Article International

အာရှဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား ၅ ယောက်

၂၀၀၂ ကမ္ဘာ့ဖလားကို ဂျပန်နဲ့ တောင်ကိုရီးယားမှာ အောင်အောင်မြင်မြင် ကျင်းပပြီးခဲ့တဲ့နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းက ဘောလုံးကင်းထောက်တွေအနေနဲ့ အာရှသားတွေကို စိတ်ဝင်စားလာခဲ့ပြီး အာရှဘောလုံးလောကရဲ့ တိုးတက်မှုတွေကိုပါ မျက်မြင်အနေနဲ့ ကြုံခဲ့ရကြချိန်မှာတော့ အာရှသားတွေ တစ်ခေတ်ဆန်းခဲ့ပါတယ်။

ဥရောပမှာ အရည်အသွေးမြင့်တဲ့ အာရှကစားသမားတွေ တစတစထွက်ပေါ်လာခဲ့တာကြောင့်လည်း စိတ်ဝင်စားစရာဖြစ်လာခဲ့သလို အာရှရဲ့ ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးကစားသမား ၅ ယောက်ကတော့…

၅- ရှင်ဂျီ ကာဂါဝါ (ယူရို ၁၃ သန်း)
ရှင်ဂျီ ကာဂါဝါကတော့ ဂျပန်ကလပ် ဆီရီဇို အိုဆာကာမှာ ခြေစွမ်းပြခဲ့ချိန်မှာ ဥရောပကလပ်တွေကပါ သတိထားမိခဲ့သလို ၂၀၁၀ မှာတော့ ဒေါ့မွန်အသင်းက ခေါ်ယူခဲ့ပြီး မကြာမီမှာတော့ ဥရောပမှာပါ အဲ့ဒီတုန်းက သူ့အသင်းရဲ့နည်းပြ ဂျာဂန် ကလော့ပ်နဲ့အတူ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

၂၀၁၂ နွေရာသီအရောက်မှာတော့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဂျပန်သားလေးကို ယူရို ၁၃ သန်းနဲ့ အရခေါ်ယူခဲ့ပြီး ဂျပန်သားလေးရဲ့ အိုးလ်ထရက်ဖို့ဒ်ခရီးစဉ်က ထင်သလောက် မပေါက်မြောက်ခဲ့လို့လည်း ပရီးမီးယားလိဂ်မှာ ကစားခဲ့တာ ၂ နှစ်အကြာမှာပဲ ဒေါ့မွန်ကို ပြန်ပြောင်းခဲ့ရပါတယ်။

၄- အလီရယ်ဇာ ဂျာဟန်ဘတ်ရှ် (ယူရို ၁၉ သန်း)
အလီရယ်ဇာ ဂျာဟန်ဘတ်ရှ်ကတော့ အီရန်ကလပ် ဒါမက်ရှ် တာဟ်ရန်းမှာ ကစားသမားဘဝစတင်ခဲ့ပြီး သူ့အစွမ်းကို ကမ္ဘာကသိဖို့အတွက် သိပ်မကြာခဲ့ပါဘူး။ ဒတ်ခ်ျကလပ် AZ အယ်လ်ခမာက သူ့ခြေစွမ်းကို သဘောကျခဲ့လို့ အရခေါ်ယူခဲ့တာကြောင့်လည်း အီရန်သားအနေနဲ့ ဥရောပဘောလုံးဇာတ်ခုံပေါ် ရောက်လာခဲ့ပါတယ်။

အယ်လ်ခမာမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပြီး ၂၀၁၈ မှာတော့ ဘရိုက်တန်အသင်းက သူတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့တဲ့ ယူရို ၁၉ သန်းအထိပေးပြီး ခေါ်ယူခဲ့တာဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရချိန်မှာ ပွဲ ၅၀ ကစားခဲ့ပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အလီရယ်ဇာ ဂျာဟန်ဘတ်ရှ် ပြီးခဲ့တဲ့ တပတ်က ဒတ်ခ်ျကလပ် ဖီရင်နုအသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

