International Ligue1 Premier League

အာဆင်နယ်ဖန်တွေ သဘောတွေ့ခဲ့ကြတဲ့ သောမတ်စ် ပါတေးရဲ့ အကွက်လေး

သောမတ်စ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပွဲဦးထွက်ဘောလုံးရာသီမှာ ထင်မှတ်ထားသလောက် ကြံ့ကြံ့ခံနိုင်မှုတွေ မရှိခဲ့တာလည်းဖြစ်ပြီး ကြံ့ခိုင်မှု မပြည့်ဝခဲ့တာကြောင့် တစ်ရာသီလုံး ခြေစွမ်းပြဖို့ မကြာခဏ ရုန်းကန်ခဲ့ရသလို ဝေဖန်မှုအချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဂါနာသားကတော့ အသလက်တီကိုမက်ဒရစ်ကနေ အာဆင်နယ်အသင်းကို ပေါင် ၄၅ သန်းနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက အပြောင်းအရွှေ့နောက်ဆုံးရက်မှာမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရိသတ်‌တွေကို အတော်လေး ဝမ်းမြောက်ပျော်ရွှင်စေခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်လာခဲ့တာပါ။

အာဆင်နယ်ကွင်းလယ်လူကတော့ မွေးရပ်မြေမှာ သူလုပ်ခဲ့တဲ့ လုပ်ရပ်လေးတစ်ခုက လူမှုကွန်ယက်တွေမှာ အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပြီး ဂန်းနားပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ အားပေးမှုတွေကို တခဲနက်ရရှိခဲ့သလို ကွင်းပြင်မှာပါ ဂန်းနားသွေးအပြည့်ပါတယ်ဆိုပြီး ချီးကျူးနေခဲ့ကြတာပါ။

@afcstuff ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က ပြီးခဲ့တဲ့အပတ်က ပါတေးအနေနဲ့ သူ့မွေးရပ်ဖြစ်တဲ့ ဂါနာကို ရောက်တုန်းရောက်ခိုက် ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ အာဆင်နယ်ကွင်းလယ်လူကတော့ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေခဲ့သလို လက်သီးချင်းတေ့ပြီး နှုတ်ဆက်နေတာကို တွစ်တာမှာ တင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ခါးသီးတဲ့ မြောက်လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ဂျာစီကိုဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ယောက်အ‌တွက်တော့ ပါတေးရဲ့ နှုတ်ဆက်မှုက ခြွင်းချက်ဖြစ်ခဲ့ပြီး တစ်လျှောက်လုံး နှုတ်ဆက်လာခဲ့‌ပေမယ့် စပါးစ်ပရိသတ်ကို ကျော်သွားခဲ့တာကို အမိအရရိုက်ထားပြီး တွစ်တာမှာ တက်လာခဲ့တာပါ။

ပါတေးအနေနဲ့ စပါးစ်ပရိသတ်နဲ့ ဘာမှပတ်သက်စရာမရှိကြောင်းကို ပြခဲ့တာဖြစ်ပြီး သေချာကြည့်ပြီးမှ ရှောင်သွားတာမဟုတ်ခဲ့တာကြောင့် လူကြီးလူကောင်းဆန်တဲ့ ရှောင်လွှဲမှုဆိုပြီးတော့လည်း ဂန်းနားပရိသတ်‌တွေက လူမှုကွန်ယက်တွေမှာ ချီးကျူးနေခဲ့ကြတာပါ။

“အဲ့ဒီမျက်နှာက စပါးစ်ဂျာစီနဲ့လူကို မမြင်ချင်ယောင်ဆောင်သွားတာဗျ” ဆိုပြီး ပရိသတ်တစ်ဦးက စပါးစ်အသင်းပရိသတ်တွေကို လှောင်သွားခဲ့သလို အခြားတစ်ယောက်ကလည်း “အဲ့လူကို မရှိခဲ့သလိုပဲ ကျော်သွားခဲ့တာ”ဆိုပြီး ဟာသလုပ်ခဲ့ပြီး နောက်တစ်ယောက်က “သူဘာလုပ်ရမလဲဆိုတာ သူသိတယ်”လို့ ရေးသားခဲ့ကြပြီး သူ့လုပ်ရပ်ကတော့ ဂန်းနားသွေးကို ပြခဲ့တာပဲဖြစ်သလို လာမယ့်ရာသီမှာ ခြေစွမ်းကောင်းတွေနဲ့အတူ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းယူဦးမလားဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့က ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ တစ်ဦးချင်းစွမ်းရည်တွေ ပြိုင်နေခဲ့တဲ့ အာဂလူသားတွေဖြစ်ပြီး ရော်နယ်လ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ သူတို့ကြား နှိုင်းယှဉ်မှုတွေက ဇာတ်ရှိန်ပိုတက်လာခဲ့တာပါ။

သူတို့နှစ်ဦးကြားထဲမှာ ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ မေးခွန်းတွေအတွက်လည်း တစ်ယောက်တစ်မျိုးထွက်နေခဲ့ကြပြီး ဘောလုံးလောကမှာ အငြင်းပွားစရာကိစ္စတစ်ခုအဖြစ် အခုထိရှိနေသေးတာပါ။ ၂၀၀၁ ခုနှစ်ဖွား ဂရင်းဝုဒ်အတွက်က ရော်နယ်လ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ဖိအားလည်းရှိပြီး ပြောဖို့လည်း ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် “ဘောလုံးလောကရဲ့ GOAT ကြီးနှစ်ဦးမှာ ဘယ်သူ့ကို ပိုကြိုက်သလဲဆိုတဲ့အမေးအဖြေကဏ္ဍ”မှာ ပါဝင်ဖို့ရွေးချယ်ခံရတဲ့ ယူနိုက်တက်အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်အနေနဲ့ ပရိသတ်တွေက မေးလာတဲ့အခါမှာတော့ သူ့အမြင်ကို ရှင်းရှင်းလင်းလင်းပြောသွားခဲ့ပါတယ်။

သူက “ကျွန်တော့်အတွက်ကတော့ အမြဲတမ်း ဒီအဖြေက လီယွန်နယ် မက်ဆီပဲ။ သူက ကျွန်တော့်အတွက်တော့ ဒီကမ္ဘာကကို မဟုတ်တာဗျ။ တခြားဂြိုဟ်က ဖြစ်လိမ့်မယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း တကယ့်သိသိသာသာကို အံ့ဩဖို့ကောင်းတဲ့ ကစားသမားပါ” လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “မက်ဆီက ဘာစီလိုနာနဲ့ အာဂျင်တီးနားအတွက်လုပ်ပေးခဲ့တာတွေကို ကြည့်လိုက်ဦး။ သူက အားလုံးရဲ့ နောက်တစ်ဆင့်ရောက်နေပြီ” လို့ ပြောခဲ့ပါသေးတယ်။

ဘောလုံးအလှပြကျော်ဖြတ်မှုတွေမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ သူက ရော်နယ်လ်ဒိုလို့ ဖြေခဲ့ပြီး မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ပြီး ဘယ်လွန်ဒေါဆု အရယူခဲ့တဲ့ ပေါ်တူဂီသားတော့မဟုတ်ဘဲ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးကို ရည်ညွှန်းခဲ့တာပါ။

ဂရင်းဝုဒ်က “ကျွန်တော်အကြိုက်ဆုံးအကွက်ကတော့ ခြေယောင်ပြလှည့်စားတာပဲ။ ဒီနေ့အထိ အသုံးပြုနေတုန်းပဲ။ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒိုကစားတာကို ခဏခဏကြည့်ပြီး လေ့ကျင့်တာ။ သူကတော့ နောက်ခံလူတွေရော ဂိုးသမားကိုပါ အဲ့ဒီအတိုင်း ကျော်ဖြတ်ပြခဲ့တာ”လို့ ပရိသတ်တစ်ယောက်မေးတဲ့ မေးခွန်းကို ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော်ကတော့ ပန်းခြံတွေမှာ လေ့ကျင့်ခဲ့တယ်။ ပြီးတော့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ စမ်းလုပ်ကြည့်တယ်။ ပြီးတော့ တကယ့်ပွဲမှာပါ လုပ်တော့တာပဲ။ အခုတော့ အကျင့်တောင်ဖြစ်နေပြီ။ ဒါကျွန်တော်လေ့ကျင့်တဲ့ အကွက်တစ်ကွက်ပါပဲ”လို့ ဖြေသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ နောက်ဆုံးလူငယ်သူရဲကောင်းလေး မေဆန်ဂရင်းဝုဒ်ရဲ့ ရွေးချယ်မှုနဲ့ အဖြေအပေါ်ကို ဘောလုံးပရိသတ်တွေအနေနဲ့ စိတ်ကျေနပ်ကြရဲ့လားဆိုတာကတော့…

REF: INTERNET SOURCES
SPORTS A2Z.