Premier League Serie A Transfer News

ယူရို ၂၀၂၀ ချန်ပီယံတောင်ပံသမားကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဆာဆူအိုလိုတောင်ပံကစားသမား ဒိုမီနီကို ဘယ်ရာဒီကို ခေါ်ယူဖို့အတွက် စုံစမ်းထားတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပြီး အနောက်လန်ဒန်အခြေစိုက်ကလပ်အနေနဲ့ ညာတောင်ပံတိုက်စစ်ရော နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်တဲ့ အီတလီသားကို စိတ်ဝင်စားမှုပြလာခဲ့တာပါ။

ထွက်လာတဲ့ သတင်းတွေအရတော့ ချဲလ်ဆီးအသင်းက ဖက်ဒရီကို ခီယေဆာအတွက် ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပေမယ့် ဂျူဗင်တပ်စ်အသင်းကတော့ ရောင်းချဖို့ အစီအစဉ်ရှိပုံမပေါ်ဘဲ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြခဲ့တဲ့ အီတလီသားကို ဘယ်ဈေးနဲ့ဖြစ်ဖြစ် လက်လွှတ်ဖို့မရှိတာပါ။

ဒါကြောင့်လည်း ချဲလ်ဆီးအသင်းက ခီယေဆာကို ခေါ်ယူဖို့ မဖြစ်နိုင်‌တော့တဲ့အတွက် အစီအစဉ်တွေကို နားလိုက်ပြီး ဘယ်ရာဒီဘက်ကို လှည့်လာခဲ့သလို သူကလည်း အီတလီအသင်းရဲ့ ယူရို ၂၀၂၀ ချန်ပီယံဖြစ်ခဲ့တဲ့ ခရီးမှာ အသင်းသားတစ်ယောက်အနေနဲ့ ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။

ဘယ်ရာဒီကတော့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်ကို ပြောင်းရမယ့် အခွင့်အရေးကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငြင်းပယ်ခဲ့ပြီး ဆာဆူအိုလိုအသင်းမှာ ဆက်ကစားဖို့အတွက် ဆုံးဖြတ်ခဲ့သူဖြစ်ပေမယ့် သူ့စိတ်ပြောင်းနေတုန်းမှာ အရခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းက မျှော်လင့်နေတာပါ။

ဆာဆူအိုလိုအသင်းအတွက် ကစားပေးခဲ့တဲ့ ၂၉၁ ပွဲမှာ ၁၀၅ ဂိုးသွင်းယူပေးခဲ့ပြီး ၆၇ ဂိုးဖန်တီးပေးခဲ့တဲ့ ၂၆ နှစ်သားက မကြာမီရက်ပိုင်းအတွင်း ၂၇ နှစ်ပြည့်တော့မှာဖြစ်သလို လက်ရှိထက် ပိုကောင်းတဲ့အသင်းနဲ့လည်း သူ့ခြေစွမ်းက ထိုက်တန်နေတာဖြစ်လို့ အသင်းကြီးတွေ ကမ်းလှမ်းတုန်းမှာ ပြောင်းသင့်နေတာပါ။

ချဲလ်ဆီးအသင်းကတော့ နံပါတ် ၉ နေရာကစားမယ့် တိုက်စစ်မှူးကို အဓိကထား ရှာဖွေနေခဲ့သလို ဒေါ့မွန်ရဲ့ အာလင်း ဟာလန်းက အဓိကပစ်မှတ်ဖြစ်ပေမယ့် ‌ဂျာမန်ကလပ်ရဲ့ ဈေးကိုင်လွန်းတာ‌ကြောင့် ခေါ်ယူဖို့ အခွင့်မသာခဲ့ရင်ဆိုတဲ့ အနေအထားတွေကြောင့် မြန်မြန်ဆန်ဆန်ရနိုင်မယ့် ဘယ်ရာဒီဘက် ပွဲပြတ်သွားစေဖို့ အရင်ကြိုးစားလာခဲ့တာပါ။

ဘယ်ရာဒီအနေနဲ့ မာပေကွင်းကြီးမှာ စာချုပ်သက်တမ်း ၂ နှစ်ပဲ ကျန်တာကြောင့် ဖရဲသီးခွံတွေအနေနဲ့ ထိန်းဖို့ထက် ရောင်းထုတ်ဖို့အတွက် ပိုအားသန်လာနိုင်ပြီး ချဲလ်ဆီးအနေနဲ့တော့ အေစီမီလန်၊ လာဇီယို၊ ဝက်စ်ဟမ်း၊ ဒေါ့မွန်နဲ့ ဖီအိုရင်တီးနားတို့လို အသင်းတွေက စိတ်ဝင်စားနေတဲ့ အီတလီသားကို အရခေါ်နိုင်မလားဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆာဆူအိုလိုေတာင္ပံကစားသမား ဒိုမီနီကို ဘယ္ရာဒီကို ေခၚယူဖို႔အတြက္ စုံစမ္းထားတယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပခဲ့ၾကၿပီး အေနာက္လန္ဒန္အေျခစိုက္ကလပ္အေနနဲ႔ ညာေတာင္ပံတိုက္စစ္ေရာ ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္ပါ ကစားႏိုင္တဲ့ အီတလီသားကို စိတ္ဝင္စားမႈျပလာခဲ့တာပါ။

ထြက္လာတဲ့ သတင္းေတြအရေတာ့ ခ်ဲလ္ဆီးအသင္းက ဖက္ဒရီကို ခီေယဆာအတြက္ ေပါင္ ၈၅ သန္းနဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ေရာင္းခ်ဖို႔ အစီအစဥ္ရွိပုံမေပၚဘဲ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပခဲ့တဲ့ အီတလီသားကို ဘယ္ေဈးနဲ႔ျဖစ္ျဖစ္ လက္လႊတ္ဖို႔မရွိတာပါ။

ဒါေၾကာင့္လည္း ခ်ဲလ္ဆီးအသင္းက ခီေယဆာကို ေခၚယူဖို႔ မျဖစ္ႏိုင္‌ေတာ့တဲ့အတြက္ အစီအစဥ္ေတြကို နားလိုက္ၿပီး ဘယ္ရာဒီဘက္ကို လွည့္လာခဲ့သလို သူကလည္း အီတလီအသင္းရဲ႕ ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္ခဲ့တဲ့ ခရီးမွာ အသင္းသားတစ္ေယာက္အေနနဲ႔ ေျခစြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။

ဘယ္ရာဒီကေတာ့ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္ကို ေျပာင္းရမယ့္ အခြင့္အေရးကို ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ျငင္းပယ္ခဲ့ၿပီး ဆာဆူအိုလိုအသင္းမွာ ဆက္ကစားဖို႔အတြက္ ဆုံးျဖတ္ခဲ့သူျဖစ္ေပမယ့္ သူ႔စိတ္ေျပာင္းေနတုန္းမွာ အရေခၚယူႏိုင္ဖို႔ ခ်ဲလ္ဆီးအသင္းက ေမွ်ာ္လင့္ေနတာပါ။

ဆာဆူအိုလိုအသင္းအတြက္ ကစားေပးခဲ့တဲ့ ၂၉၁ ပြဲမွာ ၁၀၅ ဂိုးသြင္းယူေပးခဲ့ၿပီး ၆၇ ဂိုးဖန္တီးေပးခဲ့တဲ့ ၂၆ ႏွစ္သားက မၾကာမီရက္ပိုင္းအတြင္း ၂၇ ႏွစ္ျပည့္ေတာ့မွာျဖစ္သလို လက္ရွိထက္ ပိုေကာင္းတဲ့အသင္းနဲ႔လည္း သူ႔ေျခစြမ္းက ထိုက္တန္ေနတာျဖစ္လို႔ အသင္းႀကီးေတြ ကမ္းလွမ္းတုန္းမွာ ေျပာင္းသင့္ေနတာပါ။

ခ်ဲလ္ဆီးအသင္းကေတာ့ နံပါတ္ ၉ ေနရာကစားမယ့္ တိုက္စစ္မႉးကို အဓိကထား ရွာေဖြေနခဲ့သလို ေဒါ့မြန္ရဲ႕ အာလင္း ဟာလန္းက အဓိကပစ္မွတ္ျဖစ္ေပမယ့္ ‌ဂ်ာမန္ကလပ္ရဲ႕ ေဈးကိုင္လြန္းတာ‌ေၾကာင့္ ေခၚယူဖို႔ အခြင့္မသာခဲ့ရင္ဆိုတဲ့ အေနအထားေတြေၾကာင့္ ျမန္ျမန္ဆန္ဆန္ရႏိုင္မယ့္ ဘယ္ရာဒီဘက္ ပြဲျပတ္သြားေစဖို႔ အရင္ႀကိဳးစားလာခဲ့တာပါ။

ဘယ္ရာဒီအေနနဲ႔ မာေပကြင္းႀကီးမွာ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ပဲ က်န္တာေၾကာင့္ ဖရဲသီးခြံေတြအေနနဲ႔ ထိန္းဖို႔ထက္ ေရာင္းထုတ္ဖို႔အတြက္ ပိုအားသန္လာႏိုင္ၿပီး ခ်ဲလ္ဆီးအေနနဲ႔ေတာ့ ေအစီမီလန္၊ လာဇီယို၊ ဝက္စ္ဟမ္း၊ ေဒါ့မြန္နဲ႔ ဖီအိုရင္တီးနားတို႔လို အသင္းေတြက စိတ္ဝင္စားေနတဲ့ အီတလီသားကို အရေခၚႏိုင္မလားဆိုတာကေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.