Premier League Transfer News

21 Jul ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– လီယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းက အနီးစပ်ဆုံးဖြစ်လာခဲ့ပြီး ပေါင်သန်း ၃၀ ရရင် ပြင်သစ်ကလပ်အနေနဲ့ ရောင်းချဖို့ရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပေါင် ၅၄ သန်းအထိ တန်ကြေးရှိခဲ့တာဖြစ်လို့ အချောင်ဈေးနဲ့ရတုန်း ယူဖို့လိုအပ်နေ။

– ပီအက်စ်ဂျီအသင်းနဲ့ အသလက်တီကိုမက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့တိုင်းမှာ လူလည်ကျတတ်တဲ့ ဂျူဗင်တပ်စ်အသင်းကပါ စိတ်ဝင်စားလာခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာ။

– လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကြိုးကြာနီဟောင်း ဖလိပီ ကော်တင်ညိုကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနေပြီး အရခေါ်ယူနိုင်ဖို့လည်း ဖြစ်နိုင်ခြေများနေသလို ဘရာဇီးလ်သားကိုယ်တိုင်ကလည်း အန်ဖီးလ်မြေကို ပြန်လာချင်နေတယ်လို့ စပိန်မီဒီယာတွေက ဆိုနေ။

– လီဗာပူးလ်အသင်းရဲ့ အဓိက ပစ်မှတ် ခီလီယန် အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လာမယ့်နှစ်အနည်းငယ်မှာ သူ့ကို အသင်းက ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့အချက် ပါဝင်မှသာ သက်တမ်းတိုးမယ်ဆိုတာကြောင့် နောက်နှစ်မှာ အန်ဖီးလ်မြေကို ခြေချဖို့လားလို့ မေးခွန်းတွေ ထွက်လာ။

– အသလက်တီကိုကွင်းလယ်ကစားသမား ဆာအူးလ် ညီးရက်ဇ်အတွက် ကမ်းလှမ်းမှုတစ်ခုကို လီဗာပူးလ်အသင်းက ပြုလုပ်ခဲ့ပြီး ယူရိုသန်း ၄၀ အပြင် ကွင်းလယ်လူ ချာဒန် ရှာကျီရီနဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ထဲက တစ်ယောက်ကို အလိုက်ပေးကမ်းလှမ်းထားတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြကြကြောင်းသိရ။

– လီဗာပူးလ်အသင်းရဲ့ လက်လွှတ်ရဖို့ နီးစပ်နေခဲ့တဲ့ ပစ်မှတ်ကစားသမား ဒွန်ညဲ မာလန်အတွက် မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာခဲ့ပြီး ဒေါ့မွန်အသင်းက တစ်ပတ်လုပ်ခ ပေါင် ၈၆,၄၀၀ နဲ့ ကမ်းလှမ်းထားတာကြောင့် ပိုကောင်းတဲ့ လစာနဲ့ကမ်းလှမ်းရင် အရခေါ်နိုင်ဖို့ဖြစ်လာနိုင်ကြောင်းသိရ။

– ဖူလ်ဟမ်အသင်းနဲ့ ဘင်ဖီကာအသင်းတွေက စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်အတွက် လီဗာပူးလ်အသင်းက ပေါင် ၁၅ သန်း သတ်မှတ်ထားပြီး လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းထွက်ဖို့ ကြံရွယ်နေသလို လူသစ်တွေ ခေါ်ယူရာမှာ ရန်ပုံငွေရဖို့ မျှော်လင့်နေ။

– လီဗာပူးလ်အသင်းအနေနဲ့ ဝက်စ်ဟမ်းယူနိုက်တက်တောင်ပံကစားသမား ဂျားရော့ဒ် ဘိုဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အသင်းရဲ့ ပိုလျှံကစားသမားတွေဖြစ်ကြတဲ့ ချာဒန် ရှာကျီရီနဲ့ ဒီဗော့ အိုရီဂီတို့ကို အရင်ရောင်းပြီးမှ ဟမ်းမားတွေဆီက အင်္ဂလန်သားကို ကမ်းလှမ်းသွားဖို့ စီစဉ်ထားကြောင်းသိရ။

– မိုချန်ဂလာဘက်ချ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့ နောက်ခံလူ မားသီးယပ်စ် ဂင်တာကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ စိတ်ဝင်စားလာခဲ့ပေမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ပါ ဂျာမန်သားကို စိတ်ဝင်စားလာတာကြောင့် အန်ဖီးလ်မြေကို ခေါ်ယူနိုင်ဖို့ အခက်အခဲတွေရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီယြန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဟူဆင္းမ္ ေအာဝါကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းက အနီးစပ္ဆုံးျဖစ္လာခဲ့ၿပီး ေပါင္သန္း ၃၀ ရရင္ ျပင္သစ္ကလပ္အေနနဲ႔ ေရာင္းခ်ဖို႔ရွိေနၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ေပါင္ ၅၄ သန္းအထိ တန္ေၾကးရွိခဲ့တာျဖစ္လို႔ အေခ်ာင္ေဈးနဲ႔ရတုန္း ယူဖို႔လိုအပ္ေန။

– ပီအက္စ္ဂ်ီအသင္းနဲ႔ အသလက္တီကိုမက္ဒရစ္အသင္းတို႔က စိတ္ဝင္စားေနတဲ့ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေခၚယူဖို႔အတြက္ အေျပာင္းအေ႐ႊ႕တိုင္းမွာ လူလည္က်တတ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းကပါ စိတ္ဝင္စားလာခဲ့ေၾကာင္း သတင္းေတြထြက္ေပၚလာ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ႀကိဳးၾကာနီေဟာင္း ဖလိပီ ေကာ္တင္ညိဳကို ျပန္ေခၚဖို႔ စိတ္ဝင္စားေနၿပီး အရေခၚယူႏိုင္ဖို႔လည္း ျဖစ္ႏိုင္ေျခမ်ားေနသလို ဘရာဇီးလ္သားကိုယ္တိုင္ကလည္း အန္ဖီးလ္ေျမကို ျပန္လာခ်င္ေနတယ္လို႔ စပိန္မီဒီယာေတြက ဆိုေန။

– လီဗာပူးလ္အသင္းရဲ႕ အဓိက ပစ္မွတ္ ခီလီယန္ အမ္ဘာေပအေနနဲ႔ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ လာမယ့္ႏွစ္အနည္းငယ္မွာ သူ႔ကို အသင္းက ထြက္ခြာခြင့္ေပးရမယ္ဆိုတဲ့အခ်က္ ပါဝင္မွသာ သက္တမ္းတိုးမယ္ဆိုတာေၾကာင့္ ေနာက္ႏွစ္မွာ အန္ဖီးလ္ေျမကို ေျခခ်ဖို႔လားလို႔ ေမးခြန္းေတြ ထြက္လာ။

– အသလက္တီကိုကြင္းလယ္ကစားသမား ဆာအူးလ္ ညီးရက္ဇ္အတြက္ ကမ္းလွမ္းမႈတစ္ခုကို လီဗာပူးလ္အသင္းက ျပဳလုပ္ခဲ့ၿပီး ယူ႐ိုသန္း ၄၀ အျပင္ ကြင္းလယ္လူ ခ်ာဒန္ ရွာက်ီရီနဲ႔ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ထဲက တစ္ေယာက္ကို အလိုက္ေပးကမ္းလွမ္းထားတယ္လို႔ စပိန္မီဒီယာေတြက ေဖာ္ျပၾကေၾကာင္းသိရ။

– လီဗာပူးလ္အသင္းရဲ႕ လက္လႊတ္ရဖို႔ နီးစပ္ေနခဲ့တဲ့ ပစ္မွတ္ကစားသမား ဒြန္ညဲ မာလန္အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ျပန္ရွင္သန္လာခဲ့ၿပီး ေဒါ့မြန္အသင္းက တစ္ပတ္လုပ္ခ ေပါင္ ၈၆,၄၀၀ နဲ႔ ကမ္းလွမ္းထားတာေၾကာင့္ ပိုေကာင္းတဲ့ လစာနဲ႔ကမ္းလွမ္းရင္ အရေခၚႏိုင္ဖို႔ျဖစ္လာႏိုင္ေၾကာင္းသိရ။

– ဖူလ္ဟမ္အသင္းနဲ႔ ဘင္ဖီကာအသင္းေတြက စိတ္ဝင္စားေနတဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္အတြက္ လီဗာပူးလ္အသင္းက ေပါင္ ၁၅ သန္း သတ္မွတ္ထားၿပီး လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေရာင္းထြက္ဖို႔ ႀကံ႐ြယ္ေနသလို လူသစ္ေတြ ေခၚယူရာမွာ ရန္ပုံေငြရဖို႔ ေမွ်ာ္လင့္ေန။

– လီဗာပူးလ္အသင္းအေနနဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္ေတာင္ပံကစားသမား ဂ်ားေရာ့ဒ္ ဘိုဝင္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ အသင္းရဲ႕ ပိုလွ်ံကစားသမားေတြျဖစ္ၾကတဲ့ ခ်ာဒန္ ရွာက်ီရီနဲ႔ ဒီေဗာ့ အိုရီဂီတို႔ကို အရင္ေရာင္းၿပီးမွ ဟမ္းမားေတြဆီက အဂၤလန္သားကို ကမ္းလွမ္းသြားဖို႔ စီစဥ္ထားေၾကာင္းသိရ။

– မိုခ်န္ဂလာဘက္ခ်္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ေတာ့တဲ့ ေနာက္ခံလူ မားသီးယပ္စ္ ဂင္တာကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ စိတ္ဝင္စားလာခဲ့ေပမယ့္ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ပါ ဂ်ာမန္သားကို စိတ္ဝင္စားလာတာေၾကာင့္ အန္ဖီးလ္ေျမကို ေခၚယူႏိုင္ဖို႔ အခက္အခဲေတြရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.