Premier League

ဟာရီကိန္းကို ေခၚယူဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ လက္ေလွ်ာ့လုိက္တဲ့ မန္ခ်က္စတာယူႏုိက္တက္

ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းကို ေခၚယူဖို႔ အစီအစဥ္ဟာ အခုလို ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးအေျခအေနေတြ ထိခိုက္ေနတဲ့ ကာလမွာ မျဖစ္ႏုိင္ေတာ့ဘူးလို႔ မန္ခ်က္စတာယူႏုိက္တက္ဘက္က ေပါင္သန္း ၂၀၀ တန္ အေျပာင္းအေရႊ႕ကို ျပဳလုပ္မယ့္ အစီအစဥ္ကို လက္ေလွ်ာ့လုိက္ၿပီလို႔ ဆုိပါတယ္။

ေဘာလုံးအသင္းေတြအေနနဲ႔ ကြင္းဝင္ေၾကးနဲ႔ ႐ုပ္သံေတြကေန ရရွိေနတဲ့ ဝင္ေငြေတြ ေလ်ာ့က်မွဳေၾကာင့္ ခက္ခဲေနၾကခ်ိန္မွာ လစာေငြ ေပးဖို႔ကိုေတာင္ အခက္အခဲရွိေနၿပီး အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတုိ႔ လစာျဖတ္ေတာက္ေနခ်ိန္မွာ ဒါကို ေတာင့္ခံထားႏုိင္တဲ့ အသင္းေတြကလည္း ကစားသမားေတြကို ေရာင္းခ်ရာမွာေတာ့ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးေတြကို ေတာင္းဆုိထားၾကတာပါ။

စပါးစ္အသင္းဥကၠဌ ဒန္နီယယ္လ္ လယ္ဗီဘက္က အဂၤလန္အသင္းေခါင္းေဆာင္တုိက္စစ္မွဴးကို ေပါင္သန္း ၂၀၀ သတ္မွတ္ထားခဲ့ၿပီး ေခၚယူမယ့္ အသင္း ရွာေဖြေနေပမယ့္ လက္ရွိအခ်ိန္မွာ မျဖစ္ႏိုင္ဘဲ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ေတာင္ က်ပ္တည္းေနတဲ့ ေဘာလုံးေလာကမွာေတာ့ ဒီေဈးကို ေပးမယ့္သူ မရွိႏုိင္ေတာ့ဘူးလို႔လည္း ယူဆႏုိင္ပါတယ္။

ကစားသမားေရာင္းခ်လိုတဲ့ အသင္းေတြကေတာ့ ေခါင္းမာဆဲျဖစ္တယ္လုိ႔ သိရၿပီး ယူႏိုက္တက္နဲ႔ ပုဂၢဳိလ္ေရး သေဘာတူညီမွဳ ရရွိၿပီလို႔ ဆုိထားခဲ့တဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကိုေတာင္ ဂ်ာမန္ကလပ္ဘက္က ေပါင္သန္း ၁၂၀ ထက္ မေလွ်ာ့ႏုိင္ဘူးလို႔ ဆုိထားတာေၾကာင့္ ေခၚယူဖို႔ ခက္ခဲေနၿပီး သူ႕ရဲ႕လစာက ႀကီးမားတဲ့ အဆင့္မွာ မရွိတာေၾကာင့္ ဆက္လက္ထိန္းသိမ္းသြားဖို႔လည္း အခက္အခဲမရွိႏုိင္တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လက္ေလွ်ာ့မွဳကေတာ့ ထင္သေလာက္ မ႐ိုးရွင္းတာလည္းျဖစ္ႏုိင္ၿပီး သူတုိ႔အေနနဲ႔ ဒီပမာဏကို မေပးႏုိင္တာမုိ႔ စပါးစ္အသင္းအေနနဲ႔ ေရာင္းခ်ခ်င္ရင္ ဒီထက္ ေဈးေလွ်ာ့ဖို႔ ပရိယာယ္နဲ႔ ေဆာင္ရြက္ခဲ့တာလည္းျဖစ္ႏုိင္ၿပီး အသက္ ၂၆ ႏွစ္အရြယ္ ထိပ္တန္းတုိက္စစ္မွဴး အတြက္ ထပ္မံညႇိႏွဳိင္းမွဳေတြ ရွိလာႏုိင္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ အစီအစဉ်ဟာ အခုလို ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးအခြေအနေတွေ ထိခိုက်နေတဲ့ ကာလမှာ မဖြစ်နိုင်တော့ဘူးလို့ မန်ချက်စတာယူနိုက်တက်ဘက်က ပေါင်သန်း ၂၀၀ တန် အပြောင်းအရွှေ့ကို ပြုလုပ်မယ့် အစီအစဉ်ကို လက်လျှော့လိုက်ပြီလို့ ဆိုပါတယ်။

ဘောလုံးအသင်းတွေအနေနဲ့ ကွင်းဝင်ကြေးနဲ့ ရုပ်သံတွေကနေ ရရှိနေတဲ့ ဝင်ငွေတွေ လျော့ကျမှုကြောင့် ခက်ခဲနေကြချိန်မှာ လစာငွေ ပေးဖို့ကိုတောင် အခက်အခဲရှိနေပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ လစာဖြတ်တောက်နေချိန်မှာ ဒါကို တောင့်ခံထားနိုင်တဲ့ အသင်းတွေကလည်း ကစားသမားတွေကို ရောင်းချရာမှာတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေကို တောင်းဆိုထားကြတာပါ။

စပါးစ်အသင်းဥက္ကဌ ဒန်နီယယ်လ် လယ်ဗီဘက်က အင်္ဂလန်အသင်းခေါင်းဆောင်တိုက်စစ်မှူးကို ပေါင်သန်း ၂၀၀ သတ်မှတ်ထားခဲ့ပြီး ခေါ်ယူမယ့် အသင်း ရှာဖွေနေပေမယ့် လက်ရှိအချိန်မှာ မဖြစ်နိုင်ဘဲ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့တောင် ကျပ်တည်းနေတဲ့ ဘောလုံးလောကမှာတော့ ဒီဈေးကို ပေးမယ့်သူ မရှိနိုင်တော့ဘူးလို့လည်း ယူဆနိုင်ပါတယ်။

ကစားသမားရောင်းချလိုတဲ့ အသင်းတွေကတော့ ခေါင်းမာဆဲဖြစ်တယ်လို့ သိရပြီး ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီလို့ ဆိုထားခဲ့တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကိုတောင် ဂျာမန်ကလပ်ဘက်က ပေါင်သန်း ၁၂၀ ထက် မလျှော့နိုင်ဘူးလို့ ဆိုထားတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေပြီး သူ့ရဲ့လစာက ကြီးမားတဲ့ အဆင့်မှာ မရှိတာကြောင့် ဆက်လက်ထိန်းသိမ်းသွားဖို့လည်း အခက်အခဲမရှိနိုင်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လက်လျှော့မှုကတော့ ထင်သလောက် မရိုးရှင်းတာလည်းဖြစ်နိုင်ပြီး သူတို့အနေနဲ့ ဒီပမာဏကို မပေးနိုင်တာမို့ စပါးစ်အသင်းအနေနဲ့ ရောင်းချချင်ရင် ဒီထက် ဈေးလျှော့ဖို့ ပရိယာယ်နဲ့ ဆောင်ရွက်ခဲ့တာလည်းဖြစ်နိုင်ပြီး အသက် ၂၆ နှစ်အရွယ် ထိပ်တန်းတိုက်စစ်မှူး အတွက် ထပ်မံညှိနှိုင်းမှုတွေ ရှိလာနိုင်မလားတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.