Premier League Transfer News

မာဆေးဆိုက်မှာ ဘင်နီတက်ဇ်နဲ့အဲဗာတန်တို့ ရာသီသစ်အတွက် ဘယ်လိုလှလှပပပြင်ဆင်နေသလဲ

အဲဗာတန်အသင်းဟာ ယခုဘောလုံးရာသီအပြောင်းအရွှေ့မှာ ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် ဘေယာလေဗာကူဆင်အသင်း တောင်ပံတိုက်စစ်မှူး ဒီမာရိုင် ဂရေးကို ပေါင် ၁.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။

သီယို ဝဲလ်ကော့လက်သစ်လို့ နာမည်ကြီးခဲ့တဲ့ ဒီအသက် ၂၅ နှစ်အရွယ်ရှိ အင်္ဂလန်သားကို ပွဲကစားခွင့် မပေးနိုင်မှုအပြင် ခြေစွမ်းမှာလည်း အသင်းရဲ့ ဦးစားပေးကစားသမားတွေနဲ့ မယှဉ်နိုင်တာကြောင့် လက်စတာစီးတီးအသင်းက လေဗာကူဆင်အသင်းဆီ ပေါင် ၂ သန်းနဲ့ပြီးတဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချခဲ့တာပါ။

လက်စတာစီးတီးအသင်းနဲ့ ၆ ရာသီတိတိ ပွဲပေါင်း ၁၆၉ ပွဲကစား ၁၃ ဂိုးသွင်းယူပေးခဲ့တဲ့ ဒီမာရိုင် ဂရေးအနေနဲ့ ဂျာမန်မြေမှာ လေဗာကူဆင်အသင်းအတွက် တရာသီလုံး ၁၂ ပွဲကစား ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ထင်သလောက်မဖြစ်ခဲ့ချိန်မှာ အဲဗာတန်နည်းပြသစ် ဘင်နီတက်ရဲ့ ခေါ်ယူမှုအရ မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လည်ရောက်ရှိလာပြီး ပရီမီးယားလိဂ်မှာ ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီမာရိုင် ဂရေးဟာ အဲဗာတန်အသင်းနဲ့ ဆေးစစ်မှု ခံယူအောင်မြင်ပြီလို့ သိရပြီး အော်လန်ဒိုမှာ ရောက်ရှိနေတဲ့ အဲဗာတန်အသင်းဆီ လိုက်ပါပူးပေါင်းပြီး နောက်တစ်ပတ်မှာ ကျင်းပမယ့် ဖလော်ရီဒါ ချစ်ကြည်ရေးဖလားပြိုင်ပွဲမှာ အသင်းသစ်နဲ့အတူ ပါဝင်ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

ဂရေးဟာ အဲဗာတန်အသင်းရဲ့ ယခုရာသီ ဒုတိယမြောက် တောင်ပံကစားသမားခေါ်ယူမှုဖြစ်ပြီး သူ့မတိုင်ခင် နည်းပြ ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်လ်တုန်းက တပည့်ဟောင်း ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား အန်းဒရို့စ် တောင်းဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။

စပါးစ်၊ နယူးကာဆယ်လ်၊ ခရစ္စတယ်လ်ပဲလေ့စ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဒီအသက် ၃၀ အရွယ် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် တောင်ပံကစားသမားဟာ တိုက်စစ်မှူးတွေ ဂိုးသွင်းယူနိုင်ဖို့ တောင်ပံတွေကနေ ဖြတ်တင်ဘောတွေကို ဘယ်ခြေ ညာခြေ နှစ်ဖက်စလုံးနဲ့ ဖြတ်တင်ပေးပို့နိုင်သူဖြစ်ပါတယ်။

နည်းပြ ဘင်နီတက်ဇ်ဟာ အရန်ဂိုးသမား အင်အားကိုလည်း ဖြည့်တင်းတဲ့အနေနဲ့ ဘုန်းမောက်အသင်းက ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ဂိုးသမား အက်စ်မီယာ ဘီဂိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၁၂ လစာချုပ်ချုပ် ခေါ်ယူထားပြီးဖြစ်တဲ့အတွက် ပေါင် ၁ သန်းခွဲသာသုံံးစွဲပြီး အတွေ့အကြုံရှိ ပရီးမီယားလိဂ် ကစားသမား ၃ယောက်ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ ဘင်နီတက်ဇ်ရဲ့ အကွက်မြင်ပုံက ချီးကျူးစရာလို့ ပြောရမှာ ဖြစ်ပါတယ်။

ထပ်မံပြီး ဘင်နီတက်ဇ်အနေနဲ့ ချဲလ်ဆီးအသင်းမှာ ပုံမှန်နေရာမရဖြစ်နေပြီး အငှား ခဏခဏ ထွက်စားနေရတဲ့ အဲဗာတန်ကစားသမားဟောင်း ရော့စ် ဘာကလီကိုလည်း အဲဗာတန်အသင်းဆီ ပြန်လည်လာရောက် ပူးပေါင်းကစားဖို့ အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီနဲ့ မလှပခဲ့တဲ့ အဲဗာတန်ကို ဘင်နီတက်ဇ်အနေနဲ့ အန်ဆယ်လော့တီ ချန်ထားခဲ့တဲ့ လက်ရှိအင်အားကို သေချာစနစ်တကျ ဖြည့်ဆည်းပြင်ဆင်နေတာကြောင့် မာဆေးဆိုက်မှာ ဒုတိယမြောက်အသင်းနဲ့ စပိန်သားတစ်ယောက် အောင်မြင်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အဲဗာတန္အသင္းဟာ ယခုေဘာလုံးရာသီအေျပာင္းအေ႐ႊ႕မွာ ဒုတိယေျမာက္ကစားသမား ေခၚယူမႈအေနနဲ႔ ဘြန္ဒက္စ္လီဂါကလပ္ ေဘယာေလဗာကူဆင္အသင္း ေတာင္ပံတိုက္စစ္မႉး ဒီမာ႐ိုင္ ဂေရးကို ေပါင္ ၁.၅ သန္းနဲ႔ အၿပီးသတ္ေခၚယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

သီယို ဝဲလ္ေကာ့လက္သစ္လို႔ နာမည္ႀကီးခဲ့တဲ့ ဒီအသက္ ၂၅ ႏွစ္အ႐ြယ္ရွိ အဂၤလန္သားကို ပြဲကစားခြင့္ မေပးႏိုင္မႈအျပင္ ေျခစြမ္းမွာလည္း အသင္းရဲ႕ ဦးစားေပးကစားသမားေတြနဲ႔ မယွဥ္ႏိုင္တာေၾကာင့္ လက္စတာစီးတီးအသင္းက ေလဗာကူဆင္အသင္းဆီ ေပါင္ ၂ သန္းနဲ႔ၿပီးတဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေရာင္းခ်ခဲ့တာပါ။

လက္စတာစီးတီးအသင္းနဲ႔ ၆ ရာသီတိတိ ပြဲေပါင္း ၁၆၉ ပြဲကစား ၁၃ ဂိုးသြင္းယူေပးခဲ့တဲ့ ဒီမာ႐ိုင္ ဂေရးအေနနဲ႔ ဂ်ာမန္ေျမမွာ ေလဗာကူဆင္အသင္းအတြက္ တရာသီလုံး ၁၂ ပြဲကစား ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ထင္သေလာက္မျဖစ္ခဲ့ခ်ိန္မွာ အဲဗာတန္နည္းျပသစ္ ဘင္နီတက္ရဲ႕ ေခၚယူမႈအရ ေမြးရပ္ေျမျဖစ္တဲ့ အဂၤလန္ကို ျပန္လည္ေရာက္ရွိလာၿပီး ပရီမီးယားလိဂ္မွာ ေျခခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီမာ႐ိုင္ ဂေရးဟာ အဲဗာတန္အသင္းနဲ႔ ေဆးစစ္မႈ ခံယူေအာင္ျမင္ၿပီလို႔ သိရၿပီး ေအာ္လန္ဒိုမွာ ေရာက္ရွိေနတဲ့ အဲဗာတန္အသင္းဆီ လိုက္ပါပူးေပါင္းၿပီး ေနာက္တစ္ပတ္မွာ က်င္းပမယ့္ ဖေလာ္ရီဒါ ခ်စ္ၾကည္ေရးဖလားၿပိဳင္ပြဲမွာ အသင္းသစ္နဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ကစားမယ္လို႔ သိရပါတယ္။

ဂေရးဟာ အဲဗာတန္အသင္းရဲ႕ ယခုရာသီ ဒုတိယေျမာက္ ေတာင္ပံကစားသမားေခၚယူမႈျဖစ္ၿပီး သူ႔မတိုင္ခင္ နည္းျပ ဘင္နီတက္ဇ္ရဲ႕ နယူးကာဆယ္လ္တုန္းက တပည့္ေဟာင္း ခရစၥတယ္လ္ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံကစားသမား အန္းဒ႐ို႕စ္ ေတာင္းဆန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားၿပီးျဖစ္ပါတယ္။

စပါးစ္၊ နယူးကာဆယ္လ္၊ ခရစၥတယ္လ္ပဲေလ့စ္အသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ဒီအသက္ ၃၀ အ႐ြယ္ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္ ေတာင္ပံကစားသမားဟာ တိုက္စစ္မႉးေတြ ဂိုးသြင္းယူႏိုင္ဖို႔ ေတာင္ပံေတြကေန ျဖတ္တင္ေဘာေတြကို ဘယ္ေျခ ညာေျခ ႏွစ္ဖက္စလုံးနဲ႔ ျဖတ္တင္ေပးပို႔ႏိုင္သူျဖစ္ပါတယ္။

နည္းျပ ဘင္နီတက္ဇ္ဟာ အရန္ဂိုးသမား အင္အားကိုလည္း ျဖည့္တင္းတဲ့အေနနဲ႔ ဘုန္းေမာက္အသင္းက ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိ ဂိုးသမား အက္စ္မီယာ ဘီဂိုဗစ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ၁၂ လစာခ်ဳပ္ခ်ဳပ္ ေခၚယူထားၿပီးျဖစ္တဲ့အတြက္ ေပါင္ ၁ သန္းခြဲသာသုံံးစြဲၿပီး အေတြ႕အႀကဳံရွိ ပရီးမီယားလိဂ္ ကစားသမား ၃ေယာက္ကို ေခၚယူလိုက္ႏိုင္ၿပီျဖစ္တဲ့ ဘင္နီတက္ဇ္ရဲ႕ အကြက္ျမင္ပုံက ခ်ီးက်ဴးစရာလို႔ ေျပာရမွာ ျဖစ္ပါတယ္။

ထပ္မံၿပီး ဘင္နီတက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ပုံမွန္ေနရာမရျဖစ္ေနၿပီး အငွား ခဏခဏ ထြက္စားေနရတဲ့ အဲဗာတန္ကစားသမားေဟာင္း ေရာ့စ္ ဘာကလီကိုလည္း အဲဗာတန္အသင္းဆီ ျပန္လည္လာေရာက္ ပူးေပါင္းကစားဖို႔ အငွားျဖင့္ေခၚယူရန္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အန္ဆယ္ေလာ့တီနဲ႔ မလွပခဲ့တဲ့ အဲဗာတန္ကို ဘင္နီတက္ဇ္အေနနဲ႔ အန္ဆယ္ေလာ့တီ ခ်န္ထားခဲ့တဲ့ လက္ရွိအင္အားကို ေသခ်ာစနစ္တက် ျဖည့္ဆည္းျပင္ဆင္ေနတာေၾကာင့္ မာေဆးဆိုက္မွာ ဒုတိယေျမာက္အသင္းနဲ႔ စပိန္သားတစ္ေယာက္ ေအာင္ျမင္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.