၃- ဟီဒဲတိုရှီ နာကာတာ (ယူရို ၂၈.၄ သန်း)
ဟီဒဲတိုရှီ နာကာတာကတော့ သူ့ခေတ်သူ့အခါက ဥရောပမြေအတွက်ပါ အာရှဘောလုံးလောကရဲ့ မျက်နှာဖုံးဖြစ်ခဲ့ပြီး၂၀၀၁ ခုနှစ်မှာတော့ ရိုးမားကနေ ပါးမားအသင်းကို ယူရို ၂၈.၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သလို အဲ့ဒီအချိန်တုန်းက အာရှကစားသမားတစ်ယောက်အတွက် အတော်များတဲ့ ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

အာရှကစားသမားတစ်ယောက်အတွက်တော့ အမြင့်မား‌ဆုံးပြောင်းရွှေ့ကြေးအဖြစ် ၁၅ နှစ်နီးပါး ရပ်တည်ခဲ့ပြီး တစ်နှစ်အကြာမှာပဲ ပါးမားကနေ ရိုးမားအသင်းကို ယူရို ၂၁.၆၉ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ကစားခဲ့သလို ထိုခေတ်အခါက ယူရိုသန်း ၂၀ ကျော်အပြောင်းအရွှေ့ ၂ ကြိမ်ဆက်လုပ်နိုင်တဲ့ အာရှသားဆိုတာ မရှိခဲ့ပါဘူး။

၂- ဆွန်ဟောင်မင် (ယူရိုသန်း ၃၀)
လက်ရှိကစားနေတဲ့ အာရှသားတွေထဲမှာတော့ ဆွန်ဟောင်မင်ထက် ခြေစွမ်းပြနိုင်တဲ့ကစားသမား မရှိသေးဘဲ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တာပါ။ ဂျာမန်ကလပ် ဟမ်းဘတ်မှာ ခြေစွမ်းပြနေခဲ့တဲ့သူ့ကို လေဗာကူဆင်အသင်းက အရောင်တင်ပေးဖို့ ခေါ်ယူခဲ့ပါတယ်။

လေဗာကူဆင်မှာတော့ အတော်တောက်ပခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့သလို စပါးစ်မှာတော့ ပွဲပေါင်း ၂၈၀ ကစားထားခဲ့ချိန်မှာ သွင်းဂိုး ၁၀၇ ဂိုးနဲ့ဂိုးဖန်တီးမှု ၆၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ လန်ဒန်က အာရှကြယ်ပွင့်လေး ဖြစ်နေပါတယ်။

၁- ရှိုယာ နာကာဂျီမာ (ယူရို ၃၅ သန်း)
ရှိုယာ နာကာဂျီမာက ဘယ်သူလဲ ဘာလဲဆိုပြီး ဖြစ်စေခဲ့တာကတော့ ၂၀၁၇ တုန်းက ကာတာကလပ် အယ်-ဒူဟိုင်းက သူ့ကို ‌ယူရို ၃၅ သန်းအထိပေးပြီး ခေါ်ခဲ့တာကနေ အစပြုခဲ့ပါတယ်။ ပိုပြီးထူးဆန်းတာကတော့ ၅ လအကြာမှာပဲ ပေါ်တိုအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ကာတာကလပ်မှာတော့ ၇ ပွဲကစားခဲ့ချိန် ၁ ဂိုးသာ သွင်းယူခဲ့တာပါ။

ပေါ်တိုမှာ အခြေအနေပိုဆိုးခဲ့ပြီး ပွဲ ၂၀ အထိ ကစားပြီးခဲ့ချိန်မှာ သွင်းဂိုး ၁ ဂိုးတောင် မရရှိခဲ့ဘဲ လက်ရှိအချိန်မှာတော့ အဲ့ဒီ ၂၆ နှစ်သားက ယူအေအီးလိဂ် အယ်လ်အိန်းမှာ ၂၀၂၁ ဇန်နဝါရီလကစပြီး ၆ လအငှားစာချုပ်နဲ့ ကစားနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၀၂ ကမာၻ႔ဖလားကို ဂ်ပန္နဲ႔ ေတာင္ကိုရီးယားမွာ ေအာင္ေအာင္ျမင္ျမင္ က်င္းပၿပီးခဲ့တဲ့ေနာက္ပိုင္း ကမာၻတစ္ဝွမ္းက ေဘာလုံးကင္းေထာက္ေတြအေနနဲ႔ အာရွသားေတြကို စိတ္ဝင္စားလာခဲ့ၿပီး အာရွေဘာလုံးေလာကရဲ႕ တိုးတက္မႈေတြကိုပါ မ်က္ျမင္အေနနဲ႔ ႀကဳံခဲ့ရၾကခ်ိန္မွာေတာ့ အာရွသားေတြ တစ္ေခတ္ဆန္းခဲ့ပါတယ္။

ဥေရာပမွာ အရည္အေသြးျမင့္တဲ့ အာရွကစားသမားေတြ တစတစထြက္ေပၚလာခဲ့တာေၾကာင့္လည္း စိတ္ဝင္စားစရာျဖစ္လာခဲ့သလို အာရွရဲ႕ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ တန္ဖိုးအျမင့္ဆုံးကစားသမား ၅ ေယာက္ကေတာ့…

၅- ရွင္ဂ်ီ ကာဂါဝါ (ယူ႐ို ၁၃ သန္း)
ရွင္ဂ်ီ ကာဂါဝါကေတာ့ ဂ်ပန္ကလပ္ ဆီရီဇို အိုဆာကာမွာ ေျခစြမ္းျပခဲ့ခ်ိန္မွာ ဥေရာပကလပ္ေတြကပါ သတိထားမိခဲ့သလို ၂၀၁၀ မွာေတာ့ ေဒါ့မြန္အသင္းက ေခၚယူခဲ့ၿပီး မၾကာမီမွာေတာ့ ဥေရာပမွာပါ အဲ့ဒီတုန္းက သူ႔အသင္းရဲ႕နည္းျပ ဂ်ာဂန္ ကေလာ့ပ္နဲ႔အတူ နာမည္ႀကီးလာခဲ့သူ ျဖစ္ပါတယ္။

၂၀၁၂ ေႏြရာသီအေရာက္မွာေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဂ်ပန္သားေလးကို ယူ႐ို ၁၃ သန္းနဲ႔ အရေခၚယူခဲ့ၿပီး ဂ်ပန္သားေလးရဲ႕ အိုးလ္ထရက္ဖို႔ဒ္ခရီးစဥ္က ထင္သေလာက္ မေပါက္ေျမာက္ခဲ့လို႔လည္း ပရီးမီးယားလိဂ္မွာ ကစားခဲ့တာ ၂ ႏွစ္အၾကာမွာပဲ ေဒါ့မြန္ကို ျပန္ေျပာင္းခဲ့ရပါတယ္။

၄- အလီရယ္ဇာ ဂ်ာဟန္ဘတ္ရွ္ (ယူ႐ို ၁၉ သန္း)
အလီရယ္ဇာ ဂ်ာဟန္ဘတ္ရွ္ကေတာ့ အီရန္ကလပ္ ဒါမက္ရွ္ တာဟ္ရန္းမွာ ကစားသမားဘဝစတင္ခဲ့ၿပီး သူ႔အစြမ္းကို ကမာၻကသိဖို႔အတြက္ သိပ္မၾကာခဲ့ပါဘူး။ ဒတ္ခ္်ကလပ္ AZ အယ္လ္ခမာက သူ႔ေျခစြမ္းကို သေဘာက်ခဲ့လို႔ အရေခၚယူခဲ့တာေၾကာင့္လည္း အီရန္သားအေနနဲ႔ ဥေရာပေဘာလုံးဇာတ္ခုံေပၚ ေရာက္လာခဲ့ပါတယ္။

အယ္လ္ခမာမွာ သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြကို ဆက္လက္ျပသႏိုင္ခဲ့ၿပီး ၂၀၁၈ မွာေတာ့ ဘ႐ိုက္တန္အသင္းက သူတို႔ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္ခဲ့တဲ့ ယူ႐ို ၁၉ သန္းအထိေပးၿပီး ေခၚယူခဲ့တာျဖစ္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔သာ ႐ုန္းကန္ခဲ့ရခ်ိန္မွာ ပြဲ ၅၀ ကစားခဲ့ၿပီး ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အလီရယ္ဇာ ဂ်ာဟန္ဘတ္ရွ္ ၿပီးခဲ့တဲ့ တပတ္က ဒတ္ခ္်ကလပ္ ဖီရင္ႏုအသင္းသို႔ ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။

၃- ဟီဒဲတိုရွီ နာကာတာ (ယူ႐ို ၂၈.၄ သန္း)
ဟီဒဲတိုရွီ နာကာတာကေတာ့ သူ႔ေခတ္သူ႔အခါက ဥေရာပေျမအတြက္ပါ အာရွေဘာလုံးေလာကရဲ႕ မ်က္ႏွာဖုံးျဖစ္ခဲ့ၿပီး၂၀၀၁ ခုႏွစ္မွာေတာ့ ႐ိုးမားကေန ပါးမားအသင္းကို ယူ႐ို ၂၈.၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သလို အဲ့ဒီအခ်ိန္တုန္းက အာရွကစားသမားတစ္ေယာက္အတြက္ အေတာ္မ်ားတဲ့ ေျပာင္းေ႐ႊ႕ေၾကးလည္း ျဖစ္ခဲ့ပါတယ္။

အာရွကစားသမားတစ္ေယာက္အတြက္ေတာ့ အျမင့္မား‌ဆုံးေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ၁၅ ႏွစ္နီးပါး ရပ္တည္ခဲ့ၿပီး တစ္ႏွစ္အၾကာမွာပဲ ပါးမားကေန ႐ိုးမားအသင္းကို ယူ႐ို ၂၁.၆၉ သန္းနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ကစားခဲ့သလို ထိုေခတ္အခါက ယူ႐ိုသန္း ၂၀ ေက်ာ္အေျပာင္းအေ႐ႊ႕ ၂ ႀကိမ္ဆက္လုပ္ႏိုင္တဲ့ အာရွသားဆိုတာ မရွိခဲ့ပါဘူး။

၂- ဆြန္ေဟာင္မင္ (ယူ႐ိုသန္း ၃၀)
လက္ရွိကစားေနတဲ့ အာရွသားေတြထဲမွာေတာ့ ဆြန္ေဟာင္မင္ထက္ ေျခစြမ္းျပႏိုင္တဲ့ကစားသမား မရွိေသးဘဲ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္ ရပ္တည္ထားႏိုင္ခဲ့တာပါ။ ဂ်ာမန္ကလပ္ ဟမ္းဘတ္မွာ ေျခစြမ္းျပေနခဲ့တဲ့သူ႔ကို ေလဗာကူဆင္အသင္းက အေရာင္တင္ေပးဖို႔ ေခၚယူခဲ့ပါတယ္။

ေလဗာကူဆင္မွာေတာ့ အေတာ္ေတာက္ပခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ယူ႐ိုသန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့သလို စပါးစ္မွာေတာ့ ပြဲေပါင္း ၂၈၀ ကစားထားခဲ့ခ်ိန္မွာ သြင္းဂိုး ၁၀၇ ဂိုးနဲ႔ဂိုးဖန္တီးမႈ ၆၄ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ လန္ဒန္က အာရွၾကယ္ပြင့္ေလး ျဖစ္ေနပါတယ္။

၁- ရႈိယာ နာကာဂ်ီမာ (ယူ႐ို ၃၅ သန္း)
ရႈိယာ နာကာဂ်ီမာက ဘယ္သူလဲ ဘာလဲဆိုၿပီး ျဖစ္ေစခဲ့တာကေတာ့ ၂၀၁၇ တုန္းက ကာတာကလပ္ အယ္-ဒူဟိုင္းက သူ႔ကို ‌ယူ႐ို ၃၅ သန္းအထိေပးၿပီး ေခၚခဲ့တာကေန အစျပဳခဲ့ပါတယ္။ ပိုၿပီးထူးဆန္းတာကေတာ့ ၅ လအၾကာမွာပဲ ေပၚတိုအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ကာတာကလပ္မွာေတာ့ ၇ ပြဲကစားခဲ့ခ်ိန္ ၁ ဂိုးသာ သြင္းယူခဲ့တာပါ။

ေပၚတိုမွာ အေျခအေနပိုဆိုးခဲ့ၿပီး ပြဲ ၂၀ အထိ ကစားၿပီးခဲ့ခ်ိန္မွာ သြင္းဂိုး ၁ ဂိုးေတာင္ မရရွိခဲ့ဘဲ လက္ရွိအခ်ိန္မွာေတာ့ အဲ့ဒီ ၂၆ ႏွစ္သားက ယူေအအီးလိဂ္ အယ္လ္အိန္းမွာ ၂၀၂၁ ဇန္နဝါရီလကစၿပီး ၆ လအငွားစာခ်ဳပ္နဲ႔ ကစားေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.