ်ရာသီတည်းမှာ ကြိုးစားခွင့်ရှိတာ မဟုတ်ဘဲ လာမယ့်ရာသီကိုပါ ထည့်သွင်းခွင့်ပြုထားပြီး ဖြတ်တောက်ထားတဲ့ လစာငွေတွေကို ပြန်လည်ရရှိနိုင်မယ့်အချိန်မှာ အိုဇေးလ်ကတော့ Deferral လို့ခေါ်တဲ့ လစာဆိုင်းငံခြင်းနဲ့ သတ်မှတ်ကာလမှာ ပြန်လည်ရရှိနိုင်မယ့်ပုံစံကိုပဲ အလိုရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒေးလီးမေးလ်သတင်းဌာနကတော့ အာဆင်နယ်အသင်းမှာ အိုဇေးလ်အပြင် နောက်ထပ်ကစားသမားနှစ်ဦးက ဒီအစီအစဉ်ကို ငြင်းဆန်ခဲ့တယ်လို့ ဆိုခဲ့ပြီး ဒီအနေအထားကတော့ သူတို့သုံးဦးအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာနိုင်တဲ့ သဘောမျိုးကို ပြသနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တူရကီနွယ်ဖွား ဂျာမန်လက်ရွေးစင်ဟောင်းဟာ သူ့ရဲ့ ဖောင်ဒေးရှင်းတွေနဲ့ အလှူအတန်းရက်ရောမှုတွေကနေ နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပြီး Big Shoe Project ဟာ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေရဲ့ ဆိုးရွားတဲ့ ရောဂါတွေကို ကုသပေးနေတာကြောင့် ဒီကိစ္စမှာ သူ့ကို လောဘကြီးတယ်လို့ အပြစ်တင်ဖို့ ခက်ပြီး ပရိသတ်တွေကတော့ ဝေဖန်မှုအမျိုးမျိုးကို ပြုလုပ်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.