Premier League Transfer News

22 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကနေ ပုံမှန်ပွဲထွက်ကစားခွင့်အတွက် ထွက်ခွာလိုနေတဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို လက်စတာစီးတီးအသင်းဘက်က စိတ်ဝင်စားမှု ပြသလာခဲ့တာကြောင့် မြောက်လန်ဒန်သားတွေ အလိုရှိနေတဲ့ ကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူရာမှာ အလဲအထပ်အဖြစ် အလိုက်ပေးသွားနိုင်ဖို့ရှိလာ။

– ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ရီနာတို ဆန်ချက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ အခြေအနေ ကောင်းနေပြီး လိုင်လီအသင်းနဲ့ ဆက်ဆံရေးကောင်းနဲ့ သူတို့ဆီက ခေါ်ယူထားတဲ့ နီကိုလာ ပေပေနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ရဲ့ စည်းရုံးမှုနဲ့ အလုပ်ဖြစ်နိုင်ဖွယ်ရှိနေ။

– အမ်းမရိတ်ကွင်းမှာ တစ်ပတ်ကို ပေါင်နှစ်သိန်းနှစ်သောင်းရရှိနေတဲ့ ကွင်းလယ်လူ ဝီလီယန်အနေနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်စရာ အပြောင်းအရွှေ့ကို အဆုံးသတ်လိုနေပြီး အသင်းဖော်သူငယ်ချင်း ဒေးဗစ် လူးဝစ်ဇ်လည်း မရှိတော့ချိန်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာလိုနေပြီလို့ ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

– ချဲလ်ဆီးအသင်းဆီက ခေါ်ယူသွားတော့မယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်အတွက် အာဆင်နယ်ပရိသတ်တွေအနေနဲ့ စိတ်ပျက်နေကြပြီး အသင်းကို အပြောင်းအရွှေ့အတွက် ကန့်ကွက်နေကြသလို ခေါ်ယူဖြစ်မယ်ဆိုရင်လည်း ပေါင်သန်း ၃၀ ထက် တစ်ပြားမှ ပိုမပေးဖို့ တားမြစ်ပိတ်ပင်ခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ တန်းဆင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ ပေါင် ၃၅ သန်းနဲ့ ထပ်မံ ကမ်းလှမ်းဦးမယ်လို့ သတင်းထွက်ပေါ်လာခဲ့မှုကို ပရိသတ်တွေ စိတ်ပျက်နေကြပြီး ဈေးနှုန်းပိုမိုသက်သာနိုင်သလို ဝါရင့်ပြီး ပိုမိုတည်ငြိမ်တဲ့ ဝက်စ်ဘရွန်းဂိုးသမား ဆမ် ဂျွန်စတုန်းကို ပိုမိုမြင်တွေ့ချင်နေကြ။

– အသင်းရဲ့ ဒီရာသီ ဒုတိယမြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါဟာ အာဆင်နယ်အသင်းမှာ လိုအပ်နေခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ့် ကစားသမားမျိုးဖြစ်တယ်လို့ ဒီတစ်ခါမှာတော့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ ခေါ်ယူမှုကို ချီးကျူးခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်ကို တူရကီကလပ် အယ်လ်တေစပေါကို ရောင်းထုတ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ပထမဂိုးသမားနေရာအတွက်တော့ အိုင်းယက်စ်အသင်းရဲ့ ဂိုးသမား အန်ဒရီ အိုနာနာကိုတော့ နိုဝင်ဘာ ၃ ရက်နေ့မှာမှ ပြန်ကစားနိုင်မှာ ဖြစ်ပြီး ဇန်နဝါရီမှာ အာဖရိကဖလားပွဲအတွက် လက်လွှတ်ရမယ့်အရေးကြောင့် လက်ရှောင်သွားမယ်လို့ သိရ။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ရာသီသစ်မှာ အသုံးမပြုတော့ဘဲ ဖယ်ထုတ်သွားဖို့ ဆန္ဒရှိနေပေမယ့် လက်ရှိအချိန်အထိ ဘယ်အသင်းဆီကမှ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုကို ဆိုမထားနဲ့ စုံစမ်းမှုမျိုးတောင်မှာ မရှိသေးလို့ အခက်တွေ့နေ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ဗဟိုကစားသမားတစ်ဦး ခေါ်ယူဖို့က အရေးကြီးကိစ္စ မဟုတ်တာကြောင့် ရူဘင် နီဗက်စ်အတွက် ကမ်းလှမ်းဖို့ အလောတကြီး ပြုလုပ်ဦးမှာ မဟုတ်ဘဲ နံပါတ် ၁၀ ကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦး ရရှိဖို့ကိုသာ အလေးပေး ဆောင်ရွက်သွားမယ်လို့ ဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကေန ပုံမွန္ပြဲထြက္ကစားခြင့္အတြက္ ထြက္ခြာလိုေနတဲ့ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို လက္စတာစီးတီးအသင္းဘက္က စိတ္ဝင္စားမႈ ျပသလာခဲ့တာေၾကာင့္ ေျမာက္လန္ဒန္သားေတြ အလိုရွိေနတဲ့ ကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူရာမွာ အလဲအထပ္အျဖစ္ အလိုက္ေပးသြားႏိုင္ဖို႔ရွိလာ။

– ေပၚတူဂီအသင္းနဲ႔ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ရီနာတို ဆန္ခ်က္စ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ အေျခအေန ေကာင္းေနၿပီး လိုင္လီအသင္းနဲ႔ ဆက္ဆံေရးေကာင္းနဲ႔ သူတို႔ဆီက ေခၚယူထားတဲ့ နီကိုလာ ေပေပနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ရဲ႕ စည္း႐ုံးမႈနဲ႔ အလုပ္ျဖစ္ႏိုင္ဖြယ္ရွိေန။

– အမ္းမရိတ္ကြင္းမွာ တစ္ပတ္ကို ေပါင္ႏွစ္သိန္းႏွစ္ေသာင္းရရွိေနတဲ့ ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ သူ႔ရဲ႕ ဂုဏ္သိကၡာထိခိုက္စရာ အေျပာင္းအေ႐ႊ႕ကို အဆုံးသတ္လိုေနၿပီး အသင္းေဖာ္သူငယ္ခ်င္း ေဒးဗစ္ လူးဝစ္ဇ္လည္း မရွိေတာ့ခ်ိန္မွာ အာဆင္နယ္အသင္းကေန ထြက္ခြာလိုေနၿပီလို႔ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

– ခ်ဲလ္ဆီးအသင္းဆီက ေခၚယူသြားေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္အတြက္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ စိတ္ပ်က္ေနၾကၿပီး အသင္းကို အေျပာင္းအေ႐ႊ႕အတြက္ ကန႔္ကြက္ေနၾကသလို ေခၚယူျဖစ္မယ္ဆိုရင္လည္း ေပါင္သန္း ၃၀ ထက္ တစ္ျပားမွ ပိုမေပးဖို႔ တားျမစ္ပိတ္ပင္ခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ တန္းဆင္း ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေခၚယူဖို႔ ေပါင္ ၃၅ သန္းနဲ႔ ထပ္မံ ကမ္းလွမ္းဦးမယ္လို႔ သတင္းထြက္ေပၚလာခဲ့မႈကို ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး ေဈးႏႈန္းပိုမိုသက္သာႏိုင္သလို ဝါရင့္ၿပီး ပိုမိုတည္ၿငိမ္တဲ့ ဝက္စ္ဘ႐ြန္းဂိုးသမား ဆမ္ ဂြၽန္စတုန္းကို ပိုမိုျမင္ေတြ႕ခ်င္ေနၾက။

– အသင္းရဲ႕ ဒီရာသီ ဒုတိယေျမာက္ ကစားသမားေခၚယူမႈျဖစ္ခဲ့တဲ့ ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါဟာ အာဆင္နယ္အသင္းမွာ လိုအပ္ေနခဲ့တဲ့ ကြက္လပ္ကို ျဖည့္ဆည္းေပးႏိုင္မယ့္ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ဒီတစ္ခါမွာေတာ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ ေခၚယူမႈကို ခ်ီးက်ဴးခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးသမား အဲလက္စ္ ႐ူနာဆန္ကို တူရကီကလပ္ အယ္လ္ေတစေပါကို ေရာင္းထုတ္ႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ပထမဂိုးသမားေနရာအတြက္ေတာ့ အိုင္းယက္စ္အသင္းရဲ႕ ဂိုးသမား အန္ဒရီ အိုနာနာကိုေတာ့ ႏိုဝင္ဘာ ၃ ရက္ေန႔မွာမွ ျပန္ကစားႏိုင္မွာ ျဖစ္ၿပီး ဇန္နဝါရီမွာ အာဖရိကဖလားပြဲအတြက္ လက္လႊတ္ရမယ့္အေရးေၾကာင့္ လက္ေရွာင္သြားမယ္လို႔ သိရ။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ရာသီသစ္မွာ အသုံးမျပဳေတာ့ဘဲ ဖယ္ထုတ္သြားဖို႔ ဆႏၵရွိေနေပမယ့္ လက္ရွိအခ်ိန္အထိ ဘယ္အသင္းဆီကမွ အေျပာင္းအေ႐ႊ႕အတြက္ ကမ္းလွမ္းမႈကို ဆိုမထားနဲ႔ စုံစမ္းမႈမ်ိဳးေတာင္မွာ မရွိေသးလို႔ အခက္ေတြ႕ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ဗဟိုကစားသမားတစ္ဦး ေခၚယူဖို႔က အေရးႀကီးကိစၥ မဟုတ္တာေၾကာင့္ ႐ူဘင္ နီဗက္စ္အတြက္ ကမ္းလွမ္းဖို႔ အေလာတႀကီး ျပဳလုပ္ဦးမွာ မဟုတ္ဘဲ နံပါတ္ ၁၀ ကစားသမားတစ္ဦးနဲ႔ တိုက္စစ္မႉးတစ္ဦး ရရွိဖို႔ကိုသာ အေလးေပး ေဆာင္႐ြက္သြားမယ္လို႔ ဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